မမေလးOctober 10, 20101min1906
ကျွန်တော်ယောက်ျားတစ်ယောက်ပါ သို့သော်မိန်းမ မကောင်းကြောင်းတွေပဲ ပြောနေသော သူတစ်ယောက် မဟုတ်ကြောင်းကို  ပြောချင်ပါတယ်…. ။ ကျားဆိုတာက ဥပုဒ်မစောင့်တက်တာလဲ …. သိကြပါတယ်နော် . ယောက်ျားလေးများတွင် အောက်ပါအချက်(၃) ခုနှင့် ကင်းလွတ်သောသူများ ရှိပါကဂျိုကာရုပ် စာရိုက်နေတဲ့ ဒီလက်ကို ဓားနဲ့ လာသာပိုင်းဖြတ်လိုက်… ကျွန်တော်ပြောတာက ပုထုဇဉ်တွေကိုနော် ကျန်တာတွေကိုမဟုတ်ဘူး………….။ ကဲ အချက်(၃)ချက်ကို ကြည့်လိုက်နော်….. ကျားမှန်တယ်ဆိုရင်တော့ ဂျိုကာနောက်ကို လိုက် သတ္တိရှိမှလိုက်…… မှန်ရာကိုဝန်ခံရဲရတယ်နော်… (၁) တဏှာ …….. (၂)လောင်းကစား…. (၃)မူးယစ်ဆေးဝါး(ကွမ်း၊ဆေးလိပ်၊ အရက်) အပါအဝင်ပေါ့ ကဲ …… လက်ခံကြလား ဒီသုံးခု လွတ်တဲ့ ကျားများရှိလို့ကတော့ လေ……တစ်ခုခြင်းစီကို ရှင်းပြမယ် ကြိုပြောမယ် ကျားအားလုံးကတော့ မလွတ်ကြဘူး ဒါပေမယ့် သတိရှိတဲ့ ကျွန်တော်တို့လို ကျားမျိုးကတော့များတယ် […]


မမေလးOctober 10, 20101min1292
ထူးဆန်းသော အမည်မသိသတ္တဝါကြီး ဂါနာ နိုင်ငံ ကမ်းရိုးတန်းတစ်ခုမှာ ရာသီဥတုဆိုးရွားနေစဉ်မှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင် သေပြီး လာရောက်သောင်တင် နေခဲ့တာဖြစ်ပါတယ်။ ထိုသတ္တဝါမှာ ခေါင်း၊ ခြေလေးချောင်းနှင့်အမှီးပါရှိပါတယ်။ ဒီသတင်းက ကြာပြီးလို့တော့ ပြောတယ်။ အခုမှဖတ်ရတဲ့ကျွန်တော့်အတွက်ကတော့ အသစ်ပေါ့ဗျာ။ မဖတ်ဘူးသေးတဲ့ မိတ်ဆွေတွေအတွက်လည်း အသစ်ပေါ့…။ ဒီအကောင်ကြီးနဲ့ပါတ်သက်ပြီးတော့ လိုက်ရှာဖတ်ကြည့်တော့ အကြောင်းအရာတစ်ခုကိုသွားတွေတယ်။ အဲ့ဒါက ပထမကမာ္ဘ စစ်က အဖြစ်အပျက်လေးတစ်ခုပါ။ ထိုသတ္တဝါမျိုးဟာ အရှည်ပေ (၅၀-၆၀) လောက်ရှည်ပြီး ပင်လယ်နက်ထဲမှာ နေတာဖြစ်တယ်လို့ပြောပါတယ်။ နောက်ပြီးတော့ ထိုသတ္တဝါဟာ မိချောင်းနဲ့တူတယ် လို့ဆိုပါတယ်။ ပထမ ကမာ္ဘစစ်အချိန် အတ္တလန်တိတ်သမုဒ္ဒရာ မြောက်ပိုင်းမှာ ဂျာမဏီသင်္ဘော ရေငုတ်သင်္ဘော U28 ကြောင့် အင်္ဂလန်စစ်သင်္ဘော Iberian နစ်မြှုပ်ခဲ့ရပါတယ်။ စက္ကန့်ပိုင်းသာကြာပြီး Iberian သင်္ဘောဟာ နှစ်မြှုပ်ပြီး ရေအောက်မှာ […]


မမေလးOctober 10, 20101min1421
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ တချို့က မိန်းကလေးတွေဟာ “တောင်တန်း” လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ “ရေ” လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ […]


မမေလးOctober 10, 20101min850
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။ လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။ တွေ့လိုကြတယ်။ ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။ ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး ကျော်ကြားလာရတာပါ။ လူတစ်ယောက်ကြီးပါွးတယ်ဆိုတာလည်း ၁။ အရာရာမှာ စဉ်းစားဉာဏ်ရှိရမယ်၊ ၂။ရှေးဘုန်းရှေးကံ ရှိရမယ်။ ၃။ရဲရင့်တဲ့ သတိ္တရှိရမယ်၊ ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။ လောကမှာ ဂုဏ်ရှိဖို့ထက် ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။ လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့ ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။ ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင် သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။ လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။ သီလရှိမှ […]


မမေလးOctober 9, 20101min1632
ဆေးလိပ်ဖြတ်ပြီးချိန်မှာ – ဆေးလိပ်ဖြတ်တဲ့ အကြောင်းချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းအရင်း စာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ပြီး မနက်တိုင်းရွတ်ပေးပါ။ – ပန်းအိုးထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။ – သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည်သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နံ့ကင်းတဲ့ ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ် ဆိုတာ သင်သိလာမှာပါ။ – သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။ – ငွေစုပါ၊ နေ့စဉ်ဆေးလိပ်ဖိုး အတွက် ကုန်ကျငွေတွေကို စုဘူးထဲမှာ စုဆောင်းပါ။ […]


မမေလးSeptember 24, 20101min1717
လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား… တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ. အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့ အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။ လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး ရှည်ရှည်လေးဖြစ်နေလဲသိလား… လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့… ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ… အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှုမထည့်ကြပါနဲ့ လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား… ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့…. အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွတ်ရှိလို့ လိုပါတယ်… လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား… များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်… […]


မမေလးSeptember 24, 20103min2248
1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about. ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ …… 2) Guys are more emotional then you think. If they loved you once, it’ll take them […]


မမေလးSeptember 24, 20102min1702
ကျွန်တော့အမိနိုင်ငံကို ကျွန်တော့ အသက်ထက် မြတ်နိုးပါတယ်။ ချစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဗမာ/မြန်မာလို့ပြောရမှာရှက်တတ်သူတွေကို မကြည့်ချင် မမြင်ချင်ပါ။ ရွံပါတယ်။ စက်ဆုပ်ပါတယ်။ မုန်းပါတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သနားစရာသတ္တဝါတွေပါလားလို့ မြင်လာရပြန်ပါတယ်။ အသိဉာဏ် တစ်ထွာတစ်မိုက်လေးမှမရှိဘူးလို့ ထင်မိပါတယ်။ သမိုင်းမသိ၊ စာမဖတ်၊ ပညာမတတ်၊ အတွေးအခေါ်နိမ့်ကျသူတွေလို့လဲ ထင်လာပါတယ်။ ဒီတော့ ဒီလိုလူမျိုးတွေအထင်သေးတဲ့ ဗမာ/မြန်မာပြည် ကထင်ရှားသူတွေ၊ လေးစားစရာကောင်းသူတွေအကြောင်းကို ပြောပြချင်စိတ်ပေါ်လာပါတယ်။ ဒါနဲ့ ဖတ်မိသမျှ၊ မှတ်မိသမျှလေးတွေကို ချရေးမိပါတယ်ဗျာ။ ပိုတာ၊ လိုတာ၊ မှားတာလေးတွေရှိရင် ကူကြပါ၊ ကယ်ကြပါ၊ ဖေးမကြပါ၊ ညွှန်ပြကြပါဦးဗျာ။ ပထမဦးဆုံး ပြောချင်တဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့အားလုံးလေးစားရတဲ့ ဦးသန့်ပါ။ ဦးသန့်ရဲ့ ဘဝဖြစ်စဉ်ကိုတော့ ချန်ခဲ့ပါရစေ။ ဘိုမျှော်၊ ဘိုမ၊ ဘိုထင်ကြီး၊ ဘိုကြောင်တွေကို သိစေချင်တာလေးတွေ၊ […]


မမေလးSeptember 24, 20101min1511
၁၇ရ ကြိမ်မြောက် ဂျာမဏီနိုင်ငံ မြူးနစ်မြို့ မှOktoberfest ဘီယာသောက်ပွဲတော် 2010 ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၇ရ ကြိမ်မြောက် Oktoberfest ဘီယာပွဲတော်မှာ ပွဲတော်သူပွဲတော်သားများ ပျော်ရွှင်နေကြပုံပဲဖြစ်ပါတယ် ။ Oktoberfest ဆိုတာ ကမ္ဘာ့အကြီးဆုံးနဲ့ အထင်ရှားအကျော်အကြားဆုံး ဘီယာသောက်ပွဲတော်ကြီးဖြစ်ပါတယ် ။ ပါဝင်ဆင်နွှဲလိုသူများအနေနဲ့ နောက်နှစ်ခါ မှာလည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့ကိုအရောက်သွားကြပါလို့ ။ မိန်းမတစ်ဦး ဘီယာပွဲတော်မှာ ပါဝင်ဆင်နွှဲနေပုံဖြစ်ပါတယ် ။ ဒါကတော့ဘီယာပွဲတော်မှာ ဘီယာခွက်များ သယ်ယူပို့ဆောင်ပေးနေတဲ့ waitress လေးပဲဖြစ်ပါတယ် ။


မမေလးSeptember 23, 20101min1180
ထူးဆန်းထွေလာ အလှ အပ ဒဏ္ဍာရီများ ထူးဆန်းထွေလာ အလှ အပ ဒဏ္ဍာရီများသည် ခေတ်အလိုက် တည်ရှိခဲ့သည်။ တချို့မှာ ရာစုနှစ် နှင့်ချီကာ သက်ဆိုးရှည် ခဲ့ကြသည်။ အကျိုးအကြောင်း ဆက်စပ်၍ မရသော ယင်း ဒဏ္ဍာရီများသည် ကျွန်ုပ်တို့၏ စဉ်းစားဉာဏ်အား လှောင်ပြောင်နေသလို ရှိနေကြသည်။ သို့သော် အောက်ပါ အလှ အပ ဒဏ္ဍာရီများမူကား ပုံပြင်မဆန်၊ စိတ်ကူးယဉ် မဆန်သော တကယ့်အဖြစ်အပျက်များပင် ဖြစ်ပေသည်။ (၁) ဆပ်ပြာသည် အသားအရေအတွက် မကောင်းဘူး ရှေးစောင်းဘိုးဘေး လက်ထက်က ထုတ်လုပ်ခဲ့သော ဆပ်ပြာများသည် တိရစာ္ဆန်အဆီနှင့် ဟင်းသီးဟင်းရွက် အဆီများ ပါသဖြင့် အသားအရေအတွက် ဆိုးကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း အခုခေတ် ဆပ်ပြာများတွင်မူကား အသားအရေအား မခြောက်သွေ့စေရန်နှင့် အသားအရေ နူးညံ့စိုပြေစေရန် Moisturizers […]


မမေလးSeptember 23, 20101min1190
လေတိုးရင် ကျိုးမှာစိုးတဲ့ ခါးပိုင်ရှင် ဖြစ်စေဖို့ ယောက်ျားလေးတွေ အတွက် ခါးဆိုဒ်က ၄ဝ ထက်ပိုပြီး မိန်းမတွေအတွက် ၃၅ ထက်ပိုရင် နှလုံးလေရိုက်တာ၊ လေဖြတ်တာ စတဲ့ ကိစ္စပြတ်နိုင်မယ့် အန္တရာယ်ရှိတယ်တဲ့။ ဒီလို ဆိုးကျိုးတွေ မခံစားရအောင် ခါး သေးရင်ချီ ပဒုမ္မနီ မျိုး ဖြစ်အောင် လေ့ကျင့်လိုက်ရအောင်နော် …………. အစားအသောက်များ ခါးလေ့ကျင့်ခန်း ပြုလုပ်နေစဉ် ကာလ အတောအတွင်းမှာ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေ ကတော့ အမျှင်ဓါတ် ပါတဲ့ အစားအသာက်တွေ ဖြစ်ပါတယ်။ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေ မရှောင်သာလို့ စားမယ်ဆိုရင်တောင်မှ ရေများများသောက်ပြီးမှ စားသောက်ပေးသင့်ပါတယ်။ အရည်ရွမ်းတဲ့ အသီးများကို များများ စားသောက်ပေးပါနော် ….. အဆင့် တစ် အဆီတွေကို လောက်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းများ […]


မမေလးSeptember 23, 20101min1260
လှတစ်မျက်နှာ ဝက်ခြံ တစ်ပိဿာ မဖြစ်စေဖို့ ရန်သူမျိုး (၅)ပါးထဲမှာ အိုင်တို့ အတွက် တစ်မျိုးထပ်ထဲ့ပေးရမဲ့ ရန်တစ်ပါး ကတော့ မဆက်ဆံ ချင်လဲ ဆက်ဆံနေရတဲ့ ဝက်ခြံ ပဲ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုချက်မတောင်းဘဲ ရှောင်နေတဲ့ ဝက်ခြံတွေကို အခု အချိန်က စပြီး နှင်ထုတ်ကြပါစို့လား။ ဝက်ခြံ မွေးဖွားခြင်း လက်သည် မျက်နှာပေါ် ဝက်ခြံရောက်လာအောင် ဗီဇာ ထုတ်ပေးတဲ့ သူကတော့ ခန္ဒာကိုယ်မှာရှိတဲ့ အရေပြားရဲ့ Glands တွေပဲ ဖြစ်ပါတယ်။ ဒီ Glands တွေကနေ အဆီတွေ အလွန်အကျွံ ထုတ်ရာကနေ ဝက်ခြံ အတွက် ဝင်ပေါက် ဖြစ်လာရတာပဲ။ ဒီ အဆီတွေကနေ Cells အသေတွေနဲ့ ပူးပေါင်းပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့်၊ […]


မမေလးSeptember 23, 20101min1460
အသားအရေကို အိုမင်းရင့်ရော်စေသော အလေ့အကျင့်ဆိုးများ သင်ကိုယ်တိုင် သတိမထားမိတဲ့ အလေ့အကျင့်ဆိုး တွေက သင့်ရဲ့ အသားအရေကို ဒုက္ခပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်တွေကို မြန်မြန်ရပ်ဆိုင်းပြီး ပြုပြင်နိုင်မှသာ အသားအရေကို တာရှည်လှပ စိုပြေနေစေဖို့ အချိန်မှီပါ လိမ့်မယ်။ ဒါကြောင့် သင့် အသားအရေကို ဒုက္ခပေးတဲ့ အလေ့အကျင့်ဆိုး (၇) ချက်ကို လေ့လာ ကြည့်ကြ ရအောင်နော် …… (၁)အစားအသောက်မှားယွင်းခြင်း အသီးအနှံနဲ့ အသီးအရွက်တွေကို မစားပဲ သရေစာ မုန့် တွေစားတာက အသားအရေအတွက် လိုအပ်တဲ့ Vitamin နှင့် အာဟာရဓါတ်တွေကို ဆုံးရှုံးစေပါတယ်။ ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်းများ၊ ငါး နဲ့ အစေ့အဆန် တွေကို စားပေးသင့်ပါတယ်။ ဘယ်ရီသီး နဲ့ ဟင်းနုနွယ် တွေဟာ Antioxidant ကြွယ်ဝတဲ့ […]