BayoteJune 4, 20101min2141
ဆယ်စုနှစ် နှစ်စုတာ ကာလတိုင် နိုင်ငံရေး ပါတီ အဖြစ် တည်ရှိ ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍ နိုင်ငံရေး ပါတီ တစ်ရပ် မဟုတ် တော့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြားသည်။ မေလ ၆ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အခြေ အနေ နှင့် ပတ်သက်၍ တက်ရောက် လာသူများက မေးမြန်းရာ ရဲချုပ် […]


BayoteJune 4, 20101min2665
အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ ထိ မြန်မာ GSM ဖုန်းများ ယူဆောင် အသုံးပြု နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ် အတွင်း စီစဉ်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အမည် မဖော်လိုသူ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဟံသာဝတီ သို့ ပြောသည်။ မြန်မာနိုင်ငံ ပြင်ပမှာ သုံးနိုင်အောင် စမ်းသပ် နေတာ မှန်ပါတယ်။ ဒီနှစ်ထဲမှာ စပြီးတော့ အကောင် အထည် ဖော်မှာပါဟု ၎င်းက ဆိုသည်။ လက်ရှိ ပြည်တွင်း၌ […]


BayoteJune 4, 20101min1380
ရန်ကုန် အပါအဝင် မြန်မာနိုင်ငံမှ မြို့တချို့တွင် အင်တာနက်လိုင်းများ နှေးကွေးသည့် အပြင် သုံးမရ ဖြစ်နေသဖြင့် အင်တာနက် သုံးစွဲသူ အရေအတွက် အလွန်လျော့နည်းသွားကြောင်း အမည်မဖေါ်လိုသူ အင်တာနက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်နေသူ လူငယ် တဦးက ပြောသည်။ “ မေလ ၂၈ ရက်နေ့က စပြီးတော့ အင်တာနက်လိုင်းတွေ တော်တော့ကို နှေးကွေးသွားတယ်။ ကျွန်တော်တို့ ဆိုင်မှာ အင်တာနက်လိုင်းက လာတော့ လာပါတယ်။ ဒါပေမယ့် ပုံမှန်လို မဟုတ်တော့ သုံးစွဲသူတွေက အချိန် အကြာကြီး စောင့်ရတယ်။ သတင်းတွေ ဖတ်မယ်- စာပို့မယ် ဆိုရင် အချိန်အကြာကြီး စောင့်ပီးမှ အဆင်ပြေတယ်။ နောက်နေ့တွေမှာ တဖြည်းဖြည်းနဲ့ သုံးစွဲသူက လုံးဝကို လျော့ကျ သွားတယ်။ အခုတော့ စီးပွားရေး […]


BayoteJune 4, 20101min3082
ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီမှ ပြေး ဆွဲလျက်ရှိသော ပါရမီ နှင့် အဓိပတိ ယာဉ် လိုင်းများတွင် ကြိုတင်ငွေ ထည့်ထား သော ယာဉ်စီးခကတ်များ အသုံးပြုကာ ကားခ ပေးချေသော စနစ်ကို အသုံးပြု နိုင်ရေး အတွက် ဗန္ဓုလ ပို့ဆောင်ရေး ကုမ္ပဏီ နှင့် အီး – ထရိတ် မြန်မာ ကုမ္ပဏီတို့ ဆွေးနွေး ညှိနှိုင်း မှုများ ပြီးစီးပြီ ဖြစ်သဖြင့် မကြာမီ စတင် အသုံးပြု တော့မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အီး – ထရိတ်မြန်မာမှ ကွန်ပြူတာ နည်းပညာ အသုံးပြုမည့် တပ်ဆင် ပေးမည့် ကိရိယာ များတွင် ခရီးသည်က ငွေကြိုတင်သွင်း […]


BayoteJune 4, 20101min1400
ဆီနိတ်တာ ဂျင် ဝက်က မြန်မာ နိင်ငံကိုသွားရောက်မဲ့ခရီးစဉ်ကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။ ဖျက်သိမ်းရတဲ့အကြောင်းက မြန်မာနဲ ့မြောက်ကိုးရီးယား နယူးကလီးယားလက်နက် ပုူးပေါင်းထုတ်လုပ်နေတဲ့ အချက်အလက်တွေ ထွက်ပေါ်လာလို ့ဖြစ်ပါတယ်။


BayoteJune 4, 20101min2425
မြာက်ကိုးရီးယားဆီက နည်းပညာတွေကို လျိုလ်ဝှက်ရပြီးလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုမျိုးချစ်တပ်မတော်သား တဦးဖြစ်တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းက ဖေါ်ထုတ်လိုက်ပါတယ်။ စိုင်းသိန်းဝင်းကမှတ်တမ်းတွေ၊ ဗွီဒီယိုတွေ၊ ဖိုလ်တွေ၊ အနုမြူ ဗုံးထုတ်လုပ်မှုက ဘယ်အဆင့်ဆီရောက်နေပြီဆိုတာတွေကိုနိင်ငံတကာအနုမြူအေဂျင်ဆီက အရာရှိ ဘော့ကယ်လီ ဆီကိုပေးအပ်ခဲ့တယ်။ ဒီအကြောင်းတွေအပြည့်အစုံကို အဲလ်ဂျဇီးယား ( ရေလက်ကြား  ) ရုပ်မြင်သံကြား က မကြာမှီထုတ်လွင့်သွားမယ်လို ့သတင်းရပါတယ်။ အစီအစဉ်ကိုကြည့်ရှု ့နိင်တဲ့ နေရက်တွေကတော့ ထိုင်းစံတော်ချိန်  Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300.   တွေမှာ အပိုင်းလိုက်ခွဲပြီးတင်ပြသွားမယ်လို ့သိရတယ်။


BayoteJune 3, 20101min36310
မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် ယနေ့ (၃-၆-၂၀၁၀) နံနက် (၃)နာရီကျော်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ ဈေးပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ နံနက် (၂း၄၅) နာရီခန့်တွင် လျှပ်စစ်မီးလာကြောင်း၊ အဆိုပါမီးလာပြီးမကြာမီ ဖောင်းကနဲအသံကြားပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။မီးလောင်ကျွမ်းမှုကို ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်လျက်ရှိကြောင်း၊ နံနက် (၈)နာရီခန့်တွင် မီးညွန့်ကျိုးသွားကြောင်း၊ ယခုအထိ (နံနက် ၉း၄၅ နာရီအထိ) မီးငြိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။ Source : Eleven News


BayoteJune 3, 20101min2843
မ နှင့်စသော ဈေးများ မီးလောင်မှု ဆက်တိုက်ဖြစ်နေ။ မင်္ဂလာဈေး၊ မုံရွာဈေး မတွေကို ယတြာချေ နေခြင်းလော ? မီးလောင်မှု ဒီလောက် တိုက်ဆိုင်နိုင်ပါသလား။ မင်္ဂလာဈေး၊ မုံရွာဈေး . .ပြီးတော့ ဘာဈေးလာဦးမလဲ? လောင်လိုက်ယင် တစ်ဈေးလုံးနီးပါးပဲ၊ မီးကို ဘယ်လိုကာကွယ်မလဲ။ ဘယ်သူမှာ တာဝန်ရှိလဲ။ ကျနော်တို့ ပြည်သူတွေ အဖြေအမှန်ဆုံးရှာသင့်ပါပြီ။ ဆုံးရှုံးမှုတွေ များလာပါပြီ။ သာမန် ပြည်သူတွေ ခံရတာပါ။ “မ” နဲ့စသော ဈေးများ အထူး ဂရုပြု မီးစောင့်ရှောက် သင့်နေပြီ ဖြစ်ပါတယ်။


BayoteJune 2, 20101min1312
စစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်းရဲသော ကျောင်းသား မိဖများ အနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ကျောင်းသား မိဖတဦးက ပြောသည်။ စစ်တွေတွင် နာမည်ကြီး ကျောင်းတကျောင်းမှ ကျောင်းဝင်ကြေးကို အထက်တန်း ကျောင်းသား တဦးကို ကျပ်ငွေ ၅၀၀၀ဝ ကောက်ခံပြီး အလယ်တန်းကျောင်းသား တဦးကို ၃၀၀၀ဝ ကျပ် ကောက်ခံသည်ဟု သူက ပြောသည်။ “ဒီနှစ်မှာ သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးထက် ပိုမကောက်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ခုလို ကောက်ခံရင် အထက်ကို တိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။ ကောက်ခံတာကို တွေ့ရှ်ိရင် အလုပ်က ဖြုတ်မယ်။ တခြား ဝေးလံတဲ့ ဒေသတွေကိုလည်း ပြောင်းရွှေ့ […]