fattyDecember 10, 20101min4318
ကျနော် ပုံစံ ၁၉ ထုတ်ဖို့ ခါတိုင်းလိုဘဲ ထင်ပြီး ၉ နာရီလောက် ပြည်ပထွက်သူများအတွက် အခွန်ရုံး ကိုရောက်တယ် ..။ အားပါးပါး …လူက ၃၀ဝကျော်လောက်ရှိပြီ တန်းစီပြီး ကြိတ်ကြိတ်တိူးနေတာ ..။ ကျနော်ဘယ်ဝင်ပြီးတိုးနိုင်မှာလဲ … အပြင်ကဘဲကြည့်နေရတယ် ..။ ကျနော့အခြေအနေ အကဲခတ်နေဟန်ရှိတဲ့ သူငယ်လေးတယောက်က ဦးလေး ၁၉ လုပ်ဖို့လားတဲ့ ကျနော်တို့service ခ ၅၀ဝ ဘဲယူတယ်တဲ့ ။ ဟန်ကျပြီပေါ့ ..။ အေးကွာ .. ငါလဲဒီလူအုပ်ကို ဘယ်လိုမှ တိုးနိုင်မှာမှုတ်ဘူကွ ..ဆိုပြီး သူ့ကိုလိုအပ်တဲ့ စာရွက်စာတန်းတွေ ပေးလိုက်တယ် ..။ original တွေပျောက်ကုန်မှာစိုးလို့ သူပုံတောင်ဓါတ်ပုံရိုက်ယူထားလိုက်ရသေးသဗျ။ ဘေးနားက လဘက်ရည်ထိုင်ခိုင်းပြီး ဦးလေးဒီကစောင့်နေနော်တဲ့ ကျနော်လာခေါ်မယ်တဲ့ ..။ ကျနော်လဲ အေးအေးဆေးဆေး […]


fattyDecember 8, 20101min1676
အားကစားဖိနပ်ဆိုရင် သိကြတဲ့အတိုင်း NIKE ကို အကြိုက်ကြဆုံး။ ရောင်းအားအကောင်းဆုံး ဖိနပ် အမျိူးအစားလည်းဟုတ်တယ်။ NIKE ကုမ္ပဏီကြီးကလည်း အထင်ကရ နာမည်ကြီးလှတယ်။ ဒါပေတဲ့အံ့ဩ ဘွယ်က အဲဒီ NIKE မှာစက်ရုံနဲ့စက်ပစ္စည်း ပိုင်ဆိုင်မှု လုံးဝမရှိပါဘူး …။ သူတို့ပိုင်ဆိုင်တာက အသိဉာဏ်ပညာသာဖြစ်ပါတယ် …။ ဒီဇိုင်းသာပိုင်ပါတယ် ..။ ဖြန့်ဖြူးရေးကွန်ယက်ကို ဖန်တည်းထားနိုင်ပါတယ် …။ အရှေ့တောင်အာရှမှာ … NIKE ထုတ်လုပ်တဲ့စက်ရုံတွေအများကြီး ရှိပါတယ်။ အဲဒီစက်ရုံတွေဟာ Production partner များသာဖြစ်ပါတယ် ..။ အများစုက NIKE ကုမ္ပဏီမှာ စက်ရုံတွေအများကြီးပိုင်တယ်လို့ထင်ကြပါတယ် ..။ အမှန်က အဲလိုမဟုတ်ပါ ..။ NIKE ရဲ့ လုပ်ငန်းစစ်စစ်က အကြံဉာဏ်များ သဘောတရားများကိုရောင်းချခြင်းသာဖြစ်ပါတယ် ..။ ကုမ္ပဏီရဲ့ အဓိက ဆောင်ရွက်ချက်တွေကတော့ […]


fattyDecember 8, 20101min1221
အားကစားဖိနပ်ဆိုရင် သိကြတဲ့အတိုင်း NIKE ကို အကြိုက်ကြဆုံး။ ရောင်းအားအကောင်းဆုံး ဖိနပ် အမျိူးအစားလည်းဟုတ်တယ်။ NIKE ကုမ္ပဏီကြီးကလည်း အထင်ကရ နာမည်ကြီးလှတယ်။ ဒါပေတဲ့အံ့ဩ ဘွယ်က အဲဒီ NIKE မှာစက်ရုံနဲ့စက်ပစ္စည်း ပိုင်ဆိုင်မှု လုံးဝမရှိပါဘူး …။ သူတို့ပိုင်ဆိုင်တာက အသိဉာဏ်ပညာသာဖြစ်ပါတယ် …။ ဒီဇိုင်းသာပိုင်ပါတယ် ..။ ဖြန့်ဖြူးရေးကွန်ယက်ကို ဖန်တည်းထားနိုင်ပါတယ် …။ အရှေ့တောင်အာရှမှာ … NIKE ထုတ်လုပ်တဲ့စက်ရုံတွေအများကြီး ရှိပါတယ်။ အဲဒီစက်ရုံတွေဟာ Production partner များသာဖြစ်ပါတယ် ..။ အများစုက NIKE ကုမ္ပဏီမှာ စက်ရုံတွေအများကြီးပိုင်တယ်လို့ထင်ကြပါတယ် ..။ အမှန်က အဲလိုမဟုတ်ပါ ..။ NIKE ရဲ့ လုပ်ငန်းစစ်စစ်က အကြံဉာဏ်များ သဘောတရားများကိုရောင်းချခြင်းသာဖြစ်ပါတယ် ..။ ကုမ္ပဏီရဲ့ အဓိက ဆောင်ရွက်ချက်တွေကတော့ […]


fattyDecember 8, 20101min870
စီးပွါးရေးရာတွင် အသိဉာဏ်အရေးကြီးကြောင်း ဆိုခဲ့ပြီးပါပြီ။ ထိုသီု့ အရေးပါလာသည်နှင့်အမျှ အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့် ပြဿနာကလည်းဒွန်တွဲပါလာသည်။ ဓနကိုတိုးပွါးစေသော အဓိကအင်အားမှာ အသိဉာဏ်ပင်ဖြစ်တော့သည်။ သို့ကြောင့် အသိဉာဏ်ပညာကိုအခြေခံသော စီးပွါးရေးအဆောက်အအုံ အသွင်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်း န်ုင်ဖို့ အရေးကြီးသည်။ ဒီမှာက .. လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အခုထိကူးပြောင်းလို့ မပြီးသေး ..။ မဆလ တခေတ်လုံး ကူးပြောင်းနေ၏။ နအဖ တခေတ်လုံးလည်း ကူးပြောင်းနေ၏ ..။ ကူးပြောင်းဆဲကာလ (သို့) အသွင်ကူးပြောင်းဆဲ ကာလမှာ တသက်လုံးဟုပြောရမလိုဖြစ်နေသည်။ နောက်ဆုံး အချိန်အတော်ကြာ ကူးပြောင်းပြီးသော်…. ထရော်လာဂျီများသာထွက်လာသည်။ ခေတ်မှီသော လယ်ထွန်စက်ကြီးမျာ … သူများနိုင်ငံတွင် ကိုယ်တိုင်မောင်းရန် မောင်းသူမလို။ computer ထဲတွင် အလျှားအနံ အနက်မည်မျှလိုချင်သည် မည်မျှ ယာမြေကိုညက်လိုသည် တို့ကို ရိုက်ထဲ့ပြီးသည်နှင့် […]


fattyDecember 7, 20101min32915
ဒီကနေ့မြန်မာနိုင်ငံက ပြည်သူများ ဘာလုပ်စားကြမလဲ .. ဘာစီးပွါးရေးလုပ်ရင်ကောင်းမလဲ .. ရှိတဲ့ငွေလေး ဘယ်မှာ မြှုပ်နှံ ထားရရင်ကောင်းမလဲ .. ဘယ်မှာထည့်ထားရရင် ကောင်းမလဲ …နဲ့ ဦးနှောက်စားနေရသောကာလဖြစ်ပါသည် ..။ ဒါက စီးပွါးရေးလုပ်မဲ့သူတွေအတွက် … ။ တနေ့လုပ်စာတနေ့စားရသူများအတွက်က .. လုပ်ငန်းတော့ပါးလာသည် ဝင်ငွေတော့ရနေသေးသည်။ နိုင်ငံတော်ကြီးနှင့်ချီပြီး ကိုယ့်နိုင်ငံစီးပွါးရေးအတွက် မဟာစီးပွါးရေး ဗျူဟာကြီးများ ချမှတ်နေရသူများအတွက်ကား … ဆိုဘွယ်မရှိ ..။ မည်မျှ ခက်ခဲလိုက်မည်နည်း …။ နိုင်ငံတော်အတွက် မည်သည့်ကုန်ထုတ်လုပ်မှုမျိုး လုပ်ကြမည်နည်း …။ စက်မှုဇုံများဖေါ်ထုတ်ကြ၏။ စက်ရုံကြီးများမှာ ဧကပေါင်းများစွာ ကျယ်ဝန်းလှပေ၏။ ထုတ်လုတ်သည့်ပစ္စည်းမှာ မဘုတ်ဆုံတံဆိပ် ငြုပ်သီးမှုန့်၊ ခေါက်ဆွဲခြောက်၊ ဂျုံမှုန့်စက်ရုံ၊ စက်ရုံသာရှိသည် ကြက်ကျော်ရောင်းရန်ဂျုံမှုံ့ကို ယိုးဒယားမှ တင်သွင်းနေရသည်။ ကျနော်တို့မြန်မာနိုင်ငံတော်သည် ကုန်ထုတ်လုပ်မှုအပေါ် သိပ်အားထားချင်သေးပုံမရ […]


fattyDecember 5, 20101min1514
ယခုတလော ပြင်ပဆေးခန်း GP များသို့လည်းကောင်း အထူးကုဆေးခန်း ကြီးများသို့ လည်းကောင်း နိုင်ငံခြားကုမ္ပဏီများတွင် အလုပ်လုပ်ကြသော ဝန်ထမ်းများ အများစု လာရောက်ပြသခဲ့ကြသည်ဟု သိရပါသည်။ တွေ့ရှိရသည့်ရောဂါများမှာ သွေးတိုး .. သွေးပေါင်ကျ နေခြင်းနှင့် နှလုံးရောဂါများစတင်ဖြစ်နေသည့် လက္ခဏာများကို အများ ဆုံး တွေ့ရသည်ဟု ဆရာဝန်တဦးကဆိုသည်။ အကြောင်းရင်းကတော့ stress တွေ များနေတဲ့လက္ခဏာပါဘဲ …။ ကုန်သွယ်ရေးလိုင်စင် လျှောက်ရတဲ့ အခက်အခဲတွေ . ဒေါ်လာနဲ့ ယူရိုငွေ ပြောင်းပြောင်းပြီး ထပ်ခါထပ်ခါ ပြငိလုပ်ရတာတွေ.. ကုမ္ပဏီ boss များက နင်တို့အစိုးရက ခေါင်းကိုမရှိဘူး ဟိုလိုပြောင်းလိုက်ဒီလိုပြောင်းလိုက် .. မူရယ် လို့လဲ သတ်သတ်မှတ်မှတ်မရှိဘူး .. အရာရှိတယောက်အပြင်ထွက်သွားလို့ လက်မှတ်ထိုး ဖို့ကိစ္စ တနေကုန်အောင်စောင့်နေရတယ်ဆိုတော့ ..အချိန်မီလုပ်ရမဲ့ကိစ္စတွေ ဘယ်လို […]


fattyDecember 2, 20101min2544
အင်တာနက်ဆိုင် များသို့ လာရောက်သုံးစွဲသူများ၏ နိုင်ငံရပ်ခြား ဆက်သွယ်မှုကို ထောက်လှမ်းနိုင်ရန် software တမျိုး တပ်ဆင်ကြရန် ထပ်မံ ညွှန်ကြားလိုက်ကြောင်း သိရသည်။ ဆိုင်ပိုင်ရှင်တချို့၏ပြောကြားချက်အရ ယခင်ကလည်း ထိုသို့တပ်ဆင်ရျ် နေ့စဉ် report ပေးခဲ့ရကြောင်း …. သို့သော် နေ့စဉ် အသုံးပြုနေမှုများအား စစ်ဆေးကြည့်ရာ .. ရည်းစားစကားပြောခြင်းများသာဖြစ်နေသဖြင့် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ မဖတ်နိုင်ကြတော့ကြောင်း …။ သူတို့အနေဖြင့် မြို့တော် ခန်းမ အနီး internet ဆိုင်တွင် ဗုံးတွေ့သည်ဆိုခြင်းမှာ ထို software တပ်ခိုင်းရန်အတွက် အကြောင်းရှာခြင်းများလားဟုပင် ထင်ကြောင်း … ပြောကြားပါသည်။ အခြေအနေမဟန်ရင် mandalaygazette ကို ကြိုတင် နှုတ်ဆက်ထားရမည့်ပုံပင် ။


fattyDecember 2, 20101min1492
ရန်ကုန်မြို့ရှိ internet ဆိုင်များသို့ CCTV CAMERA များတပ်ဆင်ရန် ညွှန်ကြား လိုက်ပြီဖြစ်သည်။ ရောင်းကောင်းပေအုံးမည်။ အရောင်းဆိုင်များ အခုကထဲက market ဆင်းထားကြပါ။ ယနေ့ google မှာလည်း တရုပ်စာများတွေ့ရပြန်သည်။ တရုပ် server သုံးနေရပြန်ပြီထင်ပါသည်။


fattyDecember 1, 20101min2027
တချိန်က ရေဒီယိုခေတ်က နာမည်ကြီး တဦးဖြစ်သော မြန်မာ့အသံ ဦးသစ္စာ ကွယ်လွန်သွားပါပြီ။ စနေည ၉းဝဝ နာရီဆိုရင် သူစီစဉ်တဲ့ အသံလွှင့်ဇာတ် လမ်းတွေနဲ့ ကျနော်တို့ကြီးပြင်းခဲ့ရတာပါ။ ကိုးပွင့်ဖူးစာတို့ .. ဦးပေါင်းစင်းနဲ့မြင်းညိုရှင်တို့ဆို သတိရကြအုံးမှာပါ။ အသက် ၇ဝ ကျော်ပါပြီ။


fattyDecember 1, 20101min2458
နဲနဲကျန်နေသေးတော့ဆက်ပြီးရေးပါရစေအုံး ….။ ကြည်ပြာတို့မိသားစုမှာ မောင်နှစ်မ ရ ယောက်တောင်ရှိသတဲ့ဗျား ……။ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော်မေးကြည့်တော့ … သူကလဲ တက္ကသိုလ်ကျောင်းသူကိုး .. ပြီးတော့အပြင်မှာ ကလည်း သင်တန်းတွေအချို့တက်နေတာဆိုတော့ အတွေးအခေါ် မညံ့တာတွေ့ရပါတယ်။ … ကျမအထင်တော့လေတဲ့ … ကျမတို့မိသားစုမှာ အဖေနဲ့အမေမှာပေါ့ မိသားစု plan ဆိုတာမျိုး မရှိခဲ့လို့ပေါ့တဲ့ ..။ အဖေက ကုန်ထမ်းသမား .. အမေကလည်းဗျံကျ ဈေးသည် .. သူတို့ခေတ်တုန်းကလည်း အခုလို NGO တွေ ဘာတွေရဲ့ ပညာပေးမှုတွေ မရှိခဲ့တော့ ငါတို့မိသားစု မှာ ကလေးဘယ်နှစ်ယောက်ဆိုရင်တော်ပြီ …ဆိုတဲ့ အတွေးမျိုး ဘယ်ကလာရှိလိမ့်မလဲ တဲ့ .. ရီရီမောမောပြောပါတယ် ..။ အခုဒီဘက်ပိုင်းမှာေတော့ သူ့မိဘမျိုးဟာ စာဖတ်လေ့မရှိပေမဲ့ … […]


fattyDecember 1, 20101min2447
မပြီးခင်မြန်မာ မမြင်စေနဲ့ .. ဆိုရိုးစကားလဲရှိပါသဗျ ..။ အခုလဲမပြီးခင် မြန်မာတွေမြင်ကုန်တော့ … ကျနော် အခန်းနဲနဲ ကျော်ရေးရတော့မှာပါ …။ မကြည်ပြာရဲ့ ဓာတ်ပုံကိစ္စလေးပါ ..။ အယ်ဒီတာများကတော့မြင်တတ်တာပေါ့ဗျာ ဒီပုံဟာ သူ့ရဲ့ သဘောတူညီချက်နဲ့ ရိုက်ခဲ့တဲ့ပုုံပါ။ .. မကြည်ပြာဟာ သူဒီလို ..သူများတွေကို နှိပ်ပေးရတဲ့ ဘဝ နဲ့ ကျောင်းစားရိတ်ရှာနေရတာကို လုံးဝ မညီးညူပါဘူး ..။ ကျောင်းကဆရာတွေ ဆရာမတွေကလည်း အကုန်သိပါတယ် ဝိုင်းဝန်းပြီးလဲကူညီကြပါတယ်။ သူ့ကျောင်းစားရိတ်သာမက သူမဟာ အိမ်ကိုလဲထောက်ပံ့နေရပါတယ်။ အဖေက ကြယ်ငါးပွင့်သဘောင်္ ကုန်တင်ကုန်ချ အလုပ်သမားပါ ။ သိကြတဲ့အတိုင်း မြန်မာပြည်က ပို့ကုန် တွေကြသွာတော့ သဘောင်္က အခေါက်မှန်မှန် မထွက်နိုင်တော့ဘူးလေ …။ သဘောင်္ပေါ်မှာ တင်ရမဲ့ကုန်ရှိမှ အလုပ်သမားတွေက အလှည့်နဲ့ […]


fattyDecember 1, 20101min30412
ဆရာတို့ခင်ဗျား … mandalay တွင် ရေးထားသော အသံလွှင့်အတွေ့အကြုံများကို Malaysia တွင် ထုတ်နေသော Lifestyle & Art journal မှ ဝယ်ယူနေပါသဖြင့် …. ခွင့်တောင်းခြင်း ပြုပါသည်။ အချက်အလက်များကို style တမျိုးနှင့် ရေးသားပေးရမည်ဖြစ်သဖြင့် ဒီမှာ တင်ထားသော post နှင့် ထပ်တူတော့ မဖြစ်ပါခင်ဗျား။ မည်သို့ပင်ဆိုစေ .. ဒီမှာ အရင်ရေးသားထားပြီးဖြစ်ပါရျ် ခွင့်ပြုချက်တောင်းခံပါသည်။