ခင္ခJuly 28, 20141min3336
” မြင်နေတယ် မျက်လုံးများ “   မိုးတွေက သဲသဲမဲမဲ ရွာနေစဲ အဝေးပြေးလမ်းမကြီးတစ်ခုမှာ လမ်းမီးတိုင်ဆိုတာကလည်း ဘေးနှစ်ဖက်မှာမရှိဘူး မိုးတိမ်တွေမဲပြီး မိုးကရွာနေတာမို့ သဘာဝလရောင်ဆိုတာကလည်း မပေါ်လေဘူး အသွားအလာလည်း နည်းပြီးနဂိုကတည်းက အသွားအလာနည်းတဲ့ ထိုလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားလေးတစ်စီးဟာ ရုတ်တရက် သွားနေရာက ထိုးရပ်သွားလေသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတဲ့ ထိုကားပေါ်က လူတစ်စုဟာ ထိုးရပ်သွားတဲ့ကားနား ရပ်ကာနေပြီး လမ်းပေါ်မှာ ကားတစ်စီးတစ်လေများ လာလေမလားလို့ အချိန်ပေါင်းများစွာ သဲသဲ မဲမဲမိုးရွာကာ မှောင်မိုက်နေတဲ့ နေရာမှာ မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေကြရှာတယ်ပေါ့။ အဲဒီလိုအချိန်ပေါင်းများစွာစောင့်နေပြီးမှ ဟိုး အဝေးဆီက ကားအလင်းရောင်လေးပေါ်လာတော့ သူတို့တွေစိတ်ထဲပျော်သွားခဲ့ပြီး အဲဒီကားအလင်းရောင်လေး နီးလာလေလေ သူတို့စိတ်ထဲ ခုန မျှော်လင့်ချက်မဲ့ အင်အားတွေ ပြန်နိုးထလာပြီး မျှော်လင့်ချက်အင်အားတွေ ဖြစ်တည်လာခဲ့တယ်။ […]


ခင္ခJuly 28, 20141min58816
  ” ဓာတ်စာ -၂ “ တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဆေးမသောက်လိုသူတွေအတွက် အစာနဲ့ ဝေဒနာသက်သာအောင် ကုသတာကို ဓာတ်စာလို့ ခေါ်ပါတယ်။ ွ အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးရေးခဲ့တာရဲ့ နောက်ဆက် တွဲအနေနဲ့ ထပ်မံပြီးဆက်ရေးပါရစေ။ ( ” ဓာတ်စာ-၁ ” – https://myanmargazette.net/201430 )   ၃၆။ ဆီးပူ ဆီးနည်း ဆီနီ မြင်းခွာရွက်သုပ်စားပါ၊ မြင်းခွာရွက်ဟင်းချို ဟင်းခါးသောက်ပါ၊ မြင်းခွာရွက်ပြုတ်ရည်ကို သကြားအနည်းငယ် နှင့်သောက်ပါ။ သို့တည်းမဟုတ် ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။ သို့တည်းမဟုတ် ဘူးသီးပြုတ် နိုင်နိုင်စားပါ။ ၃၇။ လေးဖက်နာ […]


ခင္ခJuly 26, 20141min66513
” ဓာတ်စာ-၁ “ တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဓာတ်စာ ဆိုတာဘာလဲလို့ဆိုရင် ဆေးသောက်ခိုင်းပြီး ကုသတာမျိုးမဟုတ်ဘဲ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ ဆေးမသောက်ချင်သူတွေအတွက် အစားအသောက်တစ်ခုခုပြုလုပ်စားခိုင်းပြီး ဝေဒနာကို သက်သာ စေတာမျိုး ကိုပြောတာလေ။ အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးအခုလို ရေးလိုက်ပါတယ်။ ၁။ ရင်ဘတ်နာ၊ လေထိုးလေအောင့် ဖျားရောဂါ ဒန့်သလွန်သီးကို ငါးရံ ငါးခူ ငါးကြင်း ငါးပနော် တစ်ခုခုနှင့် ချက်စားပါ။ ၂။ မီးယပ်ချမ်း၊ လေထိုးလေအောင့် ဒန့်သလွန်သီးနှင့်ငါးရံ ချက်စားပါ။ ၃။ အစာမကြေ ဝက်သားပြုတ်၊ ငရုတ်သီးစိမ်း၊ ရှောက်သီး တို့သုပ်စားပါ။ ၄။ ကိုယ်ရေကိုယ်သားပူသော် ချဉ်ပေါင်နှင့်ပုဇွန် […]


ခင္ခJuly 25, 20141min2564
” သူတို့တွေရဲ့ စေတနာ “   မန္တလေးရန်ကုန်ကုန် အမြန်လမ်းမကြီးအတိုင်း ကျုပ်ကားလေးမောင်းပြီး ရန်ကုန်ကိုသွားနေတုန်း အချိန်အားဖြင့် မနက် ရ နာရီခွဲကျော်လောက်အချိန်မှာ မိုင်တိုင် ၃၂ဝလောက်မှာ အဖြူနဲ့အစိမ်းဝတ် ကျောင်းဆရာမနှစ်ဦး လက်လေးပြပြီး ကားတားနေတာကို လှမ်းမြင်နေရလို့ ကားအရှိန်လေးမှေးရင်း သူတို့အကျော်နားလောက်မှာ ကားလေးရပ်လိုက်တယ်ဆိုရင်ဘဲ ခုနကျောင်းဆရာမနှစ်ဦး ကျုပ်ကားဆီကိုလျှောက်လာပြီး ” မိုင်တိုင် ၃၂၈/၁ ကို ကားကြုံလေးလိုက်လို့ရမလားလို့ပါ” ဆိုတာနဲ့ ” ဟုတ် ရပါတယ် ” ဆိုပြီး ဆရာမနှစ်ဦးကို ကားကြုံလိုက်ခွင့်ပြုပြီး ကားဆက်မောင်းလာတော့ ကျုပ်ဇနီးသည်က ကားပေါ်ပါလာတဲ့ ဆရာမနှစ်ဦးကို စပ်စုပြီးမေးတယ်လေ ” ဆရာမတို့ သွားမယ့်မိုင်တိုင်နဲ့ အခုဆရာမတို့တားစီးတဲ့နေရာနဲ့ဆို ၂ မိုင်လောက်ခရီးရှိတာ နေ့တိုင်း အခုလိုဘဲ ကားတားစီးရတာဘဲလားဟင် ” ” ဟိုအရင်တုန်းကတော့ […]


ခင္ခJuly 25, 20141min82424
” ပို့ဆောင်ရေး “   ရွာထဲက ဟိုအရင်စုံတွဲ ခုတော့တွဲမတွဲ မသိလေဘဲ နောက်ပေါ်ခဲ့ရာ စုံတွဲမှာ မင်္ဂလာမောင်နှံ ဖြစ်သွားရှာ ထမင်းဟင်းပုံတွေ တင်ပြကာ စားနိုင်သောက်နိုင် ကြွားလှတာ သူတို့အတွဲ ဖြစ်ပုံများရယ် ရွာကိုကိုင်လှုပ် သိမ့်သိမ့်တုန်တယ် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့တယ်နော် ဟောအခု တစ်စုံတွဲ တိုးတိုးတိတ်တိတ် ရှိနေမြဲ နှစ်ပတ်လည်လို့ ကမ္ပည်းစာထဲ မတူတာတွေ တူတာတွေပြ သုံးငါးခြောက်ကျော် ချစ်ရက်ရှိသနော် အခုဝါတွင်း မျှော်စရာကင်း ဝါထွက်ကာလှ သတင်းကျွတ်ကြ ဒီစုံတွဲရဲ့ ဖိတ်စာလှလှ ကျုပ်ထံရောက်မလား မျှော်မိနေသဗျ။     ခင်ခ။


ခင္ခJuly 24, 20141min2081
” ညီညွတ်ခြင်းသည် အင်အား “   သားအဖ မိသားစုတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ကားပြင်ဝပ်ရှော့တစ်ခုတွင်ဖြစ်ပါတယ်။   ” အဖေ ကျွန်တော် လမ်းထိပ်ဘက်ခဏသွားလိုက်အုံးမယ်” ” ဘာသွားလုပ်မလို့လဲကွ ” ” ဇော်ကြီးတို့အနောက်ဖက်အိမ်မှာ ဂျင်ဝိုင်းလုပ်နေတာကို ရဲတွေဝင်ဖမ်းလို့တဲ့ ” ” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ” ” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ” ” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”   ” အဖေ ကျွန်တော် ကားပစ္စည်ဝယ်ရင်းနဲ့ မောင်လှအမေဆီ ခဏဝင်ခဲ့မယ်နော် ” ” ဘာသွားလုပ်အုံးမလို့လဲကွ ” ” မောင်လှသတင်းဘာကြားသေးလဲလို့ မေးရုံပါဘဲ ဒီကောင်ကြီးကို အခုတလောသတိရနေတာဗျ ၈၈ […]


ခင္ခJuly 23, 20141min2605
” လဘက်ရည်ဆိုင် မြင်ကွင်း “   အဖွားအိုတစ်ယောက် လမ်းဘေးထိုင်လို့ မသန်လှတဲ့ဒီခန္ဓာ ဟန်မကျတော့တောင်းရရှာ ကလေးများအရွယ်တူ ပြေးလွှားကာကူ ကျောင်းနေအရွယ်လေးပေမယ့် ဝမ်းရေးအတွက်စားပွဲထိုးလျှက် ဆူညံပွက်ထ လူသံများက ပြောကြဆိုကြ ငြင်းခုံကြနဲ့ တစ်ချို့ကလဲ ဆေးလိပ်ဖွာစဲ တစ်ဦးတည်းကွယ် ဂျာနယ်ဖတ်တယ် ပါဆယ်ဝယ်သူ အဒေါ်ကြီးကမူ သူမှာထားတာ မရသေးလို့ ထပ်တလဲလဲ ပြောဆိုနေစဲ ဆေးလိပ်ကြော်ငြာ စမ်းသောက်ပါဗျာ ကုမ္မဏီကလေး လိုက်ကာပေး သူသူငါငါ လူတကာအချို့ ဟိုကြည့်ဒီကြည့် လူရှာတယ်ဗျို့ ဆိုင်ထိပ်က ဂျာနယ်သယ် ဝယ်သူရပ်တော့ မေးရှာတယ် မြင်ကွင်းတွေစီ မျောလွင့်နေစဲ ဘေးမှဖြတ်သွား စားပွဲထိုးက အော်လို့ကာ မှာလိုက်တယ် ပုံမှန်စိမ့်နှစ်ခွက် ဟုဆိုလေသည်။   ခင်ခ။  


ခင္ခJuly 23, 20141min35410
” ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့ “   တစ်ညလုံး သဲလိုက်တဲ့မိုး ခုထိတိုင်လည်း မတိတ်သေးဘဲ စောစီးစွာ ခရီးထွက်ရမှာမို့ ညအမှောင်သန်း လရောက်မလွမ်း မှိတ်တုတ်မျှ မလာတဲ့မီး ဝိုးတဝါးပင် မမြင်ရလေတော့ မှန်းကာသာ ခြေကြွရပါသတဲ့ အောက်ဆင်းခဲ့ လှေကားထစ်ဝယ် အေးကနဲအထိ ခြေဖဝါးဆီသို့ လန့်ကာသာ အော်မည်သံနဲ့အတူ အမြန်သာဆင်းလိုက်လေတော့ ပလုံ ဗွမ်း လို့သာ မြည်သံဟီးကာ ကိုယ်တစ်ခြမ်းက ရေမျိုခံရပေါ့ ဪ ဒါလားဟဲ့ ရန်ကုန်မြို့ကိုမှ စင်္ကာပူလိုဖြစ်အောင်လုပ်မယ်လို့ ကြွေးကြော်ကာခွန်းခြွေသူရေ အခုနေတိုးတက်လှပုံကို လမ်းကြုံရင်ဝင်လာကြည့်ပါလို့ ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့။   ခင်ခ။


ခင္ခJuly 22, 20141min44016
” သေ ပြီ ဆ ရာ “   ” သူငယ်ချင်း ဘာမှ မစားဘူးလား မှာလေကွာ လဘက်ရည်နဲ့ဆို ဆာမှာပေါ့ ” ” ငါက ထမင်းကြမ်းနဲ့ပဲပြုတ်ဆီဆမ်း မနက်က အိမ်မှာစားလာသေးတာကွ၊ ငါတို့က နယ်သားတွေဆိုတော့ မနက်ဆိုလည်း ထမင်းကြမ်းနဲ့ ပဲပြုတ် ဒါမှမဟုတ် အကြော်နဲ့ စားလိုက်ရမှ နေ့လည်စာလည်း ထမင်းဘဲ အားရပါးရစားလိုက်ရမှာ တင်းတိမ်ကြတာလေ ” ” ဒါဆို မင်းတို့ မိသားစုက ထမင်းကို မိန်ရေယှက်ရေ စားကြတယ်နဲ့တူတယ်နော် ” ” ဟုတ်တယ် ငါ့အဖေရော အမေရော ငါနှမလေးရော နဲ့ ငါက ထမင်းဘဲ အပြတ်အဝတီးကြတာ အခြားသရေစာ မုန့်တွေကို စားခဲတယ်လေ ထမင်းမစားဘဲ ခေါက်ဆွဲကြော်တို့ […]


ခင္ခJuly 22, 20141min2804
“သနပ်ခါး နဲ့ ပါးကွက်ကြား”   မေ့ပါးပြင်ပေါ် သနပ်ခါး လိမ်းကာချယ်သ ပါးကွက်ကြား မရိုးနိုင်တဲ့ ဟန်ပန်ကြွယ် ရနံကလည်း သင်းပျံလွယ် ယဉ်သကိုမယ်နဲ့ ဂုဏ်ယူဖွယ် ပါးကွက်ကြားနဲ့ လိုက်ဖက်တယ် မြန်မာဆန်လှ အဝတ်အထည် ကျက်သရေလှ ကြည်နူးမယ် ဒို့မြန်မာရဲ့ ဂုဏ်တင့်တယ်။   မြို့ကြီးပြကြီး မိန်းခလေးများ မိတ်ကပ်နှုတ်ခမ်းနီ ချယ်သထား လွန်ကျုးပြင်ဆင် အလှဘုရင် မယ်စင်္ကြာများ ရွေးသည့်ထင် အပြိုင်အဆိုင် အလှပဂေး မြင်သူငေးလောက် လှရာရွေး ငေးရလောက်တဲ့ မြင်ကွင်းကျယ် မြို့ပြတစ်ခုရဲ့ ပြယုဒ်ကွယ်။   ခေတ်နဲ့လျှော်ညီ ပြောင်းလဲပြီ မြို့ပြတို့ရဲ့ ဆင်ထုံးသည် မေ့ပါးသနပ်ခါး ပါးကွက်ကြားကို နောင်များမှာကွယ် ကြည့်လှချင်မယ် တောနေလူထုထဲ ရှာကြဟယ် ပါးကွက်ကြားဘဲ မှေးမှိန်လွယ် မြန်မာစရိုက် မပျောက်စေချင်တယ်။   […]


ခင္ခJuly 21, 20141min82015
“ဆံပင်အကြောင်း တစေ့တစောင်း”   ကျုပ်တို့အရွယ် မငယ်တော့ပြီမို့ ဆံဖြူလို့သွားကျိုး ထုံးစံမျိုးလေမို့ ။   ဆိုသလိုပါဘဲ မနေ့က ညနေကျုပ်ဆံပင်ညှပ် ဆံပင်ဆေးဆိုး သွားလုပ်တော့ အဲဒီဆိုင်အမျိုးသမီးငယ် တစ်ယောက်ဆံပင်အလှပြင်ရင်း ဆိုင်က ကလေးမလေးနဲ့ စကားစမြည်းပြောနေတဲ့ထဲက ” ဟိုတလောက ဆံပင်ကောက်၊ဆေးဆိုးလုပ်ပြီး သိပ်မကြာဘူး ဘာလို့မှန်းမသိ အစားဘဲအစားမှားလေလားမသိ ဆံပင်တွေ အဆုပ်လိုက် အဆုပ်လိုက် ကျွတ်လိုက်တာ အဲဒါ ဆံပင်ပြန်ပေါင်းတင်ပြီး အခုလိုဆံပင်သားပြန်တက်အောင်မနဲ ဂရုစိုက်မွေးခဲ့ရတာ” အဲလိုစကားကြားခဲ့မိလိုက်လို့ လူ၏ ဦးခေါင်းအရေပြားက တွင်းငယ်လေးများမှ ပေါက်နေတဲ့ ဆံပင်အကြောင်း ဖတ်ခဲ့မှတ်ခဲ့သလောက် ပြန်ပြီးဖောက်သည်ချ မျှဝေအုံးမှဘဲလို့ အတွေးဖြစ်မိတယ်။ လူ၏ ဦးခေါင်းအရေပြားတွင် တွင်းငယ်လေးများမှ ဆံပင်သည်ပေါက်နေခြင်းဖြစ်ပြီး အဲဒီတွင်းငယ်လေး အောက်ခြေတွင် အဖုငယ်လေးရှိပါသည်။ ထိုအဖုငယ်လေးသည် ဆံပင်၏အမြစ်ဖြစ်ပေသည်၊ ထိုဆံပင်၏ အမြစ်သည် အရောင်ဖြူပြီး […]


ခင္ခJuly 18, 20141min2465
  ” မပြုံးနိုင်သော်လည်း မမုန်းပါဘူးကွယ် “   “မေမေ ကျောင်းကအိမ်စာတွေအများကြီးပေးလိုက်တယ် ဒီညနေသမီး စာလုပ်ရမှာနဲ့ မဆော့ရတော့ဘူး” ပြောတော့ “သမီးရယ် ကျောင်းသူဆိုတာစာလုပ်ရမှာပေါ့ စာပြီးလို့အချိန်ရရင်ဆော့ပေါ့သမီးရေ” ဆိုပြီး အမေကရယ်လို့   ” အမေ သမီး ဆယ်တန်းကိုဂုဏ်ထူး(၄)ဘာသာနဲ့ အောင်တယ်” ပြောတော့ “အမေ ဂုဏ်ယူတယ်သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။   “အမေ သမီး ဆေးကျောင်းတက်ခွင့်ရပြီး အမေသမီး ဆေးကျောင်းသူကြီးဖြစ်ပြီအမေရေ သိလား” ပြောတော့ “အမေ ဝမ်းသာတယ်သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။   “အမေ သမီး နောက်ဆုံးနှစ်စာမေးပွဲအောင်တယ်အမေရေ သမီးဆရာဝန်ဖြစ်ပြီ သိလား” ပြောတော့ “အမေ ကျေနပ်တယ်သမီးရေ” […]


ခင္ခJuly 18, 20141min73627
” သဂျီးမင်း၏ အသိပေးစာ “   ” ဗျို့ ဦးခင်ခကြီး သုတ်တီးသုတ်ပြာနဲ့ ဘယ်လဲဗျ ” ” သဂျီးမင်း က ရွာသူားတွေကို အသိပေးစာလေး ရွာဘုတ်မှာ သွားကပ်မလို့ဗျာ ” ” ဘာအကြောင်းအရာများလည်း လုပ်စမ်းပါအုံး ခဏလောက်ပြစမ်းပါလား ” ” ဟာဗျာ အဲလိုတစ်ယောက်ပြ တစ်ယောက်ပြနဲ့ ရွာဘုတ်ကိုနေစောင်းမှ ရောက်နေပါအုံးမယ်ဗျာ ဘုတ်မှာဘဲ အလျဉ်းသင့်တဲ့ချိန် လာကြည့်လိုက်ပါဗျာ သွားကပ်လိုက်အုံးမယ် ” ” အဲလိုဆိုလည်း လုပ်လက်စအလုပ်လေး လက်စသပ်လိုက်အုံးမယ် ခဏနေမှလှည့်ကြည့်တော့မယ်ဗျို့ ” ” သဘောတော်ရှိတဲ့အတိုင်းပါဘဲဗျာ ” ဒီလိုနဲ့ ရွာဘုတ်ကို ခင်ခ ရောက်ရှိလာပြီး သဂျီးမင်း ရွာသူားများကို အသိပေးလိုသော စာအားသေချာကျနစွာ ကပ်ပေးလိုက်လေသတည်း။ သဂျီးမင်း၏ အသိပေးစာကတော့ဖြင့် […]