ခင္ခJuly 13, 20131min29321
“ရေးတော့အဖေ ဖတ်တော့အမေ´´   ရန်ကုန်မြို့၊ အင်ယားလမ်းမှာရှိတဲ့ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတက်ကျောင်းဆင်းချိန်ဆိုရင် ကျောင်းသူကျောင်းသားတွေကို လာရောက်ကြိုကြတဲ့ ကားတွေက အစီအရီနဲ့ ပြည့်ကြပ်ကာရှိနေကြတာ တစ်ပတ်လုံးကျောင်းဖွင့်ရက်တိုင်း မြင်တွေ့နေကျမြင်ကွင်းတစ်ခုလို့ဆိုရမယ်လေ။ ကျောင်းဆင်းခေါင်းလောင်း ဘဲလ်သံပေါ်ထွက်လာတာနဲ့ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းထဲကနေထွက်လာကြပြီး ကျောင်းဝင်း အပြင်ကိုလှမ်းထွက်ကြတာများ အဲဒီကျောင်းအနီးတဝှိက်မှာ ကားရောလူရောအပြည့်အလျှံပါဘဲလေ၊ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး ပါကင်ထိုးထားတဲ့ကားတွေဆီ သက်ဆိုင်ရာကျောင်းသူကျောင်းသား တွေလည်းရောက် အစီအရီထွက်သွားလိုက်ကြလို့ မိနစ်အနည်းငယ်အကြာမှာဘဲ အခုတော့သူမဟုတ်သလိုမျိုး လမ်းကိုရှင်းလင်း ကာ ဆူညံသံတွေလည်း တိုးတိတ်သွားခဲ့တယ်လေ၊ အဲဒီကျ ကျောင်းဝင်းတံခါးလည်း ပိတ်ပြီပေါ့။ အဲဒီအချိန်မှာ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ထားတဲ့ ကျောင်းသူလေး တစ်ဦးနဲ့ ကျောင်းသားလေး တစ်ဦးတို့ကတော့ ကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်နေလျှက်သား ရှိနေစဲပေါ့။ သူတို့နှစ်ဦးဟာ တစ်တန်း တည်းသား အတန်းဖော်တွေပါ။ ကျောင်းသား – “မြနှင်း […]


ခင္ခJuly 5, 20131min18921
“ကော်မရှင်´´   အိုးသည် – ညဉ်းဆီက ဘုရားပန်း ဈေးဝယ်သူတွေကို ပန်းရောင်းရင် ငါ့ အိုးလေးပါတွဲ ရောင်းပါလားဟင်   ပန်းသည် – အို ဘုရားပန်းလာဝယ်တဲ့သူတွေက သူတို့မှာ ပန်းအိုးရှိပြီးသားတွေပါ လာဝယ်ရင် ဘုရားပန်းအိုးရောရောင်းလားလို့ မေးတာကြားဘူးပါ့တော်။   အိုးသည် – အရင်ရှိတာတော့ရှိတာပေါ့ အခုလိုတွဲရောင်းတော့ ပန်းအိုးအသစ်လဲချင်စိတ်ရှိသွားရင် ငါ့အိုးလေး တွေလည်း ရောင်းရတာပေါ့အေ။   ပန်းသည် – ညဉ်းက ညဉ်းအိုးရောင်းရဖို့ ငါ့ပန်းတွေနဲ့တွဲရောင်းကာမှ ပန်းဘဲဝယ်ချင်တဲ့သူက ပန်းဘဲမရောင်း ဘူးထင်ပြီး မဝယ်မှ ဟုတ်ပေ့ဖြစ်နေပါ့မယ်တော်။   အိုးသည် – အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲ ပန်းတစ်ချို့ကို ပန်းအိုးလေးနဲ့တွဲပြီး ပြထားမှာပေါ့ ဒါဆို ပန်းလာဝယ်တဲ့သူက အိုးနဲ့ပန်း မြင်ပြီဝယ်ချင်တော့လည်း ညဉ်းပန်းရော ငါ့အိုးရော […]


ခင္ခJune 29, 20131min1547
“သူ ဆို မှ သူ´´   သူပြန်လာဖို့ မျှော်မယ်လို့ဆို သူထွက်သွားတော့ လွမ်းအားပိုမို တနေ့လာနိုး မျှော်ခဲ့ ထိုထို အခုထိလည်း ရောက်မလာနိုင်သလို ဘယ်နေ့ရောက်မလဲ မသေချာသလို မျှော်မိတာလဲ အကြိမ်မနည်း စိတ်မှာထင်စဲ သူ ဆို မှ သူ ဘဲ တစ်နေ့တော့လည်း ရောက်မှာဘဲလို့ ထင်နေစဲပါ သူ ………….. ရယ်။   ခင်ခ။ ( အပျင်းပြေလေး လက်စမ်းမိတာပါ )


ခင္ခJune 28, 20131min49846
“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´   သတင်းလေးတစ်ခုဖတ်ရတဲ့ထဲမှာ ဇွန် ၂ရ ရက်နေ့ ရန်ကုန်မြို့ အင်းစိန်မှာ ကျင်းပခဲ့တဲ့ပွဲမှာတဲ့ ( အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီး က မိန့်သည်။ ” ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကို စောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်” ) လို့ မိန့်တယ်လို့ သိရပါ၏။ ဒါဆိုရင် ၂၀၁၅ မဲပေးမည့် မြန်မာများ မဲရုံမသွားမှီ ဘုန်းတော်ကြီး မဲပေးသင်တန်း ကျောင်းသို့ အရင်ကြွလှမ်းကြပါလို့ တိုက်တွန်းရမလား ? […]


ခင္ခJune 26, 20131min34530
“ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ်´´   အင်တာနေရှင်နယ်ဘာသာသင် ကျောင်းတစ်ခုရဲ့ မုန့်ဈေးတန်း(ကန်တင်း)မှာရှိတဲ့ ရေခဲမုန့်၊ အအေးရောင်းတဲ့ ဆိုင်တစ်မှာဖြစ်ပါတယ်။ ကျောင်းသားလေးများ ညနေကျောင်းဆင်းချိန်မှာ အိမ်မပြန်မှီ ဖယ်ရီကားမထွက်မှီ မုန့်လာဝယ်စားကြတဲ့အခါ ကျောင်းသား – “အန်တီ သားကို စတော်ဘယ်ရီ ရေခဲမုန့်တစ်ခုပေးပါ´´ ဈေးသည် – “အေးရမယ်သား´´ ကျောင်းသား – “အန်တီ ရေခဲမုန့်အလုံးကို ဝေဖာ ကတော့ပေါ်မှာ အန်ကိုက်လေးဖြစ်အောင် သေချာ တင်ပေးပါနော်´´ ဈေးသည် – “အေးပါသားရယ် သေချာကွက်တိ တင်ပေးလိုက်မယ်´´ ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ “ဂျပန်လူမျိုးလို့ မပြောရဘူး တိကျသေချာ စနစ်ရှိတာ ကြိုက်လိုက်တာ ဒါကြောင့်လည်း ဂျပန်နိုင်ငံထုတ် ပစ္စည်းတွေက သူနေရာနဲ့သူ အံဝင်ဂွင်ကျထွင်ကျတာနေမှာ´´   နောက်တစ်ယောက်လာဝယ်တော့ ကျောင်းသား – “အန်တီ […]


ခင္ခJune 19, 20131min2969
“လမ်းဘေး Talk ´´ မနေ့က မန္တလေးတောင်ခြေက မြောက်ပြင်ဘက်ခြေဦးလှည့်မိတာနဲ့ တိုင်းရင်းဆေးတက္ကသိုလ်ဘက်ကို ဆက်ပြီး သွားခဲ့မိတယ်လေ၊ တိုင်းရင်းဆေးတက္ကသိုလ်သွားတဲ့ကားလမ်းလေးဘေး တက္ကသိုလ်ကျောင်းနဲ့မနီးမဝေးမှာ အဲဒီဘက်ရောက်ဖြစ်ရင်ထိုင်နေကျ လဘက်ရည်ဆိုင်လေးရှေ့ကားရပ်ပြီး ဆိုင်ထဲလှမ်းကာဝင်လိုက်ရင်ဘဲ “ဗျို့ ကိုခင်ခကြီး ပေါ်မလာအတော်ကြာပါ့ပေါ့´´ လို့ လက်ကလေးထောင် လှမ်းပြောသူဆီ မျက်စိကရောက် သွားတော့ တိုင်းရင်းဆေးတက္ကသိုလ်က ပါမောက္ခဆရာကြီးတစ်ဦးဖြစ်နေတာနဲ့ ခင်ခ လည်းအဲဒီစားပွဲဆီကိုဘဲ လှမ်းကာသွားပြီး ထိုင်လိုက်ရင်း “မင်္ဂလာပါဆရာကြီး´´ “အေး မင်္ဂလာပါဗျာ´´ ဆိုင်က စားပွဲထိုးလေး ရေနွေးအကြမ်းခွက်လေးလာချပေးရင်း “ဆရာဘာမှာမလဲ´´ မေးတော့ “လဘက်ရည် ပုံမှန်တစ်ခွက်ပေးကွာ´´ ပြောပြီး ခုန ဆရာကြီးနဲ့ စကားစမည်းပြောဖြစ်ကြတယ်ပေါ့၊ ခင်ခ တို့စကားပြောတဲ့နေရာက တိုင်းရင်းဆေးတက္ကသိုလ်အနီးနားက လမ်းဘေးလက်ဘက်ရည်ဆိုင်မှာဆိုတော့ “လမ်းဘေး Talk ´´ပေါ့ဗျာ။ “ကျွန်တော် အခုတလော အလုပ်ရှုပ်နေတာနဲ့ ဒီဘက်မလှည့်ဖြစ်ဘူးဆရာကြီး´´ “ကျုပ်တို့က ပြီးခဲ့တဲ့ […]


ခင္ခJune 18, 20131min13711
“ပိုစ့်အိမ်တွေမှာ ခရမ်းရောင်မီးလေးတွေ စီကာရီကာထွန်းထားတဲ့ရွာဟာ´´   ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက P3 Restaurant ဆိုင်မှာ လူငယ် လူရွယ် လူကြီး အမျိုးသား အမျိုးသမီး စုံလင်စွာ ဝင်လာမစဲတသဲသဲဖြစ်ကာ စုရုံးစုရုံးဖြစ်နေကြပါတယ်။ ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ လူစုလူဝေးလုပ်နေ ကြတယ်လို့မထင်ပါနဲ့ အင်တာနက်ဝက်ဆိုဒ်လောကမှာ ကျော်ကြားမော်ကြွားလောက်တဲ့ မန္တလေးဂဇက်၏ ရွာသူရွာသားတွေ ဒုတိယအကြိမ် စာပေဆုပေးပွဲနဲ့ တွေ့ဆုံပွဲအတွက် မန်ဘာဝင်တွေရောက်ရှိ စုရုံးနေကြတာပါ။ အဲဒီထဲမှာ ခင်ခ တစ်ယောက်လည်း အပါအဝင် ဒီတခေါက်တော့တက်ရောက်ခဲ့တာပေါ့။ အဲလိုနဲ့ အခမ်းအနား အစီအစဉ်တွေစခဲ့ပြီး စင်ပေါ်ကိုတစ်ယောက်ပြီးတစ်ယောက် မန်ဘာတွေ မိမိကိုယ် မိမိ မိတ်ဆက် ပြောချင်တဲ့ နုတ်ခွန်းဆက်စကားပြောကြရတာပေါ့၊ ခင်ခ အလှည့်ရောက်ပြီမို့ ခင်ခလည်း မိုက်ကလေးကိုင် မိမိကိုယ်မိမိ ဘယ်လိုမိတ်ဆက်ကာနုတ်ခွန်းဆက် စကား ဘယ်လိုပြောရမလဲ စဉ်းစားမရတာနဲ့ အခုလိုဘဲ […]


ခင္ခJune 11, 20131min1207
“လွတ်လပ်ပြီးနောက်´´   ရွှေပေလွှာထက် မှတ်ကျောက်တင်ကာ မောင်မင်းအပြစ်ထင်ရှားသမို့ သတ်စေတဲ့။ တီးတိုးရယ်တဲ့ နားထောင်ပရိတ်သတ် ပြောကြဆိုကြ လှုပ်လှုပ်ရွချိန် မောင်မင်းအနေနဲ့ နောက်ဆုံးစကား ဘာများပြောဟန် ရှိမလဲမေးပေါ့၊ ရာဇဝတ်သား အမောင်ယောက်ျား ပြန်လည်ထုချေ ပြောလေသည်မှာ ကျွန်ုပ်မပြော နားထောင်ပြည်သူ ပြောလိမ့်မည်ဟု ခွန်းတုန့်ပြန်လို့ ပရိတ်သတ်အပေါင်း စီရင်မှု့အပေါ် ချေပစကား ဘယ်သူပြောငြား မေးလေသောအခါ အားလုံးပရိတ်သတ် သံပြိုင်ဟစ်ကာ ဆိုလေသည်မှာ “ကျုပ်တို့ပြောလည်း ပြင်မှာလားဟဲ့ ပြောတဲ့သူသာ ကြံရာပါဟု အစစ်ထဲ့ကာ စီရင်မှာမို့ လွတ်လပ်ပြီးနောက် အမျှဝေပါမယ်…တဲ့´´     ဖတ်ရှု့သူများကျေးဇူးပါ၊ ခင်ခ။


ခင္ခJune 11, 20131min18516
“မင်းသားကြီး ဆက်ကအုံးလေမလား´´   “ ပရိတ်သတ်ကြီး ပြန်ပါတော့ခင်ဗျ မင်းသားကြီး ဆက်မကတော့ပါဘူး´´ “ဟေ မင်းသားကြီး ဘာဖြစ်လို့လဲ´´ “နားချင်လို့ပါဗျ´´ “ဟာ ခုနက မင်းသားကြီး ဒီည ဆက်မကဖြစ်တော့ဘူးဆိုတဲ့ သတင်းထွက်လာလို့ သားတို့က ပြန်တော့ မယ်ဆိုပြီး ထပြန်တော့ ဟောဟို ဇာတ်ရုံဝက လူကြီးကပြောတယ် ၂ဝး၁၅ နာရီ ရောက်ရင် မင်းသားကြီး ဆက်ကမှာ မပြန်ကြနဲ့အုံး ဆိုလို့ သားတို့က အခုလို ပြန်ထိုင်နေကြတာ၊ သေချာ မင်းသားကြီး ကိုသွား မေးပေးပါအုံး´´ “ဟုတ်တယ် ၂ဝး၁၅ ရောက်ရင် မင်းသားကြီး ဆက်ကမှာဆိုလို့ ကျုပ်တို့လည်း ပြန်ထိုင်နေကြတာ သေချာ အောင် မေးပေးပါအုံး´´ “ရော ခက်ပါရောလား ကျွန်တော် မင်းသားပါ ခင်ဗျတို့ပြောတဲ့ မင်းသားကြီးပါ […]


ခင္ခJune 6, 20131min12513
“ကောင်းစားပြီသာ မှတ်ပေတော့´´   တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ သူဌေးကြီးတစ်ယောက်နဲ့ သူဌေးမကြီး နှစ်ယောက်ရှိကြတယ်။ သူဌေးကြီးက ရွှေဆိုင်ပိုင်ရှင်ဖြစ်ပြီး သူဌေးမကြီးနှစ်ယောက်မှာ တစ်ယောက်က ဆန် အရောင်းအဝယ် ပွဲရုံပိုင်ရှင် ဖြစ်ပြီး နောက်တစ်ဦးကတော့ ဂျုံ စက်ပိုင်ရှင်ဖြစ်ကြပါတယ်။ သူတို့ သုံး ဦးဟာ အဲဒီမြို့ငယ်လေးမှာတော့ ချမ်းသာဆုံးစာရင်းဝင် မြို့မျက်နှာဖုံးရှင်တွေဖြစ်ပြီး သုံးဦးစလုံး ကလည်း တစ်မြို့တည်းနေမိတ်ဆွေတွေအဖြစ် ခင်ခင်မင်မင်ရှိကြတယ်လေ။ မြို့ရေးရွာရေးဆိုရင်လည်း သူတို့ သုံးဦးကဘဲ ငွေအားလူအား ပံပိုးကာဦးဆောင်လုပ်တတ်ကြလို့ အဲဒီမြို့နေသူတွေရဲ့ လေးစားခံရသူတွေဘဲပေါ့။ အဲဒီသူဌေးကြီး နဲ့ သူဌေးမကြီး နှစ်ဦး ဖြစ်တဲ့ သူတို့ သုံးဦးဟာ အလှုတစ်ခုမှာ ဆုံကြတဲ့အခါ စကားဝိုင်း သဘောမျိုး အလှုမှတည်းခင်းသော အချိုပွဲစားရင်း စကားပြောဖြစ်ပုံက – သူဌေးကြီး – ခင်ဗျားတို့ နှစ်ယောက်မှာ […]


ခင္ခMay 31, 20131min26717
“အဲဒါငါနဲ့ မဆိုင်ဘူး´´   နေရာက ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရဲ့ လ.၀.က ရုံးဌာနတစ်ခုမှာ စစ်တမ်းကောက်ယူနေကြတာပါ။ မန်နေဂျာရုံးခန်း တံခါးဝတွင် ဝန်ထမ်းတစ်ဦးရပ်စောင့်နေပြီး ထိုအခန်းရှေ့တွင် ဤဒေသ အနီးတစ်ဝိုက်တွင် နေထိုင်ကြသော မြန်မာ ရခိုင် တရုတ် ဘင်္ဂါလီ …. စသည်လူမျိုးများ၏ အိမ်ထောင်ဦးစီးများ ဟိုတစ်စု ဒီတစ်စု ရှိနေကြပါသည်။ အဲဒီအချိန်မှာဘဲ တံခါးဝတွင်ရှိ ဝန်ထမ်းမှ ဝန်ထမ်း – ဦးလောရှည် ရှိပါလား ဦးလောရှည် – ရှိပါတယ်၊ ဝန်ထမ်း – အထဲဝင်ပါ ( ဆိုတဲ့အတွက် ဦးလောရှည် အထဲဝင်သွားပါတယ်၊ အထဲရောက်တော့ စားပွဲရှေ့က ထိုင်ခုံမှာထိုင်လိုက်ပြီး သူနဲ့မျက်နှာချင်းဆိ်ုင်မှာ လူကြီး ၃ ဦး ထိုင်နေပါတယ်) လူကြီး – ခင်ဗျားဘာလူမျိုးလဲ ဦးလောရှည် […]


ခင္ခMay 27, 20131min20116
“ကျုရှင်ခ´´   သားလေးအရွယ် ၅ နှစ်ကွယ် သမီးလေးအရွယ် ၅ နှစ်ကွယ် ကျောင်းစထားဖို့ ပြင်ကြမယ် ကျောင်းအပ်နှံကြ မိဘရယ်၊   လာမည့် ဇွန်လ ကျောင်းဖွင့်ကြတော့ ထို ၅ နှစ်ကလေး လွယ်အိတ်လေးနဲ့ ကျောင်းစတက်ပြီး ပျော်ကြမည် နောက်ကအရိပ် လိုက်ပါခဲ့မှာ ကျုရှင်ပါတဲ့ မထားလည်းမကောင်း ထားလည်းမကောင်းမို့ မဖြစ်မနေ ထားရပေမည် မထားချင်ကြ ရွှေးချယ်ပြပေါ့ ကိုယ်ပိုင်ကျောင်းသို့ ပို့ကြတော့လည်း ကျုရှင်ခအပါ ယူကြသည်။   ကျောင်းအပ်နှံခ အခမဲ့မို့ သက်သာမိဘ မထင်ကြနဲ့ ဆင်ဖိုးထက်မက ချွန်းဖိုးကျမည် ကျုရှင်ခများ ကုန်ကြလေသတည်း။   ဖတ်ရှု့သူများကျေးဇူးပါ။ ခင်ခ။


ခင္ခMay 23, 20131min27422
“အဖေမေးတော့ ဖြေခဲ့တယ်´´   ကလေးအရွယ် မပီကလာပြောတတ်စဉ်က အဖေကမေးတယ် သားကြီးလာရင်ဘာလုပ်မလဲ မဆိုင်းမတွ ဖြေကာပေးတယ် ဆရာဝန်ကြီး လုပ်မယ်တဲ့။   ၂ တန်းအရွယ် ကျောင်းနေတော့ကွယ် ကျောင်းဆောင်တိုးချဲ့ ဆောက်တာမြင်ပြီး အဖေကမေးတယ် သားကြီးလာရင်ဘာလုပ်မလဲ စဉ်စားကာလေး အဖြေပေးတယ် အင်ဂျင်နီယာကြီး လုပ်မယ်တဲ့။   ကျောင်းနေကာလ တစ်လျောက်လုံးက စာလည်းတော်ခဲ့ တန်းဖော်ကိုလည်းပြန်ကာပြမြဲ ကျောင်းစာပိုင်းမှာ စိတ်ဝင်စားရာ အထက်တန်းရောက် ၁ဝ တန်းဖြေခါနီး အဖေကမေးတယ် သားကျောင်းကြီးပြီးရင်ဘာလုပ်မလဲ ပြန်လည်ကာဖြေ ပြောခဲ့ပါလေ ကျောင်းဆရာဘဲ လုပ်မယ်တဲ့။   ဆယ်တန်းအောင်တော့ ဂုဏ်ထူး ၄ ဘာသာ ရခဲ့ပါလည်း ဆေးကျောင်းတက်ဖို့ အစိုးရဝန်ထမ်းအဖေမှာဖြင့် ထားရန်ခက်ခဲ အခြေအနေထဲမှာ စစ်တ္ကသိုလ်မှလူခေါ်ကြတော့ ဒီအက်အေခေါ်တက်ခဲ့ပါသနော် ထိုသင်တန်းဆင်း ခြေလျှင်စစ်တပ်ရောက်ခဲ့ရပြီး စစ်ဗိုလ်ဘဝမှ ရာထူးများစွာဖြတ်ကျော်ကာနဲ့ […]