fattyAugust 17, 20111min58532
ကျနော် ဒီအကြောင်း ရေးသင့်မရေးသင့် စဉ်းစားနေတာ အတော်ကြပြီ …။ လူတစ်ယောက်အကြောင်းပါ ..။ တလောက Sunday talk ကြည့်လိုက်မိတော့ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တွေးနေတဲ့အကြောင်းအရာမျိုး ဖြစ်နေတော့ … ဘာဘဲဖြစ်ဖြစ် စိတ်မကောင်းလှပေတဲ့ တနည်းတနည်းနဲ့ပညာပေးရာတော့ ရောက်မှာပါဘဲလေ ဆိုပြိးရေးချလိုက်ရတော့တယ် ….။ မိန်းမပျိုလေးများ အိမ်ထောင်ပြုဖို့စဉ်းစားကြတဲ့အခါ ရုပ်ချောသူ ငွေကြေးချမ်းသာသူ … အစရှိသဖြင့် သူ့အရွယ်လိုက်ပြီး … သူ့အတွေကအကြုံလေးအလိုက် စဉ်းစားကြတဲ့အကြောင်း … အဲဒီထဲမှာမှ တာဝန်သိသော ယောကျာင်္းမျိုး ဆိုတာကိုထည့်သွင်းစဉ်းစားတာမျိုး အနည်းငယ်သာရှိကြောင်း ဆွေးနွေးသွားတာပါ။ ကောင်းပါတယ် … ဆွေးနွေးခန်းလေးက ..။ ကျနော်သိတဲ့မိသားစုလေးတစ်စုအကြောင်းကို ဖွဲ့နွဲ့မနေတော့ဘဲ ရိုးရိုးလေးဘဲတင်ပြလိုက်ပါတော့မယ် ..။ ဖြစ်ရပ်မှန်လဲဖြစ်တယ် ဖြစ်တတ်တဲ့သဘောလဲရှိတာမို့ … အထူးအဆန်းရယ်လို့တော့မဟုတ်လှပါဘူး။ အများးအမြင်မှာတော့ သူဌေးလေးတစ်ယောက်လို့ အထင်ခံနေရတဲ့ လူတစ်ယောက်ရျိတယ် […]


fattyAugust 16, 20111min19416
အားတော့နာပါရဲ့ ဝင်ဖတ်တဲ့သူတွေကို ……….. အကြောင်းအရာကဘာမှမဟုတ်လှပါဘူး …….. ဒီနေ့ မြို့လည်ခေါင် ရောက်တုန်း အဝေးနေသူတွေ ရန်ကုန်မြို့ကြီး ဘယ်လောက်တိုးတက်နေပြီလဲ ဆိုတာသိစေချင်လို့ …. အလွမ်းပြေလေးလဲ ကြည့်ရအောင်ဆိုပြိး ချိန်လိုက်တာ …….. ရိုက်ကွင်းထဲဝင်လာတာက မြင်တဲ့အတိုင်းဘဲလေ …။ သီးခံပြီးဘာမှမဟုတ်တာလေးကို ကြည့်လက်စနဲ့ပြီးအောင်သာကြည့်ကြပါတော့လို့ ..။ သူတို့လဲ သတင်းယူတာဘဲဗျ ….။ အောက်ဆုံးပုံကတော့ ဆန့်ကျင်ဘက် မြင်ကွင်းပေါ့နော .. သတင်းပုံအနေနဲ့ Auto နဲ့ဘဲနှိပ်ထားတော့ ပုံကတော့ သိပ်မကောင်းဘူးပေါ့ဗျာ …။ မြို့လည်ခေါင်မှာ ကင်မရာကြီးတကားကားနဲ့ ဆိုတော့ သိပ်တော့စိတ်မချရသေးဘူးဗျ။ မတော် .. ကိုယ်ကလဲ ကင်မရာချိန်နေ .. တိုက်ဆိုင်ပြီး ပေါက်ကွဲမှုကလည်းဖြစ်လိုက်ရင် ဆိုင်ကယ်စီးခိုင်းနေမှာစိုးရသေးတယ်။ မစီးရတာကြာပြီလေ ..။ ကျနော်တို့မှာ အကြောက်တရားတွေရှိနေဆဲပါလား ..။


fattyAugust 12, 20112min14910
ကျနော်အခုတင်နေတဲ့ပန်းချီပြပွဲက ၁ဝ ရက်နေ့ကဘဲ ပြီးသွားပါပြီ ..။ ဒါကြောင့်လက်ကျန်ပုံတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်။ ဗိုလ်ချုပ်ဈေး ပန်းချီပြခန်းက တပါတ်တခါပြောင်းပါတယ်။ အခု နောက်ပြပွဲတခု စနေပါပြီ။ ရောက်ဖြစ်ရင် စိတ်ကြိုက်ပုံလေးတွေ တင်နိုင်အောင်ကြိုးစားပါ့မယ်။ အရင်ပိုစ်မှာတင်ထားတဲ့ ပုဂံဘုရားပွဲပုံ နဲ့ နွားလည်းချွတ်ပြီးနားနေပုံက ပန်းချီကားတကားကို ၃ သိန်းပါ။ ပြခန်းကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်။ ဖုံးနံပါတ်တော့မသိသေးပါဘူး ။ နောက်ဆုံး မင်းသားမင်းသမီး ၂ပါးသွားကဟန် က ကောက်ရိုးပန်းချီပါ။


fattyAugust 11, 20111min26115
ဒီကနေ့မနက် အိပ်ယာကနိုးတော့ မနက် ၂ နာရီ …။ မိုးတွေတအားရွာနေတော့တတ်ထားတဲ့ စလောင်း ကဖွင့်မရဘူး .. ဒါနဲ့ MRTV 4 ကိုဖွင့်ြကြည့်ဖြစ်တယ် .။ ယာဉ်စည်းကမ်းဖေါက်ဖျက်တဲ့ အနှေးယာဉ် ဆိုက်ကားတွေကို ပညာပေးရိုက်ကူးထားတဲ့ပြကွက် ..။ လမ်းဗြောင်းပြန်နင်းလာတဲ့ဆိုက်ကား … ဝန်ပိုတင်လာတဲ့ဆိုက်ကား .. အဲဒါတွေကို ယာဉ်ထိမ်းရဲအရာရှိက ဖမ်းတယ် ..။ အားလုံး ဟာသမင်းသားတွေ ဗွီဒီယို မင်းသားတွေနဲ့ ရိုက်ထားတာပါဘဲ ..။ ဒါရိုက်တာကတော့ဘယ်သူလဲမသိလိုက်ဘူး ….။ ယာဉ်ထိမ်းရဲရဲ့ အမူအယာက လိုတာထက်ပိုပြီး တင်းမာနေတာကိုတွေ့ရပါတယ် .။ အကြမ်းဖက်သမားတွေကို FBI က ပစ်ခတ်ဖမ်းသလို အမူအယာဖြစ်နေတယ် ..။ ဒါနဲ့ ကျနော် တချိန်က ကိုရီးယားမှာ အလုပ်သမား သွားလုပ်တော့ PUCHON မြို့လေးကနေ […]


fattyAugust 11, 20111min19213
ဗိုလ်ချူပ်ဈေး ပန်းချီပြခန်းကိုသွားပြီးရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပါတယ် ..။ ပန်းချီဆရာကြီးမောင်မောင်သိုက် ဩဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားလို့ အမှတ်ရမိရင်း သွားဖြစ်ခဲ့တာပါ။ဟိုတုန်းကတော့ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဆရာမောင်မောင်သိုက်ရဲ့ မိန်းကလေးအလှပုံတွေကို အင်မတန်စွဲမက်ခဲ့ပါတယ်။ ဇျေယျာဌေး ရေးဆွဲထားတဲ့ ဆီဆေးပုံပါ။ သူ့မူယင်း ကာလာ ကိူရအောင် မရိုက်နိုင်သေးပါဘူး ဒါပေမဲ့ ခံစားလို့ရကြမယ်ထင်ပါရဲ့ ဝါသနာပါသူ တွေအတွက်တော့ …..။


fattyAugust 9, 20111min1587
ကဲ ပုံတွေက အများကြီး … ၂ပုံဘဲတင်လို့ရပါတယ် ။ ကျနော့ဆီမှာရှေးဟောင်း ကျွန်းသေတ္တာကြီးတလုံးရှိပါတယ်။ နောက်ကြုံရင် တင်ပါမယ်။


fattyAugust 8, 20112min20715
ရန်ကုန်မှာမိုးကောင်းနေပါတယ် ….။ ဒီနေ့ဆိုနေတောင်ကောင်းကောင်းမထွက်ပါဘူး ….။ မနက်စောစော ရွှေတိဂုံ ရောက်ဖြစ်တာနဲ့ … အမှတ်တရ … ပုံတွေရိုက်လာတာတင်ပေးလိုက်ပါတယ် …။ ငယ်ငယ်တုန်းက ကစားစရာလေးတွေ ပြန်သတိရလို့ပါ။ ဟိုတုန်းကတော့ စောင်းတန်းတလျှောက်မှာ ဗုံသံလေးတွေ အိုးစည်သံလေးတွေ လင်းကွင်းသံလေးတွေ ညံနေတာဘဲ။ အခုတော့ မကြားရတော့ပါဘူး …။ ( auto shot ) ရောင်စုံထီးလေးတွေ … တနေ့တနေ့ အတော်ရောင်းရမှာပါ .. အပူတွေသောကတွေ ငြိမ်းစေဖို့ လှုဒါန်းကြတာဆိုတော့ … လူတိုင်း အပူမီးသောကမီးမကင်းကြဘူးလေ ။ ကောင်းကင်ကလည်းမှိုင်းနေတယ် မနက်စောစောလည်းဖြစ်နေတာမို့ manual နဲ့ဘဲ ရိုက်ယူရပါတယ်။ ဂြိုလ်ညံ့ဂြိုလ်ဆိုးတွေ ပြေရာပြေကြောင်း ….။ သူတို့လေးတွေလဲစားရသောက်ရတာပေါ့ …။ စိတ်ငြိမ်းချမ်းမှုပေးသူနှင့် လိုက်နာ ရှာဖွေကျင့်ကြံနေသူများ …..။ ရင်ပြင်တော်ပေါ်တွင် […]


fattyAugust 4, 20111min25413
အမေ အတော်ပျော်နေပုံရသည်။ ပင်စင်လစာအသစ်တွေ တချို့ထုတ်နေရပြီဖြစ်ကြောင်း ဂျာနယ်များတွင်ပါလာပြီ။ အနှစ် ၃ဝ လုံးလုံး အစိုးရအမှုထမ်းအဖြစ် တာဝန်ယူပြီး အသက်မပြည့်မီ မြေးများကိုထိမ်းရန် ပင်စင်ယူလိုက်ရသည်။ ဝန်ထမ်းဘဝကလည်း ထားရာနေ စေရာသွား တာဝန်ကျေအောင် အနယ်နယ်သို့လှည့်ခဲ့ရသည်။ တခါတခါ အမေနေမကောင်းသော်လည်း အားခဲကာ ရုံးတက်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ သားသမီးများတက္ကသိုလ် ဆက်ထားနိုင်ရေး အိမ်တိုင်ပါ ချွတ်ရောင်းခဲ့ရသည်။ အဖွားအရွယ်ရောက်တော့ သားသမီး မြေးများကို မုန့်ဖိုးပေးချင်သည်။ အမေ့မှာ တပြားမှမရှိတော့ … သူများလာ ကတော့သည့်ငွေလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မလှုရက်မတန်းရက် .. မုန့်ဖိုးပေးရမှကျေနပ်သည်။ အမေပေးသောမုန့်ဖိုးသည် ယနေ့ခေတ် ဆိုက်ကားခသာရှိတော့သည်ကို အမေသိချင်မှသိမည်။ ဘာပြောပြော သူကတော့ ပေးလိုက်ရလျှင် အကျေနပ်ကြီးကျေနပ်နေပါတော့သည်။ ကျနော်ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်စဉ် အဆောင်မှာ ထမင်းစားမကောင်းပါက လှည်းတန်း ကိုယုန် […]


fattyJuly 21, 20111min25915
ပြီခဲတဲ့တစ်လလုံး … ကျနော်ကိုယ် ငွေ့ငွေ့လေးဖျာနေတာ ၃ ပါတ်လောက်ရှိနေပါပြီ။ အဖျားတာရှည်ခြင်းသည်မကောင်းသော လက္ခဏာမို့ ပြနေကြဆရာဝန်ကြီးဆီ ပြန်ပြရပါတော့တယ်။ အထူးကု နာမည်ကြီးဆရာဝန်ကြီးတစ်ဦးပါ။ ရန်ကုန်မှာဆိုရင် Top စာရင်းဝင်ဆရာကြီးတစ်ဥိးပါ။ ဘာကြောင့်ကျနော် အဲဒီလိုကောက်ချက်ချရသလဲ ဆိုရင် … ဘွဲ့တွေ အများကြီးပါ။ အထူးကုတစ်ဦးလဲဖြစ်ပါတယ်။ လူနာ ၁၀ဝ ခန့်ကို နေ့စဉ်ကြည့်နေရသူဆရာကြီးပါ။ လူနာ ၁၀ဝ ခန့်ဆိုတာ တနေရာထဲမှာ ပြောတာပါ ဆေးခန်းထိုင်တာက ၃ နေရာလောက်ရှိပါတယ်။ နိုင်ငံရပ်ခြားက တခါတလေရောက်လာတဲ့ ဆရာဝန်တွေတောင် ဆရာကြီးထံမှာ patient များပုံကို တအံ့တဩဖြစ်ကြရပါတယ်။ ကျနော်ကတော့ ၃ လ သိို့ ၆ လ တစ်ကြိမ် ပြနေကြပါ။ ဒီတခါတော့ အဖျားတာရှည်ပြီး လူက နုံးချိနေတာကြောင့်ကြားဖြတ်သွားပြရပါတယ်။ ဆရာကြီးက ဆီး […]


fattyJuly 14, 20111min1444
အောက်ပါစာကြောင်းလေးကိုဖတ်ကြည့်ပါ။ ၁ဝ တန်းတုံးကရေးတဲ့ပုံစံလေး …။ ွှThere was a lively debate among the students. There was great enthusiasm for the idea. There was hardly a dissenting voice. There was full agreement on the project in the end. အဲဒီစာ အရေးအသားမှာ There was တွေနဲ့ချည်းရေးထားတယ်။ စာကြောင်း အတို အရှည် မရှိဘဲ စာကြောင်းတိုင်းဟာ ၆ လုံးနဲ့ ၈ လုံးကြားမှာဘဲညီနေတယ်။ ဒါကြောင့် …. အဲဒီစာပိုဒ်ကိုဘဲ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆွဲဆောင်မှုကောင်းအောင် စာကြောင်းပုံစံလဲ […]


fattyJuly 11, 20111min29525
စကာင်္ပူနိုင်ငံတွင်လက်ရှိ ရေလိုအပ်နေမှု၏ ၃၀% ကို NeWater စက်ရုံမှထောက်ပံ့ပေးနေကြောင်းသိရသည်။ အဆိုပါနိုင်ငံတွင် လူဦးရေမြင့်တက်လာမှုနှင့် အတူ သောက်သုံးရေ လိုအပ်မှုမှာလည်းမြင့်တက်လာဆဲဖြစ်သည်။ ကျင်ငယ်ရေကို သန့်စင်ထားတယ်ဆိုတာကိုမသိဘဲနဲ့ လူတော်တော်များများ အသုံးပြုပြီးဖြစ်နေပါပြီဟု ဒေါက်တာ ဘားနဒ်ကပြောကြားလိုက်ပါသည်။ မြန်မာနိုင်ငံမှ လိုအပ်လျှင် export အတွက်စဉ်းစားနိုင်မည်ဖြစ်ပါသည်။ ။ …။ Ref CNA


fattyJuly 11, 20111min31713
မြားနတ်မောင်မဂ္ဂဇင်းတွင် လစဉ်ရေးသားခဲ့သော ဆရာမြသန်းတင့်၏ မိန်းမတို့အကြောင်း စာအုပ်ကို တတိယအကြိမ် ပြန်လည်ထုတ်ဝေနေပြီဖြစ်ပါသည်။ Simone de Beauvoir ၏ The second Sex ကို ဘာသာပြန်ဆိုထားခြင်ဖြစ်ပါသည်။ မိန်းမများ၏အတွင်းစိတ်နှင့်ပတ်သက်ပြီး ဒီလောက်အတွင်းကျအောင်ရေးထားတဲ့စာအုပ်မျိုး ကျနော်မတွေ့ဘူးသေးဘူး…. ဟု ဆိုထားသည်။မိန်းမတိုှု၏ လှို့ဝှက်ချက်မှန်သမျှကို ဖွင့်ပြထားသကဲ့သို့ဖြစ်ချေသည်ဟု ဆို၏ ။ စိတ်ကူးတိမ်တိုက်တွေကိုစီးကု အိပ်မက်တိုင်းပြည်သို့ သွားနေသော အပျိုဖေါ်ဝင်စမိန်းကလေးများစိတ် ….. လောကအကြောင်းကို နားလည်စပြုလာသော အပျိုစင်တို့၏စိတ် ……. အချစ်စိတ်တို့ဖြင့် ရွှန်းလဲ့ ဝင်းပနေသော ချစ်သူစိတ် …… လွတ်လွတ်လပ်လပ်နေချင်သောမိန်းမတို့၏စိတ် …….. အစ်ကိုများမောင်များ၏ အနိုင်ကျင့်ခံနေရသော မိန်းကလေးငယ်မျး၏ စိတ် ……. ယောကျာင်္းလျှာ … ပြည့်တန်ဆာမ …အိမ်ထောင်ရှင်မ …မြေးတို့၏ အဘွား ……. စသည် ..စသည် […]