Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ခင္ခJuly 17, 20141min2894
“သူ့ဇတ် သူ့အရပ်နဲ့တော့ အဟုတ်”   စတုတ္ထမြန်မာနိုင်ငံ၏ နန်းတော်အတွင်း မှန်နန်းဆောင်အလယ် ညီလာခံခန်းမတွင် လွှတ်တော်သဘင် စီရင်ကျင်းပရာတို့ ဝံမင်းများ မူးကြီးမတ်ရာသေနာပတိ စုံညီစွာနဲ့ အမတ်မင်းများ စုဝေးရောက်ရှိနေပြီး သကာလ ” ဘုန်းတော်ဖွဲ့ ဘုရင်မင်း သရားကြီး ကြွချီလာပါပြီ ” ဝံမင်း မူးမတ် ဗိုလ်ပါ တွေ အားလုံး မတ်တပ်ရပ်ကြပြီး ဘုရင်မင်းသရာကြီး ပလ္လင်ပေါ်ထိုင်ပြီးသောအခါ အသီးသီး ကိုယ့်နေရာမှာ ပြားပြားဝပ်နေရာပြန်ယူကြလေကာ လွှတ်တော်သဘင်အား စတင်လေပြီ “ကဲ လျှောက်တင်စရာရှိတာတွေ မချွင်းမချန်လျှောက်တင်ကြစမ်းကွဲ့” “ဘုရားကျွန်တော်မျိုး မြို့တော်ဝံအနေနဲ့ လျှောက်တင်လိုသည်မှာ ယခုအခါရွှေမြို့တော်ကြီးရဲ့ လမ်းအသီးသီးမှာ ခွေးလေခွေးလွင့်တွေ အတော်ပေါများလာပါတယ်ဘုရား အဲဒါကိုနှိပ်နင်းခြင်းမပြုရင် နောင်တစ်ချိန် ရွှေမြို့တော် ကြီးဟာ ခွေးမြို့တော်ဖြစ်တော့မှာဖြစ်ကြောင်း တင်လျှောက်ပါတယ်ဘုရား” “အိမ်း ဒီစုံညီ ညီလာခံ လွှတ်တော်သဘင်မှာ […]


ခင္ခJuly 16, 20141min3104
” အလေးပြုတာဘဲ အဖတ်တင်”   ဇူလိုင်တစ်ဆယ့်ကိုး တစ်ပတ်လည်လို့ ခနနေတိုး ဟွန်းတီးကြဖို့ ဆိုသူဆို ဩဥဆွဲသင့် ပြောသူပြော အလေးပြုကွယ် လုပ်သူလုပ် ချီတက်ကြမယ် စုသူစု ဒီတစ်ရက်အတွက် တပ်လှန့်တာလား ဒီတစ်ရက်အတွက် တော်လဲတာလား ဒီတစ်ရက်ဘဲ လုပ်ကြမှာလား ဒီတိုင်းပြည်အတွက် နေ့စဉ်ရက်ဆက် ဘာတွေပြုပြင် ဘာလုပ်သင့်ထင် ဒါတွေစဉ်စား တိုးတက်သွားဖို့ လုပ်သင့်တာတွေ အများကြီးမို့ တစ်ရက် တစ်မနက် လေးပြုနုတ်ဆက် နောက်ရက်ဒုံရင်း ပြန်နေဖြစ်ရင် အလေးပြုတာဘဲ အဖတ်တင်။   ခင်ခ။  


ခင္ခJuly 16, 20141min83322
” ကျေးဇူးပါ ဂဇက်ကြီးရေ “   ပြီးခဲ့တဲ့ရုံးပိတ်ရက် တနင်္ဂနွေနေ့က အပျော်တန်းဓာတ်ပုံရိုက်ဝါသနာထုံသူ သူငယ်ချင်းတစ်ယောက် ရန်ကုန် ကနေ မန်းလာလည်မယ်ဆိုသောကြောင့် မနက်အဝေးပြေးဂိတ်မှာ သွားကြိုခဲ့ရတယ်လေ။ သူငယ်ချင်းနှစ်ယောက် လူချင်းမတွေ့ဖြစ်တာ ဆယ်စုနှစ်လောက်ဆိုတော့ သူစီးလာတဲ့အဝေးပြေးကားပေါ် ကနေဆင်းလာလို့ သူငယ်ချင်းနှစ်ယောက်စုံလိုက်တာနဲ့ ပြောစရာစကားတွေ တစ်ပုံတပင်စကားတွေ ထွက်လာ လိုက်ပြီး မနက်စာကို မန်းမြို့တော်ပေါက်စီဆိုင်မှာ ဝင်စားရင်းရှေ့ဟောင်းနှောင်းဖြစ်ပြောကြကာ အခုလာတာ ဘာကိစ္စလဲ ဘယ်သွားလည်ချင်တာလဲဆိုတော့ စစ်ကိုင်း၊ မင်းကွန်းနဲ့ ဦးပိန်ဘက်ကိုမို့ သိလိုက်ပါပြီ ကင်မရာ တကားကားနဲ့ ထင်ရာရိုက်တော့မယ်ပေါ့လေ။ ဒါနဲ့ဘဲ မန်းရောက်ရင်တော့ ဘုရားကြီးအရင်ဦးတိုက်လိုက်ကွာဆိုပြီး ဘုရားကြီးလိုက်ပို့ အဲဒီကအထွက် စစ်ကိုင်းဘက်ခြေဦးလှည့်ကြပြီး စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုံညရှင်စေတီကို တက်လှမ်းကာရောက်ခဲ့ ကြတယ်ပေါ့။ ဆွမ်းဦးပုံညရှင်ဘုရားကို သူငယ်ချင်းနှစ်ယောက် ဆွမ်းတော်ကပ် ဘုရားဝတ်ပြုပြီး သူက အနီး အနား အလှတရားရှုခင်းတွေကို […]


ခင္ခJuly 15, 20141min3979
” ဟာ “   အရှေ့ရပ်က မှိုင်းလို့ပါဆို အနောက်တောင်က တိမ်မဲလွှမ်းသကိုး မှောင်ပြလာ ပတ်ဝန်းကျင်သခို ပြိုတော့မယ် မိုးရိပ်ကယ်ညို ရွာမယ့်ဟန် ကြောက်လှသကို ဆိုင်ကယ်ကို တအားမောင်းထို အလုအယက် ပြန်ကြအိမ်ဆီကို မိုးရွာချ စိုလှမှာမို့ ခဏကြာတော့ ပေါ်လှအသံစုံ ကျိ ဝုန်း ဂျိုင်း ဒိုင်း ကနဲမြည်သံ ထွက်ပါပေါ့ အာမေဋိတ်……………. ” ဟာ ” ။     ခင်ခ။


ခင္ခJuly 15, 20141min3686
” ဂရုတစ်စိုက် နေသွားသင့်တယ်လို့ “   သဂျီးမင်း ကျွန်တော့ပိုစ့်တစ်ခုမှာခုလို ကွန်မန့်လေးရေးထားလို့ အနော်ရထာက.. စုက္ကတေးမင်းကိုလုပ်ကြံတယ်… ကျန်စစ်သားက.. အနော်ရထာကို သစ္စာဖောက်တယ်…. .. .. တပင်ရွှေထီးလုပ်င်္ကြခံရတယ်..။ ဆင်ဖြူရှင်လက်ထက်မှာ.. ယိုးဒယားတက်သိမ်းတယ်..။ အလောင်းဘုရား စစ်တိုက်ရင်းသေတယ်..။ ကနောင်မင်းအသတ်ခံရတယ်.. သီပေါမင်း ညီနောင်တွေလည်မြိုတုတ်နဲ့ရိုက်သတ်ခိုင်းတယ်.. .. ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောလုပ်ကြံတယ်.. ဦးနုကို.. ဦးနေဝင်းနေရာဖယ်ထောင်ချတယ်.. ဦးနေဝင်းကို.. မှုးကြီးသန်းရွှေ.. ဖယ်ထုတ်တယ်..။ .. .. မြန်မာပြည်မယ်.. အေးအေးချမ်းချမ်း တိုင်းပြည်တိုးတက်အောင်လုပ်ပြီး.. ကောင်းကောင်းမွန်မွန်.. လွန်သွားတဲ့.. မင်း..အုပ်ချုပ်သူ.. အစိုးရမှ ရှိဖူးရဲ့လား…။   အဲဒါလေးဖတ်ပြီး လတ်တလော ကျုပ်နေတဲ့ မန်းမှာ ဟိုနေရာ ဟိုလိုသတင်းနဲ့ ရုတ်ရုတ်ဖြစ်နေတာကို အခြေပြုကာ ခဏလောက်အတွေးအဖြစ် အခုလိုတွေးမိသွားတယ်ဗျာ အရင်အရင်က ကိစ္စတွေတော့ ကျုပ်တို့မမှီလိုက်ဘူးပေမယ့် […]


ခင္ခJuly 14, 20141min47616
” လုပ်သင့်တာလေး လုပ်ကြပါစို့ “   ဘဝနိဂုံး အဆုံးသတ်တော့ အသက်ကယ်ကြီး အရွယ်အိုလို့ ချိနဲ့ရုပ်ခန္ဓာ အနာရောဂါ ဖြစ်ပေါ်လာလို့ ဓမ္မတာအရ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   နေမယ်ဆိုရင် နေလို့ရသေး သေလွန်လှတာ နှမျှောစရာလေး အရွယ်ကငယ်ငယ် သေရရှာတယ် ဓမ္မာအရ မဟုတ်လှဘဲ မတော်တဆ ဖြစ်ခဲ့ကြလို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   ရောဂါစဖြစ် နွံနစ်သည့်ဘဝ တစ်နေ့လုပ် တစ်နေ့စား ထိုလူများက ဆေးကုစရာ ငွေမရှိရှာလို့ ကြိတ်မှိတ်ခံစား ဝေဒနာများကို သေသော်မှသည် ဪကောင်း၏မို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   သူဌေးကြီးလည်း ရောဂါစွဲတော့ ကောင်းပေ့ဆေးရုံ ပါရဂူစုံနဲ့ ကုသကြလို့ ပျောက်သည်လည်းရှိ မပျောက်သည်လည်းရှိ ဆရာဝန်ကခေါင်းခါပြကာ လက်လွှတ်ပါပြီ […]


ခင္ခJuly 14, 20141min4056
” ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့ “   မိုးလေးက တဖွဲဖွဲ ဇူလိုင်လမှာ မသဲဘဲ ဝန်ကြီးတွေက စုဝေးကာ ဂျူပလီဟောရဲ့ အခန်းမှာ အကြံပက်စက် လူတစ်စု ခေါင်းဆောင်အမိန့်နဲ့ ရမ်းကားပြု အစည်းဝေးခန်းထိ ဝင်ရောက်ကာ ပစ်ကြခက်ကြ လုပ်ကြံတာ ကျဆုံးခဲ့တဲ့ အာဇာနည် ဒို့ဗိုလ်ချုပ်လည်း ပါလေပြီ မမေ့နိုင်စရာ ထိုရက်ဟာ ဇူလိုင်တစ်ဆယ့်ကိုး ထိုနေ့ပါ တစ်ပတ်လည်လို့ ရောက်ပြန်ပေါ့ မေ့ကောင်းစရာလို့ မမှတ်နဲ့နော့ တိုင်းပြည်ကျွန်တွင်း ကယ်တင်ခြင်း ဗိုလ်ချုပ်လုပ်ဆောင် အသက်သွင်း လွတ်လပ်ရေးကြီး ရခဲ့ပြီ ပေးခဲ့ရပြီ ကိုလိုနီတို့ တရားမျှတ လွတ်လပ်ခြင်း ရနေပြီလား မြန်မာပြည်အတွင်း မရသေးရင် ရအောင်ယူစို့ ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့။   ခင်ခ။  


ခင္ခJuly 12, 20145min4186
“-OverDrive- On/Off– ခလုပ်လေးအကြောင်းသိကောင်းစရာ” သဂျီးရေ အောက်မှာရေးထားတဲ့အကြောင်းအရာလေးကတော့ အခုမော်ဒယ်မြင့်ကားတွေ ကျွန်တော်တို့စီမှာ တစ်ဖြေးဖြေးများလာပြီး သုံးစွဲမှုဦးရေလည်းတိုးပွားလာတာမို့ တကယ်ကိုဗဟုသုတရနိုင်ဖွယ် မှတ်သားစရာ လေးမို့ အများသိအောင်မျှဝေလိုတဲ့စိတ်ဆန္ဒလေးဖြစ်သမို့ FB မှာတွေ့တာလေးကို ဒီမှာလာပြီးရှယ်တာပါ။ အကယ်လို့ သဂျီးတို့သတ်မှတ်ချက်နဲ့မညီခဲ့လျှင်တော့ ကျုပ်ကဘဲ တောင်းပန်လို့ ဒီပိုစ့်ကိုဖျက်ပယ်နိုင်ပါတယ် ခင်ဗျ။ ခင်ခ။   [ ” ကီလို-၁၀၀-အေးဆေးပါ——ဒါပေမယ့်–၁-စက္ကန့်မှာ-၈၈–ပေ–သွားနေတာတော့-သင်သိပါ-” ] ၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ- ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး–ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်- အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ- –ယခင်မော်ဒယ်များမှာ-ပါနေကျ–ဂီယာဘုတံကြီးဘေးနားက–အသီးလေးဖြစ်တဲ့–OverDrive- On/Off–ဆိုတဲ့ဖန်ရှင်လေးကို– အရှိန်-90/100km–လောက်နဲ့မောင်းနေရင်း–လမ်းရဲ့-curve–တွေ-band —တွေကိုရောက်လာတဲ့အခါ–ဘရိတ်ကိုအရင်မဖမ်းပဲ– -O/D –On-Off–ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်– -P-နဲ့-R–ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ—ဒါနဲ့မမှားပါနဲ့– အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ–ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်–အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း- စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး–တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့–ဟုတ်တယ်ဟုတ်- ဒီ-ဘုလေး-အဖွင့်အပိတ်ကို–ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်- သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်–မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့–ထူးခြားတာတွေ့ရမှာမဟုတ်ပါ— ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ–ကီလို-မနဲမများနဲ့—-၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း–စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက- ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်–ဒိုင်ခွက်ထဲမှာ–O/D –On-Off –ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်- -ဒီအချိန်မှာ–ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ– -ကားရဲ့တက်လာတဲ့-Speed–ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ–ကား–အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ- ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်—စည်း–ကနဲဖြစ်သွားပါပြီ- -လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး– -ဒီတော့–Over Drive –မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်–ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့- အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့–ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်– အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်—-ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်— […]


ခင္ခJuly 12, 20141min60319
” စိန်နားကပ်ရောင်နဲ့ပါးပြောင်ကြသူများ “   မနေ့ကရုံးပိတ်တာနဲ့ ခြံထဲထိုင်နေရင်း လက်ပွေ့ရောင်းဂျာနယ်သမားတစ်ယောက်ဖြတ်သွားတာနဲ့ အပတ်စဉ် ထုတ်ဂျာနယ်တစ်စောင်ကိုဝယ်ပြီးဖတ်လိုက်တော့ လတ်တလော သာသနာရေးဝန်ကြီးကို တရားစွဲလို့ ဖမ်းဆီး တဲ့အခါ သူ၏ကိုယ်ရေးအရာရှိ (PA – Personal Assistant)ကိုလည်း ခေါ်ယူသွားသမို့ ထိုPA ၏ ဇနီးသည်က သူ့ခင်ပွန်းကိုဘာကြောင့်ခေါ်သွားမှန်းမသိဘူးဆိုပြီး ဝမ်းနည်းစကားဆိုတဲ့အကြောင်း ဖတ်ရတော့ ခင်ခ တွေးမိ တွေးရာတွေးမိပြန်တယ်ဗျာ PA တွေအကြောင်းပြောပါတယ်။ ဟိုးအရင်အချိန်ကာလတစ်ခုတုန်းက ဆက်သွယ်ရေးစနစ်က အခုလိုလက်ကိုင်ဖုန်း(ဟမ်းဖုန်း)တွေနဲ့ ပြောဖို့နေနေသာသာ ကြိုးဖုန်းတောင်မှ အိမ်ပေါက်စေ့ရှိကြတာမဟုတ်ဘူး ကြိုးဖုန်းတစ်လုံးအိမ်မှတပ်ခွင့်ရဖို့ဆိုတာလည်း လွယ်တဲ့ခေတ် မဟုတ် ဘူးလေ။ အဲဒီမှာ ရန်ကုန် မြို့ထဲစာတိုက်ကြီးဘေးက ဆက်သွယ်ရေးရုံးကို ခင်ခ အိမ်မှာကြိုးဖုန်းလေး တစ်လုံး လောက်တပ်ရအောင် မန္တလေးက ခင်ခ နဲ့ဦးလေးဝမ်းကွဲတော်စပ်သည့်သူတစ်ယောက် ထိုရုံးမှာတိုင်းဂျာ အဆင့် နဲ့ရောက်နေတာမို့ […]


ခင္ခJune 29, 20141min4419
ဂဇက်ရွာ ရှုပ်ရှုပ်ရှက်ရှက် ဝင်ပြောမိတော့ ခဲပေါက်သတဲ့ ထွက်ပြေးလိုက်မယ် ကသုတ်ကယက် ခလုတ်တိုက်တော့ လဲပေါ့မှောက်ရက် ဒူးပြဲခြေကွဲ အရိုးလွဲလို့ ဆေးထဲ့နားမယ် သတင်းမမေးနဲ့။ ခင်ခ။


ခင္ခJune 28, 20141min3637
” အ တယ် လို့တော့ မထင်လေနဲ့ကွယ်”   ဂဇက် မှာ စာတွေရေးပြီး ဖတ်စေချင်တဲ့စိတ်နဲ့ လာတင်ကြတယ် အဲဒီရေးတင်တဲ့ ပိုစ့်စာတွေကိုဖတ်ပြီး ဂဇက်မန်ဘာဝင် ရွာသူားတွေက ပြန်မန့်ကြရေးကြတယ် အဲလိုရေးတဲ့အခါ တစ်ချို့များဆို အကိုးအကား အထောက်အထားနဲ့တောင် ပြန်ငြင်းကြ ဆွေးနွေးကြ ရေးကြပေါ့ဗျာ။ အဲဒီထဲက တွက်ကြည့် တွေးခေါ်တတ်မှုရှိ၊ မရှိဆိုတာကို။ တစ်ချို့ပိုစ့်တွေကို ဗဟုသုတရစရာတွေ မှတ်သားစရာတွေတောင် ပါတတ်သလို တစ်ချို့ပိုစ့်တွေဆို ဟာသလူရွှင်တော်တစ်ဦးရှေ့ရောက်သွားတယ်ထင်ရအောင် ရယ်စရာတွေဖတ်ရတယ်။ တစ်ချို့များ ကိုယ့် ကိုယ်တွေ့ကို အခြေခံပြီးရေးကြတာ စိတ်ဝင်စားရလောက်ပါတယ် တစ်ချို့အရေးအသားတွေဆို ဝတ္ထုတစ်ပုဒ်လားအောင်းမေ့ရလောက်အောင် ချီးမွှမ်းရမည့်အရေး အတွေး။ ဒီလိုမျိုးရှိတဲ့ ဂဇက်ဆိုတော့ မန်ဘာဝင်တွေအားလုံး တွေးတတ် စဉ်းစားတတ် ရေးတတ် ကြတယ်ဆိုတာ အကဲခတ်တတ်ရင် အကဲခတ်လို့မြင်ပါလိမ့်မယ်။ အဲလို ရေးတတ်ကြတဲ့ တွေးတတ်ကြတဲ့ […]


ခင္ခJune 18, 20141min2505
” နောက်ဆုံးတော့ အဖြေတစ်ခု ရလိုက်တာမို့ “   ဪ မိုးလေးက ရွာလေတော့ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံတွေသာလွှမ်းပြီး တိတ်စိတ်ကာ အိပ်မောကျနေ ကြတာ ကျုပ်မှာ အိပ်မပျော်နိုင်သေးဘဲဖြစ်နေရင်းနဲ့ အတွေးတွေထဲ အဖြေရှာမိလေရဲ့ဗျာ။ တောင်သူလယ်သမား အလုပ်သမားနှင့် ပြည်သူတွေကို နှိပ်စက်ညှင်းပန်း လူတန်းစားခွဲခြား အဖိနှိပ်ခံနေရတဲ့ နယ်ချဲ့တိုင်းတစ်ပါးအုပ်ချုပ်မှုကို မခံနိုင်လွန်းလို့ အဲလို မနေချင်လို့ ဒို့မြန်မာပြည်ကြီးတော့ လွတ်လပ်ရေး ရမှ ဖြစ်မယ်ဆိုပြီး တစ်စိုက်မတ်မတ် သခင်အောင်ဆန်း ကြိုးပမ်းဆောင်ရွက်မှု့ကြောင့် ၁၉၄၈ ခုနှစ် ဇန်နာဝါရီလ ၄ ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးကို ဦးမော့ကာကြွေးကြော်နိုင်ခဲ့သည် ဒို့မြန်မာပြည်ကြီးလွတ်လပ်ရေးရပြီလို့။ အဲဒီအချိန်မှာ သခင်အောင်ဆန်းကတော့ အာဇာနည်အဖြစ် ဘဝကူးခဲ့လေပြီ ဒါပေသည့် သူမျှော်မှန်းထားခဲ့တဲ့ မြန်မာပြည်ကတော့ နယ်ချဲ့လက်အောက်မှလွတ်မြောက်လို့ လွတ်လပ်ရေးရခဲ့တာမို့ သေသည်ထိ သူမျှော်မှန်း ခဲ့တဲ့ […]


ခင္ခJune 11, 20141min37114
” စမ်းချောင်းရေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်”   နေရာသည်က ညစဉ်အလွန်စည်ကားသော ဘီယာနှင့်အကင်ဆိုင်တစ်ခုတွင်ဖြစ်လေသည်။ ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ကလေးတစ်ယောက် လွယ်အိတ်ဟောင်းလေးကို စလွယ်သိုင်းလွယ်ရင် လက်ထဲမှာအောင်ဘာလေထီစောင် တွဲများကိုင်ကာ ကျွန်တော်တို့ဝိုင်းဖွဲ့ထိုင်နေသည် ဘေးတွင် ရေရွတ်နေခြင်းဖြစ်လေသည် ” လေးလေး ထီလေးအားပေးပါအုံး ” ” ဟာကွာ ဒီမှာလူကြီးတွေ စကားပြောနေတာ မင်းကတစ်မှောက် သွား သွား အခြားနေရာ သွားရောင်းခြေကွာ” ” ဆယ်စောင်တွဲတစ်ခုလောက်ဖြစ်ဖြစ် အားပေးပါလား လေးလေးရာ” ” ဒီကောင် […]