BayoteMarch 24, 20101min1090
မြို.တော်ခန်းမရှေ.မှ ရဲအရာရှိများ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသလို ဖြစ်နေသော မြန်မာနိုင်ငံရွေးကောက်ပွဲ ဥပဒေ အားဆွေးနွေး အဖြေရှာရန်အတွက် အရေးကြီးနိုင်ငံများအား ကြာသာပတေးနေ့ တွင် အစည်းအဝေး ခေါ်ယူရန် ဖိတ်ခေါ်လိုက်ပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရ Martin Nesirky ပြောပြချက်အရ မြန်မာအိမ်နီးချင်းများနှင့် နောက်ထပ် အစည်းအဝေးခေါ်ရန် အချိန်ကျရောက်ပြီလို့ မစ္စတာ ဘန်ကီမွန်း မှ ယုံကြည်နေကြောင်း သိရပါတယ်။ ယင်းအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၅နိုင်ငံရှိပြီး မြန်မာအိမ်နီးချင်းနိုင်ငံများ၊ မြန်မာအရေးစိတ်ဝင်စားသော အာရှနှင့် ဥရောပနိုင်ငံများ၊ ကုလသမဂ္ဂ အမြဲတမ်းနိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှ၊ တရုတ်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံ တို့ပါဝင်ပါတယ်။


BayoteMarch 23, 20101min1792
MRTV3 တစ်ဖြစ်လဲ MITV ဟာ အခုဆို စတင်ဖို့ တာစူနေပါပြီ။ မတ်လ၃၁ရက် မြန်မာ စံတော်ချိန် ၉နာရီမှာ စတင်တော့ပါမယ်။ မြန်မာ့သတင်းနှင့် ရုပ်မြင်သံကြား MRTV မှ ပြောကြားသွားခြင်း ဖြစ်ပါတယ်။၂၄နာရီ သတင်း ထုတ်လွှင့်မှုကို Thaicom-5 (Asia), Hot Bird-8 (Europe) , Galaxy-19 (North America), Apstar-V (Asia Beam)), နှင့် Optus D2 (NANAZ Beam) ဂြိုလ်တု များမှ ထုတ်လွှင့်သွားမှာပါ။ MITV မှ နိုင်ငံခြား(English) ဘာသာဖြင့် ပြည်တွင်း ပြည်ပသတင်းများ၊ ဖျော်ဖြေရေး၊ မြန်မာဇတ်လမ်း နှင့် ဗွီဒီယိုများကို လွှင့်ထုတ်သွားမှာပါ။


BayoteMarch 23, 20101min2567
မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်၏ လုပ်ငန်းတချို့တွင် စည်းကမ်း မလိုက်နာ သူများနှင့် လုပ်ငန်း တိုးတက်ရေး အတွက် ဆောင်ရွက် နိုင်ခြင်း မရှိသူ ဝန်ထမ်းများကို ကြိမ်ဒဏ်နှင့် ငွေဒဏ် ချမှတ် နေကြောင်း သတင်းရရှိသည်။ဦးပိုင်၏ လုပ်ငန်းတခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အဓိပတိ (ပါရမီ) အထူးယာဉ် လိုင်းများတွင် စီးပွားရေး အရ အောင်မြင်မှု ရစေရန် အတွက် ယာဉ်မောင်းများနှင့် စပယ်ယာများကို ကြိမ်ဒဏ် ချမှတ် အရေးယူသည့် စနစ် ကျင့်သုံး ရကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန် ရှိသူများက ဆိုသည်။ ရန်ကုန် မြို့တွင်း ပြေးဆွဲလျက် ရှိသော အဓိပတိ အထူး ယာဉ်လိုင်းများ အားလုံးတွင် […]


BayoteMarch 23, 20101min28610
India နိုင်ငံ အကြီးဆုံးကား ကား Company ဖြစ်သော TATA ကား Company မှ မြန်မာ အကြီးစား Automobile & Diesel Industries Ltd နှင့် ကုန်တင်ကားကြီးများ ထုတ်လုပ်ရန်အတွက် စက်ရုံတည်ဆောက်ရန် တနင်္လာနေ့ က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ စက်ရုံကို မြန်မာနိုင်ငံ မကွေးတိုင်း တွင် ၂၀၁၁ခုနှစ် ဇန်နဝါရီနှင့် မတ် လအတွင်း လည်ပတ်မယ်လို့ TATA Company မှ တာဝန်ရှိသူများရဲ. ပြောပြချက်အရ သိရှိရပါတယ်။ ပထမဆုံးအနေဖြင့် ကားအစီးအရေ ၁၀၀ဝ ခန့် ထုတ်လုပ်သွားမှာ ဖြစ်ပြီး နှစ်စဉ် ကားအစီးအရေ ၅၀၀ဝ ခန့် ထုတ်လုပ်သွားမယ်လို့ ပြောကြားသွားပါတယ်။ ငွေကြေးကိစ္စများအတွက် TATA […]