ခင္ခAugust 25, 20141min1387
” ခါးမှန်းသိလျှက် မစားစေချင်”   ကြာကြာဝါးတော့ ခါးမှန်းသိ ခါးနေလျှက်မို့ ထွေးထုတ်ပစ်လဲ မစားမနေ ခိုင်းစေလေတော့ ခါးလျှက်သာဘဲ ဝါးခဲ့ရတယ် နှစ်ထောင့်ဆယ့်ငါး အဲဒီအခါး ဆက်မစားရအောင် ဒို့ကြံဆောင်ဖို့ လူတိုင်းအသိ သတိရှိလို့ အစိမ်းကိုရှောင် ပင်နီကိုဆောင် ရောင်းရင်တို့ရယ် မမေ့နဲ့ကွယ်။ ခင်ခ။


ခင္ခAugust 24, 20141min733
“ကြေးစည်သံ”     ကြေးစည်သံလေး တဝေဝေ အပေါ်ထပ် ဘုရားခန်းကလေ အမေကြီးတီးလို့ အမျှဝေ မနက်စောစော သံသာနေ။ ကြေးစည်သံလေး တလွင်လွင် ရွာဘုန်းကြီးတို့ ဆွမ်းခံဝင် လောင်းလှုကြလို့ ကုသိုလ်ပြု မြင်သူအေးလို့ ချမ်းမြေ့စု။ ကြေးစည်သံက တူဝေတူဝေ လိုက်ပါပို့ဖို့ လူစုကြလေ ကျန်ရစ်သူများ ငိုကြလို့နေ သံဝေဂ မြင်သူရကြစေ။ ကြေးစည်သံက တသာသာ ရွာထိပ်တောင်ပေါ် စေတီကလာ ညချမ်းချိန်ခါ ကုသိုလ်မျှ ဘုရားဖူးနဲ့ လွန်စည်ပါ့။ ခင်ခ။


ခင္ခAugust 24, 20141min813
” ရုပ်သေးစင် “   ကကြိုးမရှုပ် ရုပ်သေးရုပ်ကို သူ့ဆိုင်းချက်နှင့် ဟန်ညီလှဖို့ ထားသိုဝင်ထွက် ကျွမ်းကျင်လျှက် ကသည့်ရုပ်ခုံ နောက်ကွယ်စုံမှ ကြိုးကိုင်သမား ဝါရင့်များက တော်လှပေတာ ဉာဏ်ကြီးရှင်ရာ ကကြိုးရုပ်မှာ မသိရှာ ကဟန်မပျက် ကနေလျှက် ရုပ်သေးသဘင် ကစန်းထွင်။   ခင်ခ။


ခင္ခAugust 23, 20141min884
” မျှတစွာဘဲ စားကြပါ “   ထန်းညက် နဲ့ သကြား ချိုသည် ထားလို့ ဆား နဲ့ ငပိရေ အငံ တွေနော့ သံပရာ ရှာလကာ အချဉ် ဓာတ်ပါ ကြက်ဟင်းခါးသီး အခါး ပါသမို့ ငရုတ်သီးတောင့်စိမ်း အစပ် ကိန်းကာ ချို ချဉ် ငံ ခါး အစပ်များနဲ့ သဘာတရား ဖန်တီးထားလို့ အမျိုးရသာ စုံလှသည်၊   လွန်ကဲစားမိ မကောင်းသည်ရှိ ဥပမာပေး ရေးပြအုံးမည် အချိုများစွာ စားသည့်သူမှာ ဆီချိုရန်ဘေး တွေ့နိုင်သေးသလို အငံကဲပို စားမည်ထိုထို သွေးတိုးဖြစ်ရန် ရာနှုန်းများပြန် ထိုကြောင့်အစား သင့်လျှော်ထားလို့ စုံကာ ရသာ စားကြပါဗျာ။     ခင်ခ။


ခင္ခAugust 23, 20141min1245
” မဟောသဓာ ငိုလောက်မယ် “   ဟိုရင်တုန်းက မဟောသဓာ စီရင်ခန်းမှာ နွားရှင်သူခိုး မေးမြန်းထိုတော့ နှမ်းဖတ်ကိုလည်း ကျွေးလေတယ် နွားကိုဝမ်းသက် လားစေလျှက်တော့ မစင်ထဲဝယ် မြက်ပင်ပါလို့ နွားရှင်နဲ့သူခိုး ခွဲခြားလိုက်တယ် မဟောသဓာ တော်လေတယ်။   အခုခေတ်များ ကားခိုးများက ပုလိပ်ရဲမင်း ပေါင်းသင်းတတ်ပြီး ကာဘော်ဒီလည်း လုံးလိုက်ချိန်းလို့ ဝစ်သောက်ကားလည်း တင်သွင်းပိုင်တယ် ဆေးဘော်ဒီဖျောက် အလွန်ကျွမ်းတော့ မဟောသဓာ ငိုလောက်မယ်။   အစိုးရရုံး ဌာနတိုင်းဝယ် ပေးယူမျှတ လာဘ်ယူဘဝက ပျောက်ပျက်သွားအောင် ပြောခဲ့ဆိုလည်း ပပျောက်မှုများ မရှိငြားဘဲ ပိုလို့တိုးကာ ဖြစ်နေရှာတာ ဒို့အတွေ့ ဒိုဓလေ့ဟု ဒို့နိုင်ငံအတွက် ဆိုရမလိုလို ယိုသူမရှက် မြင်သူရှက်ဖွယ်။       ခင်ခ။ (စာကြွင်း […]


ခင္ခAugust 22, 20141min2479
” ကုန် ဈေး နှုန်း မ ဟာ “   ဖိုးလမင်းကြီး ထမင်းဆီစမ်း ရွှေလင်ပန်းနဲ့ ပေးပါဟုဆို တောင်းခဲ့ထိုသည် ငယ်ငယ်ကကစား ဟစ်ကြွေးသံများ။   အခုများတော့ တကယ်သာဘဲ ဖိုးလမင်းကြီး ထမင်းဆီစမ်း ရွှေလင်ပန်းကို ပေးပါပြီထား ထိုလင်ပန်းအား ပြန်ရောင်းရွှေချိန် ရမည့်ငွေသည် တိုက်တာ အိမ်ကား ဝယ်ဖို့မဆိုထား တဲအိမ်နဲ့သာ ညားမည်သာသည့် တစ်နှစ်ပြီးမြောက် တစ်နှစ်ရောက်သော် အဲဒီလောက်တောင် ဈေးကြီးလာပြီ ဒို့ပြည်ကြီးမှာ တိုးတက်ဖြစ်တာ ကုန် ဈေး နှုန်း မ ဟာ ။     ခင်ခ။


ခင္ခAugust 22, 20141min1596
” ကျွန်ုပ်အတွက်တော့ ကဗျာတစ်ပုဒ် ရခဲ့သည် “   တစ်ရံရောအခါ ပြည်ဗာရာဝယ် သဌေကြွယ်သား သူဌေးသားသည် အစချီလို့ ကျက်မှတ်ဖူးခဲ့ ကဗျာဇာတ်တွင် မိဘငွေကြေး ထိုင်ခါသုံးလို့ စီးပွားမရှာ နေသည့်အခါဝယ် ရွာမှထွက်ကာ တောမှာသေသည် ကောင်သေလင်းဒ စားလေသည်။   ဟိုအရင်ငယ်စဉ် ကလေးဘဝရွယ်က ကျောင်းစာမှာကျက် အာဂုံဖက်လို့ နုတ်တိုက်ရွက်ဆို မှတ်ခဲ့ထိုကြောင့် ယခုအမတ်များ ချမ်းသာများတော့ သူတို့သားသမီး တောမှမသေဖို့ ရှေ့ကိုမျှော်တွေး ထောက်ပံပေးမည် နိုင်ငံလုပ်ငန်း လုပ်ကွက်များကို သူ့သားသမီးစံ အမည်ခံလို့ ကုမ္မဏီများစွာ ပိုင်ဆိုင်ကြရှာ ငယ်ကကျက်စာ ကြေလှစွာနဲ့ လိုက်နာကျင့်သုံး ကြပေသည်။   ဒါကိုမြင်၏ ကြားလေမိသော် အဖွားအိုတစ်ယောက် ဆိုလှရွတ်သည် သူကုသိုလ်ကံနဲ့သူ ဖြစ်လေသည်။   ဒါကိုမြင်၏ ကြားလေမိသော် ပြည်သူတစ်ယောက် […]


ခင္ခAugust 20, 20141min1465
” စဉ်းစားတွေးကြည့် “   မြူနှင်းတွေက ထူလှသည် တဖွဲဖွဲနဲ့ မြေသက်ဆင်း နံနက်ခင်းရဲ့ လေပြေအသွင် အေးလှပေါ့ ချမ်းလှစွာအင် ဟိုတုန်းက ဆောင်းအခါပင်။   မြူနှင်းတွေက ဘယ်မှာလဲ လေပြေအေးလည်း မရှိလေဘဲ ဆောင်းတွင်းအခါ ပြက္ခိန်မှာ ဖော်ညွှန်းလအရ သိရတာ ဖောက်ပြန်ပ ရာသီဥတုရာ။   ရော်ရွက်ဝါတွေ မြေခလို့ နွေဘဝသို့ ရောက်လေပြီ အရင်နှစ်နွေထက် ပိုလေမည် ပူချက်ကတော့ စွမ်းလောက်သည် တစ်နှစ်ထက်တစ်နှစ် ပိုပူလှတာ ဖောက်ပြန်ပ ရာသီဥတုရာ။   ဟိုတုန်းက မိုးရွာထဲ ဆော့ကစားကာ မြူးလှမြဲ မိုးအေးအေးနဲ့ ဆောင်ခြုံကွေး ရာသီဥတုက သာယာသေး ခုများတော့ မိုးရွာဟန် ကြားရရင် မချမ်းမြေ့ပြန် နောက်ဆက်တွဲ မုန်တိုင်းများ ပါလေများ စိုးရိမ်သွား […]


ခင္ခAugust 19, 20141min1046
” ပြယုဒ်သုံးလီ “   ရော်ရွက်ဝါတို့ လေမှာလွင့်ကာ မြေပြင်သက်ဆင်း ကြွေကျခြင်းက နွေရာသီ၏ ပြယုဒ်ပါ့။   နောက်တောင်ဆီက မဲမှောင်ကာညို ထစ်ချုန်းကာလျှပ်စီး မြေပြင်သို့ရွာကာချ မိုးရာသီ၏ ပြယုဒ်ပါ့။   အေးလှတဲ့လေညှင်း မြူတွေရယ်ပိတ်တင်း ငွေနှင်းတို့ဖွဲဖွဲကျ ဆောင်းရာသီ၏ ပြယုဒ်ပါ့။   ပြယုဒ်သုံးလီ လှည့်ကာပတ်ပြီ တစ်နှစ်ပြည့်ပြီဆိုကြသည်။     ခင်ခ။


ခင္ခAugust 16, 20141min1123
” ကဲ ဘယ်လိုလဲ “   ကဲ ကဲ ဘယ်လိုလုပ်ကြမှာလဲ……….. ၆၅ ကျပ် နဲ့ လျှော့ဈေးပေးမယ်ဆိုရင် ယူကြမှာလား၊ ဈေးဖွင့်တုန်း လူမစည်ခင် စောစောစီးစီး လိုချင်တဲ့ဈေးကို တောင်းထားပါလား နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောနဲ့နော် လူတိုးလာရင်တော့ ဒီဈေးရ မရ မသေချာဘူး ဟိုဘက်ကတော့ ဝယ်ဝယ် မဝယ်ဝယ် အမြတ် ၂၅% ဖိုးက အရင်ကထဲက တင်ထားပြီးသားလေ အဲဒါကတော့ သွားထိလို့မရဘူး အဲဒါကြိုယူထားတဲ့ အမြတ်ဖြစ်နေလို့လေ။ အမှန်က အဲဒီကြိုယူထားတဲ့ အမြတ်ကို ၁၀% လောက်ဘဲ ထားပါလား ဘာလားဆိုပြီး လျှော့ခိုင်းရမှာ။ ဒါပေမယ့် လူကြိုက်များတဲ့ ဟို ကုန်ပစ္စည်းကိုတော့ လွယ်လွယ်နဲ့ လက်လွှတ်ပါ့မလား အဲဒါလည်းထဲ့စဉ်းစားပေါ့ ဘာဘဲဖြစ်ဖြစ် အတင်းဇွတ်ယူသင့်ရင်တော့ […]


ခင္ခAugust 16, 20141min1247
” ငါ့ဘဝ မနက်ခင်း “   မနက်မိုးလင်း ကျေးဌက်တို့မြူး သံစုံကျူး ပဲပြုတ်သယ်က အော်သံစူး ဗိုက်ဆာကလေး ငိုသံထူး ကျောင်းသွားမည့်သူ ထကာမြူး ရုံးဝန်ထမ်းက ရုံးအိတ်ပြင် အိမ်ရှင်မခဗျာ မီးဖိုချောင်ဝင် မိုးလင်းတာနဲ့ စက်ရုပ်လိုပင် နေ့တဓူဝ ပြုကြအမြဲပင် ရှောင်လွဲမရ ငါ့ဘဝ မနက်အစဉ်။   ခင်ခ။


ခင္ခAugust 15, 20141min20012
” လိုက်နာမယ်ထင် “   ဟဲ့ ကလေး နောက်မလုပ်နဲ့ မိဘတို့များ ဆိုဆုံးမတယ် မတော်ရာတွေ တွေ့တဲ့အခါဝယ်၊   ဆိုဆုံးမစကား မပြောကြားရင် ထိုသားသမီး ကြီးလျှင်ဆိုးဖွယ် ဒါကြောင့်သင်တယ် ငယ်ငယ်ကကွယ်၊   မိဘဆုံးမ လိုက်နာကြလို့ လိမ္မာသားသမီး ထွန်းပေါက်လို့လာ ကြီးပွားတော့ကာ မိဘဝမ်းသာ။   ပြည်သူတွေဟာ မိဘပါတဲ့ ပြောတဲ့စကား မိဘပြည်သူများ ဒါဆိုမမိုက်လေအောင် ဆိုဆုံးမရင် ထိုသူတို့မှာ လိုက်နာမယ်ထင် တွေးမိတာလေး ချကာရေး။   ခင်ခ။


ခင္ခAugust 14, 20141min1276
ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ဇတ်သိမ်း)   ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ပထမပိုင်း) ( https://myanmargazette.net/202257 ) ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) ( https://myanmargazette.net/202369 ) ……………………………………………………………………………………………………………………………….. ……………………………………………………………………………………………………………………………….. ကျောင်းအုပ်ဆရာမကြီးက ငါ့ဘဝကို သနားလို့ စာကြိုးစားတဲ့ငါအတွက် တက္ကသိုယ်ပညာရေးကို ဆက်သင်လို့ ရအောင် သူရှေ့တပတ်ထဲမန္တလေးကိုရုံးကိစ္စနဲ့ သွားဖို့ရှိတယ် အဲဒါသူနဲ့လိုက်ခဲ့ပါလား မန္တလေးရောက်ရင် သူတို့ ရပ်ဆွေရပ်မျိုး နန်းရှေ့က ဘုန်းကြီးကျောင်း ကဘုန်းတော်ကြီးဆီမှာ အပ်ထားပေးမယ် ဘုန်းကြီးကျောင်းကိစ္စ လုပ်ရင် ဘုန်းကြီးကကျောင်းထားပေးလိမ့်မယ် လိုက်ခဲ့ဆိုတာမို့ ဆရာမကြီးကို ကြောက်လည်းကြောက် ငါမှာ လည်းတစ်ကောင်ကြွက်ဘဝဆိုတော့ ဒီလိုနဲ့ဘဲ မန္တာလာမြေကို ခြေချမိခဲ့ရတယ်ပေါ့လေ။ “နင် အဲဒီဘုန်းကြီးကျောင်းကိုရောက်တာ ဆယ်တန်းအောင်ပြီးထဲကပေါ့ ” ” အေးပေါ့ဟ ဆယ်တန်းအောင် အမေဆုံးပြီး […]