ကျွန်တော်များ Dozen Plus အဖွဲ့သူ၊ အဖွဲ့သားများ၏ လှုပ်ရှားမှုများနှင့် လိုအပ်သော သတင်းအချက်အလက်များကြေငြာရန်အတွက် www.dozenplus.org ကို ယနေ့ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့တွင် စတင်လွှင့်တင်ပြီးဖြစ်ကြောင်းကြေငြာအပ်ပါသည်… နောက်နောင်တွင် Dozen Plus အဖွဲ့သူ၊ အဖွဲ့သားများ၏ လှူဒါန်းမှုအစုစု မှတ်တမ်းများနှင့်၊ လှူဒါန်းမည့်နေရာ၊ လှူဒါန်းမည့်နေ့ရက်၊ စုရပ်များကို Dozen Plus ကိုယ်ပိုင် Website တွင်ကြေငြာပေးမည်ဖြစ်ကြောင်း…   လေးစားစွာဖြင့်- Dozen Plus အဖွဲ့သူ၊ အဖွဲ့သားများ


မြန်မာသကရာဇ် ၁၃၇၄ခု၊ ဒုတိယဝါဆိုလဆုတ် (၂)ရက်၊ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၄)ရက်၊ စနေနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၇-၅၈၊ အနောက်မြို့ပတ်လမ်း၊ ဆရာစံမြောက် / အနောက်ရပ်ကွက် စတုဘုမ္မိကမဟာသတိပဌာန်စာသင်တိုက်တွင် တည်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် မန္တလေးဂေဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော လူငယ်သူငယ်ချင်းများစုပေါင်းဖွဲ့စည်းသော ဒါဇင်ပေါင်းများစွာ (Dozen+) အဖွဲ့သူ၊ အဖွဲ့သားများစုပေါင်းရရှိငွေ ၁၀၀,၀၀ဝိ/- (ကျပ်တစ်သိန်းတိတိ)ကို ပညာရေးလိုအပ်ချက်များတွင်အသုံးပြုရန်အတွက် ပထမဆုံးသွားရောက်လှူဒါန်းခဲ့ပါသည်။   Dozen+ အဖွဲ့သူအဖွဲ့သားများသည် မိမိတို့ရှာဖွေစုဆောင်းရရှိသော ချွေးနဲစာမှ လစဉ် ၅,၀၀ဝိ/- (ငါးထောင်ကျပ်တိတိ) စီကို စုပေါင်းပြီး မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များထဲမှ မှီခိုရာမဲ့ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအား ပညာရေးအတွက်အထောက်အကူပြုနိုင် မည့်နေရာများကိုသာရှာဖွေလှူဒါန်းရန် စီစဉ်ခဲ့ကြပါသည်။ Dozen+ အဖွဲ့သူအဖွဲ့သားများ သွားရောက်လှူဒါန်းခဲ့သော စတုဘုမိ္မကမဟာသတိပဌာန်ကျောင်းတိုက်တွင် ရဟန်းတော် (၆)ပါးမှတာဝန်ယူလျက် ကိုရင်ငယ်လေးများ […]


မနေ့က သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နှင့် ဘီယာဆိုင်လေးထိုင်ရင်း ဘဝမှာဖြတ်သန်းခဲ့ဖူးသော အချစ်ဒသနများ၊ အချစ်ဟုထင်မှတ်မိသောအချစ်မဟုတ်သောအကြောင်းအရာများ၊ ငယ်ရွယ်နုပျိုစဉ်မှာ ကြုံတွေ့ခဲ့ရသောအချစ်စမ်းမှုများအကြောင်းကို ရောက်တတ်ရာရာပြောဆိုမိကြသည်ပေါ့… အရင်တုန်းက ကျွန်တော်ရေးဖူးသလိုပေါ့ဗျာ… When I was younger… ကျွန်ုပ်ရမ်းကားစဉ်အချိန်တုန်းက… ကျွန်တော်တို့လူပျိုပေါက်အချိန်တုန်းက Rocker ကြီးတွေခေတ်စားသကိုး… အခု Punk တို့ Rapper တို့ခေတ်စားသလိုပဲ… တေးဂီတရဲ့ Fashion ထဲမှာ ကျွန်တော်တို့စီးမျောခဲ့ဖူးပါတယ်… Jeans ဘောင်းဘီကျပ်ကျပ်၊ အရိုးခေါင်းပုံတို့ လျှပ်စီးပုံတို့ပါတဲ့ T-Shirt အနက်လေးတွေဝတ်တဲ့အရွယ်… အိမ်နဲ့အတိုက်အခံလုပ်ပြီး ဆံပင်ရှည်ရှည်ထားတတ်တဲ့အရွယ်ပေါ့… အဲဒီနောက်မှာ မကောင်းတဲ့အကျင့်တစ်ခု ပါလာတာက စီးကရက်စသောက်ခြင်းပေါ့ဗျာ… စီးကရက်လေးကို ဟန်ပါပါခဲထားခြင်းကလဲ စတိုင်တစ်ခုကိုဖန်တီးခြင်းပေါ့… ကျွန်တော်အသက် ၁၅၊ ၁၆ လောက်… နေတဲ့မြို့က တောင်ကြီးမြို့… ရာသီဥတုအေးအေးနဲ့ သိပ်ပြီးစတိုင် ထုတ်လို့ကောင်းသကိုး… အဲဒီလိုပဲ ကားနဲ့ဆိုင်ကယ်သာရှိတဲ့မြို့ဆိုတော့လဲ ဘယ်သွားသွား၊ […]


လက်တို့သူက လက်တို့တာတောင် တကယ်လှုပ်မရတဲ့အနေအထားမို့ ညနေပိုင်းဆုတောင်းလေးဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ် လေးမိုက်ခ်ရဲ့ စိန်ရတုသုံးပုံနှစ်ပုံအလွန်နှစ်နှစ်မွေးနေ့မှသည် နှစ်ပေါင်းသိန်းသောင်းမက တွယ်တာသောမိသားစု၊ ချစ်ခင်သောသူငယ်ချင်းများနှင့် နှစ်သက်သော စကာ့တလန်စမ်းရည်လေး အားမှီဝဲရင်း စော်ကြည်သောဘဝ၊ ထီပေါက်သောချမ်းသာ၊ နိဗ္ဗာန်ရောက်နိုင်သော လောကုတ္တရာ အကျိုးများ သယ်ပိုးနိုင်သောသူဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်မင်လေးစားလျက် ကြောင်ဝတုတ်


လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့… သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်… ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်… “ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…” “ […]


မနေ့ညနေက ကျွန်တော်အလုပ်ချိန်အပြီး အလုပ်ရဲ့ပင်ပန်းမှုတွေကိုဆေးကြောမယ်ဆိုတဲ့အကြံနဲ့ မြို့ထဲမှာအလုပ်လုပ်တဲ့သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြတယ်ပေါ့… လူပျိုကြီးဖြစ်ရခြင်းအကြောင်းအရင်းများပြောကြားရင်းပေါ့… အချစ်ကိုကိုးကွယ်ပြီးအရမ်းခံစားတတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ အချစ်အပါးမှာအလွဲလွဲအချော်ချော်ဖြစ်တတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ပထမဆုံးအသဲကွဲဖူးသောအတွေ့အကြုံဖြင့် အချစ်ကိုကြောက်သွားသောကြောင့်ဖြစ်သောလူပျိုကြီး၊ လူမှု အိမ်ထောင်အရှုပ်အရှင်းများကိုမြင်ကာထိပ်လန့်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ယောင်္ကျားကြီးတန်မယ့် အရှက်လွန်သောကြောင့်ဖြစ်ရသောလူပျိုကြီး၊ အချစ်ကိုစမ်းလှေနံနှစ်ဘက်နင်းရာမှ ခြေချော်လက်ချော်ဖြစ်ကာ အစွံထုတ်မရသောကြောင့်ဖြစ်သောလူပျိုကြီး စသည်စသည်ဖြင့် ည(၈)နာရီခန့်အထိစကားဖောင်ဖွဲ့ကြပြီးနောက် အသီးသီးအိမ်အပြန်လမ်းသို့ မြန်းခဲ့ကြသည်… ကျွန်တော်ကားငှားအပြန် ကားပေါ်မှာ… “ ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်… အလှလေးပွန်းပဲ့သွားရင်တောင် ရင်ကျိုးရချည်ရဲ့…” တိုက်တိုက်ဆိုင်ဆိုင် ပိုစ့်ထဲထည့်ရေးခဲ့သူ ဦးဘလက်ကြီးကိုတောင်သတိရလိုက်မိသေးတယ်ဗျာ… အဲဒီနောက် ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို FM ကတာဝန်မပျက် ဆက်လက်ထုတ်လွှင့်သေးတယ်… အဲဒီတော့မှ ကျွန်တော်မျက်လုံးပြူးပြီး တစ်နေ့လုံးအလုပ်လုပ်ထားသမျှနဲ့ပင်ပန်းပြီး အိပ်ချင်နေတဲ့သူကျွန်ုပ် မျက်လုံးပြူးသွားမိပါတော့တယ်… သီချင်းစာသားကို အမှတ်တမဲ့ကြားလိုက်ရသလို ခေတ်ပေါ်သီချင်းတွေကို နားမထောင်ဖြစ်တော့တဲ့သူအနေနဲ့ သီချင်းစာသားက တော်တော်ကိုအထိတ်အလန့်ဖြစ်စေခဲ့တယ်ဆိုတာတော့ဖြင့် ဝန်ခံပါတယ်… သီချင်းက စုံတွဲ သီချင်းပါ… ယောင်္ကျားလေးအဆိုရှင်ကတလှည့်… မိန်းကလေးအဆိုရှင်ကတစ်လှည့် […]


“ အစ်ကိုရှာခိုင်းတဲ့စာချုပ်ကို ရှာမတွေ့ဘူးအစ်ကို ” “ ဟေ… ဒါထက်နေပြည်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာရုံးဖုန်းရော…” “ အဲဒါလဲ…ရှာမတွေ့ဘူးအစ်ကို…” “ ဟင်… အဲဒီလိုတော့မဟုတ်သေးဘူးလေ… အဲဒါတွေမင်းမသိဘူးလား…” “ ဟုတ်မသိဘူးအစ်ကို…” “ မင်းက အဲဒါတွေမသိဘူးပြောရအောင် Admin အလုပ်တွေမင်းလုပ်နေတာမဟုတ်ဘူးလား…” “ ဟုတ်တော့ဟုတ်ပါတယ်အစ်ကို… ကိုချစ်ထွန်းက အဲဒီဖုန်းနံပါတ်တွေနဲ့ စာချုပ်တွေကိုသူသိမ်းထားတာပါ…” “ ကိုချစ်ထွန်းသိမ်းထားပေမယ့် မင်းတို့က Department တစ်ခုထဲလေကွာ… သူမရှိရင် မင်းသိရမှာပေါ့…” “ သူသိမ်းထားပြီး သူပဲပင်တိုင်လုပ်နေတာဆိုတော့ ကျွန်တော်လဲသေချာမသိဘူးအစ်ကို… နောက်တစ်ခုက သူကကျွန်တော့်ကို အဲဒီအကြောင်းတွေကို ပေးမသိဘူး…” “ အဲဒီအကြောင်းကို မင်းပေးမသိတော့ သူခွင့်ယူရင်အလုပ်လုပ်မရဘူးလား…” “ ဟုတ်ကဲ့.. သူ့ဖုန်းဆက်မေးတော့လဲ ဖုန်းပိတ်ထားလို့ဆက်သွယ်လို့မရဘူး…” “ ဒါဆိုရင် ဖိုင်တွေကို အကုန်မတွဲဘူးလား… သူ့အကြောင်းအရာနဲ့သူ သေချာဖိုင်တွဲမထားဘူးလား…” […]


ကိုကမ်းဝေးပျောက်ဆုံးနေမှုကို စုံထောက်ကိုအောင်တိုက်မှာ နေ့မအိပ်၊ ညမအိပ်စဉ်းစားနေလေသည်… ထို့အတူ ဦးဘလက်ချောထွက်ဆိုထားသော အမှုတွဲကြီးအားလဲ ထပ်ခါတလဲလဲဖတ်လိုက်… မှတ်စုများ ထုတ်လိုက်လုပ်နေရင် တစ်နေ့တစ်နေ့အလုပ်ရှုပ်လျက်ရှိပေ၏… ထို့အတူ အခြားသောအမှုများအားလက်ခံမှုမပြုရန်နှင့် အီးမေးလ်များအားလဲ သူ့ကိုယ်စားကျွန်ုပ်မှ ပြန်စာရေးပေးရလေသည်… စုံထောက်အောင်တိုက်မှာ ဆင်ပြောင်ကြီးအမြီးကျမှတစ်နေသော ကြောင်ဝတုတ်ဂိုဏ်းအမှုအား အစားအသောက်ထက်ပင်ပိုကာ အရသာတွေ့နေပုံရပေတော့၏… ဦးဘလက်ချောနဲ့တွေ့ဆုံပြီးနောက် (၃)ရက်ကြာအထိ အခန်းတွင်းအောင်းကာ နေ့လည်စာ၊ ညစာကိုပင် အခန်းတွင်းသို့ ဗန်းဖြင့်ပို့ပေးရလေသည်… (၄)ရက်မြောက်သောနေ့ မနက်(၆)နာရီခွဲ ကျွန်ုပ်အိပ်ရာနိုးချိန်တွင် စုံထောက်ကိုအောင်တိုက်မှာ အိမ်ရှေ့ခြံဝန်း အတွင်းရှိ သစ်ရွက်များအား လှဲကျင်းနေသည်ကိုတွေ့လိုက်ရသဖြင့် ကိုအောင်တိုက်အပေါ်စိုးရိမ်မှုများ အတော်လေးသက်သာရာရခဲ့ပါသည်… သူရ ။   ။ ကိုအောင်တိုက်… စောစောနိုးနေတယ်နော်… အောင်တိုက် ။   ။ စောစောနိုးနေတယ်ဆိုတာထက်… တစ်ရေးမှမအိပ်ရသေးဘူးဆိုတာပိုသေချာမယ် ကိုသူရရေ… သူရ ။   ။ ခင်ဗျားကလဲ အလုပ်လုပ်ရာမှာ သိပ်ဇွဲကြီးသကိုး… […]


“ အလုပ်ထွက်စာပါအစ်ကို…” ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်… ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…   “ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”   “ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”   “ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”   မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…   “ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…” ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်… အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….   လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏… အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ… အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား […]


လူသားလို့ဆိုလိုက်ကတည်းက အသားအရောင်၊ လူမျိုး၊ ဘာသာ၊ တစ်ခုမှမပတ်သက်သော ဖြူဖြူ၊ မဲမဲ၊ နူနူ၊ ရွဲရွဲ ပုခုံနှစ်ဖက်ကြားမှာ ခေါင်းထွက်လာသော လူသားမျိုးနွယ်အားလုံးနှင့်ပတ်သက်ပေးတော့သည်… ကျွန်ုပ်တို့ မန်းဂေဇက်စုပေါင်းအလှူ နှစ်ကြိမ်တိတိပြုလုပ်ခဲ့ကြသည်… ပထမဆုံးအကြိမ်တုန်းက နာရေးကူညီမှု အသင်းတွင်ဖြစ်၏… ဘယ်လိုသေသေ… ဘယ်လူသေသေ… ဘယ်နားသေသေ… ကူညီပေးမည့် တိုင်းသိပြည်သိ နိုင်ငံတကာသိအသင်းအဖွဲ့တွင် ကျွန်ုပ်တို့၏ချွေးနဲစာလေးများကို ဖဲ့ကာအလှူကို ပီတိအပြည့် လှူဒါန်းခဲ့သည်… ဒုတိယအကြိမ် ပန်းတနော်၊ အစုကြီးကျေးရွာရှိ လူသားမှန်လျှင်ဆေးကုသခွင့်ရသော ဆေးရုံအားပံ့ပိုးရန် အတွက် ကျွန်ုပ်တို့ထပ်မံကြိုးစားခဲ့ကြပြန်သည်… ထိုသည်ကား လူသားချင်းစာနာထောက်ထားမှုဆိုသည့် ခေါင်းစဉ်အောက်မှ မန်းဂေဇက်၏ ရွာသူရွာသား ကြီးငယ်မရွေး၏ ကြိုးပမ်းချက်များတည်း… မကြာသောအချိန်ကလေးကမှ မန်းဂေဇက်ကို လူမျိုးရေလှုံ့ဆော်သောဆိုဒ်တစ်ခုအဖြစ် မီဒီယာတစ်ခုမှပြောဆို စွပ်စွဲသောအခါ ရွာချစ်ရွာသူရွာသားများမှ စိတ်မကောင်းကြီးစွာဖြစ်မိသေးသည်… သဂျီးကတော့ ကျိတ်ဝမ်းသာ နေမည်လားမပြောတတ်… အတွေးချော်သည်ပဲပြောပြော… အတွေးခေါင်သည်ပဲဆိုဆို ဘာကြောင့်မန်းဂေဇက်ကို […]


မြန်မာနိုင်ငံကြီးသာ ပန်းခင်းကြီးတစ်ခင်းဆိုရင်ဖြင့်- ပြည်သူတွေဟာ ပန်းပွင့်လေးတွေဖြစ်လာကြမှာပါ… ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးတွေမဖြစ်ချင်သလို… မြေဩဇာ မရတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူး… နေရောင်မရတဲ့ လောင်းရိပ်အောက်မှာ မဖူးပွင့်ချင်သလို… သွေးစွန်းတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူးဗျာ… ကျွန်တော်တို့နေတဲ့ ပန်းခင်းကြီး ပိုပြီးလှပတာ… ပိုပြီးအရောင်အသွေးစုံလင်တာ… ပိုပိုလှတဲ့ပန်းလေးတွေပဲ မြင်ချင်မိတာ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါဗျာ… ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေနဲ့ဥယျာဉ်မှူးကြီးဖြစ်နေတော့ ကျွန်တော်တို့ဘဝက ဘယ်မှာ သိပ်ပြီး လန်းဆန်းနိုင်ပါ့မလဲ… ဥယျာဉ်မှူးကြီးရဲ့အဖေ ဥယျာဉ်မှူးဟောင်းကြီး ဖဲရိုက်၊ အရက်သောက်လို့ တင်သွားတဲ့အကြွေးတွေကို သားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေထိုးဆပ်နေမှတော့ ကျွန်တော်တို့ ပန်းခင်းလေးဟာလဲ… သိပ်ပြီးတော့မလှပတော့ဘူးလေ… ဥယျာဉ်မှူးဟောင်းကြီးလက်ထက်တုန်းက ရှိသမျှရောင်းပြီး အရက်သောက်ဖဲရိုက်လို့… အဝီစိတွင်းလေးက မော်တာလေးလဲမရှိတော့ဘူး… ပန်းခင်းဘေးမှာ ထိုင်စရာခုံတန်းလေးလဲ ခြံစည်းရိုးတွေပေါက်ပြဲလို့ အပြင်ကလူတွေဝင်လာပြီး ထင်းစိုက်ဖို့ ဖြုတ်ယူသွားကြပြီ… နောက်ဆုံးကုန်းကောက်စရာမကျန်တော့လို့ အရိပ်ရတဲ့ ဗံဒါပင်ကြီးကိုတောင် ခုတ်ရောင်းလိုက်ရတယ် မဟုတ်လား… […]


ဒီကောင် ကြောင်ဝတုတ်… ကိုယ့်ဟာကို ဝတ္တုဆက်မရေးပဲ… ရူးကြောင်ကြောင်ထပြီး စိတ်ပေါက်ရာနောက် ကောက်ကောက်လိုက်တယ်လို့ ဆိုချင်ဆို… ကြိုပြီးတောင်းပန်ထားချင်တာကတော့ စိတ်နောက်နောက်နဲ့ပြောတဲ့စကား အမှားတစ်ထောင်ဆိုတော့ မှားရင်လဲ မလိမ်မိုး မလိမ်မာလေးမို့ ခွင့်လွှတ်ကြပါတော့ဗျာ… ကဲ… စပြောရရင်… ဟိုလူသဂျီး… အစကိုဆွဲထုတ်စေချင်ပေမယ့်… ဘယ်သူမှထုတ်တာမတွေ့ရတော့ ကျုပ်မှာ အိပ်မပျော်နိုင်… အစဆွဲထုတ်မယ်လို့ စဉ်းစားပြန်တော့ မပြည့်ဝတဲ့ဗဟုသုတနဲ့ တစ်ထွာတစ်မိုက်ဦးနှောက်က မလိုက်နိုင်… အဲဒီတော့ သဂျီးဆိုတဲ့လူပြောတဲ့စကား ပြန်စဉ်းစားရအောင်လေ… ဘာတဲ့…   “ စနစ်ကြောင့်မဟုတ်ဘူး…” သူကဘာကိုဆိုလိုချင်မှန်းသေချာမသိ… ဒါပေသည့် သဂျီးရယ်လို့ရာထူးကို ကိုယ့်ဟာကိုယ်ယူထားမှတော့ ကြယ်လေးလုံးတစ်ဦးတည်းပိုင်ဆိုင်ထားမှဖြင့် ပေါက်လွှတ်ပဲစားဖြင့် မပြောနိုင်ကောင်းရဲ့ဆို မီရာအတွေးနဲ့စဉ်းစားကြည့်တော့… သူပြောလိုက်တိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်မှုဟာကွက် တွေနဲ့ပတ်သက်တိုင်း ဒင်းကဒီစကားပြောလေ့ရှိတယ်… ဟုတ်ပါပြီ… ဒါဆို နိုင်ငံတော်ရဲ့စနစ်က မှားခဲ့လား… မမှားခဲ့ဘူးလားပြန်ကြည့်ဖို့လိုလာပြန်ရော… ယနေအချိန်အထိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ဆက်ပြောင်းခဲ့တယ်ပေါ့ […]


နောက်တစ်နေ့နံနက်… စုံထောက်အောင်တိုက်နှင့် ကျွန်ုပ်သူရဇော်တို့ ဦးဘလက်ချောရှိရာ အင်းစိန်ထောင်သို့ ရောက်ရှိခဲ့သည်… စုံထောက်ကိုအောင်တိုက်မှာ တစ်ညလုံး ဦးဘလက်ချော၏ထွက်ချက်များကို ထောင့်စေ့အောင် အထပ်ထပ်ဖတ်ပြီး လပ်ကီးစထရိုက်ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ် ဖွာရှိုုက်ရင်းစဉ်းစားနေသည်ကိုတွေ့ရသည်…   သူရ ။   ။ ဘယ်လိုလဲကိုအောင်တိုက် ခင်ဗျားဘာတွေများစဉ်းစားနေတာလဲဆိုတာပါ…   အောင်တိုက် ။       ။ ကျုပ်စဉ်းစားတာတစ်ခုရှိတယ်…ကိုသူရ… ဦးဘလက်ချောလူသတ်မှုနဲ့ ထောင်ကျတယ်ထားပါတော့ ဂိုဏ်းချုပ်ကြောင်ဝတုတ်မှာ ဘာတွေများအကျိုးအမြတ်ရှိ သလဲ… နောက်တစ်ခုက နှူးဘာဂိုဏ်းချုပ်သမိန်ဂီကရော ဘယ်လိုများအကျိုးအမြတ်တွေ ရှိနေလို့ ကြောင်ဝတုတ်ကို ပထမပြောထားတဲ့ စာပေပြိုင်ပွဲနဲ့ လက်ရုံးရည်ပြိုင်ပွဲတွေမလုပ်ပဲ ကြောင်ဂိုဏ်းတစ်ခုလုံးကို လွှဲပေးခဲ့သလဲဆိုတာပဲ ကိုသူရရေ…   သူရ ။     ။ ကျွန်တော်တစ်ခုတော့ ဝင်ပြောချင်တယ်…ကိုအောင်တိုက်… အခုအမှုကိစ္စကိုသေချာစဉ်းစားကြည့်တော့ ကြောင်ဝတုတ်ရဲ့လက်ဝဲရံဦးမင်းမတ်က လွတ်ပြီး […]