ဪ…လူတွေ…လူတွေ…
ကျွန်တော် လုပ်ခဲ့ဘူးတဲ့ အလုပ်တွေထဲမှာ လိုင်းကားမောင်းတဲ့ ကားဒရိုင်ဘာဘဝကို ငါးနှစ်လောက် ဖြတ်သန်းခဲ့ဘူးတယ်…နေ့ဓဒူဝ မနက်ငါးနာရီဆို အိပ်ယာထ…အလှည့်ချိတ်…လူပြည့်ရင် မန်းလေးဆင်း…မန်းလေးနေပူပူကို တနေ့လုံးခံ…လမ်းဘေးမှာ နေစရာမရှိ…ထိုင်စရာမရှိ…ရှိတဲ့အရိပ်သေးသေးလေးအောက် စုပြုံတိုး….ညနေစောင်း လူရရ မရရ မေမြို့ ပြန်တက်…ပြန်ရောက်တော့မောမောနဲ့အိပ်… ဒီလို နေ့တွေကို အကြာကြီး ဖြတ်သန်းခဲ့ရဖူးတယ်..သူငယ်ချင်းတွေကြားထဲ ဒီကောင်က ကားသမားလေ…ဆိုပြီးလဲ မိတ်ဆက်ပေးခြင်းမျိုး ခံခဲ့ရဘူးတယ်…သည့်အတွက် စိတ်ထဲလဲ ဘာမှ ရှက်စရာ…သိမ်ငယ်စရာ လို့မယူဆခဲ့ပါဘူး…အခုထက်ထိလဲ ကားမောင်းခဲ့ရတုန်းက အချိန်တွေကို သတိတရ ပြောဆိုနေတုန်းပါပဲ…ငါးနှစ်ဆိုတဲ့ အဲ့ဒီကာလလေးက ဘာမှ သိပ်မကြာလိုက်ပေမယ့် လူတွေပေါင်းစုံနဲ့ ဆက်ဆံခဲ့ရတယ်…လူတွေအကြောင်းကို အရင်ကထက် ပိုသိခဲ့ရတယ်…အထူးသဖြင့် လူတွေ ဘယ်လိုလေသံနဲ့ ဘယ်လိုစကားဟလာရင် ဘာကိုဆိုလိုတယ်ဆိုတာကို အရင်ကထက် ကောင်းကောင်းကြီး သဘောပေါက်လာခဲ့ရတယ်…လူ့သဘော လူ့မနောကို အရင်ကထက် ပိုသိနားလည်ခဲ့ရလို့ ကားမောင်းနေရတဲ့ဘဝကို အခုထက်ထိလဲ ဂုဏ်ယူမိနေတုန်းပါပဲ…
လူတွေအကြောင်းတွေးမိရင် တခါတလေ ပြုံးမိတယ်…အဖြစ်အပျက် တစ်ခုပေါ့…
တစ်ရက်ကျတော့ ကားတစ်စီးလုံး အော်ဒါဆိုလို့ သွားကြိုတယ်…အမျိုးသမီးကြီးနှစ်ယောက်ပဲလိုက်လာတယ်… ဘာပစ္စည်းမှလဲ မပါဘူး…ကျွန်တော်လဲ 35 လမ်းအတိုင်း မောင်းပြီးမေမြို့ကို ပြန်ထွက်လာတာပေါ့…73 လမ်းလဲ ကျော်လာပြီးရော လမ်းဘေးမှာ ကိုယ်လို ကားမောင်းတဲ့အကိုကြီးတစ်ယောက် လွယ်အိတ်ကလေး ပိုက်ပီး ရပ်နေတာတွေ့တော့ ကိုယ်လဲ ကားကို အလိုလို လမ်းဘေးထိုးရပ်ပေးမိတယ်…
အကိုကြီး…ဘယ်သွားမလို့လဲ….
ဒီနားပါ ညီလေးရာ…အောင်ပင်လယ် နတ်စင်နားတင်…
လိုက်ခဲ့လေ…အကိုကြီး…
ရပါတယ် ညီလေးရာ…၁၁ ကားပဲ စောင့်စီးလိုက်ပါ့မယ်…
ခဏလေးပဲ အကိုကြီးရာ…ရပါတယ်…လိုက်ခဲ့စမ်းပါ…
ဒီလိုပြောနေတုန်း ရှိသေး…အမျိုးသမီး တစ်ယောက်က လေသံခပ်မာမာနဲ့…ဒီမယ် ကားဆရာ…အန်တီတို့က တစ်စီးလုံးဌားထားတာနော်…လူပိုလုံးဝ မတင်ပါနဲ့ တဲ့…
ဟုတ်ကဲ့ပါ အန်တီရယ်…ကျွန်တော်က လူပိုတင်တာလဲ မဟုတ်ပါဘူး…အပိုငွေရှာတာလဲ မဟုတ်ပါဘူး…အခုဟာက ကိုယ်လိုပဲ ကားသမားတစ်ယောက်တွေ့လို့ ကူညီပေးတာပါ…ကူညီပေးတာဆိုတာကလဲ ခရီးစဉ်တလျှောက်လုံးလဲ မဟုတ်ပါဘူး…ဒီ 35 လမ်းကနေ အောင်ပင်လယ်နတ်စင်ထိ လွန်ရောကျွံရော ငါးမိနစ်တောင်မရှိတဲ့ အကွာအဝေးတစ်ခုပါ…ပြီးတော့ ကျွန်တော်တို့ ကားသမားတွေဆိုတာ လမ်းကိုပဲ အိမ်လုပ်နေရတာဆိုတော့ လမ်းပေါ်တစ်ယောက်ယောက် ကားပျက်ရင်ပဲ ဖြစ်ဖြစ်…တခြားအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကိုယ်တတ်နိုင်သလောက်လေးတော့ ကူညီပေးတတ်ကြပါတယ်…လောက်ပဲ ဆိုကာရှိသေး…
မရဘူး…လုံးဝလက်မခံဘူး…ဘာဆိုဘာမှ မတင်ရဘူး…တဲ့…
ကဲ…ဒါဆိုလဲ…ဟုတ်ကဲ့…ရပါတယ်ပေါ့….အန်တီ ဒီ VAN တစ်စီးလုံးအော်ဒါဌားစီးတယ်ဆိုတာ ခုံနေရာလေးနေရာ အတွက်ပဲ ပိုက်ဆံပေးထားတာပါ…အဲ့ဒီ ခုံနေရာလေးနေရာကို ဒီခရီးစဉ်တလျှောက် အန်တီ ပိုင်ပါတယ်…ကူညီဖို့ ခွင့်ပြုတာ မပြုတာက အန်တီတို့အပိုင်းပါ…ဒါပေမယ့် နောက်ဖုံး ပစ္စည်းထားတဲ့နေရာတော့ ကျွန်တော်နဲ့ဆိုင်ပါသေးတယ်…ဆိုပြီး…
အကိုကြီး ကားမောင်းလိုက်ပါဆိုပြီး ကားမောင်းတဲ့နေရာက ဖယ်ပြီး ကိုယ်ပဲ နောက်ဖုံးထဲသွား ထိုင်စီးခဲ့တယ်…ငါးမိနစ်လောက် မောင်းပြီး နတ်စင်ရှေ့ရောက်တော့ မိတ်ဆွေအကိုကြီးလဲ ဆင်းသွားပြီး ကိုယ်လဲ ကားမောင်းတဲ့နေရာပြန်ထိုင်ပြီး မေမြို့ ပြန်တက်ခဲ့တယ်…တစ်လမ်းလုံးလဲ ဘာစကားမှ ဆက်မပြောဖြစ်ဘူး…
မေမြို့လဲ ဝင်ကာနီးရော မေးလိုက်တယ်…အန်တီတို့ကို ဘယ်ပို့ပေးရမလဲဆိုတော့…
မောင်လေး တဲ့…. (သိလိုက်ပြီ…စခေါ်တဲ့လေသံထဲက ဘာပြောတော့မယ်ဆိုတာ)
ပထမ…သမီးအဆောင်ကို သွားချင်တယ်…စားစရာတွေပေး…သမီးနဲ့တွေ့ပြီးတော့မှ တည်းတဲ့နေရာကို ဆက်သွားချင်တယ်…တဲ့….
အန်တီ…ကျွန်တော်တို့အိမ်အရောက်ကြိုပို့စနစ်ဆိုတာ ဟုတ်ပါတယ်…ဒါပေမယ့် တစ်ယောက်ချင်းပဲလိုက်လိုက်…စင်းလုံးပဲ ဌားဌား…နေရာတစ်နေရာက ကြိုပြီး တစ်နေရာပဲ ပို့ရတာပါ…အန်တီ…အဆောင်ဆို အဆောင်…တည်းမယ့်နေရာဆို တည်းမယ့်နေရာတစ်ခုပဲပြောပေးပါလို့လဲ ပြောလိုက်ရော….ပြီးရော…ပြီးရော…အဆောင်မှာပဲ ဆင်းတော့မယ် ဆိုပြီး ဆောင့်အောင့် ဆင်းသွားကြလေရဲ့…
ကျွန်တော်သဘောကျတာက ဒီ မေမြို့ မန်းလေးဆိုတာ 42 မိုင်အကွားအဝေး မောင်းချိန် တစ်နာရီကျော်သာသာလေးပဲ ရှိတာပါ…ဒီကာလလေးအတွင်း လူတွေရဲ့ ကိုယ်အသာစီးရတဲ့အချိန် ပြောဆိုတဲ့လေသံ…ကိုယ်လိုတဲ့ အချိန် တောင်းဆိုတဲ့လေသံ…ကိုယ်တောင်းဆိုတာတဘက်လူက မပေးတဲ့အချိန် မကျေနပ်တဲ့လေသံ..ဒီလို ခဏတာ အချိန်အတွင်း လူတစ်ယောက်ထဲရဲ့ အမျိုးမျိုးပြောင်းလဲနေတဲ့ လေသံကို ပြန်တွေးမိတိုင်း….ဪ…လူတွေ…လူတွေ…လို့ပဲ ပါးစပ်ကလေးစိ အပေါ်နှုတ်ခမ်းလေးတွန့်ပြီး ပြုံးမိပါတော့တယ်…
16 comments
•*¨နန်းတော်ရာသူ •*¨
January 2, 2014 at 10:26 am
ကြုံရဆုံရကားသမားဘဝပေါ့ရှင်။
ကျွန်မအဖေကလည်း အဝေးအနီးကားလုပ်ငန်းတွေလုပ်ဖူးတဲ့အတွက် ကြားဖူးနေကျအကြောင်းအရာတွေထဲကတစ်ခုပေါ့။
နောက်မှ ရေးပါဦးမယ်။
အခုတော့ အားပေးသွားပါတယ်ရှင်။
alinsett
January 2, 2014 at 11:11 am
အသက်တစ်ရက် ပိုကြီးလာလေ
အတွေ ့အကြုံ တွေ ထပ် ထပ်ကြုံရလာလေ
အော် လူတွေ လူတွေလို ့ရေရွတ်ရတာ များလာလေပဲ
ဟူးးးး
မဟာရာဇာ အံစာတုံး
January 2, 2014 at 11:57 am
မလိုရင် တမာ
လိုရင် သကာ
ဒါ .. လူ့ သဘာဝ ပါပဲ …။
ကျနော်တို့ ရွာဘက်တွေ မှာလည်း ဆိုစကားလေး တစ်ခုရှိတယ်
ကိုယ့်ရွာမှာ ကြက်ဖ
သူများရွာ ရောက်တော့ ကြက်မ .. တဲ့ …။
ဒါကြောင့်မို့ …
ကိုယ့်ဂွင်ထဲမှာ ဖြစ်ဖြစ်၊ သူ့ဂွင်ထဲမှာဖြစ်ဖြစ်
ဖင်ဂေါင်း မကျယ်သင့်တာ အမှန်ပဲ …။
johnnydeer
January 2, 2014 at 12:52 pm
ဟုတ်ပါ့ဗျာ…ကားမောင်းရင်း ကြုံခဲ့ရတာတွေ ရေးရရင်တော့ အခန်းဆက် ဝတ္ထုတောင် ရေးရမလားပဲ…စမောင်းကာစ ကိုယ်ကလဲ ချာတိတ်ပဲ ရှိသေးတာ…မန်းလေးဆိုလဲ လမ်းနံပတ်နဲ့ပဲ တွဲသိတာ… ကျန်တာတွေ မသိပါဘူးဆို…ဘယ်ကိုပို့ပေးရမလဲလို့ ခရီးသည်လေးယောက်ကို မေးလိုက်တော့ တခါကများ…တစ်ယောက်က အောင်တော်မူ မြောက်ပေါက်တဲ့…တစ်ယောက်က ညောင်ပင်ဈေးအောက်ဘက်…တစ်ယောက်က အမတော်ဝင်း…တစ်ယောက်က မလွန်ဂျင်းတန်း တဲ့…ကောင်းရော…မန်းလေးသားတွေကလဲ ကိုယ့်အရပ် ရှေးတုန်းကတည်းက အခေါ်အဝေါ်လေးတွေနှစ်သက်…ကိုယ်ကလဲ အဲ့တုန်းက မန်းလေးကို ဘာမှ သိပ်မသိနဲ့…ရွာလည်ပါ့…
Wow
January 2, 2014 at 3:18 pm
ကားသမားမှ စီးသူမှရယ်မဟုတ်ပါဘူး.. လူတစ်ဦးတစ်ယောက်ခြင်းရဲ့ စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်လို့ထင်ပါတယ်.. မေမြို့အတက်လမ်းကားစီးရင်တော့ မပြေမလည် မဖြစ်ဘူးပေမဲ့ ရန်ကုန်မှာ တက်ဆီငှားရင်တော့ တစ်ခါတစ်လေ ကပ်ဖိုးကပ်ဖဲ့ ကားသမားများလဲ တွေ့ဖူးပါတယ်.. ကိုယ်တိုင်ကတော့ ကားသမားမဆိုထားနဲ့ ဆိုက်ကားနင်းသူ လမ်းဘေးဟင်းရွက်ဗျပ်ထိုးရောင်းသူကိုတောင် ကိုယ်က ပိုသာတဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေရတယ် ဆိုတဲ့ပုံစံမျိုး မဆက်ဆံဘူးတာ အမှန်ပါ…
Shwe Ei
January 2, 2014 at 4:03 pm
သများတော့ ကြိုက်ဈေးပေးပီး ၂ဦးသဘူတောကားငှားတာ ကားပေါ်ရောက်မှ ဈေးပိုတောင်းလို့ ရန်ဖြစ်ရဖူးတယ်တော့ 😛
TNA
January 2, 2014 at 4:04 pm
လူတွေအကြောင်းကတော့ အပြင်ထွက်လိုက်တာနဲ့ကို ပိုပိုသိလာရပါတယ်။ အခုနောက်ပိုင်း ပိုပို အတ်တကြီး လာကြသလိုပါပဲ။ ကိုယ်ချင်းစာတရားတွေလဲနည်းပါးလာလိုက်ကြတာ။ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
nozomi
January 2, 2014 at 4:11 pm
ဖတ်လို့ ကောင်းတယ် ဗျ
ဒါမျိုး လေးတွေကနေ လူမျိုးစုံ ရဲ့ ဘဝ မျိုးစုံကို ထိတွေ့ခွင့်ရတယ်
ကားဆရာ တစ်ယောက်ရဲ့ အခြား ဒုက္ခ သုခ တွေလဲ ရေးပါဦး
TheWinner Getprize
January 2, 2014 at 4:24 pm
ရန်ကုန်က Taxi တွေမှာတော့ ကိုယ်က တက်ပြီးလို့မှ မကြာသေးဘူး၊ ခဏနေတော့ နောက်တစ်ဦးကို လမ်းကြုံတင်၊ ခွင့်လည်းပြုလိုက်ပြီးရော တဆင့်တက်ပြီး သူ့ကို အရင်ပို့ပါရစေပြောနဲ့၊ အတော်လေးကို အနှောက်အယှက်ဖြစ်စရာတွေလည်း ကြုံခဲ့ရပါတယ်။
ဟဲ – နည်းနည်းပြောပါရစေနော်… တကယ်လို့များ ကိုယ်က အမှတ်မထားပဲ အန်တီအန်တီကြီးရဲ့ Request အတိုင်း နောက်ထပ်တနေရာလေးကို drop လုပ်ပေးလိုက်ရင်တော့ ဒီ post လေးက ပိုပြီး ဖတ်လို့ကောင်းသွားမှာပဲ…
johnnydeer
January 2, 2014 at 11:10 pm
ဝတ္ထု ဇာတ်လမ်းလို ဆိုရင်တော့ ကိုယ့်ကို ကျောတဲ့သူကိုခွင့်လွှတ်သည်းခံလိုက်တယ်ဆိုပြီး နာမည်ကောင်းဝင်ယူပြီး ကိုယ်ကိုကိုယ်ဖော်မသူတော် လုပ်လို့ရတာပေါ့နော့…အခုဟာက တကယ့်အဖြစ်အပျက်လေ…ကိုယ်ကလဲ ပုထုဇဉ်ကိုး…အတ္တတွေ ဒေါသတွေ မာန်မာနတွေ ရှိသေးတာကိုး…ဒီမိန်းမကြီး ငါဒီလောက်ပြေရာပြေကြောင်းပြောတောင်း ဆိုနေတာတောင် လေသံအပြင်းကြီးနဲ့ဟောက်ထားသေးတာ ငါ့အလှည့်…ကူညီနိုင်တာတော့မကူညီနိုင်ဘူးလို့ တွေးမိတာကိုး…ပုံမှန်အတိုင်းလဲ မကူညီနိုင်ပါဘူး…အဆောင်တွေ့…စကားပြောဆိုတာ ပြောတော့သာလွယ်တာ…တကယ်တမ်းအချိန်တော်တော်ပေးရပါတယ်…နာရီဝက်နဲ့ တစ်နာရီကြား ကြာတတ်ပါတယ်…The winner Getprize ရေ…ပို့စ်က ဖတ်လို့ကောင်းအောင်ရေးတဲ့ပို့စ် မဟုတ်ပါဘူး…တကယ့်ဖြစ်ခဲ့တဲ့ဟာကို ရေးတဲ့ပို့စ်ပါ…ဟီး…ဟီး…ကျွန်တော်ကလဲ ခြောက်ပစ်ကင်းသဲလဲစင် ဟုတ်ဖူးဗျ..
KZ
January 3, 2014 at 12:00 pm
ပေဖြစ်တုန်း ခံ
တူဖြစ် တုန်း နှံ ဆိုပေမဲ့လည်း
ကိုယ် တူဖြစ်တုန်း သနားစိတ်ဝင်လာရင်တော့ မနှံလိုက်ရတာများတာပဲ။
အဲတော့လည်း ခံ အီ ပါရမီဖြည့်ရတာပေါ့လို့ စိတ်ဖြေလိုက်ပါတယ်။
:hint:
sorrow
January 3, 2014 at 3:07 pm
ခီးသွား ကုန်ပဏီဘက်က အမြင်နဲ့ပြောရမယ်ဆိုရင် ..ကားစီးလုံးဌားထားတာဖြစ်တဲ့အတွက် ကားသမားဘက်က မည်သည့်အကြောင်းနှင့်မျှ လူပိုတင်ခွင့်မရှိပါခင်ဗျာ ။ ခရီးသည်ဘက်ကလဲ တစီးစာကို နှစ်ယောက်ထဲကျခံရတာဖြစ်တဲ့အတွက် Sensitive customer ဖြစ်ပါမယ် ။ မည်သည့်အကြောင်းနှင့်မျှ စိတ်အနှောက်အယှက်မဖြစ်လိုပါဘူးခင်ဗျာ ။ ပရိုဆန်တဲ့ အေးဂျင့်တခုက ကားသမားဆိုရင် သူ့ကိုအလုပ်အပ်ထားတဲ့ ကုန်ပဏီရဲ့ GM တစ်ယောက် လမ်းကြုံနေမှန်းသိတာတောင် ခေါ်မတင်ပါခင်ဗျာ ( ကိုယ်တွေ့ ) ။ သို့သော် စီးပွားဖြစ် မဟုတ်တဲ့အတွက် လူမှုရေးအနေနဲ့ တင်ချင်တယ်ဆိုရင် ကားသမားအနေနဲ့ခရီးသည်ကို ခွင့်ပြုချက်တောင်းဖို့လိုအပ်ပါမယ်ခင်ဗျာ ( ခွင့်ပြုတာမပြုတာက ခရီးသည်အပိုင်း ) ။ အခုလိုအဖြစ်မျိုးက rental agent က ကားသမားတွေနဲ့ ခွီးသွား ကုန်ပဏီတွေကြားမှာ ဖြစ်နေကျ ပြသနာမျိုးပါပဲ ။ ဒီကအစ်ကိုလဲ စေတနာမှန်ပေမယ့် ပရိုအလုပ်မှာ အနစ်နာခံ စောင့်စည်းရတာတွေများကြီး ပါခင်ဗျာ ။
Foreign Resident
January 4, 2014 at 7:19 am
” ကားစီးလုံးဌားထားတာဖြစ်တဲ့အတွက် ကားသမားဘက်က
မည်သည့်အကြောင်းနှင့်မျှ လူပိုတင်ခွင့်မရှိပါခင်ဗျာ ”
အဘ သာ ခရီးသည် ဆိုရင် ၊
နောက်ခန်းထဲကနေတောင် လိုက်ခွင့် မပေးနိုင်ဘူး ။
မင်းကို တန်ရာ တန်ကြေး ပိုက်ဆံ ပေးပြီးသွားပြီ ။
မင်း တာဝန် မင်းလုပ် ၊ ဒါဘဲ ။
kai
January 3, 2014 at 3:22 pm
ယူအက်စ်မှာဆိုရင်တော့.. ပြဿနာမသေးဖူးပဲ..။
မတော်..ကိုယ်မောင်းခိုင်းလိုက်တဲ့.. ကားသမားက.. အက်စ်စိဒန့်ပါဖြစ်လို့ကတော့.. ပိုကြီးပဲ..
ဆိုတော့..
ပရိုတန်းကို.. အာမခံကထိန်းညှိပေးကြောင်းနဲ့.. မြန်မာပြည်မယ်.. အာမခံစနစ်ထွန်းကားဖို့..လိုနေတယ်ထင်ပါကြောင်း… :kwi:
johnnydeer
January 3, 2014 at 4:42 pm
အာ့ကိုတို့ရယ်…တအားကြီး အကြီးကြီးတွေ မတွေးကြပါနဲ့နော်…ပီးတော့ ဒါက ဘားမား ပြည်ဆိုတော့ ဒါဆိုဒါပဲ လုပ်မရတာတော့ အမှန်ပါပဲ…လူမှုရေးဆိုတာတွေ…ကူညီရိုင်းပင်းမှုဆိုတာတွေက ခရီးသွားရင်း ဒုက္ခရောက်တဲ့အချိန်မှ ကိုယ်တွေ့ ခံစားရမှ ကောင်းကောင်း သဘောပေါက်ကြတာကိုး…စမောင်းကာစ ကားက လမ်းပေါ်ကြီးပျက်ပါလေရော…ဘောနပ်ကြီးလှန် ကိုယ်က ဘာမှမလုပ်တတ်…ဘာကဘာမှန်းတောင်မသိ…ဖြတ်သွားတဲ့ကားတွေက ရပ်မေးကြတယ်…ဘာဖြစ်တာလဲ…ဘာလုပ်ပေးရမလဲ…ပြင်တတ်တဲ့သူတွေကလဲ ပြင်ပေးကြတယ်…ဒီလို အပြုအမူကျတော့ တခြားမှာ သွားရှာလို့ ဘယ်ရမှာလဲနော့…ဒုက္ခရောက်တဲ့အချိန် ပါးစပ်ကလေးနဲ့ကူညီခဲ့ရင်တောင် ကိုယ့်အတွက်ကတော့တအားပါပဲ…
kai
January 3, 2014 at 6:12 pm
တခြားနိုင်ငံတွေမလည်း.. ကားပျက်နေသူကို.. ကူညီဖို့…မေးတဲ့သူတွေအပြည့်ပါဆြာရယ်..
ပြောရရင်.. မြန်မာပြည်ကမှ.. ဒုက္ခရောက်ချိန်.. ကူညီသူအနည်းဆုံးဖြစ်မလားပဲ..
ပြောရရင်.. ပြီးခဲ့တဲ့တပါတ်ကတင်.. ဖရီးဝေးလမ်းမှာဆီထည့်နေတာ… အေးလို့ပိတ်ထားတဲ့မှန်တခါး.. အမျိုးသမီးတယောက်လာခေါက်လို့.. ဖွင့်ပေးပြီးဘာအကူအညီလိုလည်းမေးတာ… သူ့ကားကိုလက်ညိုးထိုးပြပြီး.. မိုင်၂၀ဝလောက်ဝေးနေသေးတဲ့..လေ့ာစိအိန်ဂျလိစ်နေတာ.. အဲဒီပြန်ဖို့ဆီဖြည့်ပေးပါဆိုသမို့.. ဘေးက.. ကျုပ်လေဒီကိုသင့်/မသင့်မေးကြည့်နေတုံး.. အဲဒီအမျိုးသမီးရဲ့ကလေး၂ယောက် အသက်၁၂နှစ်လောက်ကောင်လေးတွေက.. အလုပ်လည်းမရှိလို့မုန့်ပါဝယ်ခိုင်းနေတာနဲ့.. အမြင်ကပ်ပြီး.. ဘာမှမပေးလိုက်တာ… အဲဒီအမျိုးသမီး… နောက်ကကားတစင်းသွားမေးနေပြန်ရော..
အဲဒီမှာ.. ရသွားတယ်ဗျ..။
အဟမ်း.. သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…