BayoteApril 7, 20101min1210
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ဗဟိုသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးတို့နှင့် အမြဲမပြတ်ဆက်သွယ်၍ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်လျက်ရှိသဖြင့် ၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုကို ပြည်သူလူထုက ဝေဖန်လျက်ရှိပြီးမပြတ်ကြည့်ရှုသတိပြုနေကြသည်။ ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ဌာနချုပ်သို့ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ၂၀၁ဝ ခုနှစ် မတ်လ အတွင်း (၃၁) ကြိမ်ဝင်ထွက်မှုရှိခဲ့ကြောင်း၊ အဆိုပါ သံရုံးများသည် NLD, CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း၊ စာအိတ်ကြီး၊ စာအိတ်ငယ် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။


BayoteApril 7, 20101min1330
A 7.7 magnitude earthquake has jolted the Indonesian island of Sumatra, triggering a brief tsunami watch but no immediate reports of serious damage or casualties. The U.S. Geological Survey says the quake struck before dawn Wednesday. It was centered about 205 kilometers northwest of the island, 31 kilometers under the Indian Ocean. The USGS initially […]


BayoteApril 7, 20101min1290
ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်သန်ဒေါင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ် ရေနံကုမ္ပဏီ Petro Vietnam အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးလုပ်ကွက် ဖော်ဆောင်ပေးရန် မြန်မာအစိုးရဘက်က သဘောတူညီခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ (၂) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ဗီယက်နမ်ဝန်ကြီးချုပ်သည် မြန်မာအစိုးရနှင့် စီးပွားရေးနယ်ပယ် (၁၂) ခုတွင် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ရာ၌ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ဗီယက်နမ်ဘက်မှ ကုမ္ပဏီ (၂) ခု လုပ်ကိုင်ခွင့်ရရေး အဆိုပြုထားခြင်းဖြစ်သည်။ ဗီယက်နမ် ရေနံကုမ္ပဏီ Petro Vietnam အတွက် သဘာဝဓာတ်ငွေ့ လုပ်ကွက် ဖော်ဆောင်ပေးရန် မြန်မာဘက်က သဘောတူညီလိုက်ပြီး A. S. V Holding ကုမ္ပဏီအတွက် နောက်ထပ် […]


BayoteApril 6, 20101min3007
Fans တစ်သောင်းပြည့်အတွက်….. မျှဝေ ပေးဆပ်မှု “ဒေါင်း” ဆိုတာ က,မှ လှတယ်။ “ငှက်” ဆိုတာ တေးသီမှ အေးချမ်းတယ်။ “ငါး” ဆိုတာ ကူးခတ်နေမှ ကြည်နူးတယ်။ “ခွေး” ဆိုတာ အမြှီးလေး နံ့နေမှ ပျော်မြူးတယ်။ အေး…. “လူ” ဆိုတာ ဗြဟ္မစိုရ်တရား လက်ကိုင်ထားမှ ငြိမ်းချမ်းရေးကို ရမယ် ….မှတ်! ကျော်သူ Source : Kyaw Thu Facebook…


BayoteApril 6, 20101min1392
ရန်ကုန်မြို့မှ ၁၁၅ မိုင်အကွာရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းရှိရာ ယခုအခါ ခရီးသည် များ စိတ်တိုင်းကျမှာယူစားသောက်နိုင်သည့် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည့်အပြင် မော်တော်ယာဉ်များနှင့် ခရီးသည်များ ဆင် ပြေစေရန် ရည်ရွယ်၍ စက်သုံးဆီအရောင်းဆိုင်၊ ကားပြင်အလုပ်ရုံနှင့် အသေးစားတည်းခိုခန်းများပါ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ၁၁၅ မိုင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းကို Rest Camp ဟုအမည်ပေးထားသည်။ စခန်းမှာ ရန်ကုန်မြို့နှင့် နေပြည်တော်အကြား အလယ်ဗဟိုတွင် တည်ရှိသဖြင့် နေပြည်တော်နှင့်လည်း ၁၁၅ မိုင် ကွာဝေးသည်။ အဆိုပါလမ်းပိုင်းကို ခရီးသည်တင် အဝေးပြေး မှန်လုံ လေအိတ် ကားကြီးများ အများဆုံးပြေးဆွဲမှုရှိသည်။ ရန်ကုန်မြို့သို့ ဦးတည်ပြေးဆွဲနေသော မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင်ကြီး၊ ပုဂံညောင်ဦး စသောမြို့များမှ ကားများနေ့စဉ်စီးရေ […]


BayoteApril 6, 20101min1905
ရန်ကုန်မြို့ရှိ အန္တရာယ်ရှိအဖြစ်သတ်မှတ်ခဲ့ပြီးသော အဆောက်အအုံများတွင် ဆက်လက်နေထိုင်မှုမှ ဖယ်ရှားပြီး အဆောက်အအုံများတွင် ဆက် လက်နေထိုင်မှုမှ ဖယ်ရှားပြီး အဆောက်အအုံ၏ သော့များအား လာရောက် အပ်နှံရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေထိုင် သူများကို အသိပေးချက်ထုတ်ပြန်ထားကြောင်းသိရှိရသည်။ ရန်ကုန်မြို့တွင်းရှိ ချို့ယွင်းပျက်စီးမှုများပြားသည့် အန္တရာယ်ရှိ အဆောက်အအုံများ သည် အန္တရာယ်ရှိသောကြောင့် သုံးရက်အတွင်းဖယ်ရှားရန် သက်ဆိုင်ရာအဆောက်အအုံနေသူများထံသို့ နှိုးဆော်စာများကို ပေးပို့ခဲ့ပြီး ဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါအဆောက်အအုံများတွင် နေထိုင်သူများသည် အခန်းမှ ဖယ်ရှားပြီး အင်ဂျင်နီယာဌာန (အဆောက်အအုံ) စီမံချက်ဌာနခွဲသို့ သော့များ အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ပြီးသော အဆောက်အအုံများကို သက်ဆိုင်ရာ ကန်ထရိုက်တာများက ဖြိုဖျက်၍ အသစ်ပြန်လည်ဆောက်လုပ်ရာတွင် အချို့မှာတစ်နှစ်နီးပါးကြာမြင့်မည်ဖြစ်ပြီး အချို့မှာတစ်နှစ်ခွဲအထိ ကြာမြင့် သည်များလည်း ရှိကြောင်း၊ သို့သော်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမူတစ်နှစ်ခွဲခန့်ဖြင့် အဆောက်အအုံများကို […]


BayoteApril 6, 20101min2729
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စား သုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်များကို ဓာတ်ခွဲစစ်ဆေးရာ ငရုတ်သီး အစိမ်းမှုန့် ရွှေအုပ်အမှတ်တံဆိပ်(ပင်ရင်း-ကိုင်းတန်းဈေး၊ မန္တလေး)တွင် ခွင့်မပြုဆိုးဆေးအသုံးပြုထားကြောင်း တွေ့ရှိရသဖြင့် စားသုံးရန် မသင့် ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြု သော ဓာတုဆိုးဆေးများ သုံးစွဲခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအ သောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား ပါသည်။


BayoteApril 5, 20101min1441
ယ မန်နေ့ညနေ ၅နာရီ၄ဝခန့်တွင် မက္ကဆီကိုနိုင်ငံဘာဂျာကယ်လီဖိုးနီးယား ပြည်နယ်တွင် အင်အား(၇.၂)ရှိ ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ် သွားခဲ့သည်။ ၎င်းငလျင်လှုပ်ခတ်ခြင်းကို အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်နယ်များတွင်လည်း အနည်းငယ်ဆီ ခံစားကြရသည်။ အဆိုပါ ငလျင်သည် ဂွါတာလူး ဗစ်တိုးရီးယားအနောက်တောင်ဘက် (၂၆)ကီလိုမီတာအကွာဒေသတွင် မြေအောက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ဆက်သွယ်ရေးများပြတ်တောက် သွားခဲ့၍ အပျက်အစီးသတင်းများ မရရှိသေးပေ။ နောက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်လေးများ အကြိမ်များစွာလှုပ်ခတ်ခဲ့သည်။ (ဆင်ဟွာ)


BayoteApril 5, 20101min1030
ရန်ကုန်မြို့တော်၏ ပြည်သူများအားလုံးရေအလုံအလောက်ရရှိစေရေးအတွက် သင်္ကြန်ကာလရေပေးဝေမှုကိုအချိန်ပိုင်းစနစ်ဖြင့် ခွဲတမ်းချမှတ်၍ မြို့နယ်ရပ်ကွက်အချို့ကိုပေးဝေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာ (ရေနှင့်သန့်ရှင်းမှု) မှ တာ ဝန်ရှိသူတစ်ဦးကပြောကြားသည်။ သင်္ကြန်ကာလရေပေးဝေမှုကို တစ်ရက်လျှင်နှစ်ကြိမ်ပေးမည့်မြို့နယ်၊ တစ်ကြိမ်ပေးမည့်မြို့နယ်နှင့် ၂၄နာရီ ပေးမည့်မြို့နယ်ဟူ၍ သတ်မှတ်ထားကြောင်း၊ တစ်ရက်နှစ်ကြိမ်ပေးရာတွင် နံနက် ရ နာရီမှ ၁၁ နာရီနှင့် ညနေ ၃ နာရီမှ ၆ နာရီဖြစ်ကြောင်း၊ ယင်းမြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ဖြစ်ကြောင်း၊တစ်ကြိမ်ပေးရာတွင် နံနက် ရ နာရီမှ ၁ဝ နာရီထိဖြစ်၍ ယင်းမြို့နယ်များမှာ အလုံ၊ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ဖြစ်ကြောင်း၊ ၂၄ နာရီပေးမည့်မြို့နယ်များမှာ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်တို့ဖြစ်ပြီး ကျန်မြို့နယ်များကို ယခင်အတိုင်းပေးဝေသွားမည်ဟု ရေသန့်ဌာနစာရင်းများအရ သိရသည်။ ရန်ကုန်မြို့၏ လက်ရှိလူဦးရေ […]


BayoteApril 5, 20101min1423
အလှည့်ကျခွဲတမ်းစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားရရှိနေသော ရန်ကုန်မြို့တော်တွင် မတ်လ နှောင်းပိုင်းမှစတင်၍ အချိန်ကြာမြင့်စွာ လျှပ်စစ် မီး ပြတ်တောက် နေခြင်းမှာ မကြခဏချွတ်ယွင်းနေသောဓာတ်ငွေ့ပိုက်လိုင်းများ အစားထိုးလဲလှယ်နေခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ပိုက်လိုင်းများ လဲလှယ် ပြီးပါက လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ “MOGE ကပိုင်လိုင်းတွေအစားထိုးလဲလှယ်မယ်ဆိုတာ အကြောင်းကြားထားပါတယ်။ ဧပြီဆန်းပိုင်းမှာ အပြီးလုပ်မယ်လို့ စာထဲမှာပါတယ်” ဟု ၎င်း ကဆိုသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ တာဘိုင်နှင့် ဂျင်နရေတာ လေးလုံး အ နက် တစ်လုံးသည် ဖေဖော်ဝါရီနှောင်းပိုင်းတွင် စတင်လည်ပတ်ခဲ့ရာ ၉ရ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြပြီး နောက် ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိခဲ့သော်လည်း ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ် တောက်မှုများ ဖြစ်ပေးခဲ့ကြောင်း ရန်ကုန်မြို့ခံများက တညီတညွတ်တည်းပြောကြားသည်။ […]


BayoteApril 5, 20101min2225
ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ကမ်းနားလမ်းရှိသီရိမင်္ဂလာ ဈေးကြီး၏ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ သီရိမင်္ဂလာ ဈေးကြီး တစ်ခုလုံး အားပြောင်းရွှေ့ခြင်းမဟုတ်ဘဲ ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းတို့ကိုသာပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီးအပေါ်ထပ်ရှိ ကလေး ကစားကွင်း နှင့်တည်းခိုးခန်းများကိုမူ ပြောင်းရွှေ့သွားမည် မဟုတ်ကြောင်းလည်း သိရှိရသည်။ ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် အဆိုပါသီရိမင်္ဂလာဈေးရှိ ကုန်စိမ်းတန်း နှင့် ငါးခြောက်တန်းတို့ကို လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ပိတောက်ချောင်း အနီးရှိ မြေ ၁၂ ဧက ကျယ်ဝန်း သော မြေနေရာတွင် တစ်ထပ်ဈေးကြီးအဖြစ် ဖွင့်လှစ်သွားနိုင်ရန်ဆောင် ရွက်လျက်ရှိသည်ဟု သိရပြီး ကားအစီးရေ ၂၀၀ဝ ကျော် ရပ် နားနိုင်သည့် ကားပါကင်ပါရှိမည်ဖြစ်သည်။ တစ်ထပ်ဟောလ်တိုက်ပုံစံဖြစ်ကာ အောက်ခြေအုတ်ခံမှ အမိုးအထိ အမြင့်မှာ ၁၆ ပေခန့်ရှိမည်ဟု သိရ သည်။ […]


BayoteApril 5, 20101min1413
ငါးသိန်းတန်ဖုန်းများအား ဧပြီလအတွင်း ရန်ကုန်မြို့၌ နေ့ချင်းအပြီးလျှောက်ထားရယူနိုင်ရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရန်ကုန်မှာ ငါးသိန်းတန် စီဒီအမ်အေဖုန်းကို ဒီနေ့ လျှောက်ပြီး ဒီနေ့သုံးလို့ရအောင် အခုတည်းက လူတွေထပ်တိုးချဲ့ပြီး စီစဉ်ဆောင်ရွက်နေပါပြီ။ ယခုလထဲမှာ လုပ်ပေးနိုင်အောင် ဆောင်ရွက် နေ ပါတယ်”ဟု ယင်းကပြောသည်။ ယခုလက်ရှိတွင် ငါးသိန်းတန်ဖုန်းများအား စတင်လျှောက်ထားပါက အနည်းဆုံး တစ်လကျော်ကြာမြင့်ပြီး ဖုန်း သုံးစွဲခွင့်ကျလာပါက ထုတ်ယူရန် ငါးရက်နီးပါး ကြာမြင့်နေကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၆ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါ သည်။