fattyNovember 30, 20101min44718
လျှောတံခါးလေးတွန်းဖွင့်ပြီး ဝင်လိုက်တော့ … အခန်းထဲမှာလင်းထိန်နေသည်။ အော် အပြင်ကကြည့်တော့မှန်အမျိုးအစားက အတွင်းကိုဖေါက်ပြီးမမြင်ရ။ အထဲမှာ မိန်းကလေးတွေ အနဲဆုံး ၁ဝ ယောက်လောက် ထိုင်ေနေကြတယ် …။ လာ ..လာ ..အကို ရေသောက်အုံးမလား ခဏထိုင်ပြီး အမောဖြေပါအုံးလား …။ ဘယ်သူနဲ့ဝင်မလဲ … ဝင်နေကြရှိလား …။ မရှိပါဘူးဗျာ အနှိပ်ကောင်းကောင်း နှိပ်တတ်တဲ့သူ တယောက်လွှတ်ပေးဗျာ …။ ဟဲ့ … အိုက်စံ ..ဒီအကို ကို အခန်းပြလိုက် ..။ အကိုဒီကိုလာဘူးလား … အကိုဝင်နေကြရှိရင် ခေါ်ပေးမယ် .. အားမနာနဲ့ .. အကို့အတွက် စပယ်ရှယ်အခန်းလုပ်ပေးမယ် ..။ ကျနော်ကတော့ ပထမဆုံးလာဘူးတာမို့ ( ယုံချင်မှယုံ ) လာသာလာရတယ်မျက်နှာတော့ ခပ် အန်းအန်းဗျ […]


fattyNovember 29, 20101min41315
မကြာမီကမှ အမျိုးသား ကဇာတ်ရုံမှာ တင်ဆက်သွားတဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ အနုပညာ ရှင်ပေါင်း များစွာပါဝင်တဲ့ အငြိမ့်သဘင်ဟာ လက်မှတ်တွေ ရောင်းမလောက်အောင် အားပေးမှု ရရှိလိုက်ပါတယ်။ ဒါပေမဲ့ ယခုလတ်လောမှာဘဲ အာဏာပိုင်များ မောင်မျိုးမင်း အိမ်ကို ရောက်လာပြီး ပြက်လုံးတွေဟာ နိုင်ငံတော်ကို ထိခိုက်နေတာကြောင့် ပြက်လုံးတွေ ပြင်ပေးဖို့ပြောရာကနေ … ပြင်လိုက်ရင်လဲ အငြိမ့်တခွင်လုံး ပျက်စီးသွားမှာမို့ ….. အဲဒီခွေကိုချိတ်ပိတ် သိမ်းဆည်းလိုက်ကြောင်းကြားသိရပါတယ်။


fattyNovember 29, 20101min34112
မြန်မာနိုင်ငံမှ ဆော်ဒီသို့ လွန်ခဲ့သောလက တင်ပို့ခဲ့သော ဆိတ်သားများ ကွန်တိန်နာ ၃ လုံး ကို လက်မခံနိုင်လို့ ဖျျက်ဆီးပြစ်ရမလား(သို့) ပြန်လည်ပို့ပေးရမလား ဟု အမေးခံရကြောင်း တင်ပို့သည့်ကုမ္ပဏီ GRAND WIN မှ သိရပါသည်။ အဆိုပါကုမ္ပဏီသည် ဆိတ်သားများ တင်ပို့နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခုကဲ့သို့ မကြုံဖူးခဲ့ကြောင်း။ တင်ပို့သည့်ဆိတ်သားများမှာလည်း ဟာလာလုပ်ပြီးသည့် ထောက်ခံချက်အပြည့်အစုံပါ ဝင်ကြောင်းသိရသည်။ (ဟာလာ လုပ်ပြီးသည့် ထောက်ခံချက်ကို ဗလီဆရာများ အဖွဲ့မှ ထောက်ခံခြင်းဖြစ်သည် ) ပို့ကုန်အတွက်ငွေကြိုတင်ရရှိပြီးဖြစ်ရျ် တင်ပို့သူဘက်မှ လက်ငင်းနစ်နာမှုမရှိသော်လည်း … customer ဆုံးရှုံးမှုဖြစ်မှာစိုးရိမ်နေကြာင်းသိရသည်။ ဆော်ဒီ ဘက်မှ reject လုပ်ရသည့် အကြောင်းပြချက်ကိုယခုထိ မသိရသေးပေ။


fattyNovember 25, 20101min55417
နာမည်က …. လေပြေတဲ့ …………..။ ၁ဝတန်း ဖြေပြီး တနှစ် ရှုံးပေါ့ …… အကြောင်းမလှတော့ အနှိပ်ခန်းရောက်နေလေရဲ့ …………။ နာမည်က ကြည်ပြာ တဲ့ …………… ECO ပထမနှစ် ….. အကြောင်းမလှတော့ အနှိပ်ခန်းရောက်နေလေရဲ့ …………။ နာမည်က ….ထားပါတော့ဗျာ ….ဒီလိုတွေ အများကြီးပေါ့နော ။ သိချင်ရင် COMMENT လေး တော့ ထားခဲ့ဗျာ … သူတို့အကြောင်းလေးတွေနဲ့ ဓာတ်ပုံပါ တင်ပြတာပေါ့ ။ တခြားကြောင့် မဟုတ်ပါဘူး ….. ရေးသင့်မရေးသင့်နဲ့ …. သိချင်တဲ့သူရှိမရှိပါ ။ နောက်ပြီးပေါင်းရေးရမှာက ….မြန်မာပြည်မှာ လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီက ဝန်ထမ်းတွေရဲ့ …. stress တွေ …….. comment က […]


fattyNovember 22, 20101min43511
ရွှေပြည်သာတို့ ခရမ်း သုံးခွ …. အစရှိတဲ့မြို့နယ်များမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တချို့မှာ ကိုယ့်ဆိုင်လာတဲ့ သူတွေရဲ့တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် ကိုကြည့်ချင်ကြတာရယ် ဘာတွေလုပ်နေလဲ ဘာတွေပြောလဲ သိချင်ကြတာကြောင့် … စလောင်းရှိတဲ့ဆိုင်တွေက ဖွင့်ပြကြတယ်ပြောပါတယ်။ အဲဒါကို ရဝတ ဥက္ကဌက ဒီနယ်မြေမှာတော့ နိုင်ငံရေးတွေလုပ်နေကြပြီ မဖြစ်ဘူးဆိုပြီး မဝတ ကိုအကြောင်းကြား … မဝတ အမိန့်နဲ့ ပိတ်ခိုင်းပါတယ်တဲ့ဗျာ။ ကျနော်အရှည်ကြီးမပြောချင်တော့ပါဘူး … နိုင်ငံရေးမလုပ်ရ နားလည်အောင်မလေ့လာရဘဲနဲ့များ … ဘာကြောင့်ရွေးကောက်ပွဲ လုပ်ပေးနေတာလဲဗျာ …။ အဲဒီ ရဝတ က ကြံ့ဖွတ်ကတဲ့ … ဥက္ကဌ ဖြစ်နေသူတွေကိုလေးစားပါတယ်။ ဒါပေမဲ့ လေ့လာကြပါအုံး … သူတို့ကိုလဲအပြစ်တော့ မပြောချင်တော့ပါဘူး… တခါက … ကျနော်အလုပ်လုပ်နေတုံးမှာ … တာဝန်အရ လူကြီးတချို့နဲ့တွဲပြီးလုပ်ရတယ် .. […]


fattyNovember 22, 20101min1090
ရွှေပြည်သာတို့ ခရမ်း သုံးခွ …. အစရှိတဲ့မြို့နယ်များမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တချို့မှာ ကိုယ့်ဆိုင်လာတဲ့ သူတွေရဲ့တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် ကိုကြည့်ချင်ကြတာရယ် ဘာတွေလုပ်နေလဲ ဘာတွေပြောလဲ သိချင်ကြတာကြောင့် … စလောင်းရှိတဲ့ဆိုင်တွေက ဖွင့်ပြကြတယ်ပြောပါတယ်။ အဲဒါကို ရဝတ ဥက္ကဌက ဒီနယ်မြေမှာတော့ နိုင်ငံရေးတွေလုပ်နေကြပြီ မဖြစ်ဘူးဆိုပြီး မဝတ ကိုအကြောင်းကြား … မဝတ အမိန့်နဲ့ ပိတ်ခိုင်းပါတယ်တဲ့ဗျာ။ ကျနော်အရှည်ကြီးမပြောချင်တော့ပါဘူး … နိုင်ငံရေးမလုပ်ရ နားလည်အောင်မလေ့လာရဘဲနဲ့များ … ဘာကြောင့်ရွေးကောက်ပွဲ လုပ်ပေးနေတာလဲဗျာ …။ အဲဒီ ရဝတ က ကြံ့ဖွတ်ကတဲ့ … ဥက္ကဌ ဖြစ်နေသူတွေကိုလေးစားပါတယ်။ ဒါပေမဲ့ လေ့လာကြပါအုံး … သူတို့ကိုလဲအပြစ်တော့ မပြောချင်တော့ပါဘူး… တခါက … ကျနော်အလုပ်လုပ်နေတုံးမှာ … တာဝန်အရ လူကြီးတချို့နဲ့တွဲပြီးလုပ်ရတယ် .. […]


fattyNovember 22, 20101min2536
ဒီနေ့ညနေ mandalaygazette ဟိုဖတ်ဒီဖတ်လုပ်ပြီး Singapore ရှိသားတော်မောင်နှင့် စကားပြောနေစဉ် g talk ဝင်လာပါသည်။ ဘာကောင်းလဲ ဦးဖက်တဲ့ ကျနော်သိပ်မအားတာနှင့် တစ်လုံးပေးလိုက်ပါသည်။ ထိုဂဏန်းပေါက်ပါကြာင်း အကြောင်းကြားလိုက်ပါသည်။ ကျနော်လဲ ပေါက်ပါသည်။ ဘယ်သူမေးတာလဲဆိုတာတော့ ခွင့်ပြုချက်မရှိရျ် မပြောပြနိုင်သည်ကိုခွင့်လွှတ်ကြပါ။ အပျော်သဘောဘဲလုပ်ပါ။


fattyNovember 22, 20101min28911
ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာမှုများကို အချို့ အဖွဲ့အစည်းများ ဟာ မှတ်တမ်းမှတ်ရာနဲ့ အသေအချျာ မှတ်တမ်းတင်ထားကြောင်းသိရပါတယ်။ ဒါပေမဲ့ တရားစွဲလိုရင် ၁ဝသိန်း ဒီပိုစစ် တင်ရမယ်၊ ပြီးတော့တရားမမှုဖြစ်မှာမို့ အမှုကနှစ်နဲ့ချည်ကြာပါလိမ့်မယ်။ အမှုမပြီးမခြင်း ငွေ တွေဆက်ကုန်နေအုံးမှာဘဲလို့သိရပါတယ်။ တကယ်တန်းပြောရရင်တော့ အမှန်တရားကိုသိခွင့်မရအောင် အသေအချာ အစီအစဉ်လုပ်ပြီး ပိတ်ပင်ထားတာနဲ့များတူနေသလားလို့။ မတရားအမှုဆင်ပြီးတိုင်ရင် တိုင်တဲ့သူကိုပြန်ပြီးတရားစွဲလို့ရတယ်ဆိုတော်သေးတယ်။ အခုထိတော့ဘယ်အဖွဲ့အစည်းမှ တရားစွတြာမကြေားမိသေးပါကြောင်း ..။


fattyNovember 21, 20101min31211
ကျနော်အိပ်ခါနီးတိုင်း ….အိပ်ယာထဲဝင်ပြီဆိုလျှင် နှာသီးဖျားလေးကို စိတ်ပို့ရျ် အာနာပါန ခေါ် ထွက်သက်ဝင်သက်ရှုမှတ်ခြင်းကို ပြုလေ့ရှိ၏။ ပထမဆုံး အလေ့အကျင့်မရခင်မှာ မိမိစိတ်ကိုတည်ငြိမ်အောင် ၅ မိနစ်ရရန် မနဲကြိုးစားရသည်။ စိတ်တို့သည် ဟိုဟိုဒီဒီ ပြေးကြကုန်၏။ နေ့ခင်းပိုင်းကမကျေနပ်မှုများ … မပြီးပြတ်မှုများ … သူများကိုပြောချင်သည့်စကားများ စိတ်ထဲတွင်ပြောနေလေ့ရှိသည်။ နောက်နေ့အတွက် ကြိုတင်စဉ်းစား နေသည့်အခါလည်းရှိ၏။ အာနာပါန အရှိန်ရလာသောအခါ တဖြည်းဖြည်း စိတ်ကလေးပြေးတာကို သတိထားနေရာမှ ငြိမ်သက်မှု လေးရလာသည်။ ထိုငြိမ်သက်မှု ပီတိလေးကို မိနစ်အနည်းငယ်ခံစားပြီးမှ စိတ်ကို ( ဘဝင်စိတ် ) ကိို အသာလေးဖြုတ်ချပြီး အိပ်စက်ခြင်းကို ယူလိုက်ပါသည်။ ထိုအခါအများအားဖြင့် အိပ်မက်မက်လေ့မရှိ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်သဘောပင်။ အိပ်မက်တို့မည်သည်မှာ နိုးတဝက်ပျော်တဝက်မှာမှ မက်တတ်ကြောင်း သိရသည်။ မနေ့ကမူ ဇာတ်လမ်းကြည့်တာများသွားသဖြင့် ခါတိုင်းကဲ့သို့ မအာနာပါနနိုင်တော့ […]


fattyNovember 20, 20101min44221
ကျနော်ဒီစာစုလေးကိုရှာဖွေ ကိုးကားဖေါ်ပြရခြင်းမှာ … အချို့လူငယ်တို့သည် ဘုရင်များလက်ထက် ကဆိုသည်နှင့် စာအုပ်မရှိ ရေးစရာမရှိသေး … မှတ်တမ်းမှတ်ရာတို့မှာ မသေချာလှဟု ထင်မှတ်မှားနေကြရျ် .. အနည်းငယ်မျှလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ ရတနာပုုံ့ရွှေမြို့တော်တွင် ထိုအချိန်က ဂျူးသွေးပါသော ဒေါက်တာမတ် ဆိုသူ နိူင်ငံခြားသားမှာ လူသိများလှသည်။ ဗြိတိသျှပိုင်အောက်မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး မြန်မာစကားကိုကျွမ်းကျင်စွာပြောနိုင်သည်။ မြန်မာများနှင့်လည်းရင်းနှီးစွာပေါင်းသင်းနိုင်သူဖြစ်ရာ သူ၏ခရစ်ယာန်သာသနာပြုလုပ်ငန်းများကိုမန်းလေးနန်းမြို့တော်အထိ ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုစဉ်က မင်းတုန်းဘုရင်၏ ဝန်ကြီးများတွင်လည်း ဖန်ချက်ဝန်မှာ နိုင်ငံခြားအတွေ့အကြုံမြောက်များစွာရှိခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ ပဲရစ်တက္ကသိုလ်မှ ဘွဲ့ရထားသူလည်းဖြစ်သည်။ ဒါဆိုလျှင် မင်းတုန်းခေတ် က နိုင်ငံခြားဆက်သွယ်မှုများကို စဉ်းစားနိုင်ပါပြီ။ ထိုဒေါက်တာမတ်သည် မန်းလေးနေပြည်တော်တွင် စာသင်ကျောင်းများ သာသနာပြုကျောင်းများကို မင်းတုန်းမင်း၏ အကူအညီဖြင့်ဆောက်နိုင်ခဲ့သည်။ မင်းတုန်းမင်းတွင်သားတော် ၇ဝ မျှ မက ရှိသည်။ ဒေါက်တာမတ်၏ကျောင်းသို့ […]


fattyNovember 17, 20101min1865
ကျနော်ထိုင်နေတဲ့ဆိုင်ကထပြေးရပြီး မကျေနပ်တာနဲ့ ဆိုင်တွေလိုက်ရှာပါတယ်။ အခုတဆိုင်ဖွင့်တာတွေ့လို့ ထပ်တင်လိုက်ပါတယ်။ သတင်းကိုအတည်ပြုရျ်မရပါ။ တချို့ကပြော တော့လဲ ဒီမြို့နယ်ထဲကို အောင်ဆန်းစုကြည် ရောက်နေလို့ ပိတ်ခိုင်းတာလို့လဲပြောကြပါတယ်။ ည ၈နာရီမှာ ဆိုင်တွေပိတ်ခိုင်းတာတော့ အတည်ပြုလို့ရပါတယ်။ ဒီအတိုင်းဆို အခြေအနေတွေက မငြိမ်သက်တော့ပါ။ ရန်ကုန်မြို့တွင်းမှာလဲ လူသွားလူလာ ချောက်နေပါတယ်။


fattyNovember 17, 20101min2217
ကျောက်တံတားမြို့နယ် အင်တာနက်ဆိုင်တွင် ယခု ဗုံးများတွေ့သောကြောင့် ရန်ကုန်ရှိ internet ဆိုင်များချက်ချင်းပိတ်ရန်အမိန့်ထုတ်သည်။ အမိန့်ရချိန် ည ၈ နာရီ