Good IdeaNovember 9, 20101min770
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီ ကိုယ်စားလှယ်လောင်းတွေအားလုံး ရှုံးနိမ့်ခဲ့ကြောင်း မန္တလေး NDF ပါတီသတင်းရပ်ကွက်က ပြောပါတယ်။ NDF ပါတီက စစ်ကိုင်းတိုင်းမှာ ၆ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး ဝင်ပြိုင်ခဲ့တာပါ။ မန္တလေးမှာလည်း အင်တိုက်အားတိုက်နဲ့ ၃၂ ဦးထိ ဝင်ပြိုင်ခဲ့ပေမယ့် တယောက်မှ မနိုင်ခဲ့ပါဘူး။ ဒါကြောင့် NDF ပါတီက ကိုယ်စားလှယ်လောင်း ၄ဝ တိတိ အရေးနိမ့်သွားခဲ့ပါပြီ။ NDF ပါတီ အမတ်လောင်းတွေဟာ ရ ရက်နေ့က ရပ်ကွက်/ ကျေးရွာ လူထု ထည့်ဝင်တဲ့ မဲတွေနဲ့ ကြံ့ဖွံ့အမတ်လောင်း တွေအပေါ် အောင်ပွဲခံနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘယ်ကရောက်လာမှန်း မသိတဲ့ ဂုန်နီအိတ်နဲ့ […]


Good IdeaNovember 9, 20101min1885
မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ၏မဲရုံတခုဖြစ်သည့် ချမ်းမြသာစည်မြို့နယ် စိန်ပန်းလမ်းနှင့် ၆၄ လမ်းထောင့်ရှိ မဲရုံတွင် အမှန်ကို ဇောက်ထိုးခြစ်မိထားသော NDF  ပါတီ၏ မဲများကို မဲရုံမှူးက အားလုံး ပယ်မဲလုပ်ပစ်ခဲ့ကြောင်း ယင်းဒေသတွင် နေထိုင်သူ မန္တလေးသားတဦး အဆိုအရ သိရသည်။ မဲဆန္ဒရှင် ပြည်သူတချို့မှာ မသိနားမလည်သည့်အတွက် ခမောက်တံဆိပ်ဘေး ကွက်လပ်တွင် အမှန်ကို ဇောက်ထိုး ခြစ်မိကြရာ ယင်းလက်မှတ်များကို မဲရုံမှူးက ပယ်မဲလုပ်ပစ်လိုက်ခြင်း ဖြစ်သည်။ NDF  မဲများအားလုံးကို ပယ်မဲလုပ်သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ အမှန်ဇောက်ထိုးခြစ် မဲလက်မှတ်များကို  ထည့်သွင်းရေတွက်သည်ဟု မန္တလေးသားက ဆိုသည်။ ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ လှစိုးညွှန့်၏ မဲရုံကိုယ်စားလှယ်က ပယ်မဲလုပ်ခြင်းကို ကန့်ကွက်သော်လည်း မဲရုံးမှူးက ဂရုမစိုက်ခဲပေ။ ယမန်နေ့ […]


Good IdeaNovember 9, 20101min2009
ကျနော့်သူငယ်ချင်း သတင်းထောက်တယောက်နဲ့ မနေ့က စကားစမည်ပြောရင်း စကားလမ်းကြောင်းက ရွေးကောက်ပွဲအကြောင်း ကိုရောက်သွားပါတယ်။ အဲဒီမှာ သူက အံ့ဩစရာတခု ပြောလာတာက “ဒီ ၂၀၁ဝ ရွေးကောက်ပွဲမှာ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းတယောက် မဲပေးခွင့် မရလိုက်ပါ” တဲ့။ “ဟ မင်းဟာက ဟုတ်လို့လား”လို့ ကျနော်က မေးတော့ “ဟုတ်လွန်းသမှ သိပ်ဟုတ်”ဆိုပဲဗျ။ အဲဒါနဲ့ သူက ဆက်ပြောပြတာက ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ရ ရက်နေ့မှာ မောင်မျိုးမင်း ဘယ်ပါတီကို မဲပေးသလဲ ဆိုတာ ဖုန်းဆက်ပြီး မေးဖြစ်ပါတယ်။ အဲဒီမှာ မောင်မျိုးမင်းက သူ့မှာ အိမ် ၂ လုံးရှိတယ်။ တလုံးက (ဗိုလ်တထောင်လား အလုံလား သေချာ မမှတ်မိတော့ဘူးဗျ။ နှစ်ခုထဲက တခုပဲ)၊ တလုံးက […]


Good IdeaNovember 8, 20101min1938
လတ်တလော ရောက်ရှိလာသည့် သတင်းများအရ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီမှ ရန်ကုန်တိုင်းအတွင်း ၁ရ နေရာ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ NDF ပါတီ ခေါင်းဆောင် ဦးသိန်းညွန့်က သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်၊ ဦးဖုန်းမြင့်အောင်က အမျိုးသားလွှတ်တော်၊ ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့က တိုင်းဒေသကြီး အမှတ် ၁ နှင့် ၂ တို့တွင် အနိုင်ရခဲ့သည်။ မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော်တွင် NDF ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ သန်းဝင်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် ၂ တို့တွင် ဦးအောင်ဆန်းနှင့် ဦးသက်ထွန်းအောင်တို့က အသီးသီး အနိုင်ရခဲ့ပြီး တာမွေ အမျိုးသားလွှတ်တော်တွင် ဒေါက်တာ မြဉာဏစိုးက အနိုင်ရခဲ့သည်။ ထို့ပြင် […]


Good IdeaNovember 8, 20101min17711
မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ရဲစခန်း၊ သတင်းတပ်ဖွဲ့ရုံးတွေကို သိမ်းယူလိုက်ပါပြီ။ နောက် ဆေးရုံကိုလည်း သိမ်းလိုက်ပါပြီ။ အခုထက်တိုင် နှစ်ဖက် ပစ်ခတ်နေဆဲ အခြေအနေပါ။ ဘုရားသုံးဆူ လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုတော့ ဒီကေဘီအေက မီးရှို့လိုက်လို့ မီးလောင်သွားပါပြီ။ (ရှို့လည်း အေးတာပါပဲ။ တိုင်းသူပြည်သားတွေ ကရင်လူထုတွေ လျှပ်စစ်မီး သုံးရတယ်မှ မရှိတာကိုး။) တကယ်လို့များ စစ်အစိုးရက အလုံးအရင်းနဲ့ တိုက်လာခဲ့ရင် ကေအန်ယူကလည်း ဗိုလ်မှူး စောလားပွယ်တို့ ဒီကေဘီအေဘက်က ဝင်ကူတိုက်ပေးမယ့် အခြေအနေရှိပါတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်က သတင်းထောက်တယောက်က သတင်းပေးပို့လာပါတယ်။ ဒီနေ့ မနက်ပိုင်းကလည်း မြဝတီကို အာပီဂျီ (ငှက်ပျောဖူး) တွေနဲ့ စက်လတ်တွေနဲ့ ဒီကေဘီအေက စတိုက်ခဲ့ပါတယ်။ ဘယ်လို ပြဿနာကနေ နအဖနဲ့ ဒီကေဘီအေ စဖြစ်သလဲတော့ မသိပါ။ ဒီနေ့ […]


Good IdeaNovember 8, 20101min1807
အမျိုးသား ဒီမိုကရေစီ အင်အားစု – NDF သည် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ် အများစု အနိုင်ရနေသည်။ သင်္ဃန်းကျွန်းနှင့် မြောက်ဥက္ကလာပတို့တွင် မဲဆန္ဒနယ် အားလုံး အနိုင်ရခဲ့သည်။ တောင်ဥက္ကလာတွင် ကြိုတင်မဲ ၅၀၀ဝ ကျော်ကြောင့် မြို့တော်ဝန် အောင်သိန်းလင်း အနိုင်ရရှိခဲ့သည်။ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက စစ်အစိုးရ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ – RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် စတင်အနိုင်ရခဲ့သည်။ ပေါက်တောနှင့် စစ်တွေ တို့တွင် မဲဆန္ဒနယ် အားလုုံး အနိုင်ရခဲ့သည်။


Good IdeaNovember 8, 20101min2109
မန္တလေးတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်းအားလုံး ရှုံးနိမ့်သွားကြောင်းသိရသည်။ NDF ပါတီမှ ဦးတင်အောင်အောင်၊ ဒေါက်တာ လှစိုးညွန့်၊ ရှေ့နေဦးအောင်ခိုင်၊ ဦးခင်မောင်သက်တို့အပါအဝင် NDF ကိုယ်စားလှယ်လောင်း အားလုံးမှာ စစ်အစိုးရပါတီ ကြံ့ဖွံ့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ရ ရက်နေ့ ရပ်ကွက်တွင်း ကောက်ခံသည့် မဲများတွင် NDF ပါတီ ကိုယ်စားလှယ်များ အနိုင်ရကာ အခြေအနေ ကောင်းနေသော်လည်း ဝန်ထမ်းများ၊ စစ်တပ်နယ်များမှ လာသော ကြိုတင်မဲများကြောင့် ယခုလို ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။ ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သည့် NDF ပါတီကိုယ်စားလှယ် ဦးခင်မောင်သက်သည် ယနေ့ နံနက် ၄ နာရီအချိန်အထိ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်ကို အနိုင်ရနေခဲ့သော်လည်း မိုးလင်းချိန်တွင် […]


Good IdeaNovember 7, 20101min750
ကြိုတင်မဲကို မတရားလုပ်လို့ တစညက ကြံ့ဖွံ့ကို တိုင် ကြံ့ဖွံ့ပါတီက ပင်လယ်ထဲကို ငါးဖမ်းသွားမယ့် ရေလုပ်သားတွေဆီက ကြိုတင်မဲတွေကောက်ပြီး သူတို့ပါတီကို အတင်းမဲပေးခိုင်းတဲ့အတွက် ဒီကြိုတင်မဲတွေကို အသိအမှတ်မပြုဖို့ တနင်္သာရီတိုင်း ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်က တစည ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေကို တိုင်ကြားထားပါတယ်။ အောက်တိုဘာလ ၂ရ ရက်နေ့က စတင်ကာ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့က ပင်လယ်ထွက်မယ့် ရေလုပ်သားတွေကို မဲမပေးမနေရဆိုပြီး ကြိုတင်မဲ အတင်းကောက်ခံခဲ့တာပါ။ ရေလုပ်သားတွေဟာ ယခင်က ပင်လယ်ထွက်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနမှာ လက်မှတ်ထိုးရုံနဲ့ ထွက်ခွင့်ရခဲ့ပေမယ့် အောက်တိုဘာ ၂ရ ရက်နေ့က စပြီးတော့ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မဲပေးပြီးမှ ထုတ်ပေးတဲ့ မဲပေးပြီးကြောင်း ထောက်ခံချက်ပါမှသာ ပင်လယ်ကို ထွက်ခွင့်ရပါတယ်။ မဲမပေးမိဘဲ ပင်လယ်ထွက်လာခဲ့ရင် ပင်လယ်ဝမှာ ဖွင့်လှစ်ထားတဲ့ ငါးလုပ်ငန်း […]


Good IdeaNovember 3, 20101min44519
အခုတလောမှာ ကျနော့်ကို အမေးအများဆုံး မေးခွန်းကတော့ မဲမပေးရင် ဖမ်းနိုင်သလား ဆိုတဲ့ မေးခွန်းပါပဲ။ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ညီတွေ၊ ညီမတွေ တော်တော်များများ မေးကြပါတယ်။ ကိုယ်ကလည်း ရွေးကောက်ပွဲ ဥပဒေတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့နေသူဖြစ်တော့ သူတို့မေးတာကို ကိုယ်သိသလောက် ပြန်ဖြေဖြစ်ပါတယ်။ တဆက်ထဲမှာပဲ မန္တလေးဂေဇက်က ဘော်ဒါတွေလည်း မသိသေးသူရှိရင် သိရအောင် ပို့စ်ကလေးတင်လိုက်ဦးမှလို့ စိတ်ကူးမိတာနဲ့ ဒီပို့စ်ကလေး ရေးလိုက်ပါတယ်။ မဲမပေးရင် မဖမ်းနိုင်ပါ မဲပေးချင်လည်း ရပါတယ်။ သို့သော် ပါတီတွေအကြောင်း မသိလို့၊ ရွေးကောက်ပွဲကို နားမလည်လို့၊ ကိုယ့်မြို့နယ်မှာ ဝင်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းတွေ ဘယ်သူမှန်း မသိဖြစ်နေခဲ့ရင် မဲမပေးဘဲ နေလို့ရပါတယ်။ ဘုမသိ ဘမသိနဲ့ မဲပေးရမယ့် လူမရှိဖြစ်နေရင်တော့ မဲမပေးသင့်ပါဘူး။ မဲမပေးရင် လုံးဝ […]


Good IdeaNovember 3, 20101min2014
မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာတဲ့အတွက် ချောင်းရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်က လယ်ဧကပေါင်း ၂၀၀ဝ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော်က ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် အထက် မြန်မာပြည်တဝိုက် မိုးသည်းထန်ခဲ့ပြီးနောက်မှာ မြစ်သားမြိ့အနီးမှာရှိတဲ့ စမုံချောင်း၊ သင်ပုန်းချောင်းတွေက  ရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်နဲ့ စိုက်ခင်းတွေကို ဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။ ရေတွေဟာ ရွာတွေထဲကို ၈ ရက်နေ့ ညနက်ပိုင်းက ဝင်လာခဲ့တာဖြစ်ပြီးတော့ ၉ ရက်နေ့ မနက်ရောက်တဲ့အခါ ရေတွေက ရွာထဲမှာတင် လူတရပ်ကျော် မြုပ်နေပါပြီ။ ကျွဲနွားတချို့ မျောပါ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ခုလို ချောင်းရေလျှံတဲ့အတွက် ရွာပေါင်း ၂ဝ […]


Good IdeaNovember 3, 20101min1243
ဒုတိယတန်း သင်ရိုးညွှန်းတမ်းမှာ အလံသစ်က အရောင်တွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ထည့်သွင်းပြဌာန်းမယ်လို့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ဝါစိမ်းနီ မီးပွိုင့်အလံကြီးအကြောင်း ကလေးတွေကို ပေါက်ကရတွေ သင်ခိုင်းဦးမယ်ထင်ပါ့။ အရင်တုန်းကလည်း ၄ တန်းမှာ ယိုးဒယား – မြန်မာဆက်ဆံရေးဆိုပြီး ပေါက်ကရတွေ သင်ခိုင်းသေးတယ်။ ဘာမှ အရည်မရ အဖတ်မရ။ ထိုင်းတွေကို မုန်းတဲ့စိတ်တွေ ကလေးတွေ ခေါင်းထဲ ရိုက်ထည့်နေတဲ့စာတွေကို ဆရာ၊ ဆရာမတွေကို ဖိအားပေးပြီး မဖြစ်မနေ သင်ခိုင်း၊ ကျက်ခိုင်း။ အော် တယ်လည်းတော်တဲ့ အစိုးရ အုပ်ချုပ်နေတာကိုး။ အလံနဲ့ ပတ်သက်လို့လည်း အခြေခံ ဥပဒေမှာက ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်မှ ဒီအလံကို အတည်ပြုရမယ်လို့ ရေးထားသဗျ။ ဖွဲ့စည်းပုံက ရွေးကောက်ပွဲပြီးလို့ ပထမဆုံး လွှတ်တော်ခေါ်မှ အတည်ဖြစ်မှာ။ […]


Good IdeaOctober 28, 20101min1032
“တစ်”..ကျနော်က ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တစ်ယောက်ပေါ့ဗျာ။ “နှစ်”…ဒါက နှစ်ပေါင်း ၂ဝ အကြာမှာ ကျင်းပတာလေ။ “သုံး”…လွှတ်တော် သုံးခုအတွက် ရွေးချယ်မှာနော့်။ “လေး”…ဝင်ပြိုင်တဲ့ပါတီက ၄ဝ တောင် မပြည့်ဘူးဗျာ။ ၃ရ ပါတီပဲ ရှိတယ်။ “ငါး” ဒီလ ၅ ရက်နေ့တုန်းကပေါ့။ “ခြောက်” ကြံ့ဖွတ် ခြောက်ယောက် အိမ်ကိုလာတယ်ဗျ။ “ခုနှစ်” နိုဝင်ဘာ ရ ရက်နေ့မှာ သူတို့ပါတီကို မဲပေးပါတဲ့။ “ရှစ်” ကျနော့်ကို ထိုင်ရှစ်ခိုးပြီး အဲဒီလို ပြောကြတာ။ “ကိုး” ကျနော်က မင်းတို့မှ မဟုတ်ဘူး။ ဘယ်ပါတီမှ ကိုးစားပြီး မဲမပေးဘူးလို့။ “တစ်ဆယ်” ဆယ်ခါပြန် ပြောပစ်လိုက်တယ်ဗျာ။ တွေးမိတာကို ရေးမိပါသည်။ Good Idea


Good IdeaOctober 20, 20101min2146
ကဲ သူငယ်ချင်းတို့ရေ ကိုယ့်လက်ဝါးပြင်ကို မျက်နှာချင်းဆိုင်ထားပြီး လက်သန်းကလေးကို သေချာကြည့်ရအောင်- ဪ- သတိ- ယောက်ျားလေးဆို “ဘယ်” လက်ကို ကြည့်၊ မိန်းကလေးဆို “ညာ” လက်ကိုကြည့်ရမှာနော်- လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ ့ကြရမှာပါ- အဲဒီ အဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။ ပုံ(၁) ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်- ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ပြီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊ အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။ ပုံ(၂) ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို ဂရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့- ဒါ့အပြင် […]