ခင္ခAugust 31, 20141min2114
” ဖယောင်းတိုင် “   မီးညွှန့်လွှလွှ ဖယောင်းတိုင်က ဘုရားစင်ထက် နေရာယူ ဒီဇိုင်းမျိုးစုံ မီးလုံးမီးချောင်းအဖုံဖုံက အိမ်ကြီးတစ်ခုလုံး လင်းအားပို ဖယောင်းတိုင်အလင်း မှိန်ဖျော့ဖျော့တဲ့ လျှပ်စစ်အားကိုး အကြွားပိုခဲ့ သိပ်မကြာခင် မီးပျက်လေသော် ဘုရားစင်အနီး ဖယောင်တိုင်မီးဖြင့် လင်းပေသော်လည်း အိမ်ကြီးခမျာမှောင်တိသာမို့ ဖယောင်းတိုင်ကို ကာပြန်မရ မြန်မာပြည်က။     ခင်ခ။


ခင္ခAugust 31, 20141min2286
” ဝါသနာပါတော့လည်းနော်”   တကယ်ဆို ပျော်တယ်မထင်ပါနဲ့ မော်ဒယ်လုပ်ရတာလဲ အဆင်တွေရှိပါရဲ့ ဓာတ်ပုံရိုက်ခေါင်းစောင်း အမူအရာပြောင်းရင် ပုံရယ်မလှမှာမြင်လို့ ဓာတ်ပုံဆရာက မေးနဲ့ပါး ခဏခဏကိုင် လမ်းလျှောက်တာကျင့်ပေးဖို့ နည်းပြဆရာက ခါးကိုင်တာ အခါခါလို့ သမီးရုပ်ရည် အပြုံးနဲ့ဆို ခေါင်းဆောင်မင်းသမီးတောင် ဖြစ်နိုင်သလိုလို ရွှင်းကာဆို အပြောတွေနဲ့ ပုခုံးလေးကိုင်ကာ အားပေးရှာပါတဲ့ အလည်ခဏ ရောက်လာတတ်ပ ဒါရိုက်တာကတစ်မျိုး အေဂျင်စီထောင်သူ ကိုတော်ချောရဲ့ညီ အပျိုတော်ချောတွေ မိတ်ကပ်လိမ်းကာချယ်သရင်ဖြင့် စသလိုနောက်သလို ဟိုပုတ်ဒီကိုင်လုပ်ပါလို့ ဒါဒါဒီဒီ ဒါဒါ သီချင်းသံစဉ်ဖွင့်ရင်ပ မီးဆလိုက်ရောင်ထဲ လျှောက်ကာပြလိုက်တော့ မော်ဒယ်တွေဘဝ ကြွကြွရွရွလေး သဘောကျကာ လက်ခုတ်တီးသံကြားရင် တွေ့ခဲ့သမျှမေ့လျှော့ကာ ပိတိလွှမ်းတယ် ဝါသနာကို မတားနဲ့ကွယ်။   ခင်ခ။


ခင္ခAugust 30, 20141min1555
” တစ်ချက်ကလေးစောင်းဌဲ့ ကြည်အုံး “   မိုးတွေကမစဲ ရွာနေမြဲမှာ လေးသွဲ့စွာလှမ်းတဲ့ ခြေလှမ်းနဲ့ အိမ်ကနေထွက်ခဲ့မိတယ် လမ်းဆုံဝယ် လက်ပွေ့ရောင်းဂျာနယ်သယ် မိုးရွာတာ သုံးလေးရက်မို့ အရောင်းရယ်က လျော့ကျတယ် ဆိုင်ကိုဝင်ရောင်း ချင်ပေမယ့် သူ့နေရာ သူ့စားကျက်နဲ့သူ စည်းကျော်မရ လုပ်ကြသူဌာကွယ် အိမ်ဝမှာ ကလေးကငိုကာရယ် ဖေဖေမနေ့က မုန့်မပါတယ် ဒီနေ့တော့ ပလာတာဝယ်ခဲ့ပါကွယ် ဒီညနေ အိမ်ပြန်ခရီးလေးလှစေဖွယ် တိတ်ပါပေါ့ မိုးမင်းကြီးရယ် ကျွန်တော်တို့ဘဝ တစ်ချက်လေးစောင့်ဌဲ့ကြည့်ပါဟယ်။   ခင်ခ။


ခင္ခAugust 30, 20141min1902
” လုပ်ပင်လုပ်သော်ငြား “   သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ် အသက်နှစ်နှစ်အောက် ကလေးနို့မှုန့်ကြော်ငြာများ နေရာအသီးသီးတွင် တားမြစ်ပိတ်ပင်တော့မည်တဲ့။ အသက်နှစ်နှစ်အောက်ကလေးများအတွက် ထုတ်လုပ်ထားသည့် နို့မှုန့်များ၏ ကြော်ငြာခြင်းကို နေရာအသီးသီးတွင် ပိတ်ပင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုပါတယ်၊ မွေးကင်းစမှ အနည်းဆုံး အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ကျန်းမာရေးဝန်ကြီး ဌာနက စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိခဲ့ပါတယ်၊ အရက်နဲ့စီးကရက် အမှတ်တံဆိပ်ကြော်ငြာတွေကို အများပြည်သူ မြင်တွေ့နိုင်သည့် နေရာများတွင် ကြော်ငြာခြင်း တားမြစ်ပိတ်ပင်ခဲ့ဘူးပါတယ်၊ အခု လာမယ့် စက်တင်ဘာလနေစပြီး နှစ်နှစ်အောက်ကလေးနို့မှုန့်ကြော်ငြာတွေကို ပိတ်သွားမှာဖြစ်ပြီး အလုပ်ရုံဆွေးနွေး ပွဲတွေလည်း လုပ်သွားမယ်လို့ဆိုပါ။ ရည်ရွယ်ချက်အနေနဲ့ ကောင်းပါတယ်၊ မိခင်နို့တစ်မျိုးတည်းကို ကလေးအရွယ် ခြောက်လထိ တိုက်စေချင်တဲ့ နိုင်ငံတော်၏ စေတနာပါ။ ဒါပေမယ့် တကယ်ထိထိရောက်ရောက် လုပ်တတ်ကြဖို့လိုသလို ခဏတာ သတင်းရေးကောင်းရုံလုပ်တာမျိုး မဖြစ်စေချင်ပါဘူး။ […]


ခင္ခAugust 29, 20141min1713
” အမြဲအစဉ် သာနေမြဲ”   နေမင်းကြီးရဲ့ အလင်းရောင် ထွန်းလင်းတောက်လို့ ပူပူလောင် လောကတခွင် သူမရှိ မဖြစ်ကြလို့ သူ့မျှော်၏ သူကနေ့အခါ လာသာလာ တစ်ခါတလေ ပုန်းလို့သွား တိမ်နောက်ထဲကို ရောက်ပါလား သို့သော်ညအခါ သူမရှိ နောက်မနက်မှ ထွက်လာ၏။   လမင်းကြီးရဲ့ အလင်းရောင် ကြည်လင်လှလို့ အေးမြဆောင် အပြည့်အဝ ထွန်းသည်ကား ရက်အနည်းငယ် ရှိသည်ပ ကျန်ရက်များမှာ လျော့ကာသွား တစ်ချို့ရက်မှာ မှောင်လို့ထား သို့သော်နေ့အခါ သူမရှိ ညအခါမှ ထွက်လာ၏။   မိဘတို့ရဲ့ မေတ္တာရောင် နေလိုလဲဘဲ ထွန်းသည်မောင် လလိုလည်းဘဲ အေးတယ်ကွယ် နေ့နေ့ညည ပျောက်မသွားဘဲ အမြဲအစဉ် သာနေမြဲ။   ခင်ခ။


ခင္ခAugust 29, 20141min46718
” ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့ “     ငါသား ဘီဒိုထဲမှာ ငွေကြိုက်သလောက်ယူသွား ကားသော့က တိုင်မှာချိတ်ထားတယ် သူငယ်ချင်းတွေလည်း ခေါ်လိုက်အုံးကွယ် သူဌေးကြီက ပေးရှာတယ်။ ငါ့သား ငွေနှစ်ထောင်ယူသွား မင်းညီမနဲ့နှစ်ယောက်စား ဗိုက်ပြည့်တာလဲစားအုံးနော် အဖေပွဲစား ပေးရှာတယ်။ ငါ့သား လမ်းထိပ်အကြော်ဆိုင်ဝယ် ကောင်းညင်းပေါင်းနဲ့ ငါးရာဖိုးဝယ် ငါ့တို့မိသားစု စားကြမယ် အဖေဝန်ထမ်း ပေးရှာတယ်။ ပဲပြုတ်သယ်ရေ လာပါအုံးကွယ် ပဲပြုတ်တစ်ရာဖိုး ထဲ့ကာပေးပါ ကလေးတွေကို ထမင်ကြမ်းနဲ့နယ်ကြွေးမယ် ကုန်ထမ်းအဖေက ပဲပြုတ်ဝယ်။ ကိုယ့်အိုးကိုယ့်ဆန် တိုင်းထွာကာလုပ် မနက်စာကို ကျွေးကြတယ် အဖေများရဲ့ morning ကွယ်။ ခင်ခ။


ခင္ခAugust 28, 20141min2678
” ပန်းနဲ့ပေါက်တာ နာစရာဖြစ်”     ပန်းနဲ့ပေါက်တာ နာစရာလား ပြောဘဲပြောတတ် ပေတယ်။ ရာဇဝင်ဝယ် စာတင်ခဲ့ပ သုပဒ္ဒါကို ကြည်ဇယ်ပေါက် ပန်း တွယ်ကပ်ကာ ခါချဉ်လွှမ်းတော့ စိတ်တော်ညိုး ဆိုးတော်ပြုတယ် ကျိမ်စာဆို မုန်းပွားရက်ပြီ ကြုံလာဘုံ မိဖုရားခေါင်ဘဝ ပူစာတယ် ဆင်စွယ်ကိုမှ နားဋောင်းအဖြစ် ပန်ဆင်ချင်တယ် မိန့်တော်မှတ်တဲ့ ဘုရင်ရယ် အစွယ်ရရေး ဆင်သတ်ပေးဖို့ မုဆိုးခိုင်းကာ စေလွှတ်လေသည် ကိုယ့်စွယ်ကိုဖြတ် အသက်ပေးအပ် ဆဒ္ဒါန်ဆင်မင်း ချစ်ကြီးရှာကာ သေပွဲဝင်သတင်း ကြားသိပြီးလျှင် ယူကြုံးမရ သုပဒ္ဒါရယ် ငိုပွဲနွဲသလို မဖြစ်လိုတယ် ပန်းနဲ့မပေါက်ရက် ချစ်ပါ့မယ်။     ခင်ခ။


ခင္ခAugust 28, 20141min2308
” စာတစ်စောင်က ဗုံးထက်ပြင်းသတဲ့ “   “သာယာလှတဲ့ လယ်ကွင်းပြင် ပတ်ဝန်းကျင်တွင် တည်ရှိနေသော အိမ်လေးတစ်ခုတွင် နေထိုင်ဖြစ်ခဲ့ကြတယ်။ ပျော်စရာတွေ ရယ်မောစရာတွေ နဲ့ သာသာယာယာနေခဲ့ကြတဲ့ အချိန်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာ အဲဒီ အိမ်လေးတည်ရှိနေတဲ့ ပတ်ဝန်းကျင်ဆီ ဌက်တစ်ကောင်လို ဝေဟင်မှာပျံလာပြီး သူ့ထံကနေ အမဲရောင်လိုလို အစိမ်းရောင်လိုလို အရာကြီးတွေထွက်ကျလာတာ တွေ့လိုက်ပြီး ခဏတာ အချိန်လေးမှာဘဲ ထိုထွက်ကျလာတဲ့ အရာကြီးတွေဟာ မြေကြီးနဲ့ထိလိုက်ပြီဆိုရင်ဘဲ မြေကြီးတုန်ခါသွားပြီး မီးလျှံမီးခိုးတွေထွက်လာတယ်၊ လှမ်းမြင်မိရုံနဲ့တင် ကျောချမ်းစရာကြောက်လာပြီး အနီးနားက အုတ်ပုံကြား ဒို့တွေဝင်ပုန်းလိုက်စဉ်မှာဘဲ ဒို့အိမ်လေးပေါ်ကို ခုန အစိမ်းလိုလို အမဲလိုလို အရာကြီးတစ်ခုကျကာ ဒို့အိမ်လေး မီးစတင်လောင်ခဲ့ပြီ၊ ဌက်လိုလိုအကောင်ကြီးတွေလည်း ဝေဟင်မှာ တစ်ကောင်ပြီး တစ်ကောင် ပျံဝဲကာဆက်တိုက်သွားနေလို့ ဝပ်ပုန်းနေရာကနေ မထွက်ရဲတာနဲ့ မီးစွဲတဲ့ […]


ခင္ခAugust 27, 20141min2537
” သူတောင်းစား မဟုတ်ကြပါ “   သူတောင်းစား ဟုဆိုလိုက်လျှင် သူတစ်ပါးထံမှ ပေးကမ်းစွန့်ကျဲတာကို ယူရတဲ့သူ သူများပေးစာကမ်းစာ စားရသည့်သူဟု သမုတ်တွင်ခေါ် ကြလိမ့်မည်ပင်ဖြစ်ပါသည်။ အဲဒီလို အခေါ်ခံရမည့် ဘဝရောက်ကြမှာကိုလည်း မလိုလားကြသူများပေလိမ့်မည်။ ဘာလို့လည်းဆိုတော့ သူတောင်းစား လို့ အခေါ်ခံရကထဲက သူများတွေထက် အဆင့်နိမ့်ကြလှသည်ဟု လူတို့တွင်ပြေးမြင်ကြပေလိမ့်မည်သာတည်း။ တကယ်လည်း အမှန်ပင်ဖြစ်ပေသည် ဈေးတွေရဲ့လျှောက်လမ်းတွေ လမ်းဘေးပလက်ဖောင်းတွေမှ ဆင်းရဲနွမ်းပါးသော အသွင်သဏ္ဍန်ဝတ်စားမှုတွေနဲ့ ညှိုးငယ်သောမျက်ထားတို့ဖြင့် ” အကိုကြီးတို့ အမကြီးတို့ ပေးမှကမ်းမှ စားရတဲ့ဘဝပါ အကိုကြီးတို့ အမကြီးတို့ ငွေကလေးနည်းနည်း လောက် စွန့်ကျဲခဲ့ကြပါ ” အဲဒီလိုတောင်းကြရတယ် ကြားတဲ့သူတွေက သဒ္ဒါပေါက်လို့ဘဲဖြစ်ဖြစ် သနားကြလို့ဘဲဖြစ်ဖြစ် တစ်ခါတလေ စားသောက်နေတုန်း စားပွဲဘေးနားလာတောင်းတော့ အမြန်ဖယ်ခွါသွားဖို့ဘဲ ဖြစ်ဖြစ် အလှုစငွေလေး ထဲ့ပေး ကြတယ်လေ၊ […]


ခင္ခAugust 27, 20141min3046
” ဘာများမှားမိပါလိမ့် “     ပင်ပျိုထက်ဝယ် ဝတ်ဆံကစုံ ဝါသွေးရောင်ဖြာ လှဟန်ကြွလို့ ခူးကာမြတ်တနိုး သူထံတိုးကာ ပန်ဆင်ဖို့အရေး ပေးမိလေသော် ဒီနေကြာပန်း ဆီဆုံစခန်းကို နင်ဖာနင်သာ သွားပေးပါလား ဒီလောက်ကြီးပန်း ငါပန်ထားရင် အရူးမ ထင် ရုပ်ဆိုးလိမ့်မယ် ဒါတောင်မတွေး ဦဏှောက်သေးနဲ့ နင်ကိုမုန်းတယ် ဆိုခဲ့လေသံ ငါဘာအမှား လုပ်မိပါလိမ့် နေကြာကလည်း ပန်းပါဘဲကွယ် အဲဒီထဲက မဆုံပေမယ့် ငါရင်ထဲဝယ် မင်းတစ်ယောက်ကွယ်။ ခင်ခ။


ခင္ခAugust 26, 20141min39913
” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “   တိုကင်နံပါတ် ဆိုရင် လူတိုင်းသိကြမှာ အလှည့်စောင့်နံပါတ်ပေါ့ဗျာ။ ကျွန်တော်တို့ငယ်ငယ်က အခုလိုပုပ္ပလိဂ္ဂဘဏ်တွေမရှိဘူး အစိုးရဘဏ်ဘဲရှိတော့ ငွေသွားထုတ်ရင် ငွေထုတ်စာရွက်ထပ်တဲ့အခါ တိုကင်နံပါတ် ပြန်ပေးလိုက်တယ်။ မိမိနံပါတ်ကိုကြည့်ပြီး ဘယ်အချိန်လောက် ထုတ်လို့ရမလဲ မှန်းပြီး ဟိုဟိုဒီဒီသွားလို့ရတယ် ဆိုလိုတာက နံပါတ်စဉ် ဂဏန်းနည်းနေရင် မြန်မြန်ကိုယ့် အလှည့်ရောက်ပြီး နံပါတ်စဉ် ဂဏန်းများနေရင် အတော်ကြာ မှ ကိုယ့်အလှည့်ရောက်မယ်ပေါ့ အခုဆို ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်တွေဆီသွားပြချင်တဲ့အခါ တိုကင်နံပါတ်ကို ဖုန်းနဲ့လှမ်းယူကြတယ်၊ ကိုယ်ရတဲ့ တိုကင်နံပါတ်ကို ကြည့်ပြီး ဆရာဝန်ဆေးခန်းစထိုင်ချိန်နဲ့တွက်လို့ သွားကြတာမျိုးတွေတောင် ဖြစ်လာပြီး ဆေးရုံ ဆေးခန်းမှာ အချိန်အကြာကြီးပေး သွားစောင့်စရာမလိုကြတော့ဘူးပေါ့။ တစ်ချို့အခြေအနေတွေမှာတော့ တိုကင်ကို နံပါတ်နဲ့မသွားဘဲ ကာလာနဲ့ခွဲကာ အသုတ်လိုက်ခေါ်စနစ်ကို သုံးတတ်ကြပါတယ်၊ ဘယ်လိုနေရာတွေလဲလို့ […]


ခင္ခAugust 26, 20141min2477
” ဒေသဘုရားများ ဖူးကြစို့”   ဒေသတစ်ခု ပြယုဒ်ပြုလို့ တန်ခိုးကြီးဘုရားတွေရှိကြတယ် ရန်ကုန်မှာဆို ရွှေတိဂုံနဲ့ ဆူးလေ ဗိုလ်တထောင်ဖူးရမယ် သန်လျှင် ကျောက်တန်း ရေလည်ဘုရားနဲ့ ကျိုက်ခေါက်စေတီ ဖူးမဝဖွယ် ပဲခူးရွှေသာလောင်း ဟင်္သာကုန်းနဲ့ မဟာစေတီ ဝင်ဖူးကွယ် ကျိုက်ထိုဘက်တော့ မှဲ့ရှင်ဘုရားနဲ့ ကျိုက်ထီးရိုးတောင်ပေါ် တက်ကြမယ် သထုံမှာဆို ဝင်ကာဖူးဖို့ မြသပိတ်စေတီ တည်ထားတယ် ရွှေတောင်ဝင်ရင် ရွှေနတ်တောင်နဲ့ ရွှေမျက်မှန်ဘုရား ဆုတောင်းသွယ် ပေါင်းတည်စွယ်တော် နံမည်ကြီးလို့ ဖူးမဝကာ ကြည်ညိုဖွယ် ပြည်ဘက်မှာတော့ ရွှေဆံတော်နဲ့ ဆယ်ထပ်ကြီးဘုရား တင့်လို့တယ် မကွေးရောက်တော့ မြသလွန်မယ် ဘီလူးကြီးတွေ စောင့်ရှောက်တယ် ဟိုဘက်ကမ်းကို ကူးကာသွားရင် မင်းဘူးရွှေစက်တော် ရောက်လိမ့်မယ် မုံရွာရောက်ရင် ဗောဓိတစ်ထောင်နဲ့ သမ္ဗုဒ္ဓေဘုရား ဝင်ဖူးကွယ် ကျောက္ကာမြို့ဘက် ခြေဦးလှည့်ရင် ရွှေဂူနီဘုရား […]


ခင္ခAugust 25, 20141min2275
” ဟိုအရင်က ဓာတ်ပုံဆရာများနဲ့ ကျွန်တော် “   ကျွန်တော်နဲ့ ဆုံခဲ့တဲ့ ဓာတ်ပုံဆရာတွေနဲ့ အယူအဆ အလွဲလေးတွေကို ပျင်းလို့ရေးမလို့ပါ။ ကျွန်တော်ကျောင်းစတက်ဖို့ ကျွန်တော်တို့နေတဲ့နားက မူလတန်း အ.မ.က မှာ ကျောင်းထားဖို့အတွက် ကျောင်းအပ်လက်ခံပြီမို့ အဖိုးဖြစ်သူက ကျွန်တော်ကို ခေါ်ပြီး အိမ်နားက ဓာတ်ပုံတိုက်မှာ ကျောင်းအပ်ဖို့ လိုင်စင်ပုံသွားရိုက်တာပေါ့။ ကျွန်တော်တို့ငယ်တုန်းက လိုင်စင်ဓာတ်ပုံရိုက်ခံမယ်ဆို အခုခေတ်လိုကင်မရာလေးနဲ့ ချိန်ပြီး “ချလပ်” ဆို ရိုက်ပြီးသာမဟုတ်ဘူး ဓာတ်ပုံတိုက်(ဓာတ်ပုံဆိုင်ကို အဲဒီတုန်းကခေါ်တာ)ကိုသွား အမှောင်ခန်းတစ်ခု အဲဒီက ဓာတ်ပုံတိုက်မှာလုပ်ထားတယ် အဲဒီထဲဝင်ထိုင် ဘေးမှာက ထီးတွေနဲ့ နောက်ခံပြုထားတဲ့ စလိုက်တွေနဲ့ ချိန်ထား ပြီး ရွေ့လိုဘီးပါတဲ့ ဆင်ကြီးမှတပ်ဆင်ထားတဲ့ ကင်မရာရဲ့နောက်မှာ ရိုက်မည့်သူက ဝင်လိုက်ပြီး ကင်မရာနဲ့ သူ့ ခေါင်းကို အဝတ်မဲ့ကြီးဖုံးပြီးမှ သေချာချိန် […]