BayoteJune 15, 20101min1360
လေယာဉ်လက်ဈေးနှုန်းသက်သာစွာဖြင့် ပျံသန်းပေးနေသည့် AirAsia သည် ယခုအချိန်တွင် ၎င်း၏ပျံသန်းမှုခရီးစဉ်များ ချဲ့ထွင်သည့်အနေဖြင့် ဇူလိုင် ၂ဝ မှစပြီး Kuala Lumpur နှင့် Yangon နေ့စဉ်တိုက်ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်းသိရသည်။ အရောင်းမြှင့်တင်သည်အနေဖြင့် လက်မှတ်များကိုကန့်သန့်ထာပြီး ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင် ၂ဝ နေ့အတွင်း ဦးရာလူစနစ်ဖြင့် အွန်လိုင်မှရောင်းချသွားမည်ဟုသိရသည်။ ဈေးနှုန်းအနေဖြင့် ကွာလာလမ်ပူ ရန်ကုန် ခရီးစဉ်တစ်ခေါက်အတွက် အမေရိကန်ဒေါ်လာ (8.80) နှင့်ညီမျှသည့် မလေးရှားရင်ဂစ် (RM 29 ) ဖြစ်သည်ဟုသိရသည်။ လက်မှတ်တစ်စောင်၏ သက်တမ်းကာလမှာ July 20 မှ 8,May,2011 အထိဖြစ်သည်ဟုသိရသည်။


BayoteJune 14, 20101min1260
ရတနာပုံဈေးဟာနောက်ဆုံးတော့ ဖီးနစ် ငှက်လို အသက်ပြန်ဝင် လာခဲ့ပြီး ရတနာပုံ ဒိုင်းမွန်း ပလာဇာ အဖြစ် မြေညီထပ် ဆိုင်ခန်းတွေအတွက် အရောင်းဖွင့်၊ ဈေးခေါ်နေပါပြီ။ ဆိုင်ခန်းတွေဟာ ၁ဝ ပေ ပတ်လည်ကနေ အကျယ်အဝန်း အမျိုးမျိုးရှိသလို ဈေးနှုန်းကလည်း သိန်း ၁၀ဝ ကနေ ထောင်ဂဏန်းအထိ နှုန်းထားအမျိုးမျိုး ရောင်းချသွားပါတယ်။


BayoteJune 14, 20101min1220
ဘားစ်တို-ကမ္ဘာပျက်နေ့အတွက် ကြိုတင်စီစဉ်ထားသော အရောင်းစာရေးတစ်ဦးသည် တစ်နေ့ကျလျှင်သက်သောင့်သက်သာရှိမည့် ‘နျူ’ဗုံးခံနိုင်ရည်ရှိသော ကတုတ် ကျင်းတစ်ခုကို မိုဟာဗီကန္တာရအောက်တွင် ၎င်းတူးဖော်ထားကြောင်း ပြောကြား ကာ ငှားရမ်းခများ ယူလျက်ရှိသည်။ ရော့ဘတ်ဗင်စီနိုသည် ဘားစ်တိုရှိ ၎င်း၏ ကတုတ်ကျင်းအတွက် ကြိုတင်နေရာများ ရောင်းချလျက်ရှိသည်။ မြေအောက် တွင် စတုရန်းပေ ၁၃,၀၀ဝ ကျယ်ဝန်းသော ၎င်းကတုတ်ကျင်းတွင် အားကစားရုံ၊ ရေကူးကန်၊ စားသောက်ဆိုင် စသည် တို့ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဗင်စီနို၏ စခန်းတွင် အခန်းဝယ်လိုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀ဝ ခန့် ကုန်ကျ မည် ဖြစ်ပြီး အခန်းပေါင်း ၁၃၂ ခန်းရှိကာ ထက်ဝက်ခန့်မှာ ကြိုတင်ဝယ်ယူပြီး ဖြစ်ကြောင်း သိရသည်။


BayoteJune 14, 20101min1320
တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁ဝ ပြည့်နှစ် ကမာ္ဘ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စုပွဲစဉ် တွေကို ဒီကနေ့ ဆက်ပြီး ယှဉ်ပြိုင်ကစားခဲ့ ကြတာမှာ အုပ်စု C ပွဲစဉ်၊ အယ်လ်ဂျီးရီးယားနဲ့ စလိုဗေးနီးယားအသင်းတို့ပွဲမှာ စလိုဗေးနီးယားက ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု D ပွဲစဉ်၊ ဆားဘီးယားနဲ့ဂါနာအသင်းတို့ပွဲမှာတော့ ဂါနာက ၁ ဂိုး ဂိုးမရှိနဲ့ အနိုုင်ရသွားပါတယ်။


BayoteJune 14, 20101min1150
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ စလိုဗေးနီးယား၊ ဂါနာနဲ့ ဂျာမဏီတို့ အနိုင်ရရှိသွားကြပါတယ်။ တနင်္ဂနွေနေ့က နောက်ဆုံးပွဲအဖြစ် အုပ်စု ဒီ က ဂျာမဏီနဲ့ ဩစတြေးလျတို့ ကစားရာမှာ ဂျာမဏီက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။


BayoteJune 14, 20101min2372
” ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို ့လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´ တိုင်းသူပြည်သားတွေကို မိမိ၏ ရင်နှစ်သားများကဲ့သို့ မေတ္တာဂရုဏာ ဖြင့် ရေးသားခဲ့ပါတယ်….


BayoteJune 14, 20101min53825
ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်း လမ်းဆုံအနီး ပတ်ဝန်းကျင်တွင် နိုင်ငံခြားသူ လူမည်း အမျိုးသမီး နှစ်ဦးသည် မြန်မာ အမျိုးသမီး အချို့ အပေါ် အကြောင်း ပြချက် ခိုင်လုံခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် ရိုက်နှက်ကြောင်း သတင်း ရရှိသည် ။ ဖြစ်စဉ်မှာ လူမည်း အမျိုးသမီး နှစ်ဦးသည် ဇွန်လ (၇) ရက်နေ့ လှည်းတန်းဈေး နှင့် ကွမ်းခြံဈေး အနီးတဝိုက်တွင် ဈေးရောင်း ချလျက် ရှိသော အမျိုးသမီး အချို့အား အကြောင်းမဲ့ ရိုက်နှက် သောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများက ဖမ်းဆီးကာ ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင် ခဲ့ရကြောင်း မျက်မြင်သက်သေ အချို့က ဆိုသည်။ ၁၂ […]