ဒီပို.စ်လေးရဲ. ခေါင်းစဉ်လေးကိုတော. ကျွန်တော်ဆရာအောင်သင်းရဲ. ဆောင်းပါးထဲက စကားလုံးလေးကိုရွေးထားတာပါ။ကျွန်တော်တို. လူသားတိုင်းအတွက် ပညာရေးနှစ်မျိူးရှိတယ်လို. ကျွန်တော်ဖတ်ဖူးမှတ်သားဖူးပါတယ်။အဲဒါကတော. (၁)ကျောင်းတွင်းပညာရေး နဲ. (၂)ကျောင်းပြင်ပပညာရေးပါပဲ။ ကျောင်းတွင်းပညာရေးကတော. ယခုခေတ်မှာ လူတိုင်းနီးပါးလောက် သင်ကြားနေပါတယ်။ထိုပညာရေး ဆိုးသည်ကောင်းသည်ကတော. ကျွန်တော်အနေနဲ.ဝေဖန်ဖို.အကြောင်းတော.မရှိပါဘူး။ကျောင်းပြင်ပ ပညာရေးဆိုတာကတော. ကျောင်းတွင်းမှာ ဆရာသင်ပြတာကိုလိုက်နာမှတ်သားသလို မလွယ်ပါဘူး။ယူတတ်မှ ရသလို ဘယ်နေရာမှာမဆို သင်ကြားလို.ရပါတယ်။ဒါပေမယ်.လူတိုင်းတော.မရနိုင်ပါဘူး။ဘာဖြစ်လို.လဲဆိုရင်တော. လူဆယ်ယောက်မှာ လူကိုးယောက်လောက်က သူတစ်ပါးရဲ.ကောင်းကွက်ထက်ဆိုးကွက်ကိုသာ မြင်လို.ပါပဲ။ ဆိုးကွက်ကိုပဲမြင်တဲ.အတွက် လူတွေက ပထမဦးဆုံး ဝေဖန်ပါတယ်၊ ပြီးရင်တော. ကဲ.ရဲ.တော.တာပါပဲ။အဲလူဆီက သင်ခန်းစာယူတဲ. လူကတော.ရှားပါတယ်။ကျွန်တော်တို.ကျောင်းဝါဆိုသင်္ကန်းကပ်လှူပွဲမှာ ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)က ကျွန်တော်တို.ကျောင်းသားတွေကို ဆုံးမဩဝါဒပေးတဲ.အနေနဲ. ဆုံးမခဲ.တာကတော. “ သူများနိုင်ငံရောက်ရင်ကောင်းကွက်ကိုကြည်. ကိုယ်နိုင်ငံကိုကြည်.ရင်ဆိုးကွက်ကိုကြည်. ပြီးရင်ပြုပြင်”လို.ဆုံးမတော်မူခဲ.ပါတယ်။နိုင်ငံအထိမဟုတ်ရင်တောင် ကိုယ်ကိုယ်တိုင် မိမိဘာသာပြုပြင်ကြည်.ကြတာပေါ.။အဲလိုပြုပြင်ရာမှာ အရေးကြီးတာကတော. ကိုယ်ကိုယ်တိုင် မိမိဘာသာသင်ကြားကြည်.ဖို.ပါ။ ကျွန်တော်တို. လူပတ်ဝန်းကျင်မှာ ပညာယူရာမှာ ရရှိလာသည်. ဘဝသင်ခန်းစာအတွက် ပေးဆပ်ရတယ်. […]