ဟူးးးးး မယ်ပု ဖြောင့်ချက် ရေးတုန်း က သိပ်နားမလည်ခဲ့ဘူးးး ဘာလို့များ ရေးဖို့ လိုပါလိမ့်လို့ မှတ်နေတာ။ မှတ်ဟ! ခု ကိုယ်တိုင်ရေးဖို့ လိုလိမ့်မယ် ထင်လို့ ရေးလိုက်တယ်။ ကျနော် ဒီရွာကို နာမည် အရင်းနဲ့ ပဲ ဝင်ပါတယ်။ ဘယ် အသိုင်း အဝိုင်းမှာ ကျင်လည်တယ်ဆိုတာလည်း ဘွင်းဘွင်းပြောပါတယ်။ ကျနော် ဟာ Not Available ပါ ဆိုတာလည်း ပို့(စ) တင်ပြီး ပြောဖူးပါရဲ့။ ဒီထက်တော့ အသေးစိတ်ပြောပြလို့ မရတဲ့ ဘဝမို့ ဒီလောက် အမှန်ပေးထားတဲ့ အင်ဖိုမေးရှင်းနဲ့တင် ဒီရွာက လူတွေလည်း မထိခိုက်လောက်ဘူးထင်လို့ ကျနော် ပြောနိုင်သလောက် ပြောထားတာပါ။ ဖဘမှာလည်း ဓာတ်ပုံအမှန်၊ အသက်အမှန် အသိုင်းအဝိုင်း အမှန်ကိုပြထားပါတယ်။ စုံစမ်းလို့မှ […]