Related Articles
ငွေသံသရာ
ဘဝနဲ့ချီပြီး ရွတ်လိုက်ဦးမယ်…
ဘဝတလျှောက် မှာ ကျွန်တော့်ကို တအားအထင်ကြီးတဲ့သူရှိတယ်…
တခြား ဘယ်သူဖြစ်မှာလဲ…
အမေပေါ့…
အထင်ကြီးမှာပေါ့…ချစ်တဲ့ မျက်လုံးနဲ့ကြည့်တာကိုး…
အမေဆိုတော့ ပေါက်တဲ့အီးတောင် ကိုယ့်သားပေါက်တဲ့ အီးမှ မွှေးတယ် ထင်တတ်တာကိုး…
နောက်ပြီး ကျွန်တော့်ကို အထင်တစက်မှ မကြီးတဲ့ သူလဲရှိသေးတယ်…
အဖေပေါ့…
အဖေဆိုတော့ သားတွေကို အကြီးကြီး ဖြစ်စေချင်တယ်…
ဖြစ်စေချင်တိုင်း ဖြစ်မလာတဲ့အခါကျတော့ အားမလို အားမရတွေ ဖြစ်လာပြီး ပြောချင်ရာ ပြောတော့တာပါပဲ…
တစ်ရက်ကျတော့ ထမင်းစားရင်း…အဖေက ပြောတယ်…
မင်းကိုယ်စွမ်းကိုယ်စ နဲ့တစ်ရက် သုံးထောင်ရအောင် ရှာနိုင်သလား တဲ့…
အဖေက သားတော်မောင်ပူတူတူးလေးကို ဒဲ့ စိန်ခေါ်တာ…
ဘယ့်နှယ်ဗျာ…ဒီလောက် အရည်အချင်းပြည့်ဝတဲ့ သားကို ဘလိုင်းကြီးလာကျောတာ…
ဒီလိုကြီး လာကျောတာတော့ ကျွန်တော်ကလဲ ဘယ်သည်းခံမလဲ…
ကျွန်တော်ကလဲ ပြန်ပြောလိုက်တယ်…
သုံးထောင် မဟုတ်ဘူး…သုံးသောင်းတောင် ရှာနိုင်တယ်လို့…
……………………..
……………….
………
……………
………
…………..
………
……………….
(ဟုတ်တယ်လေ…လွယ်လွယ်လေးဟာကို…အမေ့ပိုက်ဆံအိတ်ထဲက နေ ယူပေးလိုက် ရတဲ့ဟာကို…အဖေဆီ အဲ့ဒီပိုက်ဆံ ရောက်သွားတော့လဲ အလိုလို အမေ့ဆီ ပြန်ရောက်သွားတာပဲကို…ထူးဆန်းတာလိုက်လို့…ငွေသံသရာပေါ့နော့)
တခြား ဘယ်သူဖြစ်မှာလဲ…
အမေပေါ့…
အထင်ကြီးမှာပေါ့…ချစ်တဲ့ မျက်လုံးနဲ့ကြည့်တာကိုး…
အမေဆိုတော့ ပေါက်တဲ့အီးတောင် ကိုယ့်သားပေါက်တဲ့ အီးမှ မွှေးတယ် ထင်တတ်တာကိုး…
အဖေပေါ့…
အဖေဆိုတော့ သားတွေကို အကြီးကြီး ဖြစ်စေချင်တယ်…
ဖြစ်စေချင်တိုင်း ဖြစ်မလာတဲ့အခါကျတော့ အားမလို အားမရတွေ ဖြစ်လာပြီး ပြောချင်ရာ ပြောတော့တာပါပဲ…
မင်းကိုယ်စွမ်းကိုယ်စ နဲ့တစ်ရက် သုံးထောင်ရအောင် ရှာနိုင်သလား တဲ့…
အဖေက သားတော်မောင်ပူတူတူးလေးကို ဒဲ့ စိန်ခေါ်တာ…
ဘယ့်နှယ်ဗျာ…ဒီလောက် အရည်အချင်းပြည့်ဝတဲ့ သားကို ဘလိုင်းကြီးလာကျောတာ…
ဒီလိုကြီး လာကျောတာတော့ ကျွန်တော်ကလဲ ဘယ်သည်းခံမလဲ…
ကျွန်တော်ကလဲ ပြန်ပြောလိုက်တယ်…
သုံးထောင် မဟုတ်ဘူး…သုံးသောင်းတောင် ရှာနိုင်တယ်လို့…
11 comments
YUYA MON
January 3, 2014 at 4:58 am
RIGHT!!!!!!
TNA
January 3, 2014 at 10:00 am
မှန်လိုက်လေ။ မနက်စောစောရီလိုက်ရတာကို။ ရေးလဲရေးတတ်ပါပေ့ 😀
KZ
January 3, 2014 at 11:28 am
အာ့မျိုးက အီကို သွားရမှာ။
ဘာလို့ နည်းပညာကျောင်းလာတုန်းး စီနီယာ ။
Mr. MarGa
January 3, 2014 at 11:52 am
ကောင်းလိုက်တဲ့ အတွေးအခေါ်…..
လေးစားပါသဗျ 🙂
alinsett
January 3, 2014 at 12:57 pm
လူဇိုးး
😆
မဟာရာဇာ အံစာတုံး
January 6, 2014 at 9:43 am
ဟား ဟား ဟား
ဂွပ်တယ်ဗျာ … ချယ်ဘဲ …
အတွေးကို ရေလည် ဘောကျတယ် …
စကားမစပ် ….
အမေ နဲ့ အဖေ က အဲ့ဒီ အတိုင်းပဲ ….
အမေက သားတွေဆို အပြစ်မမြင် လွှတ်အထင်ကြီး …
အဖေက သားတွေဆို မယုံတစ်ဝက် ယုံတစ်ဝက် အထင်ကို မကြီး ….
ဖြစ်တတ်တဲ့ သဘောတွေပါပဲ …
လုံမလေးမွန်မွန်
January 6, 2014 at 11:45 am
တစ်ခါတစ်ခါကျ အဲ့လိုအထင်ကြီးခံရတာကို စိတ်ညစ်တယ်… 🙁
ကြောင်ဝတုတ်
January 6, 2014 at 1:54 pm
အဲ့လိုစကားတစ်ခွန်းနဲ့ ကျုပ်မိဘနဲ့ စီးပွားခွဲဖူးတယ်..
အသစ်အသစ်မဖြစ်ချင်သမို့… မပြောချင်တော့ဝူး…
ခင်မင်လျက်-
ဖက်ဖက်ကက်
padonmar
January 6, 2014 at 7:25 pm
ကိုဝေဠုက အဲသလို တိုတိုနဲ့ ထိထိမိမိရေးတတ်တာ၊အားကျတယ်။
Ma Ma
January 6, 2014 at 8:35 pm
အခုလည်း သမင်လေးဂျော်နီ သမိုင်းတစ်ပတ်လည်ပြီး သားတော်မောင်ရဲ့ ငွေသံသရာလည်တာ ခံနေရအုံးမယ်။ 😀
johnnydeer
January 10, 2014 at 8:17 am
ဟိ..ဟိ…ကိုယ့်ဘော်ဘော်တွေ တချက်လေးပြုံးရတယ်ဆိုရင်တောင် ရေးရတာ ကျေနပ်မိကြောင်းပါ… သားတော်မောင်ကတော့ ငယ်သေးတော့ ငွေသံသရာ မလည်သေးဘူး…သမီးတော်ကတော့ အိပ်ထဲက ပိုက်ဆံတွေ ထုတ်ထုတ်ပြီး သူ့အမေသွားသွားပေးနေလို့ မနည်းပြောနေရတယ်…နည်းနည်းတော့ လည်စပြုနေပြီ…နောက်မှ အဖေနဲ့ ကျွန်တော်တို့ ညီအကိုအကြောင်း ရေးပြဦးမယ်…ရန်ဖြစ်ရင်း ရန်ဖြစ်ရင်း နဲ့ နောက်ပိုင်းကျတော့ ရီစရာကြီးတောင် ဖြစ်လာတော့တယ်…