ခင္ခMarch 8, 20131min78233
“ရွာ၏ အထူးသတင်း ကြေငြာချက်´´( ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ တို့နောက်မှ လိုက်ပါခြင်းပါ။)   အခုမြန်စံတော်ချိန် နေ့လည် ၁၁ နာရီရှိပါပြီ အထူး သတင်းများကို ကြေငြာပါမယ်။ “ စာဖတ်သူပရိတ်သတ်ကြီး မင်္ဂလာပါ´´ “သတင်းခေါင်းစဉ် သူကြီးမင်း၏ ရွာအဝင် ဆိုက်ရောက်ဗီဇာ ပေးမှု့အပေါ် ရွာလူကြီးအချို့ ကန်ကွက်မှု့ကြောင့် ပြန်ရုတ်သိမ်းခြင်း ရွာထဲ၌ မီးလန့်မှု့ဖြစ်ပွားခဲ့သော်လည်း လူကြီးတစ်ယောက်အိမ်ဖြစ်၍ စောတီးဗျောမတီးဘဲ ပြီးသွားခြင်း ရွာအတွင်း မီး လန့်မှု့နှင့်ပက်သက်၍ မနိုဗွီ၏ စီစဉ်မှု့ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း´´   “သတင်းအစုံအလင်မှာ ရွာထဲသို ယခင်ဝင်ရောက်လိုလျှင် ဝင်ခွင့်ဗီဇာ ( Log in ) ပြုပြီး သူကြီးမင်း မှ မန်းဘာ အဖြစ်လက်ခံမှသာ ရွာသို့ဝင်ထွက်ခွင့်ရိ်ှခဲ့သော်လည်း […]


ခင္ခFebruary 28, 20131min50524
“ရင်ထဲမှာဘဲ ကမ္ဗည်းထိုးလည်း ကျေနပ်ပါတယ်´´   တစ်ခါတုန်းကပေါ့ဗျာ ခင်ခ နဲ့ မိတ်ဆွေသူငယ်ချင်းတို့ နှစ်ဦး ညနေခင်း လဘက်ရည်ဆိုင်တစ်ခုမှာ လက်ဘက်ရည်သောက်ဖြစ်ကြ တယ်လေ။ အဲဒီနေ့က ခင်ခ အစိုးရထီအက္ခရာတူ နံပါတ်တစ်ချို့တူလို့ အခုလေးတင် ထီဆုငွေ တစ်သိန်းထုတ် ထားတဲ့ စဲစဲပေါ့။ ခင်ခ တို့ထိုင်သောက်နေတဲ့ လဘက်ရည်ဆိုင်ရဲ့ လမ်းတစ်ဖက်မှာ အသံချဲ့စက်နဲ့ ဘုရားပြင်ဖို့ အလှုခံနေတယ်လေ။ ဒါနဲ့ဘဲ အတူထိုင်နေတဲ့ မိတ်ဆွေသူငယ်ချင်းက “မင်း ထီပေါက်တဲ့ဆုငွေနဲ့ ဦးဦးဖျားဖျား ဟိုမှာအလှုခံနေတဲ့ထဲ သွားလှုလိုက်ပါလား သူတို့က လှုတဲ့သူတွေကို ဘုရားပြုပြင်ပြီးရင် ကျောက်စာနဲ့ ကမ္ဗည်းထိုးပေးမှာတဲ့´´ အဲလိုဆိုလာလို့ “သူငယ်ချင်းရယ် ခင်ခ အဲလိုမျိုးလှုပြီး ကမ္ဗည်းထိုးခံရတာထက် အများမမြင်သာရင်နေပါ ရင်ထဲမျာဘဲ ကမ္ဗည်း ထိုးဖြစ်သွားကြတဲ့ သူတွေကိုပေးရတာမျိုးကို ပိုကျေနပ်တယ်လေ လှုတယ်လို့မဆိုဘူးနော်´´ သူငယ်ချင်းက […]


ခင္ခFebruary 22, 20131min44523
“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့   အခုတလော အလုပ်တွေကလည်း မအား၊   ဒီကြားထဲ အရှုပ်တွေကလည်း အများသား၊   သို့သော်လည်း ရတဲ့အချိန်လေး ခဏတော့ ရွာထဲအပြေးလေး လည်လိုက်သပေါ့၊   ဒါပေမယ့် လူကမအား စိတ်က ဗျာများမို့ ပိုစ့်ရေးဖို့ကျတော့ ထွက်မလာတဲ့ဉာဏ် တုံးလိုက်တဲ့ ဦးနှောက် အားမရတဲ့ ကိုယ့်ကို တာ တာ့ ပြလို့သာ နေရတော့မယ်ထင့် လက်မှိုင်ချကာတာ ဖြေရမှာမို့ အပေါင်းအသင်း သူငယ်ချင်းတို့ရေ “ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့ ………… ။     ဖတ်ရှု့သူများကျေးဇူးနော်။ ခင်ခ။


ခင္ခFebruary 21, 20131min62620
“ဦးနှောက်အကြောင်း တစေ့တစောင်း´´   စိတ် ဟာ ဦးနှောက်ဖွဲ့စည်းပုံအရ တည်ရှိဖြစ်ပေါ်လာသလို စေတသိက်ဆိုတဲ့ စိတ်နဲ့ယှဉ်ပြီး ဖြစ်လာတဲ့သဘော ဟာ လူဘဝမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ စေတသိက်ရဲ့ အဓိပ္ပာယ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ စေတသိက်ဟာ(လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ မသိခြင်း စသည် ကဲ့သို့သော) စိတ်၌ယှဉ်သော သဘောလို့ ဖွင့်ဆိုထားပါတယ်၊ ဒီ စေတသိက်ကို တက္ကသိုလ်များ စာအုပ်ပြုစု ထုတ်ဝေရေး ကော်မတီက ထုတ်ဝေတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ပေးထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ စိတ်နဲ့အတူဖြစ်ပြီး စိတ်ကို ခြယ်လှယ်ဖန်တီးတတ်သော တရားလို့ဖြစ်ပါတယ်။ ဆေးပညာသဘောအရ ဦးနှောက်ဖွဲ့စည်းပုံမှာ ဦးနှောက်ကြီး၊ ဦးနှောက်သေး နဲ့  စသည်တို့ရဲ့လုပ်ဆောင်မှု့ကို ဒီ (myanmargazette.net/166746/health-fitness ) နဲ့ ရေးသားမျှဝေခဲ့ဖူးပါတယ်။ […]


ခင္ခFebruary 20, 20131min40014
“ငေးခဲ့ဖူး၏…… ငေးနေမိပါ၏´´   ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   စိမ်းစိမ်းစိုစို ကြည့်လို့မဆုံး အလွန်များပြား လယ်တောများကို အနီးနားရှိ လယ်စောင့်တဲပေါ် ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   နွေရာသီပူပြင်း အရိပ်တွေကင်းလို့ ရှည်လျားလမ်းမ ဖုန်းတထောင်းထောင်းထကာ ဖြတ်သွားကားလေး လမ်းကြုံလိုက်ဖို့ ရပ်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   ချွေးတွေစို့လို့ တစ်ပေါက်ပြီးတစ်ပေါက် ရွဲကာကျသည့် တောင်ပေါ်ခရီး လမ်းကြမ်းနှင်ပြီး တောင်ထိပ်အရောက် တက်ဆင်းများလှ တောင်တန်းအလှကို အမောဖြေရင်း လှည့်ကာပြန်၍ ငေးခဲ့ဖူးပါတယ်။   ပင်လယ်ကိုလည်း ငေးခဲ့ဖူး၏ စိမ်းစိုလယ်ကွင်းပြင်လည်း ငေးခဲ့ဖူး၏ ပူပြင်းနွေလယ်လမ်းလည်း ငေးခဲ့ဖူး၏ တောင်တန်းမြင့်နိမ်လည်း ငေးခဲ့ဖူး၏   အခုများတော့ တစ်ခါတရံ ဂဇက်ကိုဖွင့် ပိုစ့်တွေဖတ်ပြီး ဘာကိုဘယ်လို မန့်ရမယ်မသိ […]


ခင္ခFebruary 19, 20131min54621
“ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .´´ Computer တခုရဲ ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိူင်ကြောင်း လေ့လာတွေ ့ရှိရသည်။ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . . ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ ့အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ ့။ မယုံမရှိကြပါနဲ ့။ London National Laboratory တစ်ခုရဲ ့တိကျသေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ ့Reslut တစ်ခုပါ၊ Computer တခုရဲ ့ Keyboard […]


ခင္ခFebruary 18, 20131min63324
“ဒီလိုမြင်ကွင်းမျိုး ဘယ်အချိန်ထိများ…….. ´´   ဒေါ်မှုံ တစ်ယောက် အိမ်ရှေ့ခြံထဲက ကွပ်ပစ်ကလေးပေါ်မှာ သူယူသွားရမည့် အဝတ်အစားနဲ့ သူ့ရဲ့ပစ္စည်းလေး တွေကို သေချာအစီအရီအိတ်ထဲထဲ့ထားပြီး သူထိုင်နေတဲ့ ဘေးမှာချလျှက် ဆေးလိပ်လေးဖွာရင်း သူ့သား ရုံး ဆင်းပြန်အလာကို စောင့်နေတယ်လေ။ တစ်ချက်တစ်ချက်လည်း သူအခုနေတဲ့အိမ်လေးကို လှည့်ကာ ငေးမော ကြည့်နေရာက အတွေးထဲမှာ သူ့သားနဲ့ပြောခဲ့တဲ့စကားလေးတွေ စဉ်းစားနေမိတယ်ပေါ့။   “သား အခုဘွဲ့ရပြီး အင်ဂျင်နီယာကြီး ဖြစ်တာကို အဖေ သာရှိရင်ဘယ်လောက်ဝမ်းသာမလဲနော် အမေ´´ “ဒါပေါ့သားရယ် မင်းအဖေအင်ဂျင်နီယာကြီးက သူ့သားက သူ့အမွေကိုဆက်ခံတဲ့ အဖေတူ သားလို့ ကြွားလုံးတွေထုတ်နေမှာပေါ့´´ “အမေလည်း ရ နှစ်တန်းအရွယ်ထဲက အဖေဆုံးပြီးတော့ အမေတစ်ယောက်ထဲရုန်းကန်ရှာဖွေကြွေးခဲ့ ရတာ အခုသားအလှည့်ရောက်ပြီပေါ့၊ အမေပင်ပန်းသမျှတွေ အတိုးချနားတော့လေ´´ “သားဆီက ဒီစကားကြားရတာနဲ့တင် အမေသေပျော်ပါပြီကွယ် […]


ခင္ခFebruary 11, 20131min32313
ပေးပို့စေခဲ့သော Valentine’s လက်ဆောင်ပန်းခြင်း Flower Gift Shop အမည်လေးနဲ့ မန္တလေးမြို့ဈေးချိုတော်နဲ့ မနီးမဝေး ၂၂လမ်းပေါ်မှာ အရင်နှစ်တွေတုန်းက ဖွင့်ထားပြီး အခု လမ်း ၃ဝ အောင်တော်မူ ဘက်မှာ ပြောင်းရွေ့ ဖွင့်ထားတဲ့ မွေးနေ့များ၊ ချစ်သူများနေ့အတွက် လက်ဆောင်များ စသည်ဖြင့် ပန်းတွေကို အလှဆင်ထိုးပေးတဲ့ ဆိုင်လေးတဆိုင်ရဲ့ အမည်လေးပါ။ ဆိုင်အနေအထားက ၁၅ ပေ ပတ်လည်လောက်ရှိပေမယ့် အခန်းအတွင်း လှလှပပ ပြင်ထား တဲ့ စင်လေးများ နဲ့ ခုံလေးတွေကို ဒီဇိုင်းဆန်းကျယ်ပြုလုပ်ပြီး ပန်းခြောက်၊ ပန်းအစို မျှသစွာထားခြင်းနဲ့ လေအေးပေးစက်တပ်ဆင် ထားမှု့ကြောင့် ပန်းအစို (သဘာဝပန်း) များလည်း လန်းဆန်းနေသလို လာရောက်ကြသည့် Customer ( စားသုံးသူ၊ဖောက်သည်) များလည်း သက်တောင့်သက်သာ   […]


ခင္ခFebruary 11, 20131min79636
စိတ် သို့မဟုတ် ဦးနှောက်   ကာယကံ၊ ဝစီကံ၊ မနှောကံ ဆိုတဲ့ ပြုမူမှု့ သုံးမျိုးရှိတာကို သိကြမှာပါ။ အဲဒီ သုံးမျိုးကို စေစားသူဟာ ဦးနှောက် ဖြစ်ပါတယ်၊ အင်္ဂလိပ်လို Mind ဆိုတဲ့ ဦးနှောက်တွင်း ဖြစ်ပေါ်တဲ့စိတ်၊ အဲဒီကမှတဆင့် မှတ်ဉာဏ်ဖြစ်တော့ Memory ပေါ့၊ ပြီးတော့ စိတ်ကူးစိတ်သန်းကို Idea တဲ့ စသည်ဖြင့် ဝေါဟာရတွေရှိတယ်။ အဲဒါတွေဟာ ဦးနှောက်ကနေ ဖြာထွက်မှု့တွေပါဘဲ။ သာမန်လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ နိုင်ငံတကာအလေးချိန်နဲ့ဆို ၃ ပေါင်၊ မြန်မာအလေးချိန်နဲ့ဆို ၈၅ ကျပ်သား လောက်ရှိတယ်လို့ ဆေးကျမ်းမှာဖော်ပြထားပါတယ်၊ ယောက်ျားရဲ့ ဦးနှောက်က မိန်းမရဲ့ ဦးနှောက် ထက် ပိုလေးပါတယ်၊ တစ်ချို့ကတော့ ဦးနှောက်အလေးချိန်စီးလေ ဥဏ်ပိုကောင်းလေလို့ပြောကြပါတယ်၊ သုတေသီတွေကတော့ ဒီသဘောကိုလက်မခံကြပါဘူး၊ […]


ခင္ခFebruary 8, 20131min44035
“ငေးကြည့်နေမိတယ် တခဏ။´´   နောက်ဆုံးခေတ်ပေါ် မော်တော်ကား အကောင်းစားတစ်စီး ကျွန်တော်ရှေ့မှာရပ်လိုက်ပြီး သပ်ရပ်လှပကာ ဖြူစိမ်းဝတ်စုံလေးနဲ့ ကျောင်းသားလေးတစ်ဦး ဆင်းတာမြင်ရတော့ ငေးကြည့်နေမိတယ် တခဏ။   ဟော အဲဒီကားလေးအထွက် နောက်ပုံစံတစ်မျိုး ကားသစ်တစ်စီး ထပ်မံဆိုက်ရောက်လာကာ ချောမောလှတဲ့ ကျောင်းသူလေးတစ်ဦး တံခါးလေးအဖွင့် ခြေလေးအလှမ်း ဆင်းကာနေတော့လည်း ငေးကြည့်နေမိတယ် တခဏ။   တစ်စီးပြီးတစ်စီး ဆိုက်ကာရောက်လို့ ကျောင်းသား ကျောင်းသူ အလျိုလျိုဆင်းကြ ထိုခဏလည်း ငေးကြည့်နေမိတယ် တခဏ။   ဒါအပြင် ကျောင်းဖယ်ရီခေါ် လိုက်ထရက်လိုမျိုး ကားတွေဆိုက်လို့ အော်ဟစ်ကာပြော စကားတွေများကာ ရောက်လာကျောင်းသား အမြောက်အများလည်း ငေးကြည့်နေမိတယ် တခဏ။   ငါတို့ကျောင်းတက် ခဲ့စဉ်အခါက အဝေးပြေးလမ်းမ နှစ်မိုင်မျှကို ချွေးတစ်လုံးလုံးကျအောင် တစ်နာရီမျှ လျှောက်ခဲ့ရပြီး ကံကောင်းသည့်နေ့ […]


ခင္ခFebruary 7, 20131min70145
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´´   “မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´ ကလင် ……. ကလင် ……. ကလင်…. “မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´ ကလင် ……. ကလင် ……. ကလင်…. “မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´ လမ်းပေါ်ကနေ စက်ဘီးလေးနင်းရင်း မုန်သည်အော်သည့်အသံ ခင်ခ အိမ်နားကို တဖြေးဖြေးနီးလာတယ်ဆိုရင် ဘဲ ဖတ်လက်စ သတင်းစာလေးဘေးကိုချ တပ်ထားတဲ့ စာကြည့်မျက်မှန်လေးချွတ်ပြီး ခုနသတင်းစာပေါ်တင် ကာ အိမ်ရှေ့ခြံဝထွက်ရင်း “မြေပဲပြုတ်သည် လာပါအုံး´´ လို့ အော်ကာခေါ်တော့ ဈေးသည်လေး နင်းလာတဲ့ စက်ဘီးလေးကို အရှိန်လျော့ ခြံဝတည့်တည့်ရပ်လိုက်ပြီး […]


ခင္ခFebruary 5, 20131min54918
ရော်ရမ်းကာ မှန်းမျှော်ပေမယ့်………   တိမ်တွေက လွင့်ပါး အချိန်တွေက ပစ်သွား နေခဲ့ရတာ အချစ်လား။   တစ်ခါတုန်းဆီက အချစ်များ အလှဆုံးထင်ကြ သူများ အခုများတော့ အိုဇာသွား။   သွေးတစ်စက်ထွက် မကြည့်ရက် ဟိုတုန်းဆီက သူ့ပြောချက် အခုမှာတော့ အသက်ထွက် သူကတော့ အပြုံးမပျက်။   ရှိုက်ငိုမိတာ အခါခါ အရင်တုန်းဆီက ချော့ခဲ့တာ ပြောင်းလဲသွားတဲ့ သူ့စိတ်ဟာ ဂရုစိုက်ဖို့ ဝေးလှစွာ။   ဒါတွေသိလည်း ငေးခဲ့နော် သူလှမ်းလာ လမ်းကိုမျှော် ရော်ရမ်းက မှန်းဆပျော် ဒါပေမယ့်….. ဝန်းကျင်ကြည့်တော့ တစ်ယောက်ထဲပါနော်။   ဪ……. “အချစ်ဆိုတာ ပျော်ရွှင်စရာ များနဲ့အတူတူ ပူဆွေးမှု့များလည်း သူခေါ်ခဲ့တယ်´´ တဲ့ ကြားခဲ့ဖူးတဲ့ သီချင်းသာ ငြီးလိုက်ချင်ပါရဲ့တော်။ […]