fattyOctober 3, 20101min2234
သတ္တဝါအပေါင်း ဘေးရန်ကင်းကြပါစေ။ ကျနော်ဖက်တီးလဲ အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းရပါလို၏။ ကောင်မလေးငယ်ငယ်ချောချာလေးများတွေ့သော် ကြည့်မိပါ၏ ။ဒီမှန်ကန်သောသစ္စာစကားကြောင့် ခြင်ထောင်မပါ စောင်မပါ သံမံတလင်းပေါ်မအိပ်ပါရစေနဲ့ဘုရား …….။ ရန်ကုန်မြို့ကြီးမှာ ရုပ်မြင်သံကြားဆိုတာလွှင်နေပြီးတော့ ..စစ်ကိုင်းတောင်ပေါ်မှာ tower တိုင်ထောင်ပြီး substation ဆောက်ပါတယ်။ ပြီးပြီဆိုတော့ ရေဒီယိုကရော tvကပါ အထက်မြန်မာပြည်ကိုစတင်လွှင့်တော့မယ့်အကြောင်း ကြေငြာလိုက်ပါတယ်။ တနင်္ဂနွေနေ့တရက်ပေါ့ … တနင်္ဂနွေဆို အဲဒီတုန်းက နေ့ခင်းပိုင်း ရုပ်ရှင်တကားကားလွှင့်တယ်လေ ..။ အဲဒီတနင်္ဂနွေက အစီအစဉ်တွေ ရှယ်ပေါ့ဗျာ …. လွှင်မဲ့ကားက ” မောင်တို့ချယ်ရီမြေ ” ။ အဲဒီတုန်းက တိပ်ခွေနဲ့လွှင့်တာဗျ။ အဲဒီကားလွှင်ဘို့အတွက်ကို စနေနေ့ကထဲကအပြီးပြင်ဆင်ထားရပါတယ်။ ပြင်ဆင်ပုံကတော့ဒီလိုပါ …။တိပ်ခွေထိမ်းသိမ်းရေးဌာနစိတ်ကနေ တိပ်ခွေတခွေထုတ်ရပါတယ်။ ပြီးတော့အဲဒီတိပ်ခွေထဲကို လွှင့်မဲ့ကားကူးထည့်ပေါ့ ..အလွယ်လေးပါ။ အဲဒီကားက ရှည်တော့ ၂ ခွေကူးရတယ်ဗျ ။ […]


fattyOctober 3, 20101min28410
မြန့်မာ့အသံနဲ့ပါတ်သက်လို့အသံလွှင်တဲ့အကြောင်းတွေကို စာအုပ်အဖြစ်ထုပ်ဖူးတာ မြန့်မာ့အသံ ဦးကျော်ဦးပါ။ ကျနော်တို့ဆရာပေါ့။ ….. အခုတော့လွတ်လွတ်လပ်လပ်ရေးလို့ရတုန်း ကျနော်က ဖေါက်သည်ချရတဲ့သဘောပါ။ အဲဒီမှာလုပ်တုန်းကလည်း ရေးခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာလည်း SB ကခေါ်းပြီးစစ်ဆေးခြင်းခံရပါတယ်။ အခုတော့လွတ်လပ်ပြီပေါ့ …. ကျနော်ရှိစဉ်က မြန်မာ့အသံရုပ်မြင်သံကြားမှာ … ခတ် တည်တည်နဲ့ လူမသိသူမသိ မှားခဲ့ရတာလဲရှိခဲ့သလို … တတိုင်းပြည်လုံးသိပြီး ဝက်ဝက်ကွဲ အရှက်ကွဲခဲ့တာမျိုးလဲရှိခဲ့ဘူးပါတယ်။ ….. ပထမဆုံးတခုပြောချင်တာကတော့ မတတ်သာလို့လိမ်ခဲ့ရမှုပါ။ …………………………. ဟိုတုန်းက သတင်းကြေငြာပြီးရင် မိုးလေဝသ သတင်းလွှင့်ပါတယ် ။ အခုလို မိုးလေဝသဌာနကလာပြီး ဖတ်တာမဟုတ်သေးပါဘူး ဒီက announcer ကဘဲဖတ်ပေးရတာပေါ့ အခုတော့ရိုက်ကူးရေးတောင် မိုးလေဌာနကဘဲသူတို့ဖာသာလုပ်နေပြီလားမသိဘူးဗျ။ အဲဒီတုန်းကထဲက သူတို့ဖာသာရိုက်ဖို့စီစဉ်နေတာတော့ကြားမိပါတယ်။ ဟိုတုန်းကတော့မိုးလေဝသ သတင်းကို သူတို့ဌာနက ဆိုင်ကယ်လေးနဲ့ ညနေဘက်ဆိုနေ့တိုင်းလာလာပို့ရပါတယ်။ သတင်းစာသားရယ် ဂြိုလ်တုဓာတ်ပုံရယ်ပေါ့ .. တရက်တော့မိုးတွင်းကြီးပေါ့ဗျာ […]


fattyOctober 2, 20101min1342
လာပြန်ပြီတမျိုးပေါ့ဗျာ ………… တရက် မြန်မာ့အသံဝင်းထဲကို ၉၂၉ ကားအနက်ကြီး ၂ စီး ရဲကားတစီး ဝင်လာပါရော …. သတင်းမကြေငြာခင် ၂ နာရီလောက်ထင်တယ် …။ မြန်မာ့အသံဘဲလေ တနိုင်ငံလုံ့းတောင်သတင်းဖြန့်နေတာ တရုံးထဲ အတင်းပြောဖို့ကတော့ သိပ်မြန်တာပေါ့ .. တ ဆက်ရှင်နဲ့ တဆက်ရှင် ဖုံးဆက်ပြီး ဖြန့်လိုက်တာ အကုန်သိကုန်တာပေါ့ …ဒါပေမဲ့ ထူးထူးခြားခြားဘာကြောင့်လာသလဲဆိုတာတော့မသိရဘူးဗျ။ …… ဝန်တပါးက ပြည်ထဲရေးကတဲ့ တခြားတပါးကတော့ဘဏ္ဏာရေးကဆိုဘဲ။ သူတို့နှစ်ဦးကို VIP အခန်းထဲမှာဧည့်ခံထားရတာပေါ့။ အဲထူးခြားတာတခုက ဝန်တပါးက အပေါ့အပါးသွားချင်လို့ဆိုပြီးထသွားတော့ နောက်ဝန်ကလည်းသူလဲလိုက်မယ်ဆိုပြီး နှစ်ယောက်စလုံး အတူတူ အိမ်သာထဲဝင်ကြပါသတဲ့။ ဒါက အဖြစ်အပျက်တွေပြီးမှ လူကြီးတွေပြန်ပြောပြလို့သိရတာပါ။ သတင်းကြေငြာဖို့ ၁ဝ မိနစ်လောက်အလို … announcer က သတင်းခန်းထဲဝင်တော့မဲ့အချိန် ကျမှ ပြည်ထဲရေးဝန်ကြီးက […]


fattyOctober 1, 20101min2368
title ကို english လိုရိုက်ပါဆိုလို့သာ …သိပ်တော့အရသာမတွေ့ဘူးဗျ။ ..ထားပါလေ ။ အဆက်ပေါ့ …. ဦးခင်မောင်ညိန်း က အဲဒီတုန်းက လက်ထောက်ညွှန်မှုးဖြစ်နေပြီ။ သတင်းအယ်ဒီတာလဲဟုတ်ကဲ့ … မြန်မာ့ရုပ်မြင်သံကြားမှာ စနေ တနင်္ဂနွေဆို နေ့ခင်းပိုင်းသတင်းဖတ်ရတာကိုး … တရက်ပေါ့ နေ့ခင်းသတင်းဖတ်ရမဲ့နေ့ ကိုညိန်းဖတ်ရမယ့်နေ့ကိုး … သူကသတင်းအယ်ဒီတာဆိုတော့ သတင်းတွေက သူ့ဆီအရင်ရောက်တယ်ဗျ အဲ သတင်းတွေလဲရောက်လာရော သူ့မျက်နှာက သိပ်မသာယာဘူး .. သူ့တာဝန်က ရောက်လာတဲ့သတင်းတွေကို တည်းဖြတ်ရတယ်။ သူက အရေးကြိးပုဂ္ဂိုလ် vip လဲဖြစ်တယ်လေ ။ ရုံးကိုသူ့ ဘောက်စ်ဝက်ဂွန်ကားလေးနဲ့ လာလေ့ရှိတယ်။ အဲဒီနေ့က မှတ်မှတ်ရရဘဲဗျ သူသတင်းတွေကြည့်ပြီး မျက်နှာကသိပ်မကြည်ဘူး အဲဒီတုံးက ကျနော်တို့ကအရာရှိပေါက်စလေးတွေပါ။ သူ့လဲမမေးရဲဘူးလေ။ မေးလို့လဲမကောင်းဘူး သတင်းဆိုတာ မပေါက်ကြားရဘူးလေ။ ဒါပေမဲ့ ကျနော်တို့က […]


fattyOctober 1, 20101min29710
ဟိုတုန်းကပါ … ည ၈နာရီဆိုရင် မြန်မာ့ရုပ်မြင်သံကြားက သတင်းလာပြီမို့လား …. သတင်းဖတ်တဲ့အခန်းထဲကို သတင်းဖတ်မဲ့သူနှစ်ယောက်ရယ် ကင်မရာမင်းနှစ်ယောက်ရယ် စတိတ်မန်နေဂျာတယောက်ရယ်ဘဲ ဝင်ရပါတယ်။ သတင်းစဖတ်ပြီဆိုရင် ဖတ်နေတဲ့လူကလွဲပြီး ကျန်တဲ့သူတွေတိတ်တိတ်နေရတာပေါ့။ အသံမထွက်ရဲဘူးလေ … အသံက တနိုင်ငံလုံးကိုလွှင့်နေတာဆိုတော့ ကိုယ့်အသံပါသွားရင် နောက်နေ့ စာစီစာကုံးရေးရပြီ။ explanation ရေးရတာကို့ပြောတာပါ။ ပြီးရင်တော့ အမိန့်စောင့်ပေတော့ အလုပ်ပြုတ်ဖို့ကကြိမ်းသေဘဲ။ သတင်းဆိုတာအင်မတန်အရးကြီးတာကိုး။ သတင်းဖတ်သူတွေတခါတလေ ချောင်းဆိုးချင်တာမျိုးတော့ရှိတာပေါ့ သူတို့လဲတတ်နိုင်သမျှ သတင်းဖတ်ချိန် ချောင်းမဆိုးရအောင် ကြိုတင်ပြီး ချောင်းဟန့်တာတို့ အာခေါင်ရှင်းတာတို့လုပ်ထားရတယ်လေ။ သတင်းဖတ်တဲ့ သိန်းလှမော်ဆိုမှတ်မိကြတယ်မို့လား သူဆို သတင်းမဖတ်ခင် ပူရှိန်းလေးဘာလေးငုံတတ်လေ့ရှိတယ်။ နောက်ပြီး သတင်းဖတ်တဲ့အခန်းကို တခါတခါ စပရေးဖြန်းရတယ်။ အခန်းကအသံလုံခန်းဆိုတော့ အနံ့အသက်လဲကောင်းအောင် ..ပိုးမွှားတွေလဲမဝင်နိုင်အောင်ပေါ့ တကယ်လီု့ သတင်းဖတ်တဲ့သူက မဖြစ်မနေချောင်းဆိုးချင်တယ်ဆိုရင် သူ့လက်အောက်မှာ ခလုတ်လေးတခုရှိတယ်ဗျ .. အဲဒါလေးဆွဲပိတ်လိုက်ရင် […]


fattyOctober 1, 20101min33414
ဒီ website မှာက လူငယ်တွေ တော်တော်များများ စိတ်ဝင်စားကြတာ တွေ့ရတယ်လေ။ အခုတော့အသင့်မဖြစ်သေးလို့ပါ ။ နောက်တခါ အလန်းလေးတွေချည်းကိုဘဲ တင်ပေးမယ်။ ရန်ကုန်မြို့ရဲ့လမ်းသွားလမ်းလာ ဝတ်စားဆင်ရင်မှုအပြောင်းအလဲလေးတွေကြည့်ရတာပေါ့။


fattySeptember 29, 20101min35218
မန်းတလေးဂေဇက်ကိုကျေးဇူးတင်ကြောင်းတော့အရင်ပြောပါရစေ။ ဒီလိုပါ .. အက်မင်တွေက ဒီဝက်ရဲ့ ရည်ရွယ်ချက်တွေကိုလဲပြောပြီးပါပြီ။ စာရေးသူများဘက်ကလည်း ပိုပြီးကျေးဇူးတင်စရာတွေရှိနေပါတယ်။ လွတ်လွတ်လပ်လပ်ရေးလို့ရတယ် ၊ ဟိုတုန်းကဆိုရင်တော့ ကလောင်တချောင်း ပိုင်ခွင့်ရတယ်ပေါ့။ လွတ်လွတ်လပ်လပ်ရေးခွင့်ရတဲ့အတွက် စာရေးသူတွေဘက်က ပိုပြီးတာဝန်ကြီးတယ်ဆိုတာ သတိထားမိလို့ပါဘဲ။ ကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရမှာကိုး … ကိုယ့်ကိုယ်ကိုထိမ်းသိမ်းတဲ့အကျင့်ရလာပါမယ်။ .. ဒါဟာ ..ဒီမိုကရေစီရဲ့အခြေခံကို ဒီဝက်ကကျင့်ပေးနေ တယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်ကျေးဇူးတင်ကြောင်းပြောရတာပါ။ တခုရှိတာကတော့ ..ငွေကြေးကုန်ကျမှုတော့ရှိတာပေါ့လေ။ တစ်နာရီကို ၄၀ဝ -၃၀ဝ ကျပ်မျိုးပေးရတာကိုး။ condition မကောင်းရင်တော့ ပိုကုန်တာပေါ့လေ။ ဓာတ်ပုံလေးများတင်မယ်ဆိုပိုလို့တောင်ကုန်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအရဆိုသိပ်တော့မစားသာဘူးပေါ့ ရေးနေကြသူတွေကလည်း မရးရမနေနိုင် .. ဝါသနာဆိုတာဒီလိုပါဘဲ။ တလလောက်ဆက်ရေးလိုက်ရင် ဘတ်ဂျက်ကတော်တော်သိသာလာပါပြီ။ အဓိကပြောချင်တာကတော့ … top ten ထဲကတယောက် …ဘတ်ဂျက်မတတ်နိုင်တော့လို့ ..စာရေးသားတာရပ်ဆိုင်းသွားပြီဆိုတဲ့အကြောင်းပါဘဲ။ သိပါတယိနော် ဒီနိုင်ငံအခြေအနေ။ ……။


fattySeptember 29, 20104min1290
ကျနော်တို့အရွယ်ကောင်းတုန်းက ဆို နာမည်ကြီး အဆိုတော်တွေက လားရှိုးသိန်းအောင်တို့ သန်းနိုင် ပုလဲ ဘိုဘိုဟန် …အစရှိသဖြင့်ပေါ့ဗျာ .. တလောက the oldies တွေနဲ့ ယနွေခေတ်လူငယ်အဆိုတော်တွေ စုပြီးတပွဲလုပ်သွားသေးတယ် …။ သူတို့အမှတ်တရ ရသလောက်ပုံတွေပါ။ ရုပ်တွေတော်တော်ပြောင်းကုန်ကြပြီလား ..မှတ်မိကြသေးရဲ့လား ..။ အမှတ်တရပေါ့။ အသံလွှင့်ဌာနက interview လုပ်တုန်းက လွှင့်တဲ့ပုံတွေပါ။


fattySeptember 29, 20101min1322
ရွှေဘိုမြို့ အ.ထ.က.( ၁ ) မှ အာစရိယပူဇော်ပွဲ ကို တဆောင်မုန်းလပြည့်နေ့မှာ ကျင်းပ ပါမယ်။ အဝေးရောက် နေသူများရှိရင် ဆက်သွယ်နိုင်အောင် အကြောင်းကြား ရခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာက ပင်စင်စားဆရာဆရာမကြီးများ ကျောင်းသူကျောင်းသားဟောင်းများ နှစ်စဉ်လာကြပါတယ်။ ဒါရိုက်တာကြည်စိုးထွန်း လဲရွှေဘိုသားမို့လာလေ့ရှိပါတယ်။ ဆရာဆရာမတွေကို အာစရိယ ဂုဏ်တော အရ ပူဇော်တဲ့ဓလေ့ဟာ မြန်မာတနိုင်ငံမှာဘဲရှိတယ်လို့မှတ်သားဘူးပါတယ်။ တဆင့်စကားတဆင့်ကျေးဇူးပြုပြီး အကြောင်းကြားပေးကြပါ။


fattySeptember 29, 20101min1040
မြန်မာနိုင်ငံက ဆယ်တန်းအောင်ပြီး အမှတ်မီလို့ Singapore Republic Poly ဝင်ခွင့်တွေဖြေကြရတော့မှာပါ။ တကယ်လို့များ entrance အောင်သွားခဲ့ရင်တော့ Singapore ကို Bridging Course တက်ဖို့ခေါ်ပါလိမ့်မယ်။ ကျောင်းလခက မနှစ်က s$ 1500 ဖြစ်ပါတယ်။ နေစားရိတ် စားစရိတ် နဲ့ဆိုရင် အားလုံး ၃၀၀ဝ လောက်တော့ကုန် ပါလိမ့်မယ်။ ဒီမှာသင်ထားတဲ့သင်ကြားပုံတွေနဲ့ ဘာမှမဆိုင်တော့တဲ့အတွက် တက်လည်းတက်သင့်ပါတယ်။ entrance အောင်ပြီး bridging course မတက်ဘဲနဲ့ ဒီအတိုင်းသွားတက်မယ်ဆိုရင်လဲ အခက်အခဲနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ သို့သော် ငွေရေးကြေးရေး ချွေတာရမဲ့သူတွေအတွက် ဒီမှာဘဲလေ့လာသွားလို့ရအောင် ကျနော်စီစဉ်ထားပါတယ်။ bridging course မှာဘာတွေသင်တာလဲ … Poly မှာရောဘာတွေသင်မှာလဲ …. ဘယ်လိုနည်းလမ်းတွေနဲ့သင်မှာလဲ … သိချင်သူများရှိရင် ..on line က […]


fattySeptember 28, 20101min4109
ပထမ ဂဏန်းတွေရဲ့ဆက်သွယ်ချက်တွေကိုလေ့လာပါ။ ၁ရဲ့ပါဝါ ၆ ၊၁ ရဲ့နက္ခတ် ၈ ဖြစ်ပါတယ်။ ၁ ထွက်ရမယ့်နေရာမှာ ၆ နဲ့ ၈ ထွက်နိုင်တယ်။ ကျန်တာတွေကိုအဲလိုမှတ်ပါ။ ၁ = ၆ = ၈ ၂ = ရ = ၄ ထွက်ပြီးသားဂဏန်းတွေကိုဥပမာကြည့်ပါ။ မရှင်းရင် ထပ်ပေးပါ မယ် condition ကောင်းတုံးမို့ ကဗျာကယာလုပ်ရတာပါ။ ၃ = ၈ = ၅ ၄ = ၉ = ၂ ၅ = ဝ = ၃ ၆ = ၁ = ၉ ရ = ၂ […]


fattySeptember 23, 20101min1220
တချိန်တုံးက အလွန်ကြီးမားကျယ်ပြန့်လှတဲ့ကမ္ဘာကြီးဟာ ဒီကနေ့မှာတော့ကျုံ့ဝင်သွားသလိုဖြစ်နေပါပြီ။ တချိန်တုံးက ဆယ်ကျော်သက်များဖြစ်တဲ့ ကျနော်တို့လဲယခု မိဘနေရာတွေရောက်ကုန်ကြပါပြီ။ ကျနော်တို့ခေတ်တုံးကလူ့အဖွဲ့အစီးကလည်း ရိုးစင်းပြီးကျယ်ပြန့်မှုမရှိသေး ။ကလေးများ ဆယ်ကျော်သက်များ အပျိုလူပျိုဝင်ခါစများအတွက် အတုယူစရာ အားကျစရာက မိဘများသာဖြစ်နေခဲ့သည်။ ယနေ့ခေတ်သည်အဲဒီလိုမဟုတ်တော့ ..။ အပျိုလူပျိုဖြစ်ခါစ ..ခန္ဓာကိုယ်ပြောင်းလဲမှု .. စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ..များစတင်ဖြစ်ပေါ်ချိန် အင်တာနက်ဆိုသောဆရာကြီးနှင့်စတွေ့ဖို့အခွင့်အရေးရသွားပြီဖြစ်သည်။ ရန်ကုန် မန ္တလေး စသောမြို့ကြီးများရှိ လူငယ်များ ကလေးငယ်များ ၅တန်း ၆တန်း အရွယ်ဆို အင်တာနက်ဆိုင်ရောက်ကုန်ပြီ။ အဲဒီအရွယ်တွေက game ကစားကြတာဆိုတော်ပါသေးသည်။ အပျိုလူပျို ဝင်ကာစတွေကတော့game နဲ့တင် မကတော့ internet ဖွင့်ကုန်ကြပြီ။ မိန်းကလေးများသည်ယောကျာင်္းလေးများထက်စောစွာအရွယ်ရောက်တတ်ကြသည်။ အသက်၁ဝ နှစ်အရွယ်လောက်ကစပြီးပြောင်းလဲမှုစတင်တတ်သည်။အစောဆုံးအရွယ် ၈ နှစ်မှစပြီးနောက်အကျဆုံး ၁၆ နှစ်ဖြစ်သည်။ မိန်းကလေးများ ရင်သားကြီးထွားလာခြင်း ၊ ရင်သားကြီးထွားမှုနှိုင်းယှဉ်လာကြခြင်းဘယ်သူက ဘရာစီရာဝတ်ရပြီ ဘယ်သူကဖြင့်မဝတ်ရသေးဘူး […]