BayoteMay 5, 20101min1531
ကျပ်သိန်းတစ်ထောင်ဆုကို သံဃာတော်အနေဖြင့် ပထမဆုံးပေါက်ခဲ့သည့် ဆရာတော်ဦးတေဇနိယအား မိုးယံမှ အလှူတော်ငွေ ကျပ်သိန်းငါးရာ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့ ညနေ ၅နာရီမှ ၈ နာရီအထိ မုံရွာမြို့၊ ရုံးကြီးရပ်၊ ဘူတာလမ်းရှိ မြစန္ဒာခန်းမတွင် ကျင်းပခဲ့သည်။ “၂၀၁ဝ ဧပြီလ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ (၂၅၅) ကြိမ်မြောက် ထီဖွင့်ပွဲမှာ စ-၈၄၅၂၈၈ နံပါတ်နဲ့ သိန်းတစ်ထောင်ဆုကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကျောက်ဖြူတိုင်ကျေးရွာ သာသနာ့ရောင်ခြည်ကျောင်း က ဆရာတော်ဦးတေဇနိယက ဆွတ်ခူးခဲ့ပါတယ်။ ဆရာတော်ဦးတေဇနိယကို သိန်းငါးရာ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်”ဟု (၂၅၅) ကြိမ်သိန်းတစ်ထောင်ဆု ကိုယ်စားလှယ်ကံထူးရှင် ဦးကျော်ဌေး(မင်းမဟော် ထီဆိုင်)က ပြောပြခဲ့သည်။ “ဆရာတော်ဦးတေဇနိယဟာ သက်တော် ၅၀၊ ဝါတော် […]


BayoteMay 5, 20101min1481
ဒါရိုက်တာ ဇင်ယော်မောင်မောင်နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် အင်ဗွိုင်းဂျာနယ်ကို ငွေရေးကြေးရေး အခက်အခဲကြောင့် ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ဝေမှု ရပ်နားလိုက်သဖြင့် ယင်းဂျာနယ်တွင် လုပ်ကိုင်နေသည့် သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ အလုပ်အကိုင် ပြန်လည်ရရှိရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။ ထုတ်ဝေမှုသက်တမ်း (၅) လခန့်သာ ရှိသေးသည့် အင်ဗွိုင်းဂျာနယ် ရပ်နားလိုက်မှုကြောင့် ဂျာနယ်တိုက် ဝန်ထမ်းများ လျော်ကြေးမရသည့်အပြင် အခြားအလုပ်အကိုင်သစ်တခုရှာရန် အခက်အခဲ တွေ့နေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ဧပြီလကုန်မှာ သူဌေးတွေ ငွေရေး ကြေးရေး ခွဲဝေတာ မတည့်လို့ ထုတ်ဝေမှုကို ရပ်လိုက်တယ်။ ဝန်ထမ်းတွေက (၁) လ ကြိုပြီး အလုပ်နားမယ်မပြောဘဲ အလုပ်ရပ်ရင် (၃) လစာ ပေးရမယ်လို့ တောင်းဆိုလို့ အခု ဂျာနယ် မထုတ်တာတောင် ဒီလကို […]


BayoteMay 5, 20101min3027
ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား တည်ထောင်ခွင့်ပြုလိုက်ကြောင်း ယနေ့ည ၈နာရီ ရုပ်သံ သတင်းတွင် ကြေညာသွားခဲ့သည်။ပါတီတည်ထောင်ခွင့် မလျှောက်မီ ၅ ရက်အလိုတွင် ဗိုလ်ချုပ်များအဖြစ်မှ အနားယူပြီး အရပ်ဝတ်သို့ လဲခဲ့ကြသည့် စစ်အစိုးရ၏ ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်း ၂ရ ဦးနှင့်နအဖ အစိုးရက ခန့်အပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်ပြုရန် ၂၉ ရက်နေ့တွင် လျှောက်ထားခဲ့ကြပြီး ယခုကဲ့သို့ မေလ ၄ရက်နေ့တွင် တည်ထောင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ဧပြီလ ၃ဝ ရက်နေ့ သတင်းစာတွင်ပါရှိသည့် ကော်မရှင်၏ ကြေညာချက်အရ ပါတီတည်ထောင်ခွင့် ပြုရန်လျှောက်ထားသည့် ပါတီပေါင်း ၂၅ ပါတီရှိပြီး ၁၂ ပါတီအား တည်ထောင်ခွင့် ပြုပြီးဖြစ်ကာ၊ […]


BayoteMay 5, 20101min1290
မန်မာနိုင်ငံကို လာကြမည့် နိုင်ငံခြားသားခရီးသွားများအား ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မေလဆန်းမှစပြီး ထုတ်ပေးခဲ့သည့် ဆိုက်ရောက်ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၃ဝ ပေးဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ခွင့် ၂၈ ရက်ရရှိမည်ဖြစ်သည်။ သို့သော်လည်း နေထိုင်ခွင့် သက်တမ်းတိုးခွင့် မရှိပါဟုသိရသည်။ အကယ်၍ ဆိုက်ရောက် လုပ်ငန်းဗီဇာ လျှောက်ထားပါက အမေရိကန်ဒေါ်လာ ၄ဝ ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းအတွက် နေထိုင်ခွင့် ရက်ပေါင်း ၇ဝ ရရှိမည်ဖြစ်သည့်အပြင် နေထိုင်ခွင့်သက်တမ်းတိုးခွင့် ရှိမည်ဖြစ်သည်။ နောက်တစ်မျိုးဖြစ်သည့် ဆိုက်ရောက်ဗီဇာ ပြည်ဝင်ခွင့်ဗီဇာအတွက် ၁၈ ဒေါ်လာ ပေးရမည်ဖြစ်ပြီး ၂၄ နာရီ နေထိုင်ခွင့်ရှိသည်။ အသက် ရ နှစ်အောက် ကလေးများအတွက် အခမဲ့ […]


BayoteMay 4, 20101min50015
Mandalay Gazette ပရိတ်သတ်များ စိတ်ဝင်စားဖို့ ဓါတ်ပုံ ပဟေဠိ စတင်ပေးပါမယ်။ တစ်ပတ် တစ်ပုံ ဖြေကြရအောင်။ မမကြီး စိုးမြတ်သူဇာကို အနမ်းတွေပေးနေတာ ဘယ်သူလဲ။ နာမည် ၂လုံး နဲ.ပါ။


BayoteMay 4, 20101min2322
* ဝတ်မှုန် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ‘ဘာဘီရုပ်ကလေး’ ကားက ပရိသတ်တွေကြိုက်ကြတယ်နော်။အဲဒီကားမှာ ဝတ်မှုန်ကမင်းသမီးသရုပ် ဆောင်ကြေး အမြင့်ဆုံး ရတယ်လို့ ကြားတယ်။ မဟုတ်ပါဘူးအစ်မ။ သရုပ်ဆောင်ကြေးကပုံမှန်ပဲရခဲ့တာပါ။ ပရိသတ်က အဲဒီကားကို စိတ်ဝင်စားကြပါတယ်။ သဘောကျတယ်လို့လည်း ကြား တယ်။ ဒါပေမယ့် လူဆိုတာ အမျိုးမျိုးရှိတော့ မကြိုက်တဲ့ လူတွေလည်း ရှိမှာပေါ့အစ်မရယ်။ ကိုယ်သရုပ်ဆောင်တာကြိုက်တယ်ကြားတော့လည်း အရမ်းပျော်ပါတယ်။ * မင်းသမီးအငယ်တန်းထဲမှာ ထိပ်ဆုံးက အောင်မြင်နေတာဘာကြောင့် လို့ ထင်လဲ။ အဲဒါတော့ မပြောတတ်ပါဘူး။ ဘုရားပေးတဲ့ အတိုင်းပဲပေါ့။ အားလုံးနဲ့ အဆင်ပြေအောင်နေတယ်။ သမီးကိုချစ်တဲ့သူအားလုံးကို သမီးက ချစ်တယ်။အဲဒါကြောင့် အချစ်ခံရတာနဲ့တူပါတယ်။ * ဒီနှစ်ရောမနှစ်ကလို မွေးနေ့ပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ဖို့ အစီအစဉ် ရှိလား။ မသေချာသေးပါဘူးအစ်မ။ ဝေးလည်းဝေးသေးတယ် ဆိုတော့လေ။ မနှစ်ကသမီးအသက်၂၁ နှစ်ပြည့်တာ ဆိုတော့ […]


BayoteMay 4, 20101min1872
သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅-ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသုံးလုံးမှာ လက်ပစ်ဗုံးများဖြစ်ပြီး မပေါက်ကွဲဘဲကျန်ရှိသည့်ဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်း စစ်အာဏာပိုင်များက အတည်ပြုထားသည်ဟု တနင်္လာနေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားသည်။ အဆိုပါနေ့က ဗုံးပေါက်ကွဲခဲ့သည့်နေရာတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိသည့် နောက်ဗုံးတစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါ ဗုံးမှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည့်နေရာအနီးရှိ မြန်မာဘီယာသံဘူးခွံထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ဗုံးသုံးလုံး ဆက်တိုက်ပေါက် ကွဲပြီးချိန်၌ ယင်းချိန်ကိုက်ဗုံးကို ဟန်းဖုန်းနှင့်ထပ်မံခွဲရန် ပြင်ဆင်နေစဉ် လုံခြုံရေးကားများ ဖြတ်သန်းသွားလာသဖြင့် တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ဗုံးခွဲသည့်ခလုတ်နှိပ်မရဘဲ ဗုံးမပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ယူဆကြောင်း ကို်လည်း အဆိုပါ ဂျာနယ်က ရေးသားဖော်ပြထားသည်။ အဆိုပါဂျာနယ်မှ ဆက်လက်ဖော်ပြရာတွင် ဗုံးသုံးလုံး […]


BayoteMay 4, 20101min1381
ပြည်ပသတင်း မီဒီယာအချို့တွင် ဖော်ပြထားမှု၊ အများပြည်သူ အချို့အကြား ပြောကြားနေမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည် မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီးအချို့က ငြင်းဆိုခဲ့ ကြသည်။ ပြည်တွင်းလုပ်ငန်းရှင်ကြီး အချို့အနေဖြင့် လတ်တလောပြည်ပ သတင်းမီဒီယာများတွင် ဖော်ပြထားသကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်း၊ ပါတီထောင်ခြင်းများ ပြုလုပ်သွားရန်မရှိကြောင်း ပြန်လည်ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ”ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးမှာပါဝင်ဖို့မရှိပါဘူး။ ကျန်းမာရေး အခြေအနေကြောင့်ပါ။ အသက်အရွယ် အပိုင်းအခြားအရ ကျွန်တော် လူမှုရေးကို စိုက်လိုက်မတ်တပ်လုပ်ဖို့ ဆုံးဖြတ်ထားတာပါ။ ကျွန်တော့် အနေနဲ့ ကျွန်တော်လုပ်နိုင်သေးတဲ့ လုပ်အားတွေ၊ အချိန်တွေကို လူမှုရေးလုပ်ငန်းမှာ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Social Economy မှာပဲ အလေးထား လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အများအကျိုးရှိတဲ့ အခုလိုတောင်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ အထူးပြုကုမ္ပဏီလို လုပ်ငန်းမျိုးကိုဆိုလိုတာပါ။ ဒီလိုအများ အကျိုးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ […]


BayoteMay 4, 20101min44411
ကိုမျိုးကျော့မြိုင် နှင့် မသွင်ပပအောင် လက်ထပ်ပွဲတွင် မသွင်ပပအောင်ကလေးနှင့်အတူ။ အဆိုတော် မျိုးကျော့မြိုင်နဲ့ ဒေါက်တာ သွင်ပပအောင်တို့ ဧပြီလ (၁)ရက်နေ့က တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး မင်္ဂလာဧည့်ခံပွဲကို ဝါမဝင်ခင် ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။ သွင်ပပအောင်ဟာ ၁၉၉၈ ခုနှစ်လောက်က ဗီဒီယိုကားတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ဘူးပြီး ပထမအိမ်ထောင်နဲ့ ကလေးတစ်ယောက် ရှိခဲ့ဘူးတယ်လို့ သိရပါတယ်။


BayoteMay 3, 20101min1721
ယခုရက်သတ္တပတ်အကုန်က ပါရီမြို့ဘဏ်တစ်ခု၏ မြေအောက်ခန်းအတွင်း သို့ ဓားပြများက ဥမင်လိုဏ်ခေါင်းဖောက်ကာ ဝင် ရောက်ခဲ့ပြီး အပ်နှံထားသော ပုဂ္ဂလိကပိုင် မီးခံသေတ္တာအလုံးပေါင်း ၂၀ဝ နီးပါးတို့ကိုဖောက်ခဲ့သည်ဟု ရဲက ဆိုသည်။ ဘဏ်မြေအောက်ရှိ အလုံခန်းသို့အရောက် ဥမင်လိုဏ်အခန်းများကို မတူးမီ စနေနေ့ညပိုင်းက ပါရီမြို့ Avenue de l’Opera ရှိ လိုင် ယွန်နစ်ဘဏ် (Credit Lyonnais) ၏ ဘဏ်ခွဲမှ လုံခြုံရေးအစောင့်ကို လူဆိုးဂိုဏ်းများက ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်ဟု မတ်လ ၂၉ ရက်နေ့ညက ပြောကြားခဲ့သည်။ ဘဏ်ဓားပြ များသည် မီးခံသေတ္တာများကို နာရီအတန်ကြာ အချိန်ယူ၍ ဖွင့်ခဲ့ပြီး ၎င်းတို့ထွက်ခွာ သောအခါ ၎င်း၏နေရာကို မီးရှို့ခဲ့သည်။