Kaung Myat ThuMarch 13, 20143min14210
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} –       My Ringtone ဆိုတာအားလုံးသိပြီးသားဖြစ်ကြမှာပါ။ တစ်ဖက်ကကိုယ့်ဖုန်းကိုခေါ်နေချိန်မှာ ကိုယ်ကမကြားလို့ပဲဖြစ်ဖြစ်၊ မအားသေးလို့မကိုင်ဖြစ်တာပဲဖြစ်ဖြစ် တဖက်လူစောင့်နေချိန်မှာနားဆင်နိုင်ဖို့ သီချင်းတစ်ပုဒ်(၃၀၀)ကျပ်၊လစဉ်ဝန်ဆောင် ခ (၂၀၀၀)ကျပ်ပေးပြီး Message Center 1772 ကိုလှမ်းတောင်းရယူထားရတာပါ။ အိုင်းရင်းဇင်မာမြင့်ရဲ့သီချင်းလေးနဲ့ ရယူထားတာကြာပါပြီ။ဒီလတော့အင်တာနက်သုံးရတာတစ်လ(၃၀၀၀၀)ကျပ်လောက်ကျလို့ ဒီ […]


Kaung Myat ThuMay 23, 20131min1517
ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။     လာနိုင်ရင်လာဖို့၊ မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ အလှုငွေရောက်မလာ ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။ လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။  မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက ၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)  

IMG_5892-600x400.jpg

Kaung Myat ThuJanuary 4, 20132min2367
ကျွန်တော့်ဘဝမှာမျှော်လင့်တောင့်တနေခဲ့ရတဲ့နေ့တစ်နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။့ အဲဒီနေ့ကတော့(၃၀.၁၂.၂၀၁၂ တနင်္ဂနွေနေ့)။ ဇာတိမြေဖြစ်တဲ့ဧရာဝတီတိုင်းဝါးခယ်မမြို့ရဲ့အ.ထ.က(၁)မှာကျင်းပခဲ့တဲ့ကျေးဇူးရှင်ဆရာကြီး၊ဆရာမကြီးတွေကို ပူဇော်ကန်တော့ပွဲကျင်းပခဲ့တဲ့ နေ့ကလေးပါပဲ။ ပူဇော်ပွဲမကျင်းပခင် တစ်လ၊နှစ်လ အလို လောက်မှာကျင်းပရေး ကော်မတီဝင်သူငယ်ချင်း မခင်ချိုလွင်(မချို)က ဖုန်းလှမ်းဆက်တယ်။  ဆရာ ကန်တော့ပွဲ ကျင်းပဖို့အလှုငွေ ဘယ်လောက်ထည့်မလဲတဲ့။ကျွှန်တော်အတိုင်းမသိဝမ်းသာသွားတယ်။အဲဒါနဲ့အေးငါတစ်သိန်း ထည့်မယ်ဆိုပြီး ကတိပေးလိုက်တယ်။လူကြုံနဲ့အလှုငွေတစ်သိန်းကိုဆရာကန်တော့ပွဲကျင်းပဖို့ တစ်လအလို လောက်မှာ လှမ်းပို့ လိုက်တယ်။ ရင်ထဲမှာလည်းကျေးဇူးရှင်ဆရာ၊ဆရာမကြီးတွေကို ကန်တော့ရတော့မယ်ဆိုပြီး ပီတိတွေဖြာဝေ လာတယ်။ ဒေါက်တာအေးအေးမြင့်နဲ့ ကျင်းပရေးကော်မတီဝင်တွေရဲ့ ကြေညာချက် သတင်းစာမှာပါလာတယ်။ Mandalay Gazette မှာလည်း မပဒုမ္မာရဲ့ Post ပါလာတယ်။   ၂၉.၁၂.၂၀၁၂(စနေနေ့) နံက်၉နာရီ ရန်ကုန်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူဟောင်းတွေစုပြီး ဆရာကန်တော့ပွဲကိုသွားကြမယ်။ လိုက်ပါလိုသူ တွေ စာရင်းပေးဖို့အကြောင်း။ ကော်မတီဝင်တစ်ဦးရဲ့အမဖြစ်တဲ့သူငယ်ချင်းမကြူကြူခိုင်ကလည်း ဖုန်းနဲ့လှမ်းပြီး ဆရာကန်တော့ပွဲလိုက်မှာလား။လိုက်မယ်ဆိုရင်ဘယ်နှစ်ယောက်လိုက်မှာလည်းဆိုပြီးဖုန်ုးလှမ်းဆက်တယ်။ ကျွန်တော်၊ ကျွန်တော့်အမျိုးသမီး(ကျွန်တော်နဲ့တစ်တန်းတည်းတက်ခဲ့တဲ့သူငယ်ချင်း)နဲ့ ့ ကျွန်တော့်သား (ဖအေ၊မအေတွေနဲ့ခွဲလို့မရတဲ့ […]


Kaung Myat ThuDecember 9, 20121min19410
ဩဂုတ်လတုန်းက မပဒုမ္မာရေးတင်ခဲ့တဲ့ Post ကို ဟိုတစ်နေ့ကမှတွေ့လို့ comment ပြန်ရေးလိုက်ရတယ်။ ကျွန်တော်ထပ်ပြီး ဆော်ဩပါရစေ။ ၃၀.၁၂.၂၀၁၂(တနင်္ဂနွေနေ့) မှာ တို့ရဲ့ကျေးဇူးရှင်ဆရာ၊ဆရာမတွေကို လှိုက်လှိုက်လှဲလှဲကန်တော့ကြရအောင်။ အလှုငွေလေးတွေထည့်ဖြစ်အောင်ထည့်ကြဖို့(တတ်နိုင်သလောက်ပေါ့)။ လာဖြစ်အောင်လာပြီးပူဇော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။  


Kaung Myat ThuMarch 1, 20121min1235
ဘဝမှာငယ်ရွယ်စဉ်ပျော်ရွှင်မှုများစွာကြုံခဲ့ရပေမယ့် အိမ်ထောင်ပြု၊သားသမီးတွေရလာတဲ့အခါ အိမ်ထောင့်တာဝန်၊မိသားစုစားဝတ်နေရေးနဲ့ ဘဝရှေ့ရေးအတွက်ရုန်းကန်လှုပ်ရှားကြရပါတယ်။အဲဒီလိုနေရင်းနဲ့အထက်အရာရှိပေါင်းများစွာ၊လုပ်ဖေါ်ကိုင်ဖက်များစွာကြုံတွေ့ရင်း၊အဆင်မပြေမှုတွေ၊ တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်မှုတွေကြုံတွေ့ရလို့စိတ်ပင်ပန်းဆင်းရဲလာတဲ့အခါဘုရားရိပ်၊တရားရိပ်မှာခိုနားချင်ပေမယ့်ရှေ့ဆက်ပြီးမိသားစုအတွက်ရုန်းကန်ဖို့ အချိန်တွေကကျန်သေးတော့စိတ်ပင်ပန်းမှုခဏတာပြေပျောက်အောင်ဘယ်လိုလုပ်မလဲ။အရက်သောက်ပြီးဖြေဖျောက်ရင်လည်းဘုရားမကြိုက်တဲ့အလုပ်၊အဲဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်းလဘက်ရည်ဆိုင်မှာတစ်ယောက်ထဲသွားထိုင်နေတုန်း အသက်၂ဝကျော်၃ဝခန့်မိန်းကလေးတစ်ချို့(အလန်းလေးတွေပေါ့)ရှေ့ကနေ ဖြတ်လျှောက်သွားတာကိုကြည့်ရင်း၊ရင်ထဲမှာငယ်မူပြန်မေတ္တာရိပ်တို့ဖြစ်ပေါ်သွားတဲ့တခဏလုံးဝစိတ်ဆင်းရဲပင်ပန်မှုတွေပြေပျောက်သွားခဲ့ရပါတယ်။ (ဒါဟာဆရာတော်တပါးဟောကြားခဲ့တဲ့မေတ္တာရဲ့အေးမြခြင်းပေလား-ဒါမှမဟုတ်အိမ်ထောင်သည်တစ်ယောက်ရဲ့နှလုံးသားအသစ်ပြန်လည်ဖြစ်ပေါ်ခြင်းလား။ ကျွန်တော်နှလုံးသားကိုဘယ်လိုအပြစ်ဆိုကြမလဲ?) မှတ်ချက်။ ။ကိုကျီးမိုက်ကိုအားကျတဲ့အတွက်မိမိခံစားချက်ကိုဖွဲ့ဆိုပါသည်။