“ကဲ ဘယ်လိုလုပ်ကြမလဲ? ……………… ဟင်။´´ မန္တလေးမှာ မနေ့က ငွေကျပ် ၁၅၀ဝ တန် မိုဘိုင်းဖုန်းကဒ်တွေ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးရုံးတွေမှာ အစိုးရက တန်းစီပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) ပြကာ ဦးရာလူစနစ်နဲ့ ရောင်းပေးတယ်၊ ရောင်းပေးတဲ့ကဒ်အရေအတွက်ထက် ဝယ်လိုသူဦးရေက များပြားနေတာ တွေ့ရတယ်။ ငွေကျပ် ၁၅၀ဝ နဲ့ ဆင်းကဒ်(မိုးဘိုင်းဖုန်းကဒ်) ရမယ်ဆိုတော့ လိုချင်ကြတဲ့သူ တွေများတာပေါ့။ ဟိုးတုန်းကဆို အိမ်မှာဖုန်း တပ်ခွင့်ရဖို့ဆိုတာ အတော်မလွယ်ရေးချ မလွယ်တဲ့ကိစ္စလေ။ နောက်ပိုင်း ဆယ်လူလာဖုန်းတွေ၊ လက်ဆွဲခြင်း ဖုန်းတွေ၊ မိုဘိုင်းဖုန်းတွေ ပေါ်ခဲ့ပေမယ့် အစိုးရထုတ်ရောင်းဈေးတင် ဆယ်ဂဏန်းကျော် သိန်းချီနေခဲ့ကြတာကိုး။ ဒါကြောင့်လည်း ငွေကျပ် ၁၅၀ဝ နဲ့ မိုဘိုင်းဖုန်းကဒ်ကိုရောင်းပေးမယ်ဆိုတော့ အိမ်မက်မက်လိုက်ကြတာ ဒု နဲ့ ဒေး […]