မမေလးOctober 14, 20101min29412
သားငါးစားသူများသည် မိမိအတွက် ရည်ရွယ်ပြီး သတ်သည်ကို … ( ၁ ) မြင်ခြင်း ( ၂ ) ကြားခြင်း ( ၃ ) ငါ့အတွက် သတ်ထားတာများလားဆိုပြီး သံသယဖြစ်ခြင်း ထိုသို့ဖြစ်ပါက ရဟန်းရှင် ၊ လူ ၊ မည်သူမဆို အပြစ်ဖြစ်သည် ။ ( ရှင်နေသော အကောင်တစ်ကောင်ကောင် ကို မိမိအတွက် သတ်နေသည်ကို ၎င်း ၊ သတ်သည်ကိုမြင်သော် ၎င်း ၊ ကြားသိရလျှင်သော် ၎င်း ၊ သံသယဖြစ်ပြီး စားလိုက်လျှင်သော်၎င်း  အပြစ်ဖြစ်သည် ။ ) ရဟန်းတော်များက သတ်သတ်လွတ်စားရမယ်လို့ မရှိပါဘူး … အသားကြီး ဆယ်မျိုးကိုတော့ရည်ရွယ်ပြီး မစားရပါဘူးး .. . […]


မမေလးOctober 14, 20101min1272
ပိုးပဝါ လျှော်ဖွတ်နည်း ပိုးလက်ကိုင်ပဝါတွေကို လျှော်ဖွတ်လိုပါက ရေနွေးထဲတွင် လက်ကြားထဲထည့်ပြီးဖွတ်ပါ ။ မခြောက်ခင် မီးပူတိုက်ပါ ။ အဝတ်အထည်များ ဖားဥဆွဲလျှင် စင်ကြယ်သော အဝတ်ကြမ်းနှင့်တိုက်ပါ ။ ဆားဖြူးပြီး သံပုရာသီးနှင့် ဖွတ်ပါ ။ ပိုးဟပ်မနေအောင်ပြုလုပ်နည်း ပိုးဟပ်လာတတ်ရာ လမ်းတွင် လေညှင်းပွင့် ၊ လေညှင်းစေ့ကိုထားပါ ။ မီးပူလောင်လျှင် ကြက်ဥ ၊ ဘဲဥ အစိမ်းရဲ့ အကာကို ယူပြီးသုတ်ပါ ။ ဗောက်ထလျှင် သရော်ကင်ပွန်းရည် တွင် ဒနသုခရွက် လက် တစ်စုပ်ခန့်ခူး ခြေပြီး ခေါင်းလျှော်ရည်ထဲထည့်လျှော်ပါ ။ ဆံပင်ကျွတ်လျှင် ပိတောက်ရွက်ကို ထုထောင်းပြီး ခေါင်းလျှော်ရည်နှင့်ခေါင်းလျှော်ပေးပါ ။ ခြေဖဝါးကွဲနာ မန်ကျည်းသီး အနှစ် 5 ဆ ၊ အုန်းဆီ […]


မမေလးOctober 14, 20101min16511
ပင့်ကူ ပင့်ကူဟာ အလွန်ကံကောင်းတဲ့ နိမိတ်ပုံဖြစ်တယ် … ကံကောင်းလိုသောချစ်သူများမှ စီးပွါးရေးအထိ လူတော်တော်များများ အဆောင်အဖြစ်ဆောင်ကြသည် ။ လာဘ်လာဘ တိုးပွါးစေခြင်း ၊ လုပ်ငန်းအောင်မြင်မှုရရှိလာခြင်း ၊ ကို အကျိုးပေးပါသည် ။ ကပ်ရောဂါမှလည်း လွတ်ကင်းစေနိုင်ပါသည် ။ စင်္ကြာ ဘာသာရေး ၊ စစ်ရေး ၊ နိုင်ငံရေးနဲ့ ပက်သက်တဲ့ အမှတ်တံဆိပ်ပါ ။ ချစ်သူတို့ဆောင်ရင် ချစ်ခရီးခိုင်မြဲကာ သုခချမ်းသာပြည့်ဝစေသည် ။ လိပ် လိပ်သည် အလွန်သက်တမ်းရှည်သည် ။ချစ်သူတွေက သက်တမ်းရှည်ရန် လိပ် ကိုဆောင်ကြသည် ။ 2004 ။ 2005 လောက်က နကတရောင်ခြည်လား ၊ သူရဇ လား ၊ ဂမီရလား မသိဘူး အဲ့ဒီထဲက တစ်ခုခုက […]


မမေလးOctober 14, 20101min1120
အမိ  . . . ရင်တွင်ဖြစ်သော သားသမီးကို မြတ်နိုးတတ်သောကြောင့် အမေ ဟုခေါ်သည် ။ အဖ . . . သားသမီးကို စောင့်ရှောက်တတ်သောကြောင့် အဖေ ဟုခေါ်သည် ။ မိဘလုပ်ကျွေးသော အကိုးကျေးဇူးများ 1 . ကပ်သုံးပါး ကော်လွှှားနိုင်၏ 2 . ဘီလူး ၊ သရဲတို့ မစားနိုင် 3 . ကား ၊ ရထား ၊ … ၊ တိမ်းမှောက်သော်လည်းမသေနိုင် 4 . ဆုတောင်းတိုင်းပြည့်စုံ၏ 5 . လူကောင်း ၊ နတ်ကောင်း ဘဝ ရရှိ၏ 6 . မပ် ၊ ဖိလ် […]


မမေလးOctober 14, 20101min1041
22 . 8 . 2005 တုန်းက စာအုပ်တစ်အုပ်အုပ်ထဲမှ ကူးထားပါသည် … သူ့ သူ့အဆင်းကို ချစ်ခင်တွယ်တာ တပ်မက်ပါ၍ သူ့ရနံ့ကိုလက်တင်ဖူးပွေ့ သူ့အသံကို နားယံမပြတ် ကြားချင်လို၍ သူ့လက်ရာကို လျှာဖြားစွဲငြိ ဖြတ်နိုင်ခဲ၍ သူ့ရင်ခွင်ကို ထိတွေ့ခိုလှုံ သွေးဆူခုန်၍ အာရုံငါးပါး မြားဆိပ်လူးဆီ ရွယ်စူးချိန်ဆ လေးညှို့ကြပြီ အကျွန့်ဆီ . . .


မမေလးOctober 14, 20101min1848
ကိုယ့်ချစ်သူ လက်မောင်းကပုတ် ၊ ခါးကတုတ် မျက်နှာကဆူ ၊ အပျင်းထူ အသားကမဲ ၊ သွားကကျဲ ဆံပင်ကကောက် ၊ ရင်ကမောက် နှာခေါင်းကကြီး ၊ ခရမ်းသီး နှုတ်ခမ်းကထူ ၊ ဗိုက်ကပူ နားရွက်ကကား ၊ တင်ကထွား ချေးတွေလဲထူ ကိုယ့်ချစ်သူ . . .


မမေလးOctober 12, 20101min47824
သေပြီးတဲ့ … နောက် သေရွာပြန်တာတို့ဘာတို့ ကျတော့ စာအုပ်ရှိတယ် အဖန် ၅၀၅ ကျတော့ ဖြစ်ရပ်မှန်မရှိသေးဘူးနော် … သမီး ကြားဖူးတာက သေသွားလို့ရှိရင် လမ်းတစ်ဝက်မှာ မေးပြီးမှ နတ်ပြည်ဆို နတ်ပြည် ငရဲပြည်ဆိုငရဲပြည်ပို့တယ် ။။ နောက် ရုပ်ရှင်မှာကျတော့ သေသွားတာနဲ့ ငရဲပြည်ရောက်ပြီး ငရဲမင်းက ဆုံးဖြတ်ပြီး နတ်ပြည်သွားသင့်တဲ့သူက သွားပေါ့ အဲ့လိုမျိုး တန်းစီပြီး ဖြေရတယ် … တစ်ချို့ပြောတာတော့ ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာကို ငရဲမင်းက မှတ်ထားပြီးသား သေသွားတာနဲ့ နတ်ပြည်တန်းရောက် ငရဲပြည်တန်းရောက်တာတဲ့ … ပြီးတော့ ကတို့ခပေးရတယ်ဆိုတာတစ်ကယ်လား … သရဲဆိုတာ ဘာလို့ဖြစ်တာလဲ … စိတ်စွဲလမ်းရဖြစ်တတ်တယ်ဆိုတာရော တစ်ကယ်လား … သေသွားပြီးတစ်ပတ်ကြာရင် အိမ်ထဲဝင်လို့မရတော့ဘူးလို့ပြောသံကြားဖူးတယ် … ဘာလို့ တစ်ချို့အိမ်မှာ […]


မမေလးOctober 10, 20101min1090
နှစ်ပေါင်းများစွာ ကြာမြင့်မှ ဖြစ်လေ့ရှိသောဂြိုလ်ခြောက်လုံး ပူးခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည် ဖြစ်ကြောင်းသိရသည်။ ယင်းဖြစ်စဉ်သည် ၂၀၁၁ ခုနှစ် မေ ၁ ရက်တွင် တနင်္လာ၊ ကြာသပတေး၊ သောကြာနှင့် ယူရေးနပ်စ်ဂြိုလ်တို့ ပူးယှဉ်မည်ဟု နက္ခတ်ပညာရှင် ဦးဇေယျာကိုက ဆိုသည်။ ကမာ္ဘနှင့် ဂြိုလ်များအကြား အပြန်အလှန် ဆွဲငင်အားများရှိကြောင်း ယင်းကာလတွင် ကမာ္ဘ့တစ်ဖက်ခြမ်း၌ ဂြိုလ်ခြောက်လုံးရှိနေပြီး အခြားတစ်ဖက်တွင် စနေဂြိုလ်ရှိကာ ဆွဲငင်အားများကြောင့်ငလျင်များဖြစ်ပေါ်နိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် သက်ရောက်မှုမရှိဟု သိရသည်။ ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမှ နံနက် ၅ နာရီမှ ၅ နာရီ ၄ဝ မိနစ်ထိ မြင်တွေ့နိုင်မည် ဖြစ်သည်။ Ref:The Flower News


မမေလးOctober 10, 20101min990
ဘရာဇီး၏ တနင်္ဂနွေနေ့ (၃.၁၀.၂၀၁၀) ရွေးကောက်ပွဲရလဒ်မှာ ပြတ်ပြတ်သားသား မပေါ်ခဲ့သဖြင့် အောက်တိုဘာ (၃၁) ရက်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရဦးမည် ဖြစ်သည်။ အလုပ်သမားပါတီ၏ သမ္မတလောင်း ဂျေးမာ ရူးစဲ့ဖ် မဲဆွဲပွဲတွင် သမ္မတ ဒါ စေးဗာနှင့်အတူ တွေ့ရစဉ် လက်ရှိ သမ္မတ လူဝစ် အီနားစီယို လူးလာ ဒါ စေးဗါ (Luiz Inácio Lula da Silva) က သူ့၏ သမ္မတရာထူးအား ဆက်လက်ခံယူသွားရန် ပြုစုပျိုးထောင်ပေးထားသော ဦးစီးအရာရှိချုပ် (Chief of Staff) ဖြစ်ခဲ့သော ဂျေးမာ ရူစဲ့ဖ် (Dilma Rousseff) သည် မဲ ၅၀% ကျော်ဖြင့် သမ္မတ ဖြစ်လာမည်ဟု သဘောထားကောက်ယူပွဲ […]


မမေလးOctober 10, 20101min1992
တိတ်ဆိတ်ခြင်းကို ရွေးပါ တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ညာစရာမလိုဘူးလို့ သင်ထင်တယ်။ တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကိုနားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။ တည်ငြိမ်ခြင်းကို ရွေးပါ လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက […]


မမေလးOctober 10, 20104min1452
အားကစားဝါသနာ ပါလိုု ့Premier Eleven sport journal ကို ဖတ်နေရင်း မမျှော်လင့်ပဲ အရမ်း စိတ်ဝင်စား ဖို ့ကောင်းတဲ့ သတင်းလေး တစ်ပုဒ်ကို တွေ ့လိုက်ရပါတယ်။ ပြီးတော့ ကိုယ့် ရဲ ့ဗုဒ္ဓဘာသာ အတွက် ရော၊ ဗုဒ္ဓဘာသာ ဖြစ်နေရတဲ ့ဘဝ လေးကို လည်း အရမ်း ကျေနပ်မိပါတယ်။ ဖတ်လို်က်ရတော့သတင်းလေးကတော့.. အားကစားနယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေသူတွေ နဲ ့အနုပညာ နယ်ပယ် Hollywood မှာ ရေပန်းစားနေဆဲ ပုဂ္ဂိုလ်တွေက ကျွန်တော်တို ့ရဲ ့ဗုဒ္ဓဘာသာ ထဲကို သက်ဝင်ယုံကြည်စွာ ကူးပြောင်း လာခဲ့ကြတယ်လို ့ဆိုပါတယ်။ သူတို ့အထဲမှာ ပိုပြီး စိတ်ဝင်စားဖို ့ကောင်းတာက ပုရိသတို […]


မမေလးOctober 10, 20101min1771
ယခုခေတ်ကာလတွေမှာ လူငယ်စုံတွဲလေးများပြားလာတဲ့အတွက် သူတို့လေးတွေ နှောင်တစ်ချိန်တရားဝင်အကြင်လင်မယားတွေဖြစ်ကြဖို့ အတွက်လိုအပ်တဲ့အင်္ဂါရပ်အချို့မှာတော့ (၁)ယောကျာ်းလေးဟာ အိမ်ထောင်ပြုဖို့အတွက် ကျန်းမာသန်စွမ်းရမယ်။(အသက်ကန့်သတ်ထားခြင်းမရှိပါ) (၂) မိန်းခလေးဟာ မုဆိုးမ (သို့)တစ်ခုလပ်မဟုတ်ရင် အသက်(၂၀)ပြည့်ရမယ်။ (တစ်ကယ်လို့အသက်(၂၀)မပြည့်သေးရင် မိဘ ဒါမှမဟုတ် အုပ်ထိ်န်းသူတို့ ရဲ့သဘောတူူညီမူကို ရယူဖို့လိုပါတယ်) (၃) ကောင်လေး ရော ကောင်မလေးရော သူတို့ နှစ်ဦးစလုံးရ လွတ်လပ်တဲ့သဘောဆန္ဒလိုပါတယ်။ (တစ်စုံတစ်ဦးရဲဖြားယောင်းသွေးဆောင်မူ၊ခြိမ်းခြောက်မူကြောင့်လက်ထပ်ဒါမဖြစ်ရဘူးပေါ့။ ဒါပေမဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကို လက်ထပ်ပါမယ်လို ယုံကြည်အောင်ပြောဆိုပြီး ကာမကိုရယူခဲ့ မယ်ဆိုရင် ပြစ်မူဆိုင်ရ ဥပဒေပုဒ်မ-၄၁ရ အရပြစ်မူမြောက်ပါတယ်) (၄) လက်ထပ်မဲလူ နှစ်ဦးစလုံး ဒါမှမဟုတ် တစ်တစ်ဦးက စိတ်ပေါသွပ်သူတွေမဖြစ်ရဘူူး။ (လက်ထပ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦးပဋိဉာဏ်ပြုဒါကြောင့် ပဋိဉာဏ်ဥပဒေအရအရူးတွေကို ပဋိဉာဏ်ပြုဖို့ ပိတ်ပင်ထားပါတယ်) (၅) မိန်းခလေးမှာ တရားဝင်လင်ယေကျာ်းမရှိရဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမိန်းခလေးရဲ့ တရားဝင်လင်က သူမိန်းမကိုယူတဲ့ ယေကျာ်းကို […]