kaiMarch 13, 20253min23140
ပန်းခြံများတန်းတူညီမျှရှိရေး နိုင်ငံ့စံပြပြယုဂ်ကို Los Angeles က စတင်လိုက်ခြင်း ဆွေးနွေးပွဲကို ၂၀၂၅၊ ဖေဖော်ဝါရီ၂၁က Ethnic Media Services က ဦးဆောင် ပြုလုပ်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က တနိုင်ငံလုံး၏ ပန်းခြံအဆင့်သတ်မှတ်ခြင်းတွင် Los Angeles သည် နံပါတ်၁၀၀တွင် ၈၈နေရာသို့ ထိုးကျသွားခဲ့သည်။ တန်းတူညီမျှမရှိခြင်း၊ စိမ်းလန်းသောနေရာများနှင့် ပန်းခြံများသို့ သာတူညီမျှဝင်ရောက်ခွင့်မရှိခြင်းတို့သည် Los Anegles မြို့ရင်ဆိုင်ကြုံတွေ့နေရသောပြဿနာများထဲမှ အဓိကကျသောဗဟိုချက်ဖြစ်သည်။ ထိုပြဿနာများကိုဖြေရှင်းဖို့ရာ အတိုးတက်ဆုံးသောနည်းပညာများနှင့် ဇစ်မြစ်မျိုးစုံမှ Angelenos တစ်ဦးချင်းစီက ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မိမိတို့၏အတွေးအမြင်များနှင့် ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာတွေကို မျှဝေကြရမည်ဖြစ်သည်။ ပန်းခြံများတန်းတူညီမျှရှိရေးသည် ပြည်သူ့ကျန်းမာရေးအရာရှိများအတွက် ဘာ့ကြောင့်အရေးကြီးဆုံးသောစိတ်ဝင်စားစရာဖြစ်သလဲ။ ပန်းခြံများတန်းတူညီမျှရှိရေးကို ဘယ်အချက်က ကျဆင်းစေသလဲ။ LA ရဲ့ပန်းခြံစနစ်နဲ့တခြားမြို့တွေကို ဘယ်လိုနှိုင်းယှဉ်မလဲ။ LA တွင် စတင်လုပ်ဆောင်တော့မည့် ကြိုးပမ်းအားထုတ်မှုအတွက် ရှေ့တန်းအရေးတကြီးနေရာကို […]


kaiMarch 2, 20253min52030
ယူကရိန်း-ရုရှားစစ် ၃နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၂၅ တွင် ဥရောပခေါင်းဆောင်များနှင့် ကနေဒါဝန်ကြီးချုပ်တို့ ကိဗ်မြို့ရောက်ရှိခဲ့ကြသည်။ သမ္မတထရမ့်မပါချေ ။ အမေရိကားသည် ရုရှားကိုယ်စားလှယ်များနှင့်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ယူကရိန်း/အီးယူမပါပဲ ၁၈ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။ ဆွေးနွေးပွဲ၏ သဘောတူညီချက်များ ထုတ်ပြန်ခြင်းမရှိပါ။ “လက်နက်နဲ့ သယံဇာတလဲလှယ်ပွဲ” ယူကရိန်းသယံဇာတများ၏ ၅၀ စစ်စရိပ်အဖြစ်ယူမည်၊ အတိုး၁၀၀ နှုန်းထား ၁ဒေါ်လာညီ လက်နက်တန်ဖိုးကို ၂ဒေါ်လာညီ သယံဇာတနှင့် ပြန်ပေးရမည် ထိုဒေသများ၏ လုံခြုံရေးအဖြစ် အမေရိကန်တို့ ဝင်ရောက်မည် ဟု ဆိုခကာ ထိုကိစ္စကို စာချုပ်ချုပ်မည်ဟု သမ္မတထရမ့်မှဆိုခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ဂြိုဟ်ကြီး၇လုံးတန်းသောနေ့တွင် ယူကရိန်းသမ္မတဇယ်လန်စကီသည် လက်နက်နှင့် သယံဇာတလဲလှယ်စာချုပ်လက်မှတ်ထိုးရန်ဟူ၍ အိမ်ဖြူ‌တော်သို့ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့မီဒီယာများအားလုံးရှေ့ဝယ် သမ္မတနှစ်ဦးတို့ ကတောက်ကဆဖြစ်ကြပြီး စာချုပ်ချုပ်ဆိုရေးပွဲပျက်သွားလေသည်။သမ္မတထရမ့်မှ ဇယ်လန်စကီးအား “မင်းက တတိယကမ္ဘာစစ်နှင့် လောင်းကြေးထပ်ကစားနေတယ်”ဟုဆိုလိုက်ခြင်းသည် […]


kaiFebruary 26, 20254min52190
ယခင်လက ယာဉ်ထိန်းရဲများက မိမိ၏ကားကို အကြောင်းတစုံတရာကြောင့် ရပ်တန့်ခဲ့လျှင် မည်သို့နေရမည်၊ မည်သို့ပြောဆိုရမည်ဆိုသည်ကို အထိုက်အလျှောက် တင်ပြခဲ့ပြီးပါပြီ။ ယခုလတွင် လိုအပ်သည်လေးများကို ဖြည့်စွက်ပြီး စာရေးသူ၏ကိုယ်တွေ့ အတွေ့အကြုံလေးများပေါ် အခြေခံထားသည့် Conversation များကို ဖေါ်ပြပေးလိုပါသည်။ ဦးစွာပထမ မှာကြားလိုသည်မှာ ကားမမောင်းခင် မိမိ၏ကားထဲမှာ လိုအပ်သည့် အရေးကြီးသည့်စာရွက်စာတမ်းများကို အဆင်သင့် ဆောင်ထားရန် လိုအပ်ပါသည်။ ပြင်ဆင်ထားသင့်ပါသည်။ LicenceProof of registrationProof of insurance Necessary စာရွက်စာတမ်းအားလုံးကို အလွယ်တကူပြနိုင်ရန် စီစဉ်ထားပါ။ အဆင်မသင့်၍ ရဲများနှင့် ကြုံတွေ့ရသည့်အခါ၊ ဆက်ဆံရသည့်အခါ အလွယ်တကူ ထုပ်ပြနိုင်ဖို့အရေးကြီးပါသည်။ ရဲများက တောင်းဆိုသည့်အခါမှ အကြီးအကျယ် ရှာရဖွေရပြီဆိုလျှင် တမျိုးတမည် ထင်သွားနိုင်ပါသည်။ စာရေးသူ တချိန်က ရေးသားဖေါ်ပြဘူးသည့် perception နှင့် reality […]


kaiJanuary 31, 20253min52730
၂၀၂၅သည် စိတ်လှုပ်ရှားခြင်းများစွာနှင့်အတူ အမေရိကားသို့ ဆိုက်ရောက်လာသည်။ သဘာဝဘေးနှင့် လူလုပ်ဘေးရှိရာတွင် မြန်မာတို့အဆို ရန်သူမျိုးငါးပါး (ရေ၊မီး၊မင်း၊ခိုးသူ၊ မချစ်မနှစ်သက်သောသူ) တို့ကို သတိရဖွယ်ဖြစ်၏။Lunar နှစ်သစ်မှာလည်း ဇန်နဝါရီ ၂၉ တွင်ကျရောက်ပြီး ယခုနှစ်သည် မြွေနှစ်ဖြစ်သည်။ နှစ် ၆၀ တွင်တခါလာသော သစ်သားမြွေ ဖြစ်သတဲ့။ အကောင်၁၂မျိုးတွင် မြွေသည် နားလည်ရ အခက်ဆုံးတဲ့။ အသိဉာဏ်ပညာ ၊ စိတ်ရှည်ခြင်း နဲ့ ထူးဆန်းသောအဖြစ်အပျက်များ၊ အသစ်ဖန်မွေးဖွားခြင်း အချစ်ရေးအထူးသဖြင့်ကောင်းမွန်ခြင်းတို့ကို ကိုယ်စားပြုပါသတဲ့။ ထို့အပြင် နာဆာ၏အဆိုအရ ဖေဖော်ဝါရီ ၂၈ တွင် ဂြိုဟ်ကြီး ၇လုံး (Mars, Jupiter, Uranus, Venus, Neptune,  Saturn, Mercury တို့ တတန်းထဲစီသွားကာ နက္ခတ်တို့စုံလင်မည်။ “ဘုရားသခင်တို့၏ စစ်ပွဲလောက” ယခုခေတ်ကမ္ဘာကြီးကို […]


kaiJanuary 29, 20252min19590
ယခုနှစ်သစ် 2025 တွင် စာရေးသူ ရိုသေလေးစားရပါသော ဆရာတော်တပါး၏ အကြံပေးချက်အရ အရေးပေါ်ကိစ္စများတွင် သိထားသင့်သည့် အချက်အလက်များ၊ အင်္ဂလိပ်စကားအသုံးအနှုံးလေးများကို လက်ဆောင်အဖြစ် ဖေါ်ပြပေးလိုပါသည်။ အရေးပေါ်ကိစ္မများနှင့် ကြုံကြိုက်သည့်အခါ ဆရာဝန်၊ သူနာပြုများနှင့် ဆက်ဆံရသည့်အခါ၊ ရဲအရာရှိများနှင့် ဆက်ဆံရသည့်အခါ တော်တော်ဒုက္ခ တွေ့ရနိုင်ပါသည်။ တဖက်သားရဲ့စကားတွေကို နားမလည်၍ဖြစ်စေ၊ မိမိပြောလိုသည့်ကိစ္စကိုပြောဖို့ vocabulary မရှိ၍ဖြစ်စေ၊ တော်တော်လေးကို ကသိကအောက် ဖြစ်နိုင်ပါသည်။ အထူးသဖြင့် လူငယ်လူရွယ်လေးများကို စာရေးသူ ပူပန်မိပါသည်။ ရဲများနှင့် ဆက်ဆံရသည့်အခါ အပြောအဆို မတတ်လျှင် ကံကောင်းရင် အဖမ်းခံရမည်၊ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်။ ကံဆိုးရင်တော့ အပစ်အခတ်ခံရပြီး အသက်ပါ ပျောက်သွားနိုင်ပါသည်။ ဒီနိုင်ငံမှာ driver license မရှိရင် အလုပ်မဖြစ်ပါ။ License ရှိပြန်တော့ တနေ့မဟုတ်တနေ့ ရဲများ၊ […]


kaiDecember 30, 20243min43150
နှစ်တခုကုန် နှစ်ကူးပါပြီ။ သင်္ကန္တဆိုသည် ကူးပြောင်းခြင်းမို့ ခရစ်နှစ်သင်္ကြန်ကျပြီဆိုချင်ဆို။ သင်္ကြန်စာ မဟုတ်မူလည်း အချက်အလက်တို့ အရကောက်၍ ဖြစ်ခဲ့ပြီးနှင့် ဖြစ်လာနိုင်ခြေတို့ကို ချရေးပါမည်။Baba Vanga ၏ ၂၀၂၅ အတွက်ခန့်မှန်းမှုမှာ ဥရောပသို့စစ်မီးကူးစက်လာမည်။ ငလျင်ကြီးများလှုပ်မည်။ တတိယကမ္ဘာစစ် မဖြစ်သေး။အခြားကမ္ဘာမှလူသားများနှင့်အဆက်အသွယ်ရမည်။Nostradamus အရမူ ၂၀၂၅သည်စိန်ခေါ်မှုများနှင့်ဖြစ်သည်။ ဉက္ကာပျံကမ္ဘာမြေကိုဝင်စောင့်နိုင်ချေရှိခြင်းနှင့် ရှေးပလိပ်ရောဂါကဲ့သို့ ကူးစက်ရောဂါ UK တွင်ဖြစ်နိုင်သည်။ အမေဇုံသစ်တောဒေသတွင် မီးတောင်ပေါက်ကွဲမှုကြီးဖြစ်နိုင်သည်။ ကင်ဆာပျောက်ဆေးကဲ့သို့ ‌ဆေးသစ်အသစ်တွေ့ အောင်မြင်မည်ဟူသတတ်။ “အမေရိကစီးပွားရေး”ကမ္ဘာ့စီးပွားရေးသည် ထင်သလောက်မဆိုး အကောင်းဖက်ဦးတည်တက်ခဲ့သည်။ အမေရိကားစီးပွားရေးမှာမူ စတော့စျေးကွက် DJIA ( အမြင့်ဆုံး ၄၅၀၁၄.၀၄ ( ဒီဇင်ဘာ ၄ ၂၀၂၄) နှင့် S&P 500 အတက် ဖြင့် စံချိန်သစ်များပင် တင်ကာ 401k ပင်စင်စုဆောင်းငွေဖြင့်သန်းကြွယ်ဖြစ်နေသူများပင် ဦးရေ၆သိန်းဝန်းကျင်ရှိနေသည်။ […]


kaiDecember 28, 20244min47340
– Prof: Myo Kyaw Myint ယခုလိုနှစ်ဟောင်းကုန်၍ နှစ်သစ်ကူးမည့်အချိန်ကာလမျိုး၌ မြန်မာ Activist တိုင်း သိနားလည်သင့်သည့် ဝေါဟာရနှစ်ခုမှာ Modernization နှင့် Westernization တို့ ဖြစ်ပါသည်။ Modernization ကို Webster Dictionary က ယခုလို အဓိပ္ပါယ် ‌ဖေါ်ပြထားပါသည်။ Modernization is the process of adapting something to modern needs or habits. It carries the institutions and values of society along with it, in what is generally regarded as a […]


kaiDecember 12, 20243min15740
ကယ်လီဖိုးနီယားပြည်နယ်သည် သင့်ဆန္ဒမဲစွမ်းအားကို လေးစားအသိအမှတ်ပြုပါသည်။By Shirley N. Weber, PhD, California Secretary of State( ကယ်လီဖိုးနီယားပြည်နယ် အတွင်းရေးမှူး။) ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သူများ- Californians ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာဖြင့် ယခုကဲ့သို့ လူသိရှင်ကြားပြောဆိုနိုင်ကြပါတယ်။ : ကယ်လီဖိုးနီးယားပြည်နယ်ဟာ ကျမတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ပိုမိုသိသာထင်ရှားတဲ့ပြုပြင်ပြင်ဆင်ခြင်းတွေပြုလုပ်ခဲ့ပြီး တခြားပြည်နယ်များထက် မဲပေးပိုင်ခွင့်တွေကို ပိုပြီးလွတ်လပ်ကျယ်ပြန့်အောင် တိုးချဲ့ခဲ့ပြီးဖြစ်ပါတယ်။ နောက်နှစ်မှာ Voting Rights Act – မဲပေးခွင့်အက်ဥပဒေ နှစ်၆၀ပြည့်အထိမ်းအမှတ်ကိုကျင်းပမှာဖြစ်သလို ထိုပြီးမြောက်အောင်မြင်ခဲ့ခြင်းရဲ့ ဆက်စပ်မှုဟာ နက်ရှိုင်းလှပါတယ်။ ထိုတရားဝင်ဥပဒေပြုခြင်းမှတ်တိုင်ဟာ ကျမတို့တိုင်းပြည်ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ အမေရိကန်ပေါင်းမြောက်များစွာ ဆယ်စုနှစ်တွေချီပြီး မဲရုံတွေမှာကြုံတွေ့ခဲ့ရတဲ့ မဲဆန္ဒရှင်တွေကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မဲပေးခွင့်ကိုချိုးနှိမ်ဖောက်ဖျက်ခြင်းတွေကို ဖယ်ရှားပစ်ဖို့ စတင်ခဲ့ပါတယ်။ ကျမရဲ့မိဘများဟာ စာရင်းငှားလယ်လုပ်သူတွေဖြစ်ကြပြီး လူမည်းများကိုလူမျိုးရေးခွဲခြားဆက်ဆံမှုကြီးစိုးသည့် Jim Crow […]