BayoteMay 19, 20101min1352
စကျင်ကျောက်သားဖြင့်ထုလုပ်ထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရပ်တော်မူရုပ် ပွါးဆင်းတုတော်တစ်ဆူကို အိန္ဒိယနိုင်ငံ Mumbai မြို့ရှိ ကမ္ဘာလုံးဆိုင်ရာ ဝိပဿနာဖောင်ဒင်းရှင်းသို့ ပေးအပ်လှူဒါန်းလိုက်ကြောင်းသိရသည်။ အဆိုပါ ရုပ်ပွါးဆင်းတုတော် စကျင်ကျောက်တုံးကြီး တစ်တုံးတည်းဖြင့်ထုလုပ်ထားပြီး အမြင့်အားဖြင့် ၂၁-ပေ အလေးချိန်အားဖြင့် တန် ၆ဝ ရှိသည်ဟုသိရသည်။


BayoteMay 19, 20101min1271
ဆိုင်ကလုန်းမုန်တိုင်း Laila (01B) ၏ လမ်းကြောင်းမှာ TSR မှ ယနေ့အတွက် နောက်ဆုံးကြိုတင်ခန့်မှန်းချက်အရ အနည်းငယ်ပြောင်းလဲမှုရှိကြောင်းတွေ့ရပါသည်။


BayoteMay 19, 20101min1280
စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် နိုင်ငံသား ခံယူခွင့် လျှောက်ထားခြင်းများမှာ ယခင်ထက် အချိန် ပိုမို ကြာမြင့်သလို ခွင့်ပြုချက်လည်း လွယ်လွယ်နှင့် မရစေရန် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ယမန်နှစ် စတုတ္ထ လေးလပတ်အတွင်းမှ စ၍ ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ဥပဒေနှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်သူ မစ္စတာ Ho Peng Kee က ပြောဆိုလိုက်သည်။ ဆမ်ဘာဝမ် စုပေါင်းမဲဆန္ဒနယ် (Sembawang GRC) မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Ellen Lee က အဆိုပါ အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် လျှောက်ထားသူများ စာရင်းနှင့် စင်္ကာပူတွင် နိုင်ငံခြားသားများ အဆမတန် များပြားလာသည်ဟု စင်္ကာပူနိုင်ငံသားတို့ ခံစားနေရသည့် အပေါ် အလေးထား၍ လျှောက်ထားသူများအား […]


BayoteMay 19, 20101min1290
အင်ဒိုနီးရှား ဝါရင့် ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင် တစ်ဦးက အင်ဒိုနီးရှားရှိ အစွန်းရောက်ဝါဒီ အဖွဲ့များသည် စင်္ကာပူကို ပစ်မှတ်ထားနေပြီး အဓိက ပစ်မှတ်အနေဖြင့် အော့ချတ် ဘူတာရုံအား ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ အဆိုပါ အမည်မဖော်လိုသူ ရဲထောက်လှမ်းရေးက စထရိတ်တိုင်းမ် သတင်းစာသို့ ပြောကြားရာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အသေ ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်ရာ ရှိသူ၏  နေအိမ်တွင် စင်္ကာပူရှိ ရထားလမ်းကြောင်းပြ မြေပုံကို တွေ့ရပြီး အော့ချတ် ဘူတာရုံကို ဝိုင်း၍ အမှတ်အသားပြုထားသည်ကို တွေ့ရသည်ဟု ဆိုသည်။ အင်ဒိုနီးရှားရှိ အကြမ်းဖက်ဝါဒီများအား တန်ပြန် နှိမ်နင်းရာတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသူ အရာရှိက “စင်္ကာပူ နိုင်ငံဟာ ပစ်မှတ် တစ်ခုဆိုတာ သိသာနေပါတယ်။ သူတို့တတွေဟာ မလေးရှားကနေ […]


BayoteMay 19, 20101min1641
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာပေါင်း (၆၄၉၈၉) အနက် ကျေးရွာ (၅၅၇၅၅) တွင် ကျေးရွာ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက် များကို ပြန်ကြားရေး ဝန်ကြီးဌာနက တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ၊ ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း ကို အကောင် အထည် ဖော်လျက်ရှိရာ ယင်း ဖောင်ဒေးရှင်း တွင် တာဝန် ထမ်းဆောင် လိုသူ ရုံးအဖွဲ့မှူး တစ်ယောက်ကို တစ်လ လစာနှုန်း (၈ဝဝဝဝ) ကျပ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ အဖွဲ့မှူး သည် လစာကျပ် (၆ဝဝဝဝ) ကျပ် ရရှိမည် ဖြစ်ကြောင်း သိရှိ ရသည်။ ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း ကို ဗဟို အဆင့်သာ […]


BayoteMay 19, 20101min1743
အပြည်ပြည် ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်း (IDF) ၏ ဗုဒ္ဓဂါယာ ပုံစံတူ တည်ဆောက်ရန် စီမံကိန်း အတွက် လှည်းကူးမြို့နယ်မှ ၁ဝ ဧကရှိ မြေနေရာ လှူဒါန်း လိုသည်ဟု ( ဦးဝင်းနိုင် နှင့် ဇနီး ) မှ ကမ်းလှမ်းလာ ကြောင်း အဆိုပါ ဖောင်ဒေးရှင်းမှ ဓမ္မစက္က ဦးမောင်မောင်၏ ပြောပြချက် အရ သိရသည်။ ဗုဒ္ဓဂါယာ ပုံစံတူ အတွက် လှည်းကူးမှာ မြေနေရာ လှူဒါန်း လိုတယ်လို့ ကမ်းလှမ်း လာပါတယ်။ ဒါပေမယ့် အသင်း ဩဝါဒ ဆရာတော် အလှမ်းဝေးလို့ ခဏ စောင်ကြည့်ဖို့ ပြောပါတယ်။ လူတွေကို အလွယ်တကူ လာရောက် လေ့လာနိုင်ဖို့ တည်ဆောက်မှာ ဖြစ်တဲ့ […]


BayoteMay 18, 20101min1833
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစု တစ်ခုမှ လေကြောင်းလိုင်းသစ် တည်ထောင်၍ ပြည်တွင်းရှိသွားလာရန် ခက်ခဲသည့် ဒေသများသို့ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစု တစ်ခုမှ တိုင်းရင်းသားပိုင်ပုဂ္ဂလိက လေကြောင်းလိုင်းသစ်တစ်ခုကို တည်ထောင်ကာမြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လက်ရှိပြေးဆွဲပေးနေခြင်း မရှိသော သွားလာရန်ခက်ခဲပြီး လေယာဉ်ကွင်းရှိရာမြို့များသို့ ကူးသန်း သွားလာနိုင်သည့် လေကြောင်းခရီးစဉ်များကို မြန်မာ့လေကြောင်းလိုင်း နှင့်ပူးပေါင်းပျံသန်းသွားရန် စီစဉ်နေကြောင်းသိရသည်။မြန်မာ့လေကြောင်း၏ UBA မှ BAC အဖြစ်သို့ ပြောင်းလဲလိုက်ချိန်တွင် ခရီးသည်၂ဝဦးဆန့်သော တွင်း အော်တာလေယာဉ် ၈ စင်းဝယ်ယူကာ သွားလာရန်ခဲသည့်ဒေသများ ဖြစ်ပြီး လေယာဉ်ကွင်းငယ်များရှိသော ကျောက်တု၊ ပလက်ဝ၊ ပေါက်၊ ဖားပွန်၊ ဖားအံ၊ ပုလော၊ ပုလဲကျွန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းယောင်း၊ လုံးခင်း၊ တနိုင်း၊ နောင်မွန်း၊ […]


BayoteMay 18, 20101min1631
မော်ရင်ဟိုသည် အချိန်ကာလကို မပြောရုံတမယ်သာရှိပြီး တနေ့တွင် ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြရန် စီစဉ်နေကြောင်း သိရသည်။ သောကြာနေ့တွင် ထုတ်ဝေသည့် အီတလီမဂ္ဂဇင်း ပနိုရားမားတွင် ဖော်ပြသည့် အင်တာဗျူးတခုတွင် မော်ရင်ဟိုက အနှေးနှင့် အမြန်ဆိုသလို ရီးရဲလ်မက်ဒရစ်ကို သူ နည်းပြလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ “ကျနော့်ရဲ့ ခြေထောက်တဖက်က စပိန်ကို ရောက်နေပြီး တဖက်က မီလန်မှာ ရှိနေတယ်လို့ သူတို့ရေးနေတာ အဲဒါ မမှန်ပါဘူး။ ကျနော် ရီးရဲလ်မက်ဒရစ်ကို နည်းပြမှာပါ။ အင်္ဂလန်က အသင်းကြီးတခုကို ကျနော် နည်းပြခဲ့ပြီးပါပြီ။ အခု အီတလီက အသင်းကြီးတသင်းကို ကျနော် နည်းပြနေပါတယ်။ ပြီးရင်တော့ စပိန်မှာရှိတဲ့ အသင်းကြီးတသင်းကိုလည်း ကျနော် နည်းပြဦးမှာပါ” ဟု မော်ရင်ဟိုက ပြောဆိုသည်။ “သုံးနိုင်ငံမှာ ကျနော် အရာရာကို အောင်နိုင်ခဲ့ပြီးပါပြီ။ […]


BayoteMay 18, 20101min1472
လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသော ရန်ကုန်မြို့တွင် အိမ်တွင်းစက်မှု လုပ်ငန်းများတွင် အသုံးပြုသည့် ပါဝါလျှပ်စစ်မီတာများကို  အာဏာပိုင်များက လိုက်ဖြုတ်နေကြောင်း အရေးပေါ်လျှပ်စစ်ဌာနက ပြောသည်။ စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာများကို ဖြုတ်သိမ်းခြင်းဖြင့် လူနေရပ်ကွက်များအတွက် လျှပ်စစ်မီး တိုးမြှင့်ပေးနိုင်ရေး အစီအစဉ်ကို မေလ ၁၄ ရက်နေ့မှ စတင်လိုက်ခြင်း ဖြစ်သည်။ အသေးစား စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံများ၊ စီးပွားရေး လုပ်ငန်းများ၊ ရှော့ပင်းမောလ်၊  စူပါမားကတ်နှင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ လျှပ်စစ်ဖြတ် တောက်ခံရမှာဖြစ်သည်။ “လောလောဆယ် ဓါတ်အား အလုံအလောက် မရသေးလို့ လုပ်ငန်းသုံးတွေကို ခဏရပ်ထားဖို့ မီတာ လိုက်ဖြတ်တာပါ။ ရန်ကုန်တတိုင်းလုံးလို့ ပြောလို့ရတယ်။ ကိုယ်ပိုင် Generator (မီးစက်) နဲ့ပဲ လုပ်ငန်း အသုံးပြုလို့ ရပါတယ်” ဟု ကျောက်တံတားမြို့နယ် […]


BayoteMay 18, 20101min48723
Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သုံးဦး ပုံကို လျှပ်တပြက် ဝိုင်းတော်သားတွေ ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်သတင်းထုတ်ပြန်နေတာပါ။ ပြည်သူဆီက အခကြေးငွေယူပြီး မှန်ကန်တဲ့ သတင်းမထုတ်ပြန်ရဲရင် ပုံမှန်အတိုင်း ဘုရား သွားကျောင်းတက် သတင်းပဲ ဂျာနယ်မှာ ထည့်ပါလား။ Source : http://www.humanright-myanmar.com/2010/05/blog-post_146.html