ဆေးဖက်ဝင်တဲ့ မဲဇလီဖူး။ တန်ဆောင်မုန်းလပြည့်ညမှာ မဲဇလီဖူးသုတ်စားတတ်ကြတာကို သတိရမိလို့ မဲဇလီဖူးရဲ့ ဆေးဖက်ဝင်အကျိုးပြု ချက်လေးတွေကို ရှာဖွေပြီးတွေ့တာနဲ့ မျှဝေရေးပေးလိုက်တာပါ။ မဲဇလီဖူးအနေနဲ့ ကျန်းမာရေးအရ အောက်ပါအချက်များကောင်းစေတဲ့အကျိုးရှိကြောင်းသိရပါတယ်။ ၁။ သွေးအားကောင်းစေတဲ့အပြင် သွေးကိုလည်း သန့်စေပါတယ်။ ၂။ မဲဇလီဖူးမှာပါတဲ့ သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။ ၃။ အစာချေစနစ်ကောင်းမွန်စေပြီး ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာ စေပါတယ်။ ၄။ ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးသလို ကိုယ်ခန္ဓာကြီးထွားမှု့ကိုထောက်ပံပေး ပါတယ်။ ၅။ အူမကြီးကိုကောင်းစွာ အလုပ်လုပ်စေလို့ ဝမ်းပျော့ပျော့သွားစေပါတယ်၊ အူမကြီး၊ အူသိပ်အူမများရှိ တုတ်ကောင်၊ သန်ကောင်နဲ့ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးပြီး အူသန့်စေပါတယ်။ ၆။ ကစီဓာတ်ကြွယ်ဝစွာပါလို့ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။ ၇။ သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်များကို တိုးပွားစေလို့ […]