htet wayOctober 28, 20111min1422
အရင်ကငါတို့မပြောရဲတာတွေ အခုပြောရဲလာပြီ မောင်သာချိုပြောတဲ့ဗိုလ်ချုပ်ရဲ့sympathyစိတ် ငါတို့မိခင်ရဲ့အကြောင်း ပြည်တော်ပြန်တွေအကြောင်း အကျည်းစံသူရဲကောင်းတွေအကြောင်း လက်ဖက်ရည်ဆိုင်မှာ လူစုံရာနေရာမှာ….. အခုဆို စာပေဟောပြောပွဲတွေမှာတခုတ်တရ မပြောဘဲနေကြတာတွေပြောကုန်ကြပြီ ကဗျာဆရာစောဝေလည်း နာနာကျင်ကျင်ကြေကွဲမူတွေ အားရပါးရပြောနေလိမ့်မယ်။ ငါတို့ရင်ထဲမှာ ကိန်းဝပ်နေတဲ့လိုှင်းတွေနိုးထ ပြောချလိုက်တာ… ပင်လယ်တစ်ခုလုံးမှောက်ချလိုက်သလို စကားလုံးတွေမိုးလိုရွာပြီ ။ တကယ်တော့ အရှုံးပေးရတဲ့ခံပြင်းစိတ်မုန်တိုင်း အဲ့ဒီမှာတဝုန်းဝုန်းတိုက်ခဲ့ပြီလေ…။ ။ ကဗျာအမည်။ ။မပြောဖြစ်ခဲ့သော ကဗျာအမျိုးအစား။ ။ မော်ဒန် sympathy /ကိုယ်ချင်းစာစိတ် ၊စာနာစိတ်


htet wayOctober 28, 20111min2077
အာဏာရူးအိုစမာဘင်လာဒင်သေခဲ့ပြီ ဆဒန်ဟူစိန်သေခဲ့ပြီ တဖက်သတ်အာဏာရှင်တွေသေခဲ့ မပြိုဘူးဆိုတဲ့ကျောက်တောင်တွေပြိုခဲ့ မလဲဘူးဆိုတဲ့သစ်ကြီးဝါးကြီးတွေလဲခဲ့ တောလှန်ရေးလမ်းညွှန်သူ ညီနောင်တို့ရဲ့ခေါင်းဆောင်ဆိုသူ..ကဒါဖီ သွေးရူးသွေးတန်းနဲ့သေသွားပြီ။ ရက်စက်မူအာဏာကြောင့်ကျခဲ့ရတဲ့ ပြည်သူမျက်ရည်တွေ အံကြိတ်ကြေကွဲအားမာန်ခဲတဲ့ဒေါသတွေ မတရားလုပ်လို့မတရားဖြစ်ခဲ့ကြပြီ အို…….အမှန်တရားငဲ့ ပြည်သူတွေရဲ့အလင်းရောင် သင်ထွန်းညှိကူမလော့ ပြည်သူတွေရဲ့မျှော်လင့်ခြင်းတေးသံ သင်နာခံသီဆိုကူညီလော့ ရက်စက်သောအာဏာရှင်စနစ် ကမ္ဘာမှာပျက်သုဉ်းပါစေသတည်း။                    ။ အမျိုးအစား။                ။  ကဗျာ ကဗျာအမည်။              ။အာဏာရှင်


htet wayOctober 27, 20111min1830
မြန်မာပြည်မှာဆင်းရဲသားလျှော့နည်းရေးဆိုပြီးမြို့တွေမှာလုပ်လာကြတယ်။သိပ်ကောင်းတဲ့လုပ် ဆောင်ချက်လေးပါ။ဒီမိုကရေစီစတင်ကျင့်သုံးပြီးလုပ်ဆောင်ချက်လေးလို့ပြောရင်ရပ်တယ်။ရပ်ကွက် တွေမှာတဦးကိုသုံးသောင်းချေးပါတယ်။လုပ်ငန်းရှင်တွေဆီကငွေကိုထုပ်ချေးစေပြီးအတိုးနုန်းကနှစ် ကျပ်ကျပါတယ်။အိမ်ဘေးနားကဒေါ်ဂွက်ထော်ဆိုပျော်လွန်းလို့ထတောင်ကပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကပြန်ချေးတာငွေတစ်ရာကိုတစ်ဆယ်တိုးပါ။သေသေချာချာစုံစမ်းပြီး တော့ ..ဒေါ်ဂွက်ထော်ရေစီး့ပွားရေးလုပ်ငန်းရှင်တွေကချေးတာတစ်ရာကိုနှစ်ကျပ်တိုး အခုချေးတာကတစ်ရ ာတစ်ဆယ်တိုးဘယ်လိုသဘောရလဲဆိုတော့ အိုကွယ်..ငါတို့ဆင်းရဲသားတွေကိုဘယ်သူယုံလို့လဲငါတို့တွေငွေအတွက်ငွေတစ်ရာကို တစ်ဆယ်တိုးပေးရလဲယူပျော်ပါတယ်…တဲ့။အုပ်ချုပ်ရေးမှူးရုံးကရှစ်ကျပ်ပိုယူတာကတော့နောင် ကိုချေးယူသူတွေကိုစုငွေသဘောပေးမယ်လို့ပြောပါတယ်။ငွေချေးသူတွေကိုရှင်းပြတာကြောင့် သိရတာပါနောင်ခါလာနောင်ခါဈေးတော့မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီရနေပါပြီ။ဒါပေမယ့်မတိုးတက်သေးပါဘူး။ ဆိုက်ကားနင်းတဲ့ကိုဘသာကအရင်အစိုးရလက်ထက်ကလည်းကျွန်တော်ဆိုက်ကားသမား အခုလည်းဆိုက်ကားသမားပါပဲလို့ပြောလာတော့ကျွန်တော်အတွေးဆင့်ပွားမိပါတယ်။လွပ်လပ်သော ပြောရေးဆိုခွင့်နှင့်တိုးတက်သောလူအဖွဲ့အစည်းကိုတည်ဆောက်ရာမှာဒီမိုကရေစီစစ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ညဉ်ဆိုးတွေဖျောက်ဖျက်ပစ်ရပါမယ်။ကျွန်တော်တို့ကိုယ်ကျင့်တရားတွေပြန်ဆန်းစစ် ရပါအုံးမယ်။တကယ်တော့ကျွန်တော်တို့့တွေအကြောက်တရားတွေများနေကြတုန်းပါပဲ။ အတိတ်ကအရိပ်တွေလွှမ်းမိုးနေတုန်းပါပဲ။စာရိတ္တတွေ၊ဖိနိပ်ချင်တာတွေ၊စည်းကမ်းတွေ ပြုပြင်ကြရမှာပါ။ အခုဆင်းရဲသားလျှော့နည်းရေးကိုဆောင်ရွက်ရာမှာပညာပေးဟောပြောပွဲလေး ပါတွဲဖက်လိုက်ရင်ပိုမကောင်းပေဘူးလား။အသိဉာဏ်မြင့်မားသူတွေများလေဖွံ့ဖြိုးလေပါပဲ။ဆင်းရဲသား လျှော့နည်းမူဟာဘယ်သူမှလုပ်လို့မရပါဘူးကူညီလို့ပဲရမှာပါ။ ကိုယ်တိုင်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။မိမိကိုယ်တိုင်အားထုတ်ရမှာပါ။ငွေထုပ်ချေးပေးတာတော့ အင်မတန်ကောင်းပါတယ်။မြို့တွေမှာကြပ်တည်းနေကြတဲ့လူတွေများလွန်းပါတယ်။ဒီထက်ပိုပြီးစဉ်း စားလုပ်ဆောင်ရင်မကောင်းပေဘူးလား။ ပညာမြင့်မှလူမျိုးတင့်မယ်ဆိုတဲ့ဆိုရိုးအတိုင်းအသိပညာမြှင့်တင်ရေးတွေ ဆောင်ရွက်ပေးရင်ပိုကောင်းမယ်လို့ထင်ပါတယ်။ငွေကြေးတစ်နေ့တာရရှိတာနဲ့အသုံးစရိတ်မညီမျှ တဲ့ဖြစ်စဉ်ပေါ်မှာကျွန်တော်တို့ကျရှုံးနေကြတာပါ။ဝင်ငွေလည်ပတ်စီးဆင်းမူမှန်ကန်လာရင်၊ဝင်ငွေ ထွက်ငွေညီမျှလာရင်၊စနစ်တကျကူညီတာတွေရှိနေရင်ကျွန်တော်တို့လိုချင်တဲ့အလင်းရောင်ရလာ မှာပါ။အရင်းစစ်ရင်စနစ်ကိုပင်အပြစ်တင်သည်..ဆိုတဲ့ဆရာဒေါင်းနွယ်ဆွေရဲ့ကဗျာလေးကိုပဲရွတ်ဆို မိပါတော့တယ်။