ဘုန်းကြီးပါစေ ကျန်းမာပြီး သက်ရှည်ပါစေ လူကြီးသူမတွေကို သွားရောက်ကန်တော့သောအခါ ပေးလေ့ရှိကြတဲ့ ဆုလေးတစ်ခုက “ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ´´ လို့ ကြားဖူးကြမှာပါ။ ယခုခေတ်သစ်မှာ အနေအထိုင် အသွားအလာ အဓိက အစား အသောက် ပုံစံတွေပြောင်းလာကြတယ်၊ ပြုပြင်စီမံထားတဲ့အစာတွေ အလွယ်တကူစားသောက်လို့ရတဲ့ အသင့် စားရယ်ဒီမိတ်တွေ စီပွားရေးဆန်စွာ ပြုလုပ်ထားတဲ့ မသန့်တဲ့ဆီတွေ ဒါတွေကြောင့် ဘုန်းကြီးရုံ သက်ရှည်ရုံနဲ့ ဆုတောင်းပြည့်ဖို့ထက် ဘုန်းကြီးပါစေ သက်ရှည်ပါစေ ဆိုတဲ့ဆုပေးတဲ့နေရာမှာ “ ဘုန်းကြီးပါစေ ကျန်းမာပြီး သက်ရှည်ပါစေ ´´လို့ ကျန်းမာစေဖို့ပါ ဆုတောင်းပေးရ လိမ့်မယ်လို့ တွေးမိပါတယ်။ ဆရာဝန်တစ်ချို့နဲ့ စကားပြောဆွေနွေးမှု့အရရယ် ဖတ်ဖူးတဲ့စာပေတွေအရရယ် သက်ရှည်ကျန်းမာဖို့အတွက် အဓိကကျတဲ့ အချက် သုံးချက်ရှိပါတယ်။ ၁။ မျိုးဗီဇ ၂။ အစားအသောက် […]