BayoteMay 8, 20101min2725
ရွေးကောက်ပွဲနောက်ပိုင်းဖျက်သိမ်းရဖွယ်ရှိမည့် ကောဠာဟဠသတင်းကြောင့် ယခုရက်ပိုင်းအတွင်းလားရှိုးမြို့ နအဖပိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် မြို့သူမြို့သားများ အလုအယက်ငွေထုတ်ယူနေကြကြောင်း စုံစမ်းသိရှိရသည်။ “မေလ ၁ ရက်နေ့ကတည်းက ဘဏ်မှာ ငွေစုထားတဲ့သူတွေ ရာဂဏန်းလောက်ရှိမယ် ငွေတွေထုတ် ယူဖို့ဘဏ်ရှေ့မှာ တန်းစီပြီး နေကြတယ်။ နေ့တိုင်းအယောက် နှစ်ရာကျော်သုံးရာလောက်ရှိမယ်” – ဟု လားရှိုးမြို့ ခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။ Source : http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/837-2010-05-07-12-41-25


BayoteMay 8, 20101min2223
အောင်ဘာလေ ထီဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ထီ လက်မှတ် များတွင် စေတီတော်ပုံ နှင့် ပိုက်ဆံများ ကြော်ငြာခြင်း မပြုဘဲ အခြား ပုံများသာ ကြော်ငြာခွင့် ပြုရန် တားမြစ် ကန့်သတ် လိုက်ကြောင်း အောင်ဘာလေထီ ရောင်းချ သူများက ပြောသည်။ ပြီးခဲ့သည့် လပိုင်းက စပြီး ထီဆိုင်တွေ အကုန်လုံးကို ဘုရားပုံနဲ့ ပိုက်ဆံပုံတွေ ကြော်ငြာခြင်း မပြုဖို့ ခေါ်ပြောတယ်။ သူတို့ ပြောတာ ကတော့ ဘုရားပုံ ဆိုတာ ဘာသာရေးနဲ့ ဆိုင်လို့ ရောင်းချခွင့် မပေးတာလို့ ပြောတယ်။ ပိုက်ဆံ ပုံတွေ ကျတော့ နိုင်ငံတော် ထုတ်တဲ့ မူပိုင်ဖြစ်လို့ ကြော်ငြာဖို့ ကန့်သတ် တာပါလို့ ပြောပါတယ်ဟု ရွှေမြန်မာမင်္ဂလာ […]


BayoteMay 7, 20101min2042
သဘောကွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂၈ ဦးက ပါတီသစ်တရပ် ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်သွားရန် ယနေ့ ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲဥပဒေများကို မကြိုက်၍ NLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ခြင်းကို မကျေနပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ၄ ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့် ဦးသိန်းညွန့်၊ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း ၃ ဦးဖြစ်သည့် ဦးစိန်လှဦး၊ ဦးစိုးဝင်း၊ ဦးသန်းဝင်းတို့ အပါအဝင် ၂၈ ဦးသည် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်တွင် ဆွေးနွေးခဲ့ပြီးနောက် ပါတီထောင်ရန် ဆုံးဖြတ်လိုက်ကြသည်ဟု ဆိုသည်။ ပါတီကို ”အမျိုးသား ဒီမိုကရေစီ အင်အားစု” (National Democratic Force) ဟု အမည်ပေးထားပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ရ ဦးက […]


BayoteMay 6, 20101min1988
ဝန်ကြီးများ ဗိုလ်ချုပ်ဌေးဦး – လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း  – စက်မှု (၂) ဗိုလ်ချုပ် သိန်းဆွေ – ပို့ဆောင်ရေး ဗိုလ်မှူးချုပ် လွန်းသီ – စွမ်းအင် ဗိုလ်ချုပ် အောင်မင်း – ရထားပို့ဆောင်ရေး ဗိုလ်မှူးချုပ် တင်နိုင်သိန်း – စီးပွား/ကူးသန်း ဗိုလ်ချုပ် စိုးနိုင် – ဟိုတယ်/ခရီး ဗိုလ်ချုပ် လှထွန်း – ဘဏ္ဍာ/အခွန် ဗိုလ်မှူးချုပ် သိန်းဇော် – ဆက်သွယ်ရေး ဗိုလ်မှူးချုပ် သူရမြင့်မောင် – သာသနာရေး ဗိုလ်ချုပ် ခင်အောင်မြင့် – ယဉ်ကျေးမှု ဗိုလ်ချုပ် တင်ထွတ် – သမဝါယမ ဗိုလ်မှူးကြီး သိန်းညွန့် – နယ်စပ်စည်ပင် […]


BayoteMay 6, 20101min33115
အရင် ဖိုးကျော်ဆိုတာ မှန်ပါတယ်။ Mandalay Gazette ပရိတ်သတ် ပျော်ရွှင်စေဖို.သက်သက်ပါ။ ကဲ ဘော်ဘော်တို့ အခုမေးခွန်းကို ဖြေနိုင်ပါ့မလား။ ပုံထဲက နှုတ်ခမ်းအလှပိုင်ရှင် ဘယ်သူလဲဆိုတာ . . .


BayoteMay 6, 20101min1782
သို့ အယ်ဒီတာရှင့် … ကျမတို့ဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန့်ဖာလုံဈေးက ပျံကျဈေးသည်တွေ ဖြစ်ပါတယ်။ ဒီဈေးမှာ ၁၉၉ရ ခုနှစ်ကတည်းက ယနေ့အထိ ပျံကျဈေးတန်းမှာ  ရောင်းဝယ်ဖောက်ကား လာခဲ့တဲ့ သူတွေပါ။ ဒီနှစ် ဇန်နဝါရီလမှာ ဈေးကြီးကြပ်ရေးကော်မတီက ကျမတို့ ပျံကျဈေးသည်တွေရဲ့ ဆိုင်ခန်းတွေကို မပြောမဆိုနဲ့ ပြန်ပြင်ဆောက်ခဲ့ပါတယ်။ ဆောက်ပြီးတဲ့နောက် ပြီးခဲ့တဲ့လ ၂၄ ရက် နေ့က ဈေးရုံးကို ခေါ်ပြီးတော့ ကျမတို့ဆိုင်ခန်းတွေကို အရှေ့ဘက် လမ်းမတန်းဆိုင်ခန်းက သိန်း ၃၀၊ အနောက်ဘက် ဆိုင်ခန်းက သိန်း ၂ဝ နဲ့ ပြန်လည် ဝယ်ယူခိုင်းပါတယ်။ ကျမတို့က ဈေးနှုန်းက အရမ်းများနေပါတယ်။ ဒီဈေးနှုန်းနဲ့ မဝယ်နိုင်ပါဘူးလို့ ဝိုင်းပြောကြတော့ တမူး ခယက အဖွဲ့ဝင် ဗိုလ်ကြီး ကောင်းစံဦးကနေ […]


BayoteMay 5, 20101min1220
ရေခဲမြစ်တစ်ခုမှ သွေးရောင် ရေများ ရေတံခွန်အဖြစ်စီးလာတာပါ။ အန္တာတိက က ရေခဲမြစ်မှဖြစ်ပါတယ်။ ၁၉၁၁ ကတဲက တွေ.ခဲ့ရတာဖြစ်ပါတယ်။ အသေးစိတ်ကိုတော ့ http://atlasobscura.com/place/blood-falls မှာ ကြည့်နိုင်ပါတယ်။


BayoteMay 5, 20101min1301
စက်တင်ဘာအကြမ်းဖက်ခြင်း၊ Hindu Muslimဘာသာကွဲချစ်ခြင်း၊ အမေရိကန် ရဲအရာရှိတွေရဲ. မွတ်စလင် လူမျိုးများအား အကြမ်းဖက်သမားများဟု ယူဆကာ မတရား စစ်ဆေးပုံတို့ကို သရုပ်ဖော်ထားပါတယ်။ အီဂျစ်နိုင်ငံ မှာ အကောင်းဆုံးစံချိန်နဲ့ နှစ်ပတ်ကျော်တောင် ပြသနေပါပြီ။ Bollywood နာမည်ကျော် အတွဲမိဆုံးစုံတွဲ Shah Rukh Khan၊ Kajol တို.ပါဝင်သရုပ်ဆောင်ထားတာပါ။ Shah Rukh Khan မှ အမေရိကန် သမ္မတ နဲ့ ဘာလို့တွေ့ချင်တာလဲ။ ဘာပြောချင်တာလဲ ဆိုတာဟာ ဇာတ်ကားရဲ. အဓိကပါ။ Sha Rukh Khan မှ အမေရိကန် သမ္မတ နဲ့ တကယ် တွေ့လိုက်ရ၊ မတွေ့ လိုက်ရဆိုတာကို. .


BayoteMay 5, 20101min42513
နှစ် ၇ဝ ကြာ အစာမစား၊ ရေမသောက်ဘဲနေလာခဲ့သည်ဆိုသော အသက် ၈၂ နှစ်အရွယ်ရှိ ဆာဒူးကြီးအား အိန္ဒိယစစ်ဘက်သိပ္ပံပညာရှင်များက သုတေသနပြုလုပ်လျက်ရှိကြောင်း သိရသည်။        ပရာလက်ဒ်ဂျာနီအမည်ရ ဆာဒူးကြီးကို ဂူဂျာရက်ပြည်နယ် အမာ ဒါဘက်ရှိဆေးရုံတစ်ရုံတွင်ထားရှိပြီး အိန္ဒိယကာကွယ်ရေးသုတေသနအဖွဲ့ က ဆရာဝန်များနှင့်အတူ စောင့်ကြည့်လေ့လာလျက်ရှိသည်။ဆာဒူးကြီးသည် စောင့်ကြည့်လေ့လာသူများနှင့် ကင်မရာများရှေ့မှောက်တွင် အစာမစား၊ ရေမသောက်ဘဲနေသည် မှာ ဧပြီလ ၂၈ ရက်နေ့တွင် ၆ ရက် မျှရှိလာပြီဖြစ်သော်လည်း ၎င်းခန္ဓာ ကိုယ်သည် ငတ်မွတ်မှု၊ ရေဓာတ်ခန်းခြောက်မှုတို့ကြောင့် ဖြစ်သည့်သက်ရောက်မှုဆိုးကျိုး တစ်စုံတစ်ရာမျှရှိသည်ဟု မတွေ့ရကြောင်း ဆရာဝန်များက ပြောကြားသည်။ ပရာလက်ဒ်ဂျာနီသည် အသက် ရ နှစ်အရွယ်ကတည်းက အိမ်မှ ထွက်လာခဲ့သူဖြစ်ပြီး ဆာဒူးအဖြစ် ရာဂျာ့စ်သန်ပြည်နယ်တွင် လှည့်လည်နေခဲ့သူဖြစ်သည်။ ၎င်းသည် သမထစွမ်းအားဖြင့် အာဟာရသိဒ္ဒိပြီးနေသူဟု ထင်ရှားသူဖြစ်သည်။ သဘာဝလွန် […]