ရွှေမြန်မာတို့ရဲ့ MPT
MPT အကြောင်းလေးနဲနဲပြောချင်လို့ပါ။။ Internet Lineယူထားတာက 1mbps လိုင်း ကျ နေတာကတနေကုန် ဆိုတော့ ဖုန်းဆက်ပီးလိုင်းကျနေတဲ ကိတ်စပြောရတာပေါ့။
သူတို့ပြောနေကျစကားက စက်လေ:ခဏပိတ်ပီး ပြန် ဖွင့်ကြည့်ပါ တဲ့။
အဲဒိလို နဲ့မရလိုု ထပ်ဆက်တော့ စက်တွေကစစ်ကြည့်ရမယ်ဆိုပီးMPTလူတွေလွတ်လိုက်ပါတယ်။
လာစစ်ကြည့်လို့ဘာဖြစ်လဲ
ဆိုတော့ ဒီကစက်တွေက အကောင်း ၊ moneyတော့ ပေးလိုက်ရတာပေါ့။
လိုင်းကတော့မတက်ရေးချမတက်ပဲ။ ဒီတော့ ဖုန်းထပ်ဆက်တော့ အဲဒီ MPTကမိန်းမတွေက “ဒီဖုန်းကိုခဏခဏမဆက်ပါနဲ့တဲ့ ဒီမှာကအားတာမဟုတ်ဘူး”ဆိုပဲ။( နေပါအုံး မအားရအောင်ဘာလုပ်နေကြလို့လဲ။)
မသိရင် ကိုကပဲ အရမ်း ကိုမဟားဒယားအားယားနေလို့ ဖုန်းကလိနေသလိုလို။
သူနဲ့မရလို့သူ့အထက်ကအရာရှိဆိုတာကိုဆက်တော့မှပို့ဆိုး။ ရိုင်းစိုင်းချက်က 9လောက်ကိုရှိတယ်။ ပြောသေးတယ်လိုင်းမတက်ရင်လဲမသုံးနဲ့ပေါ့တဲ့။
အော်တရားကျစရာ။
စက်ပိတ်ထားတော့ရော သူတို့ကိုလိုင်းကြေး(Internet Usage Fee)မပေးရတော့ဘူးလား။ ယူတော့ တလ ၁သိန်း ကျော် အဲဒီ ငွေ တွေနဲ့လခယူထားတဲ့သူတို့ကတာဝန်မရှိဘူးဆို အဲဒီ ငွေ(Fee)ပေးပီးသုံးနေတဲ့ကျတော်မျိုး (User,Customer) ကြီးကပဲတာဝန်ရှိနေတာလား။
ဟုတ်ကဲ့ကျနော်မျိုးကြီးသေသင့်ပါတယ်၊ MPT က ဝန်ထမ်းဆိုတဲ့သူတွေရေ။
8 comments
bigcat
October 24, 2010 at 7:31 pm
ကိုကျော်သူရေ အားပေးမဲ့သူ တယောက်တော့ ပေါ်ပြီဗျ။ း)
အခုလို ကြုံတွေ့နေရတဲ့ ဖြစ်ရပ်မှန်တွေကို သိခွင့်ရလို့ ကျေးဇူးပါ။ နောင်လည်း ပိုသိရဖို့ မျှော်လင့်ပါတယ်။
cruz
October 24, 2010 at 7:55 pm
တော်တော်လေးကိုယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာကိုဆက်ဆံလိုက်တာပဲနော်…း)
etone
October 25, 2010 at 2:06 am
ဟုတ်တယ် အဲ့ဒီကဟာတွေက အရမ်းအပေါက်ဆိုးတယ် ဖုန်းပြောရင်လည်း ကိုင်ထားဦးဆိုပြီး အကြာကြီးထားထားတယ် စိတ်မရှည်လို့ချလိုက်ရတဲ့အကြိမ်မနည်းဘူး ။ သူတို့ခေတ်ဆိုတော့ ကြီးကျယ်တာပါ။
meelay
October 25, 2010 at 4:20 am
ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာဆိုတာ ဒါမျိုးကို ပြောတာထင်တယ် 🙂
မိုက်ကယ်ဂျော်နီအောင်ပု
October 25, 2010 at 4:40 am
ဟုတ်ပါတယ် ဒါကြောင့် ပြည်ပကိုထွက်ကြပါ
ုပြည်ပမှာ အဲ့သည် ဒုက္ခတွေမရှိပါဘူး
ပိုက်စံပေးပြီး အဆဲခံစရာမလိုပါဘူး
ပိုက်ဆံပေးပြီး ပြန်ဆဲလို ့ရပါစေ့မယ်
ပုံ
ပြည်ပထွက်ချင်သူများကို စေတနာဗလပွဖြင့် အကူညီပေးနေပါပြီ
မိုက်ကယ်ဂျော်နီအောင်ပု
စင်္ကြာ ဝဠာများ၏ ဘိုးတော်ကြီး
လီမီတက်မန်နေဂျာမှူးကြီးချုပ်။
bigcat
October 25, 2010 at 4:49 am
ဘဘပု တမီးအလုပ် ခြောက်ချင်လို့ပါခြင်။ အသက် ၁၈ အရည်အချင်းက ၃၅ ၂၁ ၃၆
မိုက်ကယ်ဂျော်နီအောင်ပု
October 25, 2010 at 4:59 am
အိမ်းအိမ်း
အသက်သာငယ်တယ်
အောက်ပါအရည်အချင်းနဲ ့ပြည့်စုံပါပေတယ်
naywoonni
October 25, 2010 at 3:13 pm
တားကတော့ခြောက်ဘူးနော်
ဘာဘာပူ