ခင္ခJune 19, 20151min3178
ဒီနေ့ အမေစု (၇၀)ပြည့်ခဲ့ပြီ ဒီကာလမှာ အချိန်သိပ်မရှိတော့ဘူး ဒီမိုကရေစီ စစ်စစ်ရဖို့ ဒီအမေနဲ့ ဒီရထားကို ဒီလူတွေအမှီလိုက်ပါမှ ဒီတစ်သက်စိတ်အေးရလိမ့်မယ်ကွယ်။


ခင္ခJune 13, 20151min35014
အဟောင်းတွေကို ဆက်ကာသက်သွင်း အုပ်ချုပ်ခြင်းသည် နောက်တစ်ခါသေတွင်း ဆင်းသည်ဖြစ်သမို့ စဉ်းစားတွေဝေ လေးသွဲ့နေရင် ရထားထွက်ခွါ ကျန်ရစ်ဖြစ်လို့ ခြင်္သေ့ကောက်ခါ စားလိမ့်မယ် စည်းလုံးညီညာ အားကုန်ပြေးလို့ ရထားကြီးအမှီ လိုက်ကြပါစို့ ထလော့ မြန်မာ အို မြန်မာတို့။    


ခင္ခJune 11, 20151min23210
ဝန်းရံမှုတွေက ပြည့်လျှံတက် စွန့်စားခဲ့ရ ဒို့တိုင်းပြည်အတွက် အာဏာရှင်ကို ဖြုတ်ချမဟဲ့ ခွပ်ဒေါင်းသွေးတို့ နီမြန်းခဲ့ ပြုတ်ကျသွားတယ် အာဏာရှင် ပြန်တက်လာတာ အာဏာရှင် အနားယူတာလဲ အာဏာရှင် ပြန်ဖွဲ့တာလဲ အာဏာရှင် နောက်တန်းစီတာလဲ အာဏာရှင် ထပ်တိုးမှာလဲ အာဏာရှင် ဒါတွေစိတ်သုန်း အမြစ်ဖုံးဖို့ မနေနိုင်ခွပ်ဒေါင်း သံစုံပေးတော့ တစ်ချို့ကဆို လုပ်သင့်ပြီတဲ့ တစ်ချို့ကတော့ ရှုပ်လှချီဟဲ့ စည်းလုံးညီညာ တူညီမရတော့ အိုးဝေသံများ လွင့်ပျံဝေစီ ခုတော့ခဏ တိတ်လေပြီ ရှုလော့အနာဂတ် မြန်မာပြည်။     ခင်ခ


ခင္ခMay 4, 20151min26013
.အစေးခြောက်ကပ် .နွယ်ချင်းယှက်လို့ .တွန်းတက်ထိုးလာ .အမှီအားပြု .နွယ်တစ်စုသည် .အလွန်ပူလှ .နွေအခါသမယမှာ .အပြင်မှာရှိ .အပူဒါဏ်ထိတော့ .ခြောက်သွေ့သဏ္ဍန်ဟန် .ဖြေလျော့ပြန်လျှင် .ယှက်နွယ်စုခဲ့ .အားတက်ဖွယ်တို့ .နှမျောလှပေသကား။     ခင်ခ။


ခင္ခMarch 7, 20151min22210
ကြက်တူရွေးလို နုတ်တိုက်ပညာရေး အုပ်လိုက်ဒါတွေပေးပြီး အလွတ်ရအောင်ကျက် အတွန့်မတက်နဲ့ ဘုန်းကြီးလိုစာဝါချ အကုန်ရရင်အောင်ပြီဗျ ဒါကိုပင်အဟုတ်ထင် ငါ့သမီးစာကျက်လို့ ဂုဏ်ယူလျှက်အစဉ် ဆယ်တန်းကိုအမှတ်များမှ ဆရာဝန်အင်ဂျင်နီယာဖြစ်မယ်ဟ ဒါမှလဲလူဘဝတင့်တယ်စွာနေလို့လှ ကမ္ဘာတိုင်းပြည်ပညာရေး လှမ်းကာသာလေ့လာပေးရင်း စာမေးပွဲခန်းတွင် စာအုပ်ကယ်လှန်ဖြေ အိုးပန်းဘုတ်(Open book)ခေတ်စားနေ အလွတ်ကျက်ကိုသူတို့မလိုချင် စဉ်းစားတွေးခေါ် တီထွင်ဉာဏ်အင် ငယ်ငယ်ထဲက လေ့ကျင့်ပြုပြင် ဒါကြောင့်လဲ တိုးတက်လာတယ်ထင် ကဲ ဒီနိုင်ငံ ဒီစနစ် ဒီခေတ်တွေနဲ့ အလွတ်ကျက်ပညာရေး အမွေဆက်ပေးရင် သင့်ကလေး နောင်ရေးစိတ်အေးမယ်မထင်။     ခင်ခ။  


ခင္ခFebruary 2, 20151min25610
” လာတော့မည့် နွေ “     နှင်းမြူကျခင်း လျော့လာဆင်းပြီ ဥဩဌက်က တွန်သံချီ အေးလှဆောင်းပဝါ ခြုံလွှာသိမ်းလို့ သစ်ရွက်တို့လည်း ရော်ဝါညီ တပေါင်းနွေဦး ခြေလှမ်းသစ်စို့ လှမ်းဖို့အတွက်လည်း တာဆူပြီ ချည်ထည်ပါးပါး အဝတ်ဒီဇိုင်းတို့ ဆိုင်ပေါ်သို့လည်း ရောက်လေသည် ရေနွေးခရားအိုး ထန်းညက်ခဲနဲ့ အညာနွေကို အန်ကာတုပြီး ကုကိ္ကုလ်ရိပ်ဝယ် ထိုင်တော့မည်။   ခင်ခ။


ခင္ခFebruary 2, 20151min31216
” လုပ်ရပေမယ့် မလုပ်သင့်ရင် လုပ်အုံးမှာလား “     ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ လေယာဉ်ခရီးစဉ်စောင့်ဆိုင်း ခရီးသည်နားနေရာတွင် နိုင်ငံခြားသားစုံတွဲက သူတို့အချိုရည်သောက်ပြီး ဗူးခွံကိုပစ်ဖို့ ဟိုဟိုဒီဒီလှည့်လည်ကြည့်ပြီး အမှိုက်ပုံးဆီကို လျှောက်သွားပြီး ဗူးခွံကို ပစ်ထဲ့လိုက်တယ်။ အဲဒီနားနေခန်းမှာဘဲ ကျုပ်တို့လူမျိုးမြန်မာယောက်ျားလေးသုံးယောက်အဖွဲ့က သူတို့စား သောက် ပြီးတဲ့ အချိုရည်ဗူးနဲ့တစ်ရှုးစကို မိမိထိုင်နေတဲ့ဘေးခုံမှာတင်ထားပြီး လေယာဉ်ပေါ်တက်လို့ရသဖြင့် ခရီးသည် နားနေရာက ထလာတဲ့အခါ ခုနားအချိုရည်ဗူးခွံနဲ့တစ်ရှုးစတွေကို ခုံပေါ်မှာဒီလိုဘဲထားခဲ့ကြတယ်။   ကျွန်တော်ရောက်ခဲ့တဲ့နိုင်ငံတစ်ခု၏ ပြည်ပထွက်ခွါ လေယာဉ်ခရီးစဉ်စောင့်ဆိုင်း ခရီးသည်နားနေရာတွင် လေယာဉ်စောင့်ဆိုင်းရင်း မြန်မာလူတစ်စု လေယာဉ်စောင့်ဆိုင်းရင် မုန့်နဲ့အချိုရည်သောက်စားကြပြီးတဲ့အခါ အချိုရည်ဗူးခွံနဲ့စက္ကူအိတ်၊တစ်ရှုးစတို့ကို အမှိုက်ပုံထံသွားရောက်ပစ်တာတွေ့ရတယ်၊ အဲဒီအဖွဲ့နဲ့ ကျွန်တော် လေယာဉ်တစ်စီးထဲစီးပြီး ရန်ကုန်လေဆိပ်အရောက် ခရီးဆောင်အိတ်ရွေးတဲ့ဆီမှာ မိမိခရီးဆောင်အိတ် စောင့်နေကြတုန်း ခုနမြန်မာလူတစ်စုထဲကသူက လေယာဉ်စီးခွင့်လက်မှတ်ကို အင်္ကျ ီအိတ်ထဲကထုတ် ကပ်ထူလေးကိုခေါက်ပြီး […]


ခင္ခJanuary 30, 20151min32018
” ကို တံ ငါ “   တစ်ဝမ်းတစ်ခါး လမ်းမများဘဲ အာရုံမလင်းမှီ လှေငယ်ပြင်လို့ ကမ်းမှာဖယ်ခွါ ပင်လယ်ပြာဆီ ငါးဖမ်းထွက်သည့် တံငါသည်။ လင်းအာရုံလွန် ပိုက်သိမ်းယူလို့ ပါလာသည့်ငါး ပုဇွန်များကို အိမ်သူသက်ထား ဈေးထဲသွားကာ ရောင်းချဟင်းစား နေ့တဒူဝ လုပ်နေရတော့ ရိုးနေပါပေါ့ မောင်တစ်ထမ်းမယ်တစ်ရွက် ဇနီးတံငါသည်။ ငါးမဖမ်းနဲ့ အကုသိုလ်ကွဲ့ သူ့သတ်မသတ်နဲ့ အကုသိုလ်ကွဲ့ ဟောကြပြောကြ သိလာရလည်း ပင်လယ်ပြာပြာ ကမ်းစပ်မှာနေ လုပ်စရာအလုပ် ဒီတစ်လုပ်ပဲမို့ ငါ့ဝမ်းပူစာ မနေသာတော့ နောက်နေ့အာရုံ မလင်းမှီတွင် ပင်လယ်ယောက်ျား တံငါသည်ကား ငါးဖမ်းထွက်ရန် လှေငယ်ကိုပြင်။ သမုဒ္ဒါဝမ်းတစ်ထွာအတွက် ကျရာဆေးစက် ပုံရိပ်ထွက်အောင် ပြုမူနေရ ထိုဘဝတွေ ပင်လယ်ပြင်လို ကျယ်ပြောနေပြီး ဘယ်ကစလို့ ဘယ်မှာဆုံး မသိတဲ့ခရီးလမ်း သွားမြဲသွားတဲ့ […]


ခင္ခJanuary 21, 20151min28112
” ကောင်းလိုက်တဲ့နည်းပြ “     ” ကဲလူစုံရင် ဘောလုံးကန်ကြမယ်လေကွာ အချိန်မရှိဘူးကွ တော်နေမိုးချုပ်တော့မှာ ” ” အေးကန်ကြမယ်လေ နေအုံးဂိုးစည်းတားလိုက်အုံးမယ် ထုံးထုတ်ပေးပါအုံး ” ” ရော့ထုံးထုတ် မောင်းဝင်းတားလိုက် ” ” မင်းတို့က အဲလိုမညစ်ပတ်နဲ့လေ မင်းတို့ဘက်ဂိုးစည်းကြတော့ စည်းခိုးပြီးလျော့ထားတယ် ငါတို့ဘက်ကျတော့ ဂိုးတိုင်နဲ့အရမ်းဝေးနေတယ် မညီမျှဘူး ပြန်ပြင်ကွာ ” ” မင်းတို့ကလည်း တားပြီးမှတော့ ဒီတိုင်းဘဲကန်လိုက်ကွာ ဂိုးစည်းပြင်နေတာနဲ့ အချိန်ကုန်တော့မယ် ” ” မဟုတ်ဘူးလေကွာ ပါနယ်တီအဆုံးအဖြတ်ကျ ငါတို့ဘက်ကနာမှာပေါ့ ” ” ဟာ ပါနယ်တီအဆုံးအဖြတ်က ရှိချင်မှာရှိတာပါကွာ ပြင်မနေပါနဲ့ ” ” ရှိချင်မှရှိတာလို့ တတ်အပ်ပြောလို့မရဘူးလေကွာ ရှိလာရင် အနိုင်အရှုံးအဆုံးဖြတ်က အဲဒီပါနယ်တီက အရေးကြီးမှာပေါ့ […]


ခင္ခJanuary 14, 20151min22411
” မတူကွဲပြား “     တိုင်းပြည်အုပ်ချုပ် ခေါင်းဆောင်လုပ်ခါ ဒီတိုင်းပြည်ကို လွှတ်လပ်ချင်လို့ သူပိုင်သိပ်မရှိ ပကာသနမသိ မျှတစိတ်ရှိတဲ့ ထိုသူမှာတော့ အများလေးစား အာဇာနည်ယောက်ျား။   တိုင်းပြည်အုပ်ချုပ် ခေါင်းဆောင်လုပ်ခါ မြေကွက်လည်းပိုင် အိမ်ပေါင်းရံလို့ စီးပွားတွေတိုး အမျိုးကောင်းစား ထိုသူမှာတော့ အမျိုးလေးစား အာဂယောက်ျား။   ခင်ခ။ (ဗိုလ်ချုပ်ရာပြည့်အမှတ်တရ)


ခင္ခJanuary 14, 20151min1507
ကဗျာရေးကြတယ် ဆောင်းပါးရေးကြတယ် ဝတ္ထုတစ်ပုဒ်ရေးကြတယ်ဆိုတဲ့နေရာမှာ ပြင်ပမှာတွေ့မြင်နေရတဲ့ အရာကိုဘဲ အတွေးတွေနယ်ချဲ့ပြီး သူတစ်ပါး ဖတ်လို့ကောင်းအောင် စိတ်ဝင်စားအောင် ဒါမှမဟုတ် ကိုယ့် အတွေးကို အရေးအဖြစ် ပုံဖော်ချင်လို့ ရေးဖြစ်ကြတာလို့ ဆိုချင်ပါတယ်။ ဒီရွာထဲမှာ ပြင်ပြမှာတွေ့ခဲ့တာတွေကိုအခြေခံပြီး အတွေးကောင်းတွေနဲ့ အရေးကောင်းတွေရေးခဲ့တဲ့ ရွာသူားတွေ တစ်ပုံတစ်ပင်ကြီးရှိခဲ့ဖူးတယ်ဆိုတာ ကျွန်တော်မှီခဲ့လေတော့သိတယ်ဗျာ။ အဲဒီ အတွေးကောင်း အရေးကောင်းကြတဲ့ ရွာသူားတို့ရဲ့ လက်စွမ်းထက်စာပေလေးတွေကို ဖတ်ချင်လွန်းလို့ စောင့်နေမိစဲပါ ရေးကြပါအုံးလို့……………….။     ” ဘယ်ရောက်သွားပါလိမ့် “   နေ့စဉ်မနက် ဒီစားပွဲထက် မုန့်ပုဂံနှစ်ချပ် ကော်ဖီခွက်နဲ့ လက်ဆုံစားခဲ့ ပျော်ရွှင်လျှက် ထိုနေ့ကတော့ စားပွဲထက်ဝယ် ကော်ဖီခွက်ငယ် သောက်လက်စထား ကိတ်မုန့်များက တစ်ပိုင်းပြတ်နဲ့ စားသောက်ဖဲ့ကာ ကျန်ရစ်ရှာပြီး စားသူကင်းမဲ့ တိတ်ဆိတ်လျှက်ကွယ် ဘယ်ရောက်သွားကြ ချစ်ဇနီးမောင်နှံက […]


ခင္ခJanuary 13, 20151min22114
” ……?…… ကောင်းမယ်”   သူတောင်းစားကတွေးတယ် – တစ်နေ့တစ်နေ့နေပူထဲ ထိုင်လိုက်ထလိုက်ထမင်းစားဖို့အရေးတောင်းနေရတာ ငါ့ကို ပုံမှန်နေ့စဉ် ထမင်းတစ်နပ်ကျွေးတဲ့ အလှုရှင်များရှိရင် ကောင်းမယ်။ ဆိုက်ကားဆရာကတွေးတယ် – တစ်နေ့တစ်နေ့ငါ ဆိုက်ကားနင်းပြီးဝင်ငွေရှာရတာ မောပါ့ကွာ အဌားကားလေး တစ်စီးလောက် စပေါ်တင်ပြီး မောင်းနိုင်ရင်တော့ ပင်ပန်းသက်သာဝင်ငွေပိုရမှာဘဲလေ Taxiစပေါ်တင်နိုင်ရင် ကောင်းမယ်။ အုံနာခပေးအဌားယာဉ်မောင်းကတွေးတယ် – တစ်နေ့တစ်နေ့အဌားကားတွေများလာလေတော့ အုံနာခပြည့် အောင်မနည်းရှာနေရတယ် ကိုယ်ပိုင်Taxi သာဝယ်နိုင်ရင်တော့ အုံနာခက ကိုယ့်အတွက်မို့ ကိုယ်ပိုင်Taxi ကားလေးဝယ်နိုင်ရင်ကောင်းမယ်။ ရုံးစာရေးတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ လူကြီးကခိုင်းလိုက် အထက်အရာရှိကဟောက်လိုက်နဲ့ ဒီတစ်ခါရာထူးတိုးစာမေးပွဲကိုအောင်ဖို့ဖြေရမယ် အရာရှိလေးဖြစ်ရင်ကောင်းမယ်။ ရုံးအရာရှိတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ ရလိုက်တဲ့လက်ဆောင်တွေ ပနာတွေနဲ့ ညွန်မှုးတွေများ အဆင်ကိုပြေလို့ ငါတို့မှာတော့ သူစွန့်သလောက်လေးနဲ့ကျေနပ်ရတာ တစ်နေ့ညွန်မှုးဖြစ်ရင်ကောင်းမယ်။ ကျောင်းသားတစ်ယောက်ကတွေးတယ် – […]


ခင္ခDecember 29, 20141min37212
နှင်းတွေက ဝေ သစ်ခြောက်တွေက မြေခ မိုးတွေက ကျ ထိုထိုရာသီတွေပြောင်းလာခဲ့ ခုတော့ တစ်နှစ်ကုန်ဆုံးတော့မယ်တဲ့ နောက်နှစ်အတွက်နှုတ်ခွန်းဆက်မယ် အားလုံး Happy New Year ပါဟယ်။   ခင်ခ။