JUDGEMENTMarch 7, 20121min34521
မြို့ရွှေမန်းကသတင်းစကား အပိုင်း(၃) လာဘ်စားသော မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်   Judgement အနေနဲ့ပြီးခဲ့တဲ့ ချဲထွက်မဲ့နေ့မှာ  ချဲကိုတရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့ ဒိုင်တွေအကြောင်းကို Mandalay Gazette မှာဖွင့်ချခဲ့ပေမဲ့ ဘယ်ရဲမှဖမ်းတာမတွေ့ရပဲနဲ့ အကုန်လုံးဘယ်သူမှအဖမ်းခံရတယ်မကြားမိပါဘူး။ ဒါဟာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လာဘ်စားတယ်ဆိုတာဟာ တနိုင်ငံလုံးသိ အောင်ကြေညာလိုက်တာပါပဲ။ဘာကြောင့်လဲဆိုတော့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် လာဘ်စားတာကိုလည်း ပိုပြီးတော့မှ လာဘ်ယူလို့ကောင်းတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပို့ လိုက်ပါတယ်။ဦးရဲမြင့် ဘယ်လောက်ရတယ်ဆိုတာ သူပဲသိပါလိမ့်မယ်။ အဲဒီ့နေက ချဲဒိုင်တွေစာရင်းနဲ့ အမှတ်(၆)စခန်းမှူး နဲ့အဖွဲ့ လာဘ်ယူတဲ့ ဓါတ်ပုံ ၊ အမှတ်(၈) စခန်းမှူးနဲ့ အဖွဲ့ လာဘ်ယူတဲ့ပုံတွေကို တင်ပြပေးခဲ့တဲ့အပြင် သက်ဆိုင်ရာ ရဲမှူးကြီး ရဲ့ လာဘ်ယူပုံကိုဝန်ကြီးချုပ်ဦးရဲမြင့်ဆီကိုတရားဝင် စာပို့ တင်ပြပေးခဲ့ပါတယ်။အရေးလဲမယူခဲ့ပါဘူး။ ဒါကြောင့် ဦးရဲမြင့်အနေနဲ့ လာမဲ့ ရွေးကောက်ပွဲမှာ ပြုတ်ဖို့သေချာနေပါပြီ။ NLD နဲ့ပြိုင်တဲ့ရွေးကောက်ပွဲဆိုရင်တော့ […]


JUDGEMENTMarch 1, 20121min18210
ချဲထိုးကြမလား Mandalay Gazette ရွာသူ/ရွာသားအပေါင်းတို့ ဒီနေ့ ဘာနေ့လဲ ။စောစောက Gazette ထဲမှာဖတ်လိုက်ရတာကတော့ မတ်လ (၁) ရက်နေ့။ နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောမဲ့နေ့။ ဒါပေမဲ့ သမ္မတကြီးလက်ထပ်မှာ ဘာတွေပဲကောင်းအောင်လုပ်လုပ် ဘာတွေဘယ်လိုပြည်သူ တွေဘက်ကိုပဲကြည့်ကြည့် အမှန်တကယ် လောင်းကစားတိုက်ဖျက်မှု့တွေမရှိသေးပါဘူး။ ပြောရမယ်ဆိုရင် – သာသနာတော်သန့်ရှင်းရေးရော – လောင်းကစားပပျောက်ရေးရော အမှန်တကယ်ဘာမှမလုပ်ခဲ့သေးပါဘူး။ အသံကောင်းဟစ်နေတာပဲရှိပါတယ်။ လောင်းကစားမှု့ပပျောက်ရေး ဟာ (ဆင်းရဲမွဲတေမှု့ရဲ့ အဓိကအချက်ပါ ။ဒါကို ဖြေရှင်း ပေးရမှာပါ။) ဒါ့အပြင် သာသနာတော်မှာ ချဲဘုန်းကြီး ၊ အရက်သမား ( ဝိနည်းမညီတဲ့ ဘုန်းကြီးတွေကြောင့်) သာသနာတော်ဟာ ညိုးနွမ်းနေရတာပါ။ ဟိုတစ်နေ့ကများ အခွေတစ်ခွေထဲမှာ ဘုန်းကြီးနဲ့ ဒကာမမဖွယ်မရာပုံကို တွေ့လိုက်ရပါတယ်။ JUDGEMENT သိတဲ့ ဆရာတော်ကြီးတွေကိုလျှောက်ထားတော့ ဆရာတော်ကြီးကတော့ တိုတိုတုတ်တုတ်ပဲမိန့်တော်မူပါတယ်။ သံဃာ […]


JUDGEMENTSeptember 17, 20111min28315
မြို့ရွှေမန်းက သတင်းစကား (၂)   မြို့ရွှေမန်းက သတင်းစကား  Post ကိုတင်တုန်းက တော်တော် များများလက်ရှောင်ကြမယ်ထင်ထားတာ။ အခုကြတော့ တော်တော့်ကို စိတ်ဝင်စားကြလို့ပျော်ပါတယ်။ အဲ ဒီနောက်ပိုင်းမှာ ချဲဘုန်းကြီး၊အရက်သမားဘုန်းကြီးတွေ   အကြောင်းကို တင်ပြပေးဖို့ အချက်အလက်တွေကို ပြည့်စုံအောင် စုနေပါတယ်။ပြီးပြီးရော မတင်ချင်ပါဘူး။မဆိုင်တဲ့ သူတွေမပါရအောင် စီစစ်နေတာပါ။ ဒီကြားထဲ JUDGEMENT တို့တွေ့တွေ့နေရတာတွေအမြင်မတော်လို့ ပြောရဦးမယ်။   အထူးသဖြင့် လိင် စိတ်ကြွဆေး တွေပေါ့ ။ လူငယ်တွေလက်တဲ့ စမ်းကြလွန်းလို့ ကျော်မကောင်း ကြားမကောင်းတွေလဲ ဖြစ်ပေါင်းများနေပြီ။ ပြီးခဲ့တဲ့ လကတောင် Gazette မှာ ရေးထားတာ။ရေသန့်ထဲ ထဲ့တိုက် လို့ဆိုတာလေ။ရုပ်ရှင်ရုံထဲမှာ အမြင်မတော်တာဖြစ်ကုန်ဆိုပဲ။အခုအချိန်က အဝေးသင်တက္ကသိုလ်ရာသီလေ။ ပိုဆိုးနေတာပေါ့။ဒါတွေကို ဖမ်းတယ်လို့သတင်းထွက်နေပေမဲ့ တကယ်ရောဖမ်းရဲ့လားပေါ့။မဖမ်းပါဘူး။ဆိုကြပါစို့။ ၈၄ – လမ်းဗျာ။ညကိုသွားကြည့်လိုက်။ညစ်ညမ်းခွေ (အပြာကား) […]


JUDGEMENTSeptember 14, 20111min31632
ကျွန်တော်တို့ အခုလက်ရှိအချိန်မှာ ဘာသာရောသာသနာရောခုတုံးလုပ်ပြီး     သီလကြောင်ဘုန်းကြီးတွေကအသုံးချနေကြပါတယ်။ ပြောတော့မပြောချင်ပေမဲ့ ပြောရဦးမယ်။လမ်း(၉၀)က ဘုန်းတော်ကြီးကျောင်းတွေမှာ တော်တော်များများက ဘုန်းကြီးချဲဒိုင်တွေလေ။ တစ်ချို့ကဒိုင်နဲ့ပေါင်းတယ်။တစ်ချို့က ဒိုင်အတွက် ဘိ လုပ်ပေးတယ်။ ကဲ မကောင်းလား။ အများကြီးပါ ။ ဥပမာပြောရရင် – ပုဂံတိုက်  ဗျာ။ ထီးလင်းတိုက်   ဗျာ။နောက်ပြီး  စကုတိုက် စသဖြင့် အများကြီးဗျာ။ရဲတွေကလည်းသိသိကြီးနဲ့ ကိုနေနေကြတာပါ။ ဒီကြားထဲ ဒိုင်တွေက သူတို့ဖမ်းခံရရင် ကလေးတွေကို သိန်း(၃၀) ၊ (၄၀) ပေးပြီးထောင်ထဲကိုဝင်ခိုင်းတယ်။သူတို့အခေါ်လူစားလဲတယ်ပေါ့။ ဒါတွေကို လွှတ်တော်ကရောသိကြရဲ့လား။လူကြားကောင်းယုံလောက်တော့ပြောတတ်တာပေါ့နော။ ကြက်တူရွေးတောင်စာအံသင်လို့ရသေးတာပဲနော။ ဟုတ်ပ ။  တို့အမျိုး    –  တို့ ဘာသာ –   တို့  သာသနာ့အရိပ်အောက်မှာ ကြီးပွားချမ်းသာနေသူတွေပါ။ နောက်ပြီးတော့  အရက်သောက်တဲ့ ဘုန်းကြီးတွေ ၊ ဖဲရိုက် ၊ ရည်းစားထားနဲ့ […]