ပင်မအသုံးချပစ္စည်းတခုကို အလကားပေးပစ်ခြင်းဖြင့်သော်လည်းကောင်း အင်မတန်နည်းပါး တဲ့ဈေးနဲ့ရောင်းချပေး၍သော်လည်းကောင်း ဆက်စပ်ပစ္စည်းတွေ တပုံတခေါင်းရောင်းရအောင် လုပ်တဲ့နည်းပါ.. Freebie Marketing (or) Razor and Blades business model လို့ ခေါ်ပါတယ်.. Printerတွေကို ဈေးပေါပေါနဲ့လှိမ့်ရောင်းပြီး ink cartridgesတွေလိုက်ရောင်းရအောင် လုပ်တဲ့နေရာ..Game Consolesတွေကို အောက်ကြေးနဲ့အစွံထုတ်ပြီး game softwareတွေ လိုက်ရောင်းရအောင်လုပ်တဲ့နေရာတွေမှာသုံးပါတယ်... loss leader marketingနဲ့ free sample marketingတို့ရဲ့မူကွဲလို့လည်းမှတ်နိုင်ပါတယ်.... (မူကွဲ ဒါမှမဟုတ်ဆင်တယ်လို့ ပြောခြင်းဟာ တကယ်တော့ မတူဘူးဆိုတာကိုကြိုတင် ဝန်ခံထားခြင်းမဟုတ်လား.....သည်တခုတော့ သတိပြုမိစေချင်ပါတယ်..) King Camp Gilletteဆိုတဲ့ Gilletteဥက္ကဌကစတင်ခဲ့တဲ့ modelလို့ အပြောများကြပါတယ်.... သဘောတရားကတော့ ရှင်းရှင်းလေးပါ ..ဂျုပ်ကိုလက်ဆောင်ပေးပြီး ဒါးရောင်းစားတဲ့ modelပါပဲ.... သည်ကနေ့ထက်ထိအောင် gilletteကသည်ပုံစံအတိုင်းသွားနေတုန်းပါ.. အမေရိကားမှာနေတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ဟာသူ့ရဲ့ ၁၈နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် […]