fattyNovember 17, 20101min16810
မြန်မာပြည်မှ Singapore သို့ poly သွားတက်နေသူတွေ အများကြီးပါ။ တလောက poly second year ကျောင်းသားတယောက်အသတ်ခံရပါတယ်။ ကျောင်းသားဂိုဏ်းအချင်းချင်း ပြဿနာဖြစ်ကြတယ်လို့သိရပါတယ်။ အော် ..Singapore မှာတောင် ဂိုဏ်းတွေရှိကုန်ပြီလား။ မြန်မာပြည်ကမိဘတွေ ကိုယ့်သားသမီးတွေအတွက် ရတက်မအေးဖြစ်နေကြပါပြီ။ အသေးစိတ်သိသူများ comment မှာရေးပေးပါ။


fattyNovember 17, 20101min1526
ယခုစာရိုက်နေချိန် ၃ နာရီတိတိမှာ ရန်ကုန်မြိူ့၏ လပ်ကီး ဆဲဗင်း လဘက်ရည်ဆိုင်တဆိုင်တွင် လူတစုဆွေးနွေးညှိနှိုင်းနေကြသည်။အကြောင်းအရာမှာ .. ဆည်မြောင်းဌာနမှ AE တဦးက သိန်းပေါင်းများစွာ ငွေတိုးယူပြီး ဆည်မြောင်းဌာနမှကံထရိုက်လုပ်ငန်းများကိုလုပ်ကိုင်ပြီးညွှန်ချုပ်အားလည်းအိမ်တလုံးဆောက်ပေးရကြောင်းသိရသည်။ အိမ်အတွက်သိန်း ၄၅ဝ ဝင်နေပြီဖြစ်သည်။ ပြဿနာမှာ ဆည်မြောင်းဌာနမှ project များရပ်နားလိုက်ပြီး ထို AE မှာလည်း အတိုးအရင်းများမပေးနိုင်တော့သဖြင့် ငွေရှင်များကိုခေါ်ပြီးသူ့အိမ်ကိုရောင်းပြီးဆပ်မည့်အကြောင်းရှင်းလင်းပွဲဖြစ်သည်။ အချို့ဆိုလျှင်ထွက်ပြေးကြပြီ။ အများသိပြီးသတိပြုနိုင်ကြရန်တင်ပြရပေသည်။


fattyNovember 17, 20101min2509
တခါက comment တခုမှာ တစ်စုံတယောက်က သီပေါမင်းနန်းတက်ရေး မင်းညီမင်းသားတွေ ဘယ်နှစ်ယောက်များအသတ်ခံလိုက်ရသလဲလို့ မေးဘူးကြောင်း မှတ်မိနေပါသည်။ ကြုံတုန်းမို့ …. ပြန်ပြောင်းအောင့်မေ့ဖွယ် အောက်ပါဖြစ်ရပ် အား ကိုးကားတင်ပြလိုက်ရပါသည်။ ၁၈၇၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။ မဟာသဘင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင့်ပမည့်ပထမဆုံးနေ့။ မင်းသားများအားဖယ်ရှားမည့်ပထမဆုံးနေ့လည်းဖြစ်ချေ၏။ ရုပ်ကလပ်များမြှုပ်နှံရန် ကျင်းကြီးလည်းတူးပြီးနေပြီ။ ဂီတ အက ပညာရှင်တို့ အသုံးတော်ခံမည့်စင်မြင့်ကြီးမှာတော့ ရွှေရောင် ငွေရောင် စက္ကူများနှင့်ခြယ်သဆင်ယင်ထားကြပေ၏။ ကတ္တီပါအိတ်အနီများချုပ်လုပ်ရသူ နန်းတွင်းသူလေးတို့ကလည်း သူတို့အလုပ်အပြီးသတ်ပြီမို့ ပွဲကြည့်ဆောင်ဘက်ရောက်နေကြပေပြီ။ ပိုးထမီ ခါးတောင်အကျီင်္ င်္များနှင့်တောက်ပြောင်နေကြသော ကချေသည်များကလည်း အမွှေးနံ့သာများလိမ်းကျံရင်း လက်ဝတ်ရတနာများဆင်ရင်ရင်း ကပြအသုံးတော်ခံရမည့်အချိန်ကိုစောင့်ဆိုင်းနေကြကုန်၏ ။ ပွဲလမ်းသဘင်ကြီးကားစခြေပြီ။ မြန်မာဇာတ်ပွဲတို့ထုံးစံအတိုင်း ဆူဆူညံညံအသံတို့ဖြင့်လွှမ်းမိုးနေ၏ ။ သီပေါဘုရင်မှာမူ စိတ်နောက်ကျိနေဟန်ရှိသည်။ စုဖုရားလတ်မိဖရားကမူ ဆေးပေါလိပ်ကြီးကိုသာဖွာနေတော့၏ ။ ဆိုင်းဝိုင်းမှချွဲချွဲပျစ်ပျစ်မှုတ်လိုက်သောနှဲကြီး၏ အသံရှည်ကြီးနှင့်အတူ […]


fattyNovember 15, 20101min21312
ဆရာဝန်များ သုံးနှုန်းနေသော … O/C ( just open and close ) ဆိုသော အဓိပ္ပါယ်ကိုသိပါရစေ။ ကျနော်နားလည်သလောက်ကတော့ ဆရာဝန်များ၏ လူနာများ မသိစေချင်သော အသုံးအနှုန်းတခုဖြစ်ပါသည်။ ဟုတ်ပါသလား …။


fattyNovember 4, 20101min1904
လကုန်တိုင်း ကလေးကျောင်းကျူရှင်ခတွေ …. အမေဒီနေ့နောက်ဆုံးပေးရမယ်လေ …။ ဆန်ကုန်ပြီ ..ဆီကုန်ပြီ … သွားဝယ်လိုက်အုံးမယ်နော် ….။ မီတာခ … ဖုံးကြေးတွေ …သားသွားသွင်းပေးနော် ….။ မင်းအဖေအတွက်ဆေးတွေကုန်ပြီသားရေ …. ၂၀၀၀ဝ ယူသွား တပါတ်စာဘဲဝယ်အုံးသားရေ …။ အမေ သား ကျောင်းဝတ်စုံတွေကဝါကုန်ပြီအမေရဲ့ … လုပ်ပေးအုန်း ဝယ်ပေးအုန်း ….။ အမေ ကျောင်းက ကထိန်ကြေး ၃၀၀ဝ ထည့်ရမယ် …။ အဲဒီအဲဒီ … စကားတွေထဲမှာ …ဝမ်းနည်းဖို့ကောင်းတာက …အဖေ ဆိုတာတခွန်းမှမပါ ..။ သားရေ … ဘဲလ်သံကြားတယ် ..တံခါးသွာဖွင့်စမ်း … အဖေထမင်းအိုးငှဲ့နေလို့ …။ သား .. မင်းမုန့်ဖိုးရှိရဲ့လား …. ရှိပါတယ်အဖေရဲ့ …။ အော် […]


fattyNovember 4, 20101min1451
တန်ဆောင်မုန်းတန်ဆောင်တိုင် ရောက်ပြီဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ အနှေးယာဉ်လုပ်သားများ ဆိုက်ကားသမားများဟာ နှစ်တိုင်းစုပြီး ကထိန်ခင်းလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာကထဲက ဓလေ့လေးတခုပါ။ တရက်ချင်း ဆိုက်ကားနင်းလို့ရတဲ့ငွေကိုတနေ့ချင်း စုဘူးနဲ့စုကြပါတယ်။ ရန်ကုန်မြို့လည်မှာလဲ ဆိုက်ကားဂိတ်တွေအများကြီးရှိပါတယ်။ ဆိုက်ကားတစီးဟာ ခရီးသည်ကိုသူ့ဂိတ်နဲ့သူအလှည့်ကျစောင့်ရပါတယ်။ ဂိတ်ကနေခရီးသည်တင်သွားပြီး အပြန်မှာ ကြုံတဲ့နေရာက ခရီးသည်ကို ကြုံသလိုကောက်တင်လို့မရပါဘူး။ ဆိုက်ကားအလွတ်ကြီးနင်လာတာမြင်လို့ခရီးသည်က တားရင်တောင် အနီးနားက ဆိုက်ကားဂိတ်ကို လှမ်းကြည့်ပြီး ဘယ်သူမှမရှိမှ သူကတင်သွားရပါတယ်။ ဂိတ်ဝင်ကြေးကလည်းမနဲလှပါဘူး …ဂိတ်ကြီးဆိုရင် သိန်း ၂ဝ လောက်ရှိပါတယ်။ အငယ်လေးတွေဆိုရင် ၂ သိန်း ၃ သိန်းပေါ့။ ဆိုက်ကားတစီးရဲ့တန်ဖိုးဟာ ဂိတ်ကြီးမှာ သိန်း ၃ဝ လောက်ရှိပါတယ်။ ကမာရွတ် ဘူတာရုံလမ်းကဆိုက်ကားတွေ ဈေးအကြီးဆုံးပါ။ တနေ့ကိုအုံနာကြေး ၁၅၀ဝ ကျပ် လောက်ပေးရပြီး ပိုတာကိုရတာပေါ့။ သူတို့ အလှုပွဲလေးတခုတင်ပြလိုက်ပါတယ်။ မွန်မြတ်တဲ့အလှုလို့ပြောနိုင်ပါတယ်။


fattyNovember 3, 20101min2494
စနေ နှင့် တနင်္ဂနွေ နေ့များတွင် ရန်ကုန်ရှိ အိမ်ဆိုင်များ အပါအဝင် ဆိုင်အားလုံးပိတ်ရမည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။ အကြောင်းကြားခံရသည့်မြို့နယ်များအသေးစိတ်မသိသေးပါ။ နီးစပ်ရာမေးမြန်းကြပြီး ဝယ်စရာရှိသည်များကြိုတင်ဝယ်ထားကြရန်


fattyOctober 31, 20101min2227
အပြစ်တင်ချင်လို့လဲ မဟုတ်ရပါ ….။ အပြစ်ထင်လို့လဲမဟုတ်ရပါ ….။ ကလောင်တချောင်းပိုင်ပြီဆိုရင်ဖြင့် …. ရေးချင်ရာရေးလို့ရကြပြီပေါ့ …..။ တလောက ကျနော်ဖတ်ခဲ့ရတဲ့ အင်တာဗျူး တခုမှာတော့ …..။ ဒီလိုတွေ့ခဲ့ရသဗျား …။ ကျနော်တို့ ဘူဒါးကြီးတွေဘဲဉာဏ် မပြေးတော့တာလား … အခုခေတ်လူငယ်တွေကဘဲ … သိပ်ပြေးနိုင်လွန်းနေတာလား ….။ ကျနော် အင်တာဗျူးကဏ္ဍကို ၃ နှစ် ်လောက်ရေးခဲ့ဘူးပါတယ် ….။ ဒီလိုမေးခွန်းမျိုး မစဉ်းစားမိခဲ့ဘူး ….။ မေးသူ ….. မိန်းကလေးတယောက်ကိုမြင်တဲ့အခါ သူ့ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုကြိုက်လဲ …တဲ့။ ( ကျနော်များဖြေခွင့်ရမယ်ဆိုရင် … နော် … အသည်းယားလိုက်တာ … ) မေးသူ …… တချို့မိန်းကလေးတွေက ချိုင်းမွှေးရိတ်ကြတယ် … တချို့ကမရိတ်ဘူး .. တချို့ကခြေသလုံးမွှေးရိတ်ကြတယ် … […]


fattyOctober 29, 20101min1180
မြန်မာနိုင်ငံတွင် ယခုအသုံးပြု နေသော အလံတော်အသစ်သည် NCGUB ပြည်ပအဖွဲ့အစီးမှ ၁၉ နှစ်ကြာသုံးစွဲနေသောအလံနှင့် တပုံစံတည်းတူနေပြီး ယင်းအလံ၏မူလ ဒီဇိုင်းမူပိုင်ဖြစ်သူအား တင်ပြလိုက်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ပြီး … အမည်သိသူများနောင်မှတ်တမ်းထားရန်ဖေါ်ပြပေးကြပါရန်။


fattyOctober 29, 20101min31820
တနိုင်ငံလုံး condition များပြတ်တောက်မှုမှာ ပုဂံ ဆာဗာ အကိုက်ခံရရျ်ဟုသိရသည်။ နိုင်ငံတော် ဘဏ်များငွေလွဲပြောင်းမှု … နိုင်ငံခြားကုမ္ပဏီများတွင် အဆက်အသွယ်ပြတ်တောက် ကုန်မှုတို့ကြောင့် အကြီးအကျယ်ဒုက္ခရောက်လျှက်ရှိသည်။ သက်ရှိသတ္တဝါကြက်ပေါက်များတင်သွင်းသည့် company များတွင် စာရွက်စာတမ်းများ မပို့နိုင် ..လက်ခံရျ်လည်းမရသဖြင့် အတော်ပင်အခက်အခဲဖြစ်နေကြသည်။


fattyOctober 29, 20101min1331
ထိုပါတီသည် …၁။ ချဲဒိုင်များ ၂။ အနှိပ်ခန်းပိုင်ရှင်များနှင့် အလုပ်လုပ်သူမိန်းကလေးများ ၃။ မကောင်းမှုဖြင့်စီးပွါးရှာစားသူများ ၄။ ငွေတိုးထုပ်ပေးပြီး ပြန်ဆပ်ရန်ခက်ခဲနေသူများ ၅။ အမှုရင်ဆိုင်နေရပြီး အမှုမှလွတ်မြောက်လိုသူများ …၆။ လမ်းတဝက်သာခင်းပေးပြီး လမ်းဆက်ခင်းပေးစေလိုပါက ကြိုတင်မဲများပေးရန်အကြပ်ကိုင်သည့်နည်းဖြင့်မဲစုဆောင်းလျှက်ရှိသည်။


fattyOctober 29, 20101min32417
internet လိုင်းများ ရက်ပေါင်းများစွာပြတ်တောက်နေသဖြင့် မြန်မာပြည်တွင် လူငယ်လူကြီိးများ တဆိုင်ပြီးတဆိုင်ပြေးနေကြရပြီး …. ဆေးမသုံးစွဲရသော ဆေးသမားများကဲ့သို့ဖြစ်နေကြသည်။ chatholic, webholic, internetholic များဖြစ်နေကြပြီ။