BayoteApril 2, 20101min1420
ဤတစ်လတွက်တာ သင့်-ဘဝကံကြမ္မာအဖြေရှာ (၂၀၁ဝခုနှစ်၊ ဧပြီလ) ဆြာစန်း (M.A, R.L, Diploma in Traditional Medicine) တနင်္ဂနွေသားသမီးများ ကံကြမ္မာအလှည့်အပြောင်းကာလဖြစ်သဖြင့် ကောင်းကျိုးသုခခံစားခွင့်ရရှိမည်။  ငွေကြေးများစွာဝင်ပြီး စီးပွားဥစ္စာ တိုးတက်မည်။ မမျှော်လင့်ဘဲ ထီဆုကြီးပေါက်တတ်သည်။  မြေအမွေအနှစ်၊ အိုးအိမ်တိုက်ခြံမြေဝင်မည်။ ပျိုရွယ်သူများ အချစ်ရေးစန်းပွင့်နေမည်။  ကိုယ်ဝန်ဆောင်သူများ ကိုယ်ဝန်ပျက်ကျတတ်သည်၊ သတိထားပါ။ ထီထိုးပါက ၁၊ ၅၊ ၆ ဂဏန်းများပါရှိသော ထီလက်မှတ်များကို ရွေးထိုးပါ။ ယတြာ ။ မွေးနေ့တွင် ဘုရား၌ သပြေပန်းကပ်လှူပါ။ တနင်္လာသားသမီးများ ရွှေလက်ဝတ်ရတနာများ ဝင်တတ်သည်။  ဗုဒ္ဓရုပ်ပွားတော်များ လက်ဆောင်ရတတ်သည်။ ရရှိပါက ကုသိုလ်ထူးပြီး ကောင်းကျိုးခံစားရမည်။ ပျိုရွယ်သူများ အချစ်ရေး မကောင်းသေးပါ။  အိမ်ထောင်မပြုသင့်သေးပါ။ မြေအမွေနှင့် ပတ်သတ်၍ အမှုရင်ဆိုင်ရတတ်သည်။  ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့် […]


BayoteApril 2, 20101min3118
သဘာဝ ကျလှပါတယ်။ စိတ်ဝင်စားဖွယ်ပုံ လေးတစ်ပုံပါ။ အွန်လိုင်း က ရလိုက်တာဖြစ်ပါတယ်။ “မခွဲကြေး-သဘာဝကပေးသော အချစ် စုံတွဲ”လို. ပုံလေးကို အမည်ပေးလိုက်ပါမယ်။မကောင်းဘlးလား။


BayoteApril 2, 20101min1982
မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယသို့ မကြာမီကာလအတွင်း ရောက်ရှိတော့မည်။ သင်္ကြန်ကာလတွင် ဖျော်ဖြေရေးအဖြစ်တစ်မျိုး၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲ၍တဖုံ ပုံစံအမျိုးမျိုးဖြင့်ဆင်နွှဲကြမည့် အနုပညာရှင်များရှိနေသကဲ့သို့ ယခုနှစ်သင်္ကြန်ချိန်ခါတွင်တရားစခန်းဝင်ခြင်း၊ ရဟန်းဘောင်ဝင်ခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြသူများလည်းရှိနေကြပြန်သည်။ မြန်မာနှစ်သစ်ကူးကာလတွင် ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ မင်းသွေး၊နိုဘယ်လ်ကျော်ကျော်၊ မိုးအောင်ရင်၊ မမများအဖွဲ့၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျင်စသည့် အနုပညာရှင်အချို့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားစခန်းဝင်ခြင်း၊ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းစသည့်  ကုသိုလ်ကောင်းမှုအဖုံဖုံဖြင့် သင်္ကြန်ကာလအားဖြတ်ကျော်ရန် စီစဉ်လျက်ရှိရာ . . . . ဟိန်းဝေယံ ကျွန်တော် ဒီနှစ်သင်္ကြန် တရား စခန်းဝင်ဖို့ စဉ်းစားထားတယ်။ မနှစ်ကလည်း သင်္ကြန်တွင်းကို ရဟန်းခံ ဖြစ်တယ်လေ။ ဒီနှစ်ကတော့ ကျွန်တော်တို့ဇာတိ မော်လမြိုင်ကိုပြန်ပြီး တရားစခန်း အေးအေးဆေးဆေးဝင် မယ်လို့ စိတ်ကူးဖြစ်တာပါ။ ကျွန်တော့် ပင်ကိုစရိုက်ကိုက လူတွေအများကြီး ရှုပ်နေတဲ့နေရာမှာ […]


BayoteApril 2, 20101min86061
ဓါတ်ပုံ ဆရာ ရဲ. အမှတ်မထင်(ခိုးဖမ်း) ပြီး ရိုက်ထားတယ်ထင်ပါတယ်။ Myanmar Popular Pop Singer L Sai Zi is showing off her sexy boobies??? L Sai Zi is the one of popular ethnic singers in Myanmar. She is getting very popular especially with her pop love songs. Photo Received By Email From : http://www.myanmarcelebrity.com/


BayoteApril 2, 20101min34715
ပြည်သူချစ်သော အနုပညာရှင် တစ်ရာကျော် စုပေါင်းပြီး ဘက်ပေါင်းစုံက ဆင်းရဲ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေ ပြေလည်အောင် ဖြည့်စည်းပေးရန် နေပြည်တော်သို့ ချီတက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီမှာ တောင်းဆို ကြမယ်လို့ သိရပါတယ်။  အခုလို အနုပညာရှင်တွေ ရာနှင့်ချီပြီး ပရိသတ်တွေအတွက် ရှေ့တန်းကထွက်  တောင်းဆိုဆန္ဒပြ  ဒါဟာ မြန်မာပြည်မှာ ပထမဆုံးဖြစ်ပြီး နေပြည်တော်မှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်မယ့် အနုပညာရှင် စာရင်း


BayoteApril 2, 20101min1250
နိုင်ငံပေါင်း (၁၅၆) နိုင်ငံတွင် ကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းသစ်ကို စစ်အစိုးရက ယမန်နေ့မှစ၍ ထုတ်လွှင့်လိုက်သည်။ မြန်မာအင်တာနေရှင်နယ်ကို Shin Corp Thaicom 3 Satellite ဂြိုဟ်တုမှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အာရှဒေသ၊ မြောက်အမေရိက၊ ဥရောပ၊ ဩစတြေးလျနိုင်ငံတို့တွင် (၂၄) နာရီပတ်လုံး ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာပြည်တွင်းတွင်မူ နံနက် (၉) နာရီမှ (၁၁) နာရီအထိသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ “ပြင်ပကမာ္ဘအနေဖြင့် မြန်မာနိုင်ငံအကြောင်းကို မသိရှိသေးသည့်အချက်များစွာ ရှိနေကြောင်း၊ မြန်မာအင်တာနေရှင်နယ်၏ အင်္ဂလိပ်ဘာသာ အစီအစဉ်များသည် မြန်မာကို ပြင်ပကမာ္ဘက ပိုမိုချိတ်ဆက်စေမည်ဖြစ်ပြီး ပြင်ပကမာ္ဘအနေဖြင့်လည်း မြန်မာကို အမှန်တကယ် နားလည်လာနိုင်မည်ဖြစ်ကြောင်း” ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားသည်။ အဆိုပါ ရုပ်သံလိုင်းသစ်ကို […]


BayoteApril 1, 20101min1290
ဆွစ်စလန်နိုင်ငံ လောင်းကစားရုံအား လက်နက်ကိုင်များ ဝင်စီး ဆွစ်စလန်နိုင်ငံ နယ်စပ်တွင်ရှိသော ဘာဆဲလ်မြို့၏ နာမည်ကျော် လောင်းကစားဒိုင်ကြီးသို့ ယမန်နေ့ နံနက် စောစော ၄ နာရီခန့် အချိန်တွင် လက်နက်ကိုင် လူဆိုးများက အတင်းဝင်ရောက်စီးနင်း၍ ဒေါ်လာ ၃၂၀၀၀ဝ ခန့်ကို လုယက်၍ ထွက်ပြေးသွားခဲ့ကြသည်။ လူဆိုး ၁ဝ ယောက်ခန့် သည် ကားနှစ်စီးဖြင့် ရုတ်တရက်ဆိုက်ရောက်လာပြီးလျှင် ကိုင်ဆောင်ထားသော လက်နက်များဖြင့် မှန်တံခါးများကိုခွဲ၍ အတင်းဝင်ရောက် လာပြီးလျှင် ဧည့်သည် ၆၀ဝ ကျော်နှင့် ဝန်ထမ်းများအား ကြမ်းပြင်တွင် ပြားပြားဝပ်စေပြီးနောက် ကစားဝိုင်းများမှ ငွေများကို လုယက် ယူငင် ကြ သည်။ ငွေတိုက်ခန်းကို သေနတ်များဖြင့် ပစ်ခတ်ဖောက်ထွင်းသော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့နောက် ကားများဖြင့် တစ်ဖက်နိုင်ငံ ပြင်သစ် […]


BayoteApril 1, 20102min1350
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် သတင်းများ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ(JICA)တို့ ပူးပေါင်းဖွင့်လှစ်သည့် ICTTIသင်တန်းဌာနတွင် ဖော်ပြပါသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါ သည်။ Software Development Course ကို ၃-၅-၂၀၁၀(အပတ်စဉ် ၇)ရက်နေ့မှစ၍ သင် တန်းကာလ၂၂ပတ်၊ Network Development Course ကို ၃-၅-၂၀၁၀(အပတ်စဉ် ၇) ရက် မှစ၍ သင်တန်း ကာလ ၂၂ ပတ်၊ Advanced Web Design Course (JavaScript, Ajax, Web Service, Web Design, User Interface Design) ကို ၂၄-၅-၂၀၁၀(အပတ်စဉ် ၁)၊ ၁၉-၇-၂၀၁ဝ (အပတ်စဉ် ၂)၊ […]


BayoteApril 1, 20101min1441
အမျိုးသားအဆင့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရတနာပုံ Web Portal အတွက်အဖွဲ့အစည်းပေါင်းစုံနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ရတနာပုံ WebPortal တွင် ကဏ္ဍပေါင်းစုံ ပါဝင်မည်ဖြစ်ပြီး ထိုကဲ့သို့ စုံလင်ရန်အတွက် ပြည် တွင်းရှိမီဒီယာအဖွဲ့အစည်းကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတို့နှင့် လည်းပူးပေါင်း လုပ်ဆောင်သွားမည်ဟုသိရသည်။“အိမ်နီးချင်းနိုင်ငံတွေမှာ Web Portal ကြီး တွေရှိပြီး သက်တမ်းအားဖြင့် ၁၅ နှစ်လောက်ရှိပြီဖြစ်ပါတယ်။ ဒီမှာတော့ အခြေခံအဆောက် အအုံပိုင်း လိုအပ်ချက်တွေဖြည့်ဆည်းရင်းနဲ့မကြာခင်မှာ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့်ဖြစ်တဲ့အတွက် ဖင်လန်နိုင်ငံက အကြံပေးပညာရှင်ငတွေကိုလည်းငှားထား ပါတယ်”ဟု အဆိုပါ Web Portal စီမံကိန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ Web Portal ကိုမိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၂၀၁ဝခုနှစ်မတ်လ ၂၆ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါ […]


BayoteApril 1, 20101min28810
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရေမွှေးဖျန်းခြင်း ရေသပ္ပာယ်ခြင်းတွေ မပြု လုပ်ဖို့ စီစဉ်ထားကြောင်း ရေတော်ဆရာတော် ဘဒ္ဒန္တဦးဥက္ကဋ္ဌက မိန့်ကြားပါတယ်။ “ရေတော် ဆရာတော် ရွေးချယ် ခန့်အပ်တဲ့နေ့က ဩဝါဒါစရိယ ဆရာတော်တွေက မိန့်ကြားသွားတာပါ။ အရင်ကမျက်နှာတော်ကို ရေမွှေးဖျန်း ပူဇော်တာတို့၊ လပြည့် လကွယ်နေ့တွေမှာ ရေသပ္ပာယ် တာတို့ လုပ်ခဲ့ကြတယ်၊ အခုတော့ မလုပ်ရတော့ဘူး” လို့ ဆရာတော်က ဆက်လက်မိန့်ကြား တယ်။ အုတ်ခုံတွေစိုပြီး ပျက်စီးကုန်မှာကြောင့် ရေသပ္ပာယ်ခြင်းကို တားမြစ်ထားတာလို့ဆို တယ်။ မျက်နှာတော်ကို ရေမွှေးဖျန်းပြီး ပူဇော်ရာမှာလည်း ရေမွှေးမှာပါတဲ့ ဓာတုပစ္စည်းတွေ ကြောင့် မျက်နှာတော်ပျက်စီးမှာစိုးလို့ ပိတ်ပင်ရတာဖြစ်ကြောင်းသိရပါတယ်။ ယခုအခါ မျက် နှာသစ်တော် ရေအတွက် ရေမွှေးအစား နံ့သာဆီနဲ့ ရေသန့် ရောစပ်ပြီး အသုံးပြုနေကြောင်း ၂၀၁ဝ ခုနှစ် […]


BayoteApril 1, 20101min1700
နေပြည်တော်-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီးသည် မတ် ၂ရ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကလောမြို့နယ် ဘဝသံသရာတံတားအနီး၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၃၆ ဦးအနက် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး သေဆုံးကာ ကျန်ခရီးသည် ၃ဝ မှာ ပွန်းပဲ့၊ ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကူသပေးလျက်ရှိကြောင်း ယာဉ်မောင်း အောင်သက်ဦးအား ဟဲဟိုးရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်/ပြင်းထန် နာကျင်မှုဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ ခရီးသွား ခရီးသည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များကို ခရီးမထွက်မီ သေချာစွာ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်ခွင့်ပြုအရှိန်အတွင်း မောင်းနှင်ခြင်း၊ ယာဉ်မောင်းများအနေဖြင့် […]