fattyOctober 7, 20101min1505
တချို့ကပြောကြတယ် … အပျိုကြီးလူပြိုကြီးများဟာ … အိမ်ထောင်သည်တွေထက် ပိုပြီးကျန်းမာကြတယ်တဲ့ ….။ တချို့ကတော့ …… အပျိုကြီးတွေဟာ ….အိမ်ထောင်သည်မိန်းမတွေထက် ပိုပြိး …. အရွယ်တင်တယ်တဲ့ …..။ တချို့ကတော့ …….အပျိုကြီး လူပြိုကြီးတွေဟာ ……အိမ်ထောင်သည်တွေထက် ..ပိုပြီး ..ဇီဇာကြောင်တတ်ကြတယ်တဲ့ …။ တချို့ကတော့ …….အပျိုကြီးတွေဟာ …. အိမ်ထောင်သည်တွေထက် ..ပိုပြီး ….ဘရက်စ် ကင်ဆာ ဖြစ်တတ်ကြတယ်တဲ့ …။ တချို့ကတော့ …….. အိမ်ထောင်သည်တွေဟာ ….လူပျိုလူလွတ်တွေထက်ပု်ပြီး …. အသက်ရှည်ရှည်နေရတယ်တဲ့ ….။ ကျနော့အမြင်ကတော့ ….. အိမ်ထောင်သည်တွေဟာ …ပိုပြီးအသက်ရှည်ရှည်နေရတာမှုတ်ပါဘူး …..လူ့ဘဝနေရတဲ့အချိန်ဟာ …ပိုပြီးရှည်ကြာတယ်လို့ထင်တတ်တာပါလို့.။


fattyOctober 6, 20101min2354
ယခင် … မောင် ..မောင့်အနားမှာအနမ်းလေးပေးချင်တယ် …..။ ယခု …… အောင်မယ်လေး ရှင့်လစာနဲ့လောက်တာမှတ်လို့ .. ဒီလိုဘဲ ယောကျာင်္းတွေနဲ့တန်းတူရှာနေရတာဘဲ ..။ ယခင် ….မောင် …မကိုရှာကျွေးရတာပင်ပန်းလှပြီလားဟင်လို့ …..။ ယခု ……… တိုင်ကီထဲရေဖြည့်ပြီး အဝတ်တွေရေစိမ်ထား လိုက်အုံး .. ထမင်းအိုးကဝေကျတော့မယ် …။ ယခင် …… မောင် ..မောင့်အတွက်သားသားလေးမွေးရမလား ..မီးမီးလေးလိုချင်လား ..လို့ …။ ယခု …… ဟဲ့သေနာလေးတွေ … နင်တို့လုပ်စာများစားနေရရင် … ဟင်းမပြောလိုက်ချင်ဘူး …။ ယခင် ….. မောင်လို့ ..ဒီနားကိုလာပါဆို .. မျက်နှာထားကြီးကလဲနော် …ငိုလိုက်မှာ နော်လို့ ….။ ယခု ……ဟာ ..မီးမလာလို့ပူရအိုက်ရတဲ့အထဲ …ဟိုဘက်တိုးနေစမ်းပါ …တကထဲ …။ […]


fattyOctober 6, 20101min1503
ခပ်ကြောင်ကြောင်တော့ဖြစ်ပြီနဲ့တူတယ် ….. ကျုပ်တရက်ကစဉ်းစားမိတယ် ……. နားနှစ်ဖက်ပါတယ် ….. များများနားထောင်ပါ …။ မျက်စေ့နှစ်လုံးပါတယ် ………….များများကြည့်ပါ ….။ နှာခေါင်းနှစ်ပေါက်ပါတယ် …….များများရှုပါ ….။ …များများလေ့လာကြပါ ….။ အဲ …ပါးစပ်ကတော့တပေါက်ထဲ ….. စကားနဲနဲဘဲပြောခိုင်းတာနဲ့တူတယ်နော် ……….။


fattyOctober 6, 20101min1843
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် တွင် ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများ အားကစားစုံညီပွဲသို့ စက်လှေဖြင့်သွားကြရာ ..ယနေ့စက်လှေ တိမ်းစောင်း မှောက်သွားသောကြောင့် .. ယခုထိ ဆရာမနှင့် ကျောင်းသူကျောင်းသား အလောင်း ၁၈ လောင်း တွေ့ရှိပြီး ကျန်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။ စက်လှေမှောက်ရသည့် အကြောင်းရင်းမှာ မနိုင်ဝန်တင်ရျ်ဖြစ်ကြောင်း …ယခု ပညာရေးဌာနမှ မြို့နယ်အဆင့် အရာရှိများချက်ခြင်း အခင်းဖြစ်ပွါးရာသို့ လိုက်ပါစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းအတွင်းမှာ ရေကြောင်းသွားလာမှု အပေါ်မှီခိုနေရသော်လည်း .. ရေယာဉ်များတွင် အသက်ကယ် အကျီ င်္ ဘောကွင်း အစရှိသော ပစ္စည်းကရိယာများ ဘယ်သောအခါကမှ အသင့်ထားရှိခြင်းမရှိခဲ့ပေ။


fattyOctober 6, 20101min1112
မှတ်မိကြအုံးမှာပါ … THIS IS BURMA BROADCASTING SERVICE. ှဆိုတဲ့အသုံးအနှုံးလေး …. ရေဒီယိုကလာနေကြလေးပေါ့ .. အခုလူငယ်များတော့ Burma ဆိုတဲ့အသုံးအနှုန်းနဲ့ဝေးခဲ့ကြပြီလေ …။ … TV ဘက်က အဖြစ်လေးတွေပြီးတော့ ရေဒီယိုဘက်တခါလှည့်လိုက်အုံးမယ်။ ကျနော်တို့အလုပ်ဝင်စက ..ရေဒီယိုဘက်မှာ .. မြန်မာ့အသံရဲ့ဘိုးအေကြီးလို့ခေါ်ရလောက်တဲ့ .ဦးသီ ဆိုတဲ့အဘရှိတယ်။ လုပ်သက်ကလည်းရင့်နေပြီ …တော်ကလည်းတော်တယ် .. ပေတာကလည်းမပြောနဲ့တော့ …မနက်ရုံးလာကထဲကအရက်နံ့တထောင်းထောင်းနဲ့ပါဘဲ .. တော်တာကလည်းမပြောနဲ့တော့ ..မြန်မာ့အသံမှာက သီချင်းတပုဒ်လိုချင်တယ် ဆိုရင် ချက်ချင်းလိုလိုစပ်ရတယ် ..။ မြန်မာ့အသံမှာအရာရှိတွေက တလှည့်ဆီ ညဂျူတီစောင့်ရတယ် duty officer ခေါ်တာပေါ့နော .. အဲတရက်တော့ ..အဲဒီဆရာသီဂျူတီကျပါရော …. အဲမြန်မာ့အသံရု့းခန်းတွေက သရဲခြောက်တယ်လို့လဲနာမယ်ကြီးသဗျ ..ကျနော်တော့မကြုံဘူးခဲ့ပါဘူး … သရဲကြောက်တာရယ် ..အရက်ကြိုက်တာရယ် ရောပြီး […]


fattyOctober 6, 20101min1835
( ကျနော် အသံလွှင့် အကြောင်းတွေရေးနေတာကနေလိုင်းပြောင်းသွားတာ ခဏနားတဲ့သဘောပါ အပြောငိးအလဲပေါ့ … ကြာလာတော့ သူများဆိုမပြောနဲ့တော့ ကိုယ်ရေးတဲ့ဟာ ကိုယ် ပြန်မဖတ်ချင်တော့ဘူး … နောက်မှဆက်မယ်နော ..အားပေးမှုများကိုတော့ ကြည်နူးရပါတယ်။ ) အဲ …ဝိဇ္ဇာဆိုတာ ..အတတ်ပညာ အသိပညာ မြင့်မားတဲ့သူတွေကို ခေါ်ပါတယ်။ ဥပမာ သိပ္ပံ အတတ်မှာ တဖက်ကမ်းခပ် တတ်မြောက်ထားတဲ့ PHD ( physics )ဆိုပါတော့ သူလဲ ဝိဇ္ဖာပါဘဲ …။ လိုင်းချင်းသာမတူတာပါ။ ဒီနေရာမှာ အကြောငိးတိုက်ဆိုင်ရင် သိပ္ပံသဘောနဲ့ နှိုင်းယှဉ်ပြီးနဲနဲပြောပါမယ် ။ ဟိုးတုန်းက ကြားဖူးကြမှာပါ …သံသေတပြည်ဝ ..ပြဒါးသေတဆွေဝ ..ဆိုတာ ။ မြန်မာတွေ သံသေအောင် ..ပြဒါးသေအောင် ..ဖိုထိုးကြပါတယ် ။ အဲ အနောက်နိုင်ငံ ကလူတွေလဲ […]


fattyOctober 5, 20101min1341
ကဲဘာတွေဆက်လုပ်ကြမလဲ …. တပ်ချုပ်ကြီးဆိုသူကတော့ တရုပ်သွားတယ် ..ထောက်ခံချက်ယူတယ် ..။ လာအိုသွားတယ်ထောက်ခံချက်ယူတယ်။ သူတို့အတွက်က ထောက်ချံခက်ရဘို့သိပ်အရေးကြီးနေကြောင်း ထင်ရှားနေပါပြီ … ဒီမိုကရေစီအရေးကြိုးပမ်းနေကြသူများ ဒီအချက်ကို အဓိကထားပြီး ဦးတည်သွားဖို့ပါ။ ပြည်ပရောက် ဒီမိုကရေစီအရေးဆောင်ရွက်ကြသူများ သွက်သွက်လှုပ်ရှားကြဖို့လိုပါပြီ ။ ပြည်တွင်းမှာကတော့ ဒီအချိန်လူထုတွေထွက်ပြီး အသေခံကြမယ်ဆိုတောင် ဘယ်သူ့ဦးဆောင်ခိုင်းရမှန်းမသိတော့ပါ ။ တိုင်းပြည်ချစ်ကြသူများအတူတူမို့ စည်းရုံးပြီး အတူသွားကြမလားမှတ်ပါတယ် … တယောက်တကွဲဆီပါ ။ ….. အားရှိစရာကိုမရှိပါဘူး .. ကျနော့အမြင်နော်။ … အယူအဆမတူတာက အပြစ်တင်စရာမဟုတ်ပါဘူး … ဒါပေမဲ့ဦးတည်ချက်တူတူထားပြီး အမြင်မတူတာကိုခဏဘေးချိတ်ထား အတူတူ လက်တွဲပြီးမလုပ်နိုင်ကြပါဘူး … ဗိုလ်ချုပ်တို့ခေတ်က … အမြင်တွေမတူကြပါဘူး ဒါပေမဲ့ လွတ်လပ်ရေး target ကို အဓိက အရင်တားပြီး လုပ်ခဲ့ကြတာမှုတ်လားဗျာ။ နောင်ရေးစိတ်မကောင်းစရာပါလား …..။


fattyOctober 5, 20101min28511
september 25 ရက်နေ့ကပုပ္ပါးမှာအဘ ဘိုးမင်းခေါင်ထွက်ပွဲ ကျင်းပကြပါသည်။ အချို့အဘ၏ ဓါတ်ပန္နက်ရှိရာဌာနများတွင်လည်းကျင့်ပကြသည်။ ဘိုးမင်းခေါင်နှစ်ဦးရှိကြောင်း ..တချို့မသိကြပါ။ တဦးမှာပုပ္ပါးမင်းခေါင် ..တဦးမှာ အင်းဝခေတ် ဘုရင်မင်းခေါင် ..နှစ်ဦးလုံး ထွက်ရပ်ပေါက်များဖြစ်သည်။ ဓာတ်ပုံများ condition မကောင်းသေးရျ် တင်မရပါ။


fattyOctober 5, 20101min1585
သီပေါမင်းလက်ထက်က .. အပျိုတော်တဦးနဲ့လူပျိုတဦး … အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်စလုံး အဆိပ်သောက်သေခဲ့ကြပြီး … လူပြန်ဝင်စားကြပါတယ်။ ကလေးနှစ်ယောက်စလုံး တပြိုင်ထဲ လူပြန်ဖြစ်ကြတယ်ဆိုပါတော့ … တမိသားစုဆီမှာ ဝင်စားကြတာပါ … ၄ .. ၅ နှစ်ရောက်တော့သူတို့ရဲ့အတိတ်ဘဝတွေကိုပြန်မှတ်မိပြီး ကိုယ့်အိမ်ကိုပြန်ကြတယ် … အသေးစိတ်တော့ရေးမပြတော့ပါ … သူတို့ နာနာဘာဝ ဖြစ်ခဲ့တုံးက အကြောင်းတွေ .. ဥပမာ ..မန်းလေးမြို့ရဲ့ ချောင်းတခုမှာ … ရေခပ်လာတဲ့ အမျိုးသမီးကြီးဆီ ဝင်စားချင်လို့ အမှိုက် သစ်ရွက်ပုံစံနဲ့ ရေအိုးထဲလိုက်သွားရပုံတွေ … သူများတွေကိုခဲနဲ့ပေါက်ပြီး စကြတော့တစ္ဆေခြောက်တယ်ဟေ့ဆိုပြီးပြေးကြတော့ …နှစ်ယောက်သား သဘောတွေကျပြီး ရီကြရပုံတွေကိုပြန်ပြောကြ ပါတယ်။ လူဝင်စားပြီးကိုယ့်အိမ်ကိုယ် ပြန်ကြတော့ … ဘဝဟောင်းက လူတွေကိုခေါ်ပြော နှုတ်ဆက်နိုင်တာတွေကြာင့် …သူတို့သတင်းဟာ ..သီပေါမင်းအထိ ပေါက်သွားခဲ့ပါတယ်။ […]


fattyOctober 5, 20101min1765
ရ ရက်သားသမိးများအတွက် အဂါင်္ဂြိုလ်ထဲဝင်မဲ့နှစ်တွေဖေါ်ပြပြီးပါပြီ ….အဲဒီထဲဝင်တဲ့နှစ်ဆိုရင်အဓိက က အလုပ်ပြုတ်တတ်ပါတယ်။ အခုဘုမ္မိထဲဝင်တဲ့နှစ်တွေမှာ ….. ကျန်းမာရေးအကြီးအကျယ်ညံ့တတ်ပါတယ်။ ဘုမ္မိအရပ်ဆိုတာ မိမိရဲ့ သချိုင်းအရပ်ပါ။ တနင်္ဂနွေ သားသမီးများ ဘုမ္မိထဲဝင်မဲ့နှစ်တွေကတော့ …………… ၄ နှစ် ..၁၂ ..၂ဝ .. ၂၈ ..၃၆ ..၄၄ ..၅၂ ..၆ဝ ..၆၈ ….၈ နှစ်စီထည့်ပေါင်းသွားပါ။ အဲဒီနှစ်ထဲရောက်ရင် နားလည်သူကိုမေးပြီး ကောင်းမှုကုသိုလ်များပြုပါ။ ဓါတ်ဆင်ပါ။ ကျန်းမာရေးတင်မကဘူး မိသားစုထဲမျာအလကားနေရင်း ပြဿနာတွေပေါ်တတ်ပါတယ်။


fattyOctober 5, 20101min1563
ဧရာဝတီတိုင်းအတွင်း …ဇေကမ္ဘာ ဦးခင်ရွှေ သည် နန္ဒာလှိုင် … လွင်မိုး တို့ကိုအသုံးပြုပြီး ကြံ့ဖွတ်ပါတီအတွက်စည်းရုံးသွား ကြာင်း သိရသည်။ မနးလေးမြို့တွင်လဲ ရှိရှိသမျှ အနုပညာသည်များ ရုပ်ရှင် ဂီတ စာပေ … တို့မှ ပညာရှင်များ ကို အခကြေးငွေပေးပြီး စည်းရုံးရန် ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။ ……။ မိုးဒီကတော့ …ဆင်ဝှေ့ရန်ရှာင် ပြောသွားသည်မှာ … ဘယ်ပါတီကိုမဲပေးပါလို့ပြော မှာမှုတ်ပါဘူးတဲ့ ….။


fattyOctober 5, 20101min1273
စမ်းချောင်းမြို့နယ်ထဲက ရွှေလောင်းလမ်းကို လမ်းခင်းပေးမယ်ဆိုပြီး ကြံ့ဖွတ်ပါတီက အဲသလိုစည်းရုံးနေကြောင်းသိရသဗျ။ စမ်းချောင်းဆိုတာ မြို့လယ်ခေါင်ကြီးပါ နေကြတဲ့သူတွေကလည်း ပညာတတ်တွေများတယ်လေ ….. စည်းရုံးရေးဆင်းသူများ ထည့်စဉ်းစားကြပါအုံး ….. ဟိုတုန်းကတော့ဘာမှဟုတ်တိပတ်တိမလုပ်ခဲ့ကြပါဘဲနဲ့ အခုတော့စေတနာမပါဘဲ ငါတို့ပါတီ အနိုင်ရဖို့ မင်းတို့ကို ဒါလုပ်ပေးမယ်ဆိုသောသူများ …. တိုင်းပြည်မှာ အာဏာရရင် ဘယ်လောက်ဝါးလိုက် ကိုက်လိုက်ကြမလဲ …..