ခင္ခJune 10, 20141min2799
” နှစ်ကြာ နဲ့ တန်အောင်စီးချင်သေးလို့”   ဝက်စုရွာ နဲ့ ဒီမိုရွာ နှစ်ရွာကြားမှာ ချောင်းတစ်ခုခြားကာ စီးဆင်းနေသည်။ ဝက်စုရွာ ဘက်မှ ဒီမိုရွာသို့ သွားကြတဲ့အခါ ဝက်စုလှေဆိပ်မှ လူမျိုးအတော်များများ စက်လှေအား ဌား၍သွားရပြီး အချိန်ကုန်သက်သာ ဒီမိုရွာသို့ ခရီးအမြန်ရောက်ရန် ချောင်းကိုအတည့်ဖြတ်မောင်းခိုင်းပြီး သွားကြသည်ကို တွေ့ရပေသည်။ တစ်နေ့တစ်၌ ထိုဝက်စုလှေဆိပ်တို့ မြန်မာအဖွဲ့ ရောက်လာသောအခါ ” ဗျို့ ဦးကြီး ဟိုဘက် ဒီမို ကမ်းဘက်သွားချင်လို့ ” ” ရတယ်လေ လှေဆိပ်ကပ်ပေးမယ် ” ဆိုပြီး စက်လှေတစ်စီး လှေဆိပ်ကပ်ပေးပြီး ” ကဲ သွားမည့်သူတွေ စက်လှေပေါ်တက်လို့ရပြီ ” ဆိုလို့ မြန်မာအဖွဲ့ တက်ပြီး နေရာယူကြရင်း ” ဦးကြီး လှေခက […]


ခင္ခJune 7, 20141min28214
“သူ ပြော သ လို ဟုတ် လား ဟင်”   “လျှပ်စစ်မီးကလည်း လာမယ်တောင်မကြံသေးဘူး ပြန်ပျက်ပြန်ပြီကွာ” “အဲဒီတော”့ “အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့” “ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။” …………………………………………………………. “ဟိုနေ့က ဂျာနယ်ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရတယ် ထိုင်းနိုင်ငံက ကားကြီးကားသေးအကုန်လုံး မှန်ပိတ်ပြီး အဲကွန်းနဲ့မောင်းတာတဲ့ အဲဒီကားတွေကို ထဲ့တဲ့ဂက်ကဘယ်ကရတယ်ထင်လည်း ဒို့မြန်မာပြည်ကဝယ်တာတဲ”့ “အဲဒီတော”့ “အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့” “ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။” ………………………………………………………………… “အသိတစ်ယောက် မန္တလေးမရောက်တာဆယ်စုနှစ်နဲ့ချီကြာနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကရောက်တော့ မန္တလေးမြို့ လည်ခေါင် ဘူတာကြီးနားမှာ မျက်စိလည်နေလို့လေ မူဆယ်တစ်ဖက်ကမ်း တရုတ်ပြည်မှားရောက်နေသလား လို့ထင်သွားတာမို့တဲ့လေ” “အဲဒီတော”့ “အဲဒီတော့မနေနဲ့ အဲဒါ မင်း […]


ခင္ခJune 4, 20141min58125
” မဆီ မဆိုင် တွေးရင်း “   ရန်ကုန်-မန္တလေး အမြန်လေးတွင် အိမ်စီးဇလွန်းကာလေးတစ်စီး တစ်ရွှေ့ရွှေ့မောင်းနင်နေလေသည်။ ကိုစိုင်း  – ၂ မိုင်ဘဲ လိုတော့တာဆိုတော့ ရန်ကုန်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပေါ့ ခင်ခ    – ဟုတ်ပ ဒါတောင် အမြန်လမ်းမှာ ကီလို၁၀ဝ တွင်းဘဲမောင်းခဲ့လို့နော် ဟိုတုန်းကလိုသာ အပြေးမောင်းရင် ဒီထက်တောင်စောရောက်အုန်းမယ် ကိုစိုင်း – ဖြေးဖြေးမှန်မှန်ဘဲကောင်းပါတယ် အန္တရာယ်ကင်း ဘေးရှင်းပေါ့ ခင်ခ    – ဟုတ်တာပေါ့လေ ပြောပြောဆိုဆိုနဲ့ အမြန်လမ်းဆုံးတိုးဂိတ်ကိုဖြတ်ကျော်ပြီး ရန်ကုန်ဘက်ကို ဦးတည်မောင်းလာလိုက်တယ်၊ မနက်အစောလေးမို့ လမ်းမှာကားနည်းနည်းရှင်းနေတာမို့ ရန်ကုန်ရဲ့ နံမည်ကြီး ယာဉ်ကြော်ပိတ်မှုတော့ မြို့ထဲ ရောက်ထိလွတ်မယ်လို့ထင်မိတာပေါ့။ ခင်ခ    – မနက်နည်းနည်းစောနေလို့လားမသိ လမ်းနည်းနည်းရှင်းနေတော့ မြို့ထဲ တည်းမည့်ဆီ အရင်မောင်း လိုက်မယ်၊ […]


ခင္ခMay 26, 20141min69235
” ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် “   အခုလိုပူပြင်းတဲ့နွေရာသီမှာ နေပူထဲသွားလာလှုပ်ရှားပြီး သစ်သီးဖျော်ရည်လေးတစ်ခွက်သောက်ဖြစ်လိုက်ရင်ဘဲ ရေငတ်ပြေကာ ခန္ဓာကိုယ်အေးမြလန်းဆန်းသွားတဲ့ အရသာမျိုးခံစားမိလိုက်လို့ သစ်သီးတွေကို ဖျော်ရည် အဖြစ်ဘယ်လိုစီမံအသုံးချရင် ရေငတ်အမောလည်းပြေ သောက်လို့လည်းကောင်း ကျန်းမာရေးအတွက်လည်း အထောက်အပံဖြစ်ဆိုတာကို ဖတ်ဖူးမှတ်ဖူးတဲ့ ဒေါက်တာဖြူဝေလွင်၏ စာပေတွေထဲက ပြန်လည်မျှဝေပေး လိုက်ချင်စိတ်ဖြစ်လာတာနဲ့ ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် ဆိုပြီးမျှဝေရေးလိုက်တာပါ။   ၁။ နေပူထဲလျှောက်သွားအလုပ်လုပ်ရလို့ နေပူလျှပ်တာ သက်သာစေချင်ရင်တော့ +သရက်သီးမှည့်အသား ပန်းကန်ဝက် +ဂရိတ်ဖရု                ၁ ခြမ်း +နို့ချဉ်                    ၂၀ဝ စီစီ ဂရိတ်ဖရုကို အခွံနွာ၊ အတုံးငယ်တုံးပြီး သစ်သီးဖျော်စက်ထဲထည့်ပါ၊ သရက်သီးနဲ့နို့ချဉ်တွေကို ထပ်ထည့်ပြီး သမစွာမွှေကာ သောက်သုံးနိုင်ပါတယ်။ သရက်သီးမှည့်နဲ့ဂရိတ်ဖရုသီးတွေမှာ ဗီတာမင်စီနဲ့ ကာရိုတင်းဓာတ်ကြွယ်ဝစွာပါရှိတယ်၊ ကိုယ်တွင်းကအပူကို ရှင်းပေးတယ်၊ နွေအချိန်နေပူဒဏ်ကြောင့် နုံးချည့်နေတဲ့ ခန္ဓာကိုယ်ကိုအားပြည့်လန်းဆန်းစေတယ်။ […]


ခင္ခMay 23, 20141min47617
” သူမပြောတဲ့ဈေးကို ကိုယ်ကြိုက်သမို့” အမေက ကျုပ်ကိုရန်ကုန်မြို့မှာမွေးဖွားလိုက်လေတော့ ရန်ကုန်သားဖြစ်ကာ ရန်ကုန်ဆိုသော မြို့ကြီးပြကြီးမှာ ကျင်လည်ခဲ့ရတာပေါ့ဗျာ။ ဒီလိုနဲ့ အတန်းပညာတွေ တစ်တန်းပြီးတစ်တန်းတက်လို့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာလည်းပညာသင်ခဲ့ရတယ်လေ။ ကျုပ်တို့အဲလိုဘာလို့ပညာသင်ရလဲဆိုတော့ ကျုပ်တို့ ကလေးဘဝ လူရွယ်ဘဝ ဖြတ်သန်းရတာက မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဦးဆောင်တဲ့ မဆလခေတ်မှာ ကျုပ်တို့နိုင်ငံမှာ အခုလို ပြင်ပပုပ္ပလိကအလုပ်တွေ ကုမ္မဏီအလုပ်တွေ မထွန်းကားသေးဘူးလေ ဆိုရှယ်လစ် စနစ်မို့ ပြည်သူပိုင် တွေဘဲရှိသမို့ အစိုးရဝန်ထမ်းအလုပ်သာလျှင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှိနေပြီး ကျုပ်တို့မိဘတွေကလည်း အစိုးရဝန်ထမ်းဘဲဆိုတော့ကာ ” ငါ့သားရယ် တက္ကသိုလ်ဘွဲ့တစ်ခုပြီးမှ အစိုးရဝန်ထမ်းဝင်လုပ်ရင် တင့်တယ်မှာမို့ ဒီပြင်ဆိုရင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားရမှာလေ ဘွဲလေးတစ်ခုတော့ ရအောင်လုပ်ပါ” လို့ အတန်းတစ်တန်းစတက်တဲ့ ကျောင်းဖွင့်တဲ့ အခါတိုင်း အဖေပြောခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်တို့တုန်းက လေးနှစ်တာကာလတက်ရတဲ့ တက္ကသိုလ်ပညာရေးခေတ်မှာ […]


ခင္ခMay 22, 20141min53619
ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ   ရန်ကုန်-မန်း အမြန်လမ်းနှင့်မခြား ခဏခဏ ချော်လဲနေသော ဂဇက်မြို့အဝင်လမ်းကြီးကိုလည်း တာဝန်ရှိတဲ့သူတွေ ပြင်သင့်ပါပြီလေ။ ဘယ်နယ့်ဗျာ အပတ်တိုင်းလိုလို် သတင်းတွေမှာ ဘယ်ခရီးသည်ကားတော့ မှောက်ပြန်ပြီ ဟိုကိုယ်ပိုင်ကား ကတော့ လမ်းလည်ကျွန်းတိုက်ကာ တပတ်လည်လို့ ဘာကားကတော့ ရစရာတောင်မရှိဘူး ဖြစ်သွားတာ ဆိုတာတွေကို သတင်းတွေ ဖေ့ဘုတ်တွေမှာ ကြားကြားနေရတော့ မြန်မာပြည်ရဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းက သေမင်းတမန်လမ်းလိုဖြစ်နေတဲ့ သတင်းတွေကြားရကာ စိတ်မကောင်းဖြစ်နေလို့ ဖေ့ဘုတ်လေးဖွင့်သုံးပြီး ဂဇက်ရွာဖြစ်တည်ကထဲက ရင်းနှီးလာတဲ့ဘော်ဘော်တွေနဲ့ ပြန်လှန်ပြောဆို နောက်ပြောင်ကာ စိတ်လေးအပန်းဖြေမယ်ကျန်ကာရှိသေးတယ် ” လေးခ ရွာထဲဝင်လို့ရလား ” တစ်ယောက်က စမေးပြီ ” ဦးခ ဒီမနက်ရွာထဲ ဝင်လို့ရလား ” ဟော နောက်တယောက်က မေးလာလို့ ” ကိုခ ရွာထဲ […]


ခင္ခMay 15, 20141min52920
” ဘယ်လိုအဆုံးသပ်ရမလဲ မသိလို့”   တစ်ခါတစ်လေ ဂဇက်ကိုစိတ်နာသည် တစ်ခါတစ်လေ ဂဇက်ကိုလွမ်းပါသည် တစ်ခါတစ်လေ ဂဇက်ကိုခင်တွယ်သည် တစ်ခါတစ်လေ ဂဇက်ကိုပစ်ပယ်သည် တစ်ခါတစ်လေ ဂဇက်ကိုအားမရသည် တစ်ခါတစ်လေ ဂဇက်ကိုအားကျသည် တစ်ခါတစ်လေ ဂဇက်ထဲမှာနေမိသည် တစ်ခါတစ်လေ ဂဇက်ထဲမှထွက်မိသည် တစ်ခါတစ်လေ ဂဇက်ထဲမှာရန်ဖြစ်သည် တစ်ခါတစ်လေ ဂဇက်ထဲမှာအော်ရသည် တစ်ခါတစ်လေ ဂဇက်ကြီးကပျင်းစရာဖြစ်သည် တစ်ခါတစ်လေ ဂဇက်ကြီးကပျော်စရာဖြစ်သည် တစ်ခါတစ်လေ ဂဇက်မှာရှာမိသည် တစ်ခါတစ်လေ ဂဇက်မှာအညာမိသည် တစ်ခါတစ်လေ ဂဇက်ကအဖြေရသည် တစ်ခါတစ်လေ ဂဇက်ကအမေးပွားသည် တစ်ခါတစ်လေ ဂဇက်ကထွက်ပေါက်ဖြစ်သည် တစ်ခါတစ်လေ ဂဇက်ကြောင့်ဆို့နစ်ရသည် တစ်ခါတစ်လေ ဂဇက် …………………. တစ်ခါတစ်လေ ဂဇက် …………………. တစ်ခါတစ်လေ ဂဇက် …………………. တစ်ခါတစ်လေ ဂဇက် …………………. တစ်ခါတစ်လေ ဂဇက် …………………. […]


ခင္ခMay 6, 20141min2835
ကဗျာဆိုတာ လူ့စဉ်းစားဉာဏ် ရဲ့ ပဲ့တင်သံ လူ့နှလုံးသား ရဲ့ တုန်လှုပ်သံ လူ့စိတ်ဓာတ် ရဲ့ မြည်ဟီးသံ လူ့မျှော်လင့်ချက် ရဲ့ သီကျူးသံ ကဗျာဆိုတာ ကျွန်မတို့ ရဲ့ ရုန်းကန်သံပါဘဲ။   ကျွန်မက ကဗျာဆရာမ မဟုတ်ပါဘူး၊ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကိုမြတ်နိုးတန်ဖိုးထားတဲ့သူ တစ်ယောက်အနေနဲ့ပဲ ကဗျာအပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့ ရေးလိုက်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် – မေ ၆ ရက် ၂၀၁၄ mizzima ငြိမ်းဝေ(ကဗျာအိုးဝေ) မှ ကူးယူဖော်ပြသည်)   ဖတ်ရင်းနဲ့ ကြိုက်လွန်းလို့ ကဗျာအဖွဲ့လေးအတွက် အလွမ်းပြေပေါ့ဗျာ။     ခင်ခ။


ခင္ခMay 6, 20141min2633
” လှမ်းမြင်မိလေသောအခါ “   မိုးလေးက တစ်ဖျောက်ဖျောက် လူတစ်ယောက်က တစ်တောက်တောက် မိုးကာဝတ်လို့ လမ်းလယ်လျှောက် တိတ်ဆိတ်ငြိမ်သက် လမ်းတစ်ဖက်တစ်ချက် နုတ်ဆက်မည့်သူ ခေါ်မည့်သူမဲ့ ထိုလူကတော့ လမ်းလျှောက်မပျက် စိတ်ထဲမှာတော့ အားလုံးနုတ်ဆက် သူသွားသင့်ခရီး စတင်လို့ထွက် တဖြေးဖြေးနဲ့ ဝေးလှကျောပြင် မိုးကမသဲမစဲ ရွာလျှက်အစဉ် ပြူတင်းပေါက်က မြင်ကွင်းတစ်ခုပင်။     ခင်ခ။


ခင္ခMay 5, 20141min46510
” ဆရာဝန်ကြီးဖြစ်စေချင်လို့”   လှုပ်ရှားသက်ဝင် အလုပ်များမယ့်အဆင် ပူရပင်ရ နောက်တစ်တန်းက နှစ်ချင်းပေါက်လည်း အောင်စေချင် ဂုဏ်ထူးများလည်း ရလိုအင် အပြိုင်ကြော်ငြာ လိုက်ကာဖတ်လို့ ကိုယ်ပိုင်ကျောင်းတွေ မှိုလိုပေါက်သမို့ ငါ့သား ငါ့သမီး ဘယ်ကျောင်းထားစို့ ဂုဏ်ထူးပါကာ ဆရာဝန်ကြီးဖြစ်ရဖို့ ဘယ်လိုလုပ်ရ စပ်စုကြပြီ ကားများပြားပန်း ခတ်လေသည်။   တစ်နေ့လုပ်တစ်နေ့စား အဖေများက အဖေ့သမီး နောက်နှစ်ဆယ်တန်း အစိုးရကျောင်း ဆက်တက်ဖို့ပြင် သူများဂုဏ်ထူး အောင်ပြီးစာအုပ် သွားတောင်းကာသာ ကျက်ပါသမီးရယ် လူဘဝဆိုတာ ကံပါရင်ကွယ် ငါ့သမီးလေး ဆရာဝန်ကြီးဖြစ်စေချင်တယ်။   မိဘမယ့်ကျောင်း စာအံခေါင်းလောင်း တိုးတိတ်ငြိမ်သက် ကျောင်းဖွင့်ရက်မဟုတ် စာအံသံက ကျယ်ကာကြားရ ကြိုးစားလှတဲ့ ကလေးမနှယ် သီလရှင်ကြီး ကြည့်ကာပီတိသွယ် ဒီကလေး ဒီနှစ်ဆယ်တန်းမယ် ဂုဏ်ထူးတွေနဲ့ အောင်ရင်ကောင်းမယ် သူ့ဘဝလှဖို့ […]


ခင္ခMay 2, 20141min50110
” ကမ္ဘာကြီးက လုံးတစ်ခါ ပြားတစ်လှည့် “   ကျုပ်တို့ မမွေးခင် ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးက ပြားတယ်တဲ့။ အဲဒီတော့ ပညာရှင်တွေ အတွေးခေါ်ရှင်တွေက ပြောကြတယ် ကမ္ဘာကြီးပြားတဲ့ အကြောင်းကိုပေါ့။ ထိုထိုခေတ်တွေက ပေရွက်အက္ခရာတင်စာ ဆိုတာ အရမ်းကြီးမထွန်းကားသေးဘူးလို့ ဖတ်ဖူးတယ်။   အဲ နောက်တော့ သုတေသီတွေ လေ့လာမှု့ ရှာဖွေမှုအရ ကမ္ဘာကြီးဟာ လုံးတယ်လို့ ဆိုကြတယ်။ ထိုအခါကျတော့လည်း ကမ္ဘာကြီးပြားတယ်ဆိုတုန်းက ပြောခဲ့တဲ့ ပညာရှင်တွေ အတွေးခေါ်ရှင်တွေ နဲ့ သိပ္ပံပညာရှင်တွေက ရေးလာကြတယ် ကမ္ဘာကြီးလုံးတဲ့ အကြောင်းပေါ့။   အခုသိပ်မကြာခင်က ကမ္ဘာကြီးက လုံးတာတော့မှန်တယ် ဒါပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ တစ်ဒေသနဲ့တစ်ဒေသ တစ်နေရာနဲ့တစ်နေရာဟာ တိုးတက်ထွန်းကားလာတဲ့ သိပ္ပံပညာတွေ ဆက်သွယ်ရေးစနစ်တွေကြောင့် အရင် လိုမခက်ခဲတော့ဘူး အချိန်မခြား […]


ခင္ခApril 26, 20141min54315
” ရေးဖွဲ့ခဲ့ပါသည် ဆယ့်နှစ်လအခါမှီ “   ကဗျာပြခန်းအတွက် လစဉ်အခန်းဆက်အနေနဲ့ လအလိုက်ရေးစပ်ခဲ့တဲ့ ကဗျာလေးတွေကို တစ်စုတစ်စည်း ဖြစ်သွားအောင် ပြန်လည်ကာ မှတ်တမ်းလေးတစ်ခုအဖြစ် တင်ပေးလိုက်တာပါဗျ။   “ဇွန်လ ရောက်ပြီမို့ ´´   မိုးလေးက ဖွဲကာသည်းကာ ရွာနေပါလည်း ပျော်ကာမော်ကာ သွားလာသူဌာ အဖြူအစိမ်း အလှတွေထိန်းလို့ ဘေးကလွယ်အိတ် ကျောမှာပိုးတသွယ် ဒီလို ဇွန်လ ထိုကာလမှာ အမြဲမြင်ရ ဤမြင်ကွင်းက မရိုးနိုင်စရာ ဟိုးရှေးထဲကပါ နယုန်လအခါ စာပြန်ပွဲသဘင်နဲ့ စံပယ် မြတ်လေး ပွင့်လှရာသီ ဇွန်လ အခါရောက်လေပြီ။   ခင်ခ။ ……………………………………………………………………………………………………………………………………… “ဇူလိုင်လ ရောက်ပြီမို့´´   မမေ့နိုင်စရာ အဖြစ်ကယ်ကြုံ ဝမ်းနည်းစရာ သမိုင်းမှာကွာ မဆုတ်မနစ်ဇွဲ ကြိုးစားစဲပါ လူထုကြည်ညို […]


ခင္ခApril 22, 20141min40517
မြန်မာတို့၏ မဟာသင်္ကြန် မြင်ကွင်းခဏတာ   ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းခြင်းတွင် အစဉ်အလာမပျက် ကျင်းပသော မြန်မာတို့၏ မဟာသင်္ကြန်က ပြီးမြောက်ကုန်လွန်ခဲ့လေပြီ။ ရန်ကုန်မြေခဏရောက်တုန်း ထို မြန်မာတို့၏ မဟာသင်္ကြန်ကို ခဏတာလှည့်လည်ကြည့်လေသော်အခါ ထို ကျင်းပပြုလုပ်ခဲ့သော မဟာသင်္ကြန်ကာလအတွင်း လေ့လာဆန်းစစ်မှုစစ်တမ်းအရ မြန်မာတို့၏ မဟာသင်္ကြန်တွင် အများဆုံးတွေ့ခဲ့ရသည်ကလည်း မြန်မာ တို့ပင်ဖြစ်ပေသည်။ မြန်မာတို့၏ မဟာသင်္ကြန်ကို မြန်မာတို့လွှမ်းတာ ဆန်းပါသလားလို့ ပြောချင်ပြောကြပေလိမ့်မည် ကျုပ်အတွက်တော့ ဆန်းတယ်ဗျ။ ခေတ်သည်ကရေစီးချောင်းသဖွယ်ဆိုရင် ထိုရေစီးချောင်း၏လားရာသည် နောင်အခါ အဘယ်သို့နည်း။ မြန်မာ ဆိုတာ မြန်မာဘီယာပါ။     ခင်ခ။