mGဆိုတဲ့အကို လား ညီလား ရေးထားတဲ့ ဆန္ဒပြုချက်များ ( X ) ဆို တဲ့ပိုစ့်ကို ဖတ်ကြည့်ပြီး ကျွန်တော် မသိသေးတဲ့( မသိချင်တော့တဲ့) ပါတီနိုင်ငံရေး တွေအကြောင်း သိလိုက်ရပါပြီ။ ကျေးဇူးလဲတင်ပါ တယ်။ပိုစ့်အောက်ဖက်မှာcomments တွေလဲတွေ့ရပါတယ်။ အဲဒီထဲကတစ်ခုကိုကျနော် ဘဝင်မကျမိပါဘူးခင်ဗျာ။ ((((((။စိတ်နဲ့မနှို်င်းပါနဲ့…။ကျွန်တော်ဟာ အမျိုးသားဒီမိုကရေစီပါတီဝင် တဦးပါ။ခင်ဗျာမှာတောင် အဲ့လိုအောင်ဆန်းစုကြည် အတွက် ဒီအဖွဲ့ထဲကို ဝင်ဖို့ သတိ္တရှိပါ့မလား။ရှိမယ်မထင်ပါ။ခင်ဗျာလိုလူမျိုးက ရုပ်မပြရဲပဲပြောနေနိုင်တယ်။ကျွန်တော်တို့တွေ NLD ကိုယ်စား၊၈၈ ကျောင်းသားတွေ နဲ့ပေါင်းပြီး စာစောင်တွေ ဝေတုန်းက ခင်ဗျာတို့လို လူမျိုးတွေ လိုအပ်တယ်။ဘယ်များရောက်နေတာလည်း။အိမ်ထဲမှာနေပြီးတော့ စောင်ခြုံမအော်နဲ့ အစဉ်မပြေနိုင်ဘူး။))))))) အရင်ဆုံး ကျနော်အကြောင်း နဲနဲပြောပရစေ။ အရင်တုန်းကကျနော် ကိုတိုင် ပါတီနိုင်ငံရေး တွေအကြောင်း ကိုတော်တော်စိတ်ဝင်စားခဲ့ပါတယ်။ ၈၈ ကာလကို တော့မမီ လိုက်ပါဘူး။ အားလုံးမှတ်မိ […]