ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံနေသည့် မြန်မာစစ်တပ် စခန်းများမှ ဖမ်းဆီးရမိသည့် ပြည်တံဆာ အမျိုးသမီး ၁၈ ဦးကို မောင်တောမြို့နယ် တရားရုံးတွင် သောကြာနေ့က ရုံးတင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ “အားလုံးက အသက် ၁၈ နှစ် ကနေ အသက်၂ဝ ဝန်းကျင်လောက်ဘဲ ရှိကြပါတယ်။ သူတို့ကို ဖမ်းထားတာကတော့ တပတ်ကျော် လောက်ရှိပြီ ဖြစ်တယ်လို့သိရတယ်။ မနေ့ကမှ ရုံးထုတ်ပီးတော့ အမူကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဘာဆက် ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော်လည်းမသိပါဘူး။”ဟု တရားရုံးသို့ သွားရောက်ကြည့်ရှု့ခဲ့သူ မျက်မြင် တဦးက ပြောသည်။ ရုံးတင် ခံရသည့် အမျိုးသမီးများထဲတွင် ရခိုင်အမျိုးသမီး ၁၂ ဦး၊ တခြား မူဆလင် အမျိုးသမီးနှင့် ဗမာ အမျိုး […]