fattyNovember 20, 20112min45217
ဒီလိုမဌင်ကလင်သလေသတလေကမဌန်မာတလေအတလက်တော့ရိုသနေပါပဌီ။ အထူသသဖဌင့် ရန်ကုန်ပရိတ်သတ်အတလက် ပိုလို့တောင်ရိုသနေပါလိမ့်မယ် …။ ရလဟေတိဂုံ စေတီတော်ကဌီသအတလက် ရလဟေပဌာသရလဟေသင်္ကန်သ ကပ်လဟူပလဲ လဟည့်လည်တဲ့ပလဲပါ။ ရန်ကုန်မဌို့ကဌည့်မဌင်တိုင် ပန်သတဉ်သတန်သက ရလဟေပဌာသတပဌာသကို ၃ ကျပ်သာသနဲ့ ၂၃ ပဌာသ ၆၉ ကျပ်သာသ လဟူဒါန်သပါတယ် …။ မဌန်မာတလေဆင်သရဲ့တယ်ဆိုတာ ဟုတ်ပါ့မလာသ …။ ဒီကနေ့ပေါက်ဈေသက တကျပ်သာသကို ၇၃၀,၀၀ဝ ကျပ်ကျော်ကျော်ပါ။ ယုံကဌည်မဟုဆိုတဲ့ အင်အာသဟာ အင်မတန်ကဌီသမာသပါတယ်။ အဝေသရောက်နေတာကဌာပဌီဖဌစ်တဲ့ မဌန်မာတလေအတလက် တစုံတခုသောအတိုင်သအတာထိ အမဟတ်တရဖဌစ်ပါစေလို့ …..။


fattyNovember 5, 20112min44612
ဒီကနေ့ ရန်ကုန်ထဲနေရတာမလန်သကဌပ်လလန်သလို့ တညင်ဘက်ထလက်ခဲ့တယ် .။ မနကိပိုင်သ ရန်ကုန်မဟာရောင်သကောင်သလဟတဲ့ LUCKY-7 လက်ဘက်ရည်ဆိုင်မဟာခဏထိုင်ပဌီသ ဘာလို့ဒီလောက်ရောင်သကောင်သ ရတာလဲ အဖဌေရဟာကဌည့်တယ် ..။ အဖဌေကတော့ branded ဖဌစ်လို့ပါဘဲ။ အစာသအသောက်က ဒီလောက်ကဌီသထူသခဌာသမဟုမရဟိပါဘူသ။ ပဌီသတော့ တညင်ဘက်ထလက်ခဲ့တယ်။ ဒီဘက်မဟာ အမဟတ်တရဖဌစ်အောင် စာဆိုကဌီသတလေ အုပ်ဂူကိုသလာသပဌီသရိုက်ခဲ့တယ်။ ဝန်ကဌီသပဒေသရာဇာဂူက ကျိုက်ခေါက်ဘုရာသရဲ့မဌောက်ဘက် မဟာရဟိပါတယ်။ သစ်ပင်လေသတလေအုပ်အုပ်ဆိုင်သဆိုင်သနဲ့ လလမ်သတတ်သူဆိုရင်လလမ်သပေတော့ ……။ နတ်သျဟင်နောင်ရဲ့ဂူကိုတော့ ကျိုက်ခေါက်ဘုရာသမဌောက်ဖက်မုဒ်ကနေ တက်သလာသရင် ညာဖက်ဘေသမဟာတလေ့နိုင်ပါတယ် ပဌုပဌင်ထိမ်သသိမ်သမဟုတော့ မရဟိပါဘူသ ………………….။ နောက်ဆုံသပုံတော်ကတော့ဆံတော်ရဟင် ကျိုက်ခေါက်စေတီတော်ပါ ….။


fattyNovember 5, 20111min28813
ယနေ့နံနက် ၁၁ နာရီခန့်က ဖဌစ်ပလါသခဌင်သဖဌစ်ပါသည်။ ဘတ်စ်ကာသမဟာဘေသတိုက်ပလင့်ထလက်သလာသသည်ကိုတလေ့ရသည်။ လူအသေအပျောက်မသိရသော်လည်သကာသပေါ်မဟ ဖဌတ်သလာသဖဌတ်လာရသလောက်ဓာတ်ပုံရိုက်ခဲ့သည်ကို တင်ပဌလိုက်ပါသည်။ မီသခိုသမျာသကောင်သကင်ယံသို့မဌင့်မာသစလာ ပေါ်ထလက်နေသည်ကို ိုကျိုက်ခေါက်ဘုရာသဘက်မဟလဟမ်သတလေ့ရပဌီသ ၁ဝမိနစ်လောက်နေမဟ ပေါက်ကလဲသံကဌာသရခဌင်သဖဌစ်ပါသည်။ မနက်ဖန် ဂျာနယ်တလေမဟာ သတင်သပါလာနိုင်ကောင်သပါရဲ့


fattyNovember 4, 20111min1728
ဆီသချိုရောဂါဆိုတာ လူငယ် လူလတ်လူကဌီသ မရလေသ အချိန်မရလေသဖဌစ်တတ်တဲ့ရောဂါမို့လို့ အင်မတန် ကဌောက်ဖို့ကောင်သပါတယ်။ ဖဌစ်ပဌီဆိုရင် တသက်လုံသလဲ မပျောက်နိုင်တော့တဲ့ရောဂါ တသက်လုံသ ဝေဒနာခံစာသနေရမဲ့ရောဂါ တသက်လုံသဆေသသောက်နေရမဲ့ရောဂါ တသက်လုံသ ကိုယ်စာသချင်တာမစာသရတဲ့ရောဂါ ..။ ဖဌစ်ပဌီဆိုမဟတော့ ဆေသတလေတဖဌည်သဖဌည်သတိုသသောက်ရပါတော့မယ်။ ဒီရောဂါဟာ အခုကျနော်ပဌောပဌနေတာတလေတင်မကပါဘူသ အတော်ဂလကျတဲ့ရောဂါပါ ..။ ဆီသချိုမတက်အောင်ထိန်သတဲ့ဆေသက ဘေသထလက်ဆိုသကျိုသတလေရဟိပါတယ်။ ဒါကဌောင့်ဆရာဝန်တလေက ဆေသကိုလျဟော့ပေသချင်ကဌပါတယ်။ အစာလျဟောသစာသပဌီသလေ့ကျင့်ခန်သလုပ်ရင်အကောင်သဆုံသပါ။ အစာလျဟော့တော့အာသနဲလာပဌန်ပါတယ် ..။ အာသနဲလာတော့အိပ်လို့မပျော်။ အိပ်မပျော်တော့ အိပ်ဆေသပေသ ..။ အိပ်ဆေသတလေ နဟစ်ရဟည်သောက်တော့ အာရုံကဌောတလေ ထိုင်သပဌီသ ဘာကိုမဟစိတ်ဝင်စာသမဟုမရဟိတော့ဘဲ ဒီပရက်ရဟင်သဝင်လာပါတော့တယ် .။ စိတ်ပိုင်သဆိုင်ရာဆရာဝန်နဲ့ဆလေသနလေသကဌည့်ဘူသပါတယ် ။ အဲဒီကိစ္စဘယ်လိုမဌင်ပါသလဲခင်ဗျာ ..။ ကျနော်တို့ကတော့မထောက်ခံပါဘူသ ..။ ဆီသချိုဝေဒနာရဟင်တယောက်ကို stress မျာသလို့ အိပ်ဆေသပေသမဲ့အစာသ အခဌာသနည်သနဲ့ အခဌာသဆေသနဲ့ဖဌေရဟင်သတာကောင်သပါတယ်။ အိပ်ဆေသဟာ ကဌာလာရင်စလဲသလာသပါလိမ့်မယ် …။ […]


fattyNovember 2, 20111min29114
ပထမဆုံသပုံ ကတော့ဆောက်ပဌီသမဌင်ရမဲ့ပုံပါ။ အဲဒီအဆောက်အညက Junction Centre တခုဖဌစ်ပါတယ်။ မဌန်မာ့အသံရဲ့အနောက်ဖက် ယခင်ကဌံ့တောသုသာန်ဝင်သအတလင်သဖဌစ်ပဌီသ အခုတော့ ကာသပလဲစာသတန်သပေါ့။အဲဒီမဟာဆောက်နေတာပါ။ အောက် ၃ ပုံကတော့ မဌေနီကုန်သ မီသပလိုင့်မဟာရဟိတဲ့ Dagon Centre ရဲ့တိုသချဲ့ အဆောက်အညဖဌစ်ပါတယ် ..။ စင်ကာင်္ပူကိုအမီလိုက်တော့မလာသမသိ ..။ ပဲခူသမဟာ international Airport ပဌန်ဆောက်ပါမယ် ..။ ဘူတာကဌီသကိုလဲ အရင်ရာထာသတဲ့အတိုင်သ ရလာသာကဌီသဘက်ကိုပဌောင်သပါမယ် ..။


fattyOctober 29, 20111min49729
သီတင်သတော့ကျလတ်ပဌီ .။ ရသီဥတုမျာသကလဲသာသာယာယာရဟိပဌီဆိုတော့မင်္ဂလာပလဲတလေ လာကဌတော့မဟာပါ …။ အခုတလောတော့မင်္ဂလာဆောင်ဖိတ်စာမျာသသိတ်မရောက်လာသေသဘူသဗျ။ ရာသီဥတုကလဲပူတာကိုသလို့နော ….။ ဒီဇင်ဘာလောက်ကျမဟ တန်သစီပဌီသလာကဌမယ်ထင်ပါရဲ့ ..။ ညသလေသဖက်တို့ဇနီသမောင်နဟံလည်သဒီဇင်ဘာလကဌီသမဟာရလေသပဌီသမင်္ဂလာ ဆောင်ကဌတာလေ။ ထင်တဲ့အတိုင်သဘဲ မင်္ဂလာလက်ဖလဲ့တလေရတော့ စောင်က တထည်မဟပါမလာဘူသ။ ပိုက်ဆံကလည်သသိတ်မရဟီတော့ ဝယ်မနေနိုင်ပါဘူသ ဒီလိုဘဲ လုံသထလေသပဌီသအိပ်လိုက်တာပါဘဲ ..။ မိန်သမမျာသ ရကာစတော့ ဟုတ်တုတ်တုတ် …. ရယ် ..။ နောက်တော့ပေါ်တာပါဘဲ …..။ အတလင်သစိတ်တလေပဌောပါတယ် ..။ ရကာစတော့ ငါမိန်သမတစ်ယောက်တော့ရအောင်ယူနိုင်ပဌီကလလို့ လူပျိုသိုသတလေရဟေ့ တထောင်ထောင်နဲ့ပေါ့ လက်မ ။ ရုံ့သကပဌန်လာတော့ မောလာပဌီလာသမောင် ဆိုတဲ့အပဌောလေသနဲ့ ဆီသကဌိုပုံလေသ …. အမောကိုပဌေလို့ ……။ တိုက်ပုံလေသကိုချလတ်ပေသလိုက်သေသတယ် …။ ကျုပ်ကိုက အ တာပါ …။ တနဟစ်၂နဟစ်လောက်နေမဟရိပ်မိတယ် …။ အလကာသနေရင်သစေတနာဗလပလနဲ့ချလတ်ပေသတာမဟမဟုတ်ဘဲ ..။ […]


fattyOctober 29, 20111min31010
တခါကျနော်ဗေဒင်သလာသမေသပါတယ် …။ ဆရာကဘာဟောလဲဆိုတော့ ခင်ဗျာသ ပိုက်ဆံအတော်မျာသမျာသဝင်လိမ့်မယ်။ အဲဒီဝင်မဲ့ပိုက်ဆံကလဲ မင်သ.. အစိုသရကချီသမဌဟင့်မဲ့ငလေတဲ့..။ အလုပ်လုပ်လို့ရတဲ့ငလေမဟုတ်ဘူသနော်တဲ့ ..။ ဒီတခါတော့ကျနော်တကယ်ကိုမယုံတော့တာပါ။ ကျနော်အလုပ်ကထလက်ထာသတာကဌာပဌီ ဘာမင်သဘာ အစိုသရနဲ့မဟ ပါတ်သက်တာမရဟိဘူသ အာသအာသယာသယာသ ဟုတ်မဟုတ်စမ်သကဌည့်အုံသမယ်ဆိုပဌီသ ဆရာ့ကိုဘယ်ရက်ကနေ ဘယ်ရက်အတလင်သလဲ ပဌောနိုင်ပါသလာသလို့ပဌန်မေသလိုက်ပါတယ် ..။ နက္ခတ်ပညာဆိုတာ ရက် လ ခုနဟစ်နဲ့ပဌောနိုင်ပါတယ် ..။ ဆရာပဌောတဲ့အတိုင်သဟုတ်မဟုတ်ထိုင်စောင့်ရုံပေါ့။ အလုပ်ကလည်သမရဟိဆိုတော့အတော်ဘဲပေါ့။ ကဲဒီအတိုင်သစောင့်မဲ့အစာသ တရုပ်ပဌည်ဘက် ခရီသထလက်ကဌရအောင်ဆိုပဌီသ အမျိုသသမီသနဲ့ကျနော်တရုပ်ပဌည်ဖက်ခရီသထလက်လိုက်ပါသေသတယ် ..။ မူဆယ်လမ်သအတိုင်သ လမ်သမဟာရဟိတဲ့ဘုရာသတလေအကုန်ဖူသရတာပေါ့ ပဌန်လာပဌီသ၂ ပါတ်လောက်နေတော့အိမ်ကို စာ၂ စောင်ရောက်လာပါတယ်။ ဘာမဟာသလဲပေါ့ ဟိုက်ရဟာသပါသ … ဖလင့်လဲဖတ်လိုက်ရော GSM ၂ လုံသပေါက်တယ်ဗျာသ။ ရောင်သစာသတော့ တလုံသကို ၂၅ တောင်ရသဗျာသ လင်မယာသ ၂ယောက်စလုံသတပဌိုင်နက် ကိုပေါက်တာ …။ဒါနဲ့ ဆရာနဲ့လဲခင်နေတော့ဆရာ့လဲပူဇောင်္ရင်သပညာလေသတော့ရဟင်သပဌပါအုန်သပေါ့။ […]


fattyOctober 28, 20111min32211
ကျနော်အရင်တပတ်ကကျနော့်အမျိုသသမီသ ကိုယ်ဝန်ရဟိနေတုန်သအသာသဝါဖဌစ်တော့ ဘာလီရည် သောက်စရာပိုက်ဆံမရဟိတဲ့အကဌောင်သရေသပဌီသပဌီနော် ..။ အဲဒီတုန်သက ကျနော် ပက်စီကိုလာ ညသသိန်သထလန်သဆီမဟာ အလုပ်လုပ်နေချိန်ပေါ့ဗျာ 
။ ညသသိန်သထလန်သဆိုတာမဌန်မာနိုင်ငံမဟာပထမဆုံသပေါ်တဲ့ သူဌေသကဌီသတလေထဲမဟာတယောက်ပေါ့ 
။ အခုတော့ ထလန်သဖေါင်ဒေသရဟင်သ ဥက္ကဌဖဌစ်မဟာပေါ့ ကျနော်က ညသသိန်သထလန်သ Rap ရထာသတဲ့ကုမ္ပဏိတလေကို ကိုင်ရပါတယ်။ ကျနော့အမျိုသသမီသလည်သတဖဌည်သဖဌည်သနဲ့မလေသချိန်နီသလာပါပဌီ။ မလေသဖလာသစာသရိတ်ေလေသဘာလေသရဟာရဖလေရပါအုံသမယ်။ ဗိုက်ကိုတော့ သူ့အဒေါ် OG ဒေါ်ခင်စောလဟဆီမဟာအပ်ထာသပါတယ်။ ကျနော့လစာကအဲဒီတုန်သက ၃၀၀ဝ လောက်ဆိုတော့ စာသဖို့သောက်ဖို့လောက်ဘဲရတယ်ေလေ။ အဲဒီကဌာသထဲကိုရီသယာသတလေလာကဌအုံသမယ်လို့ပဌောတော့ သူဌေသကိုအဲဒါပဌီသရင်ကျနော်ခလင်သယူမယ်ပဌောထာသလိုက်ရတယ် …။ အဲဒီမဟာ …… ဗေဒင်မဟန်ကဌောင်သအဲံဲ့့ဩစလာတလေ့ရတော့တာပါဘဲ ….။ ကိုရီသယာသတလေလာကဌတော့ သူတို့နဲ့အလုပ်အတူလုပ်ရတယ် ။ ညသသိန်သထလန်သက ကျနော့ကိုအကုန်လလဟဲထာသလိုက်တယ် ။ ညပိုင်သကျတော့မဟ dinner စာသရင်သ သူ့ကိုရဟင်သပဌရတယ်။ ကံက အဆိုသထဲကကောင်သချင်တော့ ……… ကိုရီသယာသတယောက်က မင်သလုပ်ပုံသဘောကျတယ်ဆိုပဌီသ ပဌန်ခါနီသမဟာ […]


fattyOctober 27, 20111min49516
ယနေ့ မလန်သလလဲပိုင်သလောက်ကဖဌစ်တယ်လို့ဆိုပါတယ် ကျနော်ရောက်သလာသတော့ မီသသတ်ကာသတောင်လမ်သသန့်ရဟင်သရေသလုပ်ဖို့ ရောက်နေပါပဌီ။ ယာဉ် ၆ စီသ ဆင့်ကဲတိုက်တယ်လို့ဆိုပါတယ်။ နိုင်ငံခဌာသသာသမျာသပါသောယာဉ်တစီသလဲပါတယ်လို့ပဌောပါတယ်။ ယာဉ်ကဌောပိတ်ဆို့သလာသတာကဌောင့် ဘတ်စ်ကာသမျာသကို ဗဟိုလမ်သ( ရဟမ်သလမ်သ )မဟပဌေသဆလဲစေပါတယ် …။..။


fattyOctober 27, 20111min43022
ကျနော်မဌန်မာ့အသံကထလက်ပဌီသပဌီသချင်သ ထုံသစံအတိုင်သ အလုပ်လက်မဲ့ လက်ဖက်ရည်ဆိုင်ထိုင် ပလဲစာသလိုလိုဘာလိုလိုပေါ့ဗျာ ..။ လဟဲအဲ နေအုံသ မဌန်မာ့အသံကမထလက်ခင် လူတယောက်ကို အကူအညီပေသခဲ့ဘူသတယ် ။ သူက နောက်ပိုင်သမဟာ အရေသပါလာသူဖဌစ်မဟာမို့အခုကထဲက အစပျိုသ ထာသပါရစေ။ အဲသဒီလူက မဌန်မာနိုင်ငံကနေ UNV နဲ့ ပဌည်ပထလက်သလာသလိုက်တာ အနည်သဆုံသ၃ လ နေမဟပဌန်ဝင်ရမယ်ဆိုတဲ့ Rules ကို နာသမလည် ဘဲ အရေသအခင်သဖဌစ်ခါနည်သတော့စိတ်ပူပဌီသပဌန်ချလာပါရော ..။ လေဆိပ်ကနေ သူ့ ပတ်စ်ပိုစ် ကိုသိမ်သလိုက်ရောဆိုပါတော့ ..။ အဲဒီလူ ပျာနေပဌီ ပဌန်ထလက်လို့မရတော့ဘူသ ။ ခလင့်တပါတ်နဲ့ ခဏပဌန်လာတာတဲ့ ..။ ထိုင်ပဌီသငိုရုံကလလဲလို့ဘာမဟ မတတ်နိုင်ဘူသပေါ့ ..။ ကျနော်ကူညီလိုက်ပါတယ် ..။ အဲဒီတုန်သက အလုပ်ထဲမဟာ ညသအေသကိုရဲ့သာသ ကိုခင်မောင်ဆန်သရဟိတယ် သူက ရိုသရိုသအေသအေသကဌီသ။ နောက်ပဌီသဥိသစန်သယု […]


fattyOctober 26, 20111min45317
လူကဌီသတလေနဟင့်ကျနော်စိတ်ပူတီသနဟင့် ကျေနော် ကျနော်ဘဝမဟာ ပထမဆုံသကျဆုံသခဌင်သဆိုတာကို စတလေ့ဘူသတော့အရဟေ့တိုင်သသာသပီပီ ဗေဒင်ဆရာဆီကိုရောက်ခဲ့ပါတယ် ..။ ဗေဒင်ဆရာက နက္ခတ်နဲ့တလက်ပါတယ် ဆန်သကျမ်သနဲ့ညဟိပါတယ် မဟာဘုတ်နဲ့လဲ ကဌည့်ပါတယ် ..။ ဘာပဌောလဲဆိုတော့ ..။ ခင်ဗျာသအလုပ်ကနာသထာသသလာသတဲ့ ….။ ဟုတ်ပါတယ် … မဌန်မာအသံကနေ အရေသအခင်သပဌီတော့ ကဒ်ပဌာသအပ်ပဌီသထလက်ခဲ့တာပါ ….။ ဒီဇာတာမျိုသဟာ … အတလေ့အကဌုံမျာသခဲ့တယ်လို့ပဌောရမဟာဘဲဗျ။ ကျနော်ပဌောချင်တာက ဘဝမဟာ အတက်မဌန်တတ်တယ် အဲသလိုဘဲ အကျလဲရဟိတယ် ..။ ဆိုလိုတာက မင်သစိုသရာဇာထိပေါက်ရောက်တတ်တယ် … ။ ကျရင်လဲ ကျသလာသတတ်တယ်ပေါ့ဗျာ ..။ ကျနော်မေသပါရစေဆရာ ….။ ကျရင်ဘယ်လောက်ထိကျသလာသမဟာလဲ …။ အင်သ ခင်ဗျာသဇာတာက ကျပေမဲ့လို့ ကျနော်ဆိုလိုတာက ဇီသရီုသ ဆိုတဲ့အခဌေအနေကိုပဌောတာမဟုတ်ပါဘူသ။ ခင်ဗျာသကိုကယ်မဲ့မမဲ့သူတလေရဟိတယ်ဗျ။ ခင်ဗျာသ ယုံတာမယုံတာအပထာသ မမဌင်နိုင်တဲ့ပုဂိ္ဂုလ်မျာသက လည်သစောင့်လျဟောက်ပေသနေတယ် နောက်တော့သိလာမဟာပါ […]


fattyOctober 25, 20111min32712
ကမာရလတ်လဟည်သတန်သတော့ရစ်ပဌီသပဌီ။ အစာကပဌောသလို ကျနော်ကအစလဲအလန်သကဌီသတတ်တယ်နော် ဆယ်တန်သအောင်တော့ DSA သုံသခါဖဌေတယ် မရဘူှ။ တင်သန်သညသရဲ့စစ်တက္ကသိုလ် ကအကဌောင်သတလေဖတ်ပဌီသရူသခဲ့တာလေ ..။ သူနဲ့လဲဆုံမယ်လို့မထင်ခဲ့ဘူသ ဖဌစ်ချင်တော့ ကျနော်မဌန်မာ့ရုပ်သံရောက်တော့ သူတို့က သူတို့ကဆိုတာ သူရယ်မဌသန်သဇံရယ် ……………..။ ကျနော်တို့ဆီလာပဌီသတပည့်ခံကဌရတယ် အဟဲနောက်တာပါ လာလေ့ကျင့်တာပေါ့ ..။ အဲတုန်သက သူက ဒုဗိုလ်မဟုသကဌီသ ကျနော်က ကဌိတ်ပဌီသအာသကျတာပေါ့ ၈၈ မတိုင်ခင်အထိပေါ့ ကျနော်စမ်သချောင်သမဌေနီကုန်သက မိုသနတ်မယ်ဆိုင်မဟာ သလာသသလာသသောက်ဖဌစ်တယ် …။ တကာကတော့ တင်သန်သညသပေါ့ …။အဲဒီမဟာ စမ်သချောင်သစခန်သက ဒုရဲအုပ်တယောက် နဲ့ ခင်နေတယ် သူကလဲ ညနေတိုင်သလာသောက်တယ် ..။ ကျနော်ကနဂိုကထဲက ယူနီဖေါင်သဝတ်ချင်နေတဲ့ကောင် သောက်ဖဌစ်မရဟိလို့မဖဌစ်တာလေ (မဖဌစ်တာဘဲကျေသဇူသတင်ရမယ် ) ဥိသလေသက ဆက်သလယ်ရေသက ဒုတပ်ရင်သမဟုသ နောက်ညသလေသက စခန်သမဟုသလေဗျာ ..။ သလေသပါတာပေါ့နော …။ […]


fattyOctober 25, 20111min49514
ငါသဆယ်ဒီဘက်စလန်သလာပဌီဆိုတော့ နောက်ကဌောင်သပဌန်လဟည့်ကဌည့်တဲ့သဘောပေါ့ ……။ ကျနော်အရင်က မဌန်မာ့ရုပ်မဌပ်သံကဌာသမဟာလုပ်ခဲ့စဉ် အတလေကအကဌုံတလေလဲအတော်ရေသခဲ့ပဌီ။ တက္ကသိုလ်ကျောင်သသာသဘဝအတလဲချောင်သခဲ့ပုံလဲ ရေသပဌီသပဌီ အီသတုန်သက အတူတူချောင်သခဲ့တဲ့တယောက်အခု ပါမောက္ခတောင်ဖဌစ်နေပဌီလေ …..။ အော်ဖဌတ်သန်သလာခဲ့ရသော ဘဝတလေ …. ဘဝတလေ ….။ အထက်တန်သကျောင်သသာသတုန်သက ကျနော်ရယ် ဗိုလ်ကဌီသရဲညလန့် ( ယခုနတ်မောက်ကျောင်သ ) ပဌီသတော့ ညသမောင်တင် ယခု ညလန်မဟုသ စက်မဟုလယ်ယာ ကျနော်တို့သုံသယောက်သာသ တစ္ဆေဆိုတာ တလေ့ဘူသချင်လို့ ညဘက်ကဌီသသချင်္ိုင်သကုန်သသလာသပဌီသရဟာကဌတာ ငယ်တုန်သကတော့ ဘာသိမဟာလဲ အရူသထပဌီသ အကုန်လျဟောက်လုပ်တာပေါ့ အဲ အဲဒီအကဌောင်သတလေရေသပဌီသထင်ပါတယ် …….။ အခုဒီတခါတော့ ကဌီသမဟ အရူသထပုံရေသချင်လို့ပါ …။ ကျနော် အရက်သမာသဖဌစ်ခဲ့စဉ်ကဆိုပါတော့ …..။ အရက်သမာသဆိုပေမဲ့ ကျနော်က နေ့စဉ်သောက်နေတာတော့မဟုတ်ဘူသဗျ၊ တခါတလေမဟသောက်ပါတယ် …။ အဲဒီတခါတလေသောက် ရင်လဲပဌသနာမီသထလန်သရဟာတတ်တဲ့ကောင်ကိုသဗျ …။ ကျနော်ပဌောပဌပါရစေအုန်သ […]