ဒေါက်တာဂျော်နီ ************* ၁ ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့် အမ်စီကို ရောက်ခဲ့တယ်။ မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့ အိုင်အယ်လ်အေ ကောင်းခဲ့တယ်။ မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့် ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ အိမ်ကကားနဲ့ ပို့ခဲ့တယ်။ ရီဇာတ်အောက်တော့၊ မျက်နှာမော့၍ ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။ ၂ အမ်စီတက်တော့ ဆိမ်းဗက်ချ်က၊ ခပ်ကြွကြွလေး ကောင်မလေးနှင့် စာမေးရင်းက ဆုံကြတယ်။ ဒီကောင်မလေး၊ အသွေးဖြူဖြူ နှတ်ခမ်းထူသနဲ့။ အမူပိုပို၊ အဖိုအရှိုက် ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။ မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။ ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့ ပရက်တီကယ်မှာ ဆုံကြတယ်။ ၃ နောက်တော့…. ‘ကျမနာမည်၊ မော်လီတဲ့လေ ဒက်ဒီတို့က၊ အမ်စီသွားပါ ဆိုလို့သာဘဲ၊ […]