မြစပဲရိုးFebruary 3, 20151min70324
ရွာထဲ သီချင်းမပါရင် စကားမပြောတတ်တော့လို့  Happy Birthday သီချင်းလေး ဆိုပြီး  လုပ်လိုက်ပါတယ် ညီမ မှီ ရေ။ ၁ဝစုနှစ် တစ်စု ရာထူးတိုးသွား ပေမဲ့  ရှေ့မှာ စီနီယာကြီးများ ရှိပါသေး။ ဒီ တစ်ခါ ပြာသိုလပြည့် အကြိုည မှာ ကောင်းကင်က အတော်ကို ကြည်လင်ပြီး ကြယ်တွေ မှ စုံ လို့။ (အေးလဲ တစ်အားအေးတယ်) လမင်းကြီး က တစ်ဆင့် လပြည့် မွေးနေ့ရှင် ညီမ ဆီ ကို ဆုမွန်ကောင်း တောင်းလိုက်တယ်။ အခုည မှာ လမင်းကြီး က မှီ့  ဆီ လာပို့လိမ့်မယ်။ အသက် ၂ဝ နှစ်ထပ်ကွမ်း မှ စပြီး စိတ်၏ချမ်းသာခြင်း၊ […]


မြစပဲရိုးFebruary 1, 20151min57421
အခု လာမဲ့ အဂါင်္နေ့ က တပို့တွဲလပြည့် တဲ့။ ဟုတ်မှာပါ။ မနေ့ည က ကောင်းကင် ကလဲ ကြည်လင်ပြီး  လ ရောင် ကြား မှာ ကြယ်တွေ မှ စုံလို့။ လှလိုက်တာ လို့ တွေးလိုက်ပြီး ဖြတ်ကနဲ သတိရလိုက်မိတာ က ဒီလိုဘဲ ကောင်းကင်မှာ ကြယ်တွေ စုံခဲ့တဲ့ တစ်ချိန်က ည တွေ အကြောင်းပေါ့။ အဲဒီချိန်တွေ တုန်းကတော့ အခုလို လှလိုက်တာ မတွေးမိဘူး။ “ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်” ဆိုတာ ကိုဘဲ ထပ်ခါ ထပ်ခါ ရွတ်ပြီး အဲဒီ ကြယ်တွေ ကို အားကိုးတကြီး ကြည့်ရင်း အိမ်ပြန်ခဲ့တာ။ တကယ်တော့ “အိမ်” မဟုတ်ပါဘူး။ “အဆောင်” […]


မြစပဲရိုးJanuary 24, 20154min46321
မိုက်ခ် ရဲ့ သူငယ်ချင်းကြီး ငွေဆန် ရဲ့ ဂျာပွန်မလေး ကို ကြည့်ပြီး ကိုယ့်ရဲ့ ချစ်သော ဂျာပွန်ကြီး ကိုပါ လွမ်းသွားတာနဲ့ …… ဒီတစ်ပါတ် မှာတော့ နားဦးတည့်ရုံမက အမြင်ဦးပါတည့်သွားခဲ့ပေါ့။ အခုခေတ် ကလေး တွေ ရဲ့ ကိုးရီးယားမင်းသား ဟော့ရှော့ အလန်း လေး တွေ ကြားထဲ အရီး ရဲ့ မင်းသားကြီး မှာ ဟာသ ကြီး ဖြစ်နေမယ်မှန်းတော့ သိပါရဲ့။ သို့ပေမဲ့ ကြိုက်မိတော့လဲ ကြော်ငြာဝင်ပါ့မယ်။ အင်မတန် အရုပ်ဆိုးတာမှန်ပေမဲ့ သရုပ်ဆောင် ကောင်းလွန်းတာမို့ တစ်ချိန်ကအတော်လေး သဘောကျခဲ့ ဖူးတဲ့  ကိုယ့်ရဲ့ မင်းသား ဖြစ်လိုက်ပါသေးတယ်။ ပြောသာပြောရ။ သူ့ရုပ်ရှင်တွေကို နှစ်ခါဘဲ ကြည့်ဘူးတာ။ ၁၉၈၄ ပါတ်ဝန်းကျင်လောက်ကပေါ့။ […]


မြစပဲရိုးJanuary 19, 20151min49917
ဟိ။ ဒီ တစ်ပါတ်တော့ စိုးလွင်လွင် သီချင်းပါ။ စိုးလွင်လွင် ဆို တစ်ချို့ ကလေးများ သိကြပါ့မလားဘဲ။ ကိုယ့် ဂျဲန် ထဲက သိုးမဲကြီးများ ကတော့ မသိသူမရှိလောက် ရှားမှာပါ။ သူ့ အသံ ကို ကောင်းတယ်မခေါ်နိုင်ဘူး ထင်ရဲ့။ ဒါပေမဲ့ နားထောင်ကောင်းတာတော့ အမှန်။ သူ့သီချင်းတွေပေါက်ခဲ့တာ တေးရေး ပညာရှင်စစ်စစ်များ ရဲ့ ရင်တွင်းဖြစ် တန်ခိုး ကြောင့် ဆိုလဲ မမှားပါဘူး။ ကိုယ့် အပေါ်ကို အတော် ပါဝါရှိခဲ့ တဲ့ သူ့သီချင်းတွေ အများသား။ “မျက်နှာထား တင်းတင်း နဲ့ နောက် မလာ နဲ့ လို့ ပြောလွှတ်လိုက်တယ်” ဆိုတဲ့ “ခေါင်းငုံ့ချစ်နေမယ်” သီချင်း။ အားကျပြီး ကိုယ့်မျက်နှာထား ကို […]


မြစပဲရိုးJanuary 11, 20152min40315
အခု ကမ္ဘာမှာ ဘာသာရေး အကြောင်းပြုပြီး လူ တွေ သွေးမြေကျ နေရတယ်။ ကလေးငယ် တွေ အသတ်ခံ နေရတယ်။ မိန်းမ တွေ အနှိမ်ခံ နေရတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် နေကြတယ်။ မြန်မာပြည်ထဲ မှာရော ဘာထူး သေးလဲ။ ဘာသာရေး ကို အကြောင်းပြုပြီး တိုင်းပြည် မငြိမ် အောင် ကစား ကြတယ်။ စားပေါက်ချောင် အောင် နိုင်ရာလူ ဖိထောင်းတယ်။ မလို တဲ့ အဆင့်မရှိတဲ့ လူရီဖွယ် ဥပဒေ ထုတ်ကြတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် […]


မြစပဲရိုးJanuary 10, 201510min68124
နှစ်သစ် မှာ ဘာများလုပ်ရရင် ကောင်းမလဲ စဉ်းစားရင်း “နားဦးတည့် ရာ” ကို စမ်းလျှောက်လိုက်ပါတယ်။ ရင်ထဲ ဝင်လာသမျှ  နားဦးတည့်ရာ သီချင်းတွေ ကို ရေးချင်ရာ အကြောင်း နဲ့ ရေးချင်တဲ့ အချိန် ရေးပါမည်။ ပွဲဦးထွက်က …… One D – One Direction ရဲ့ Night Changes အခုနောက်ဆုံး ထွက်ထား တဲ့ သီချင်းလေးပါ။ ဒီ အရီး တစ်ယောက် မကြီးမငယ် နဲ့ One D ကို ကြိုက်နေပါရော့လား လို့ အထင်တော် မလွဲ ကြပါနဲ့။ ဒင်းလေးတို့ စထွက် လာ ကထဲ က လုံးဝကို မကြိုက်ပါ။ သူရို့ သီချင်းတွေ […]


မြစပဲရိုးJanuary 5, 20151min47323
ဇန်နဝါရီလ ၄ ရက်နေ့ အမှတ်တရ တစ်နှစ် ဆိုတာ ခဏလေး ထင်ရ။ အခု တော့ နှစ်ယောက် ကနေ သုံးယောက် ဖြစ်တော့မယ့် အချိန်ပေါ့။ တွဲလက်များ ခိုင်စေ၊ မြဲစေသား။ :))      


မြစပဲရိုးJanuary 4, 20155min36012
မနှစ်က ပေါ့။ (၄ ရက် ဘဲ ခြားတာ ကို ဒီလို သုံးတော့ အဝေးကြီး လို ဘဲ) 😉 ရွာထဲ ပြောဖို့ အကြောင်းတွေ မပြောဖြစ်ခဲ့တာ အများကြီး။ ဒါကြောင့်  ပေးရန်ရှိ စာရင်း ချုပ် ပြီး စု တင်လိုက်ပါတယ်။ ခရစ်စမတ်ပါတီ တုန်းက ပုံ ပါ။ အမြင်မလှ ပေမဲ့ အရသာကောင်း တဲ့ ကျောက်စ် ရဲ့ Starter ပေါက်စ် က နဲနဲ ဘဲ ကျန်တော့တယ်။ ငှက်စာ အတွက် ကို ဝင်တီး နေတဲ့ ရှဉ့်။ အခု တော့ လဲ သူ့ ကို ချစ်လို့ အစာ တွေကို အောက်မှာ […]


မြစပဲရိုးDecember 28, 20141min91346
ကကြီးမိုက်ကြီး ရဲ့ ရွာတွေ့ဆုံပွဲ အတွက် ပို့စ် မှာ ကိုရာမည ရဲ့ “ကျွန်တော်ပြောမှားဆိုမှားရှိပါကလည်း ကန်တော့တောင်းပန်ပါတယ်ခင်ဗျာ” ဆိုတဲ့ မှတ်ချက်လေး တွေ့ပြီး ကိုယ်လဲ နှစ်ဟောင်းမှာ စိတ်အညစ် တွေ ကို ရှင်းရှင်းချန်ခဲ့ ချင်စိတ် ပေါက်သွားတော့တာ။ ဒီနှစ်ထဲ အချေအတင် အငြင်းအခုန် တွေ ပိုများ ခဲ့သလားဘဲ။ မှတ်မိသလောက် ညီမပြုံး ၊ ကိုအဘဖော ကိုရွှေညာသား ကြောင်ကြောင် သူကြီးမင်း (သူ နဲ့က တော့ မဆန်း) သူတို့ အတွေး တွေ နဲ့ ကိုယ့် အတွေး တော်တော်လေး မတူ ကွဲ နေတာ နဲ့ ကိုယ်ကလဲ ခေါင်းမာမာ မှာ ပြောချင်တာ တွေ အတင်းကာရော […]


မြစပဲရိုးNovember 30, 20142min116926
ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၁) မှာ ပြောထားတဲ့ စက်ဝိုင်းတွေ က Circle of Concern  နဲ့Circle of Influence လို့ ခေါ်ပါတယ်။ Circle of Concern က ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ မရှိဘဲ ပူပင် နေတဲ့ နေရာ သဘောပါ။ Circle of Influence ကတော့ ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ ရှိတဲ့ ကိုယ်လုပ်ကိုင် လို့ ရတဲ့ နေရာ ပေါ့။ တကဲ့လက်တွေ့ဘဝ ထဲမှာ Circle of Concern က Circle of Influence ထက် ပိုကြီး နေတာ အားလုံး […]


မြစပဲရိုးNovember 29, 20141min67323
ဒီ ခေါင်းစဉ် ကို “သူမ နဲ့ စက်ဝိုင်းများ” လို့ ပေးဖို့ကနေ နာမည် တတ်လိုက်တာက ဒီကိစ္စတွေ မဖတ်ချင် ရင် မဖတ်ဘဲ နေလို့ ရအောင်ပါ။မဟုတ်ရင် အချိန်ကုန် ခံ ဝင် နေရ မစိုး လို့။ ပြောရရင် ဒီရက် စိတ် ကို ဘယ်လိုအနေအထား မှာ ထားရမယ် မသိ။ ကိုယ်က သာ စိတ်မခိုင် သလို ဖြစ်နေပေါ့။ သူကတော့ သူ လုပ်နိုင်သမျှ တွေ ကို တတ်နိုင်သ၍ ခွန်အားအပြည့် နဲ့ လုပ် နေတော့တာ။ သူ့ တက်ကြွတဲ့ပုံရိပ် ကို ကြည့်၊ သူ့ရဲ့ ဇွဲမလျှော့ တဲ့ စကား တွေ ကြားပြီး […]


မြစပဲရိုးNovember 3, 20142min82237
မူရင်း မိန့်ခွန်း ၁။ http://news.stanford.edu/news/2014/june/gates-commencement-remarks-061514.html့ ၂။ https://www.youtube.com/watch?v=wug9n5Atk8c ဘာသာပြန်သူ – ကိုမိုး (ဘီ(လ်) ဂိတ်(စ်) မှ မိန့်ခွန်းကို စ ပြောပါသည်) ဘီ(လ်) ဂိတ်(စ်) – ၂၀၁၄ ခုနှစ် ဘွဲ့ရမောင်မယ်များ ကို ချီးကျူး ဂုဏ်ပြု ပါတယ်။ (လက်ခုပ်သံများ) ဒီဘွဲ့ နှင်းသဘင်ကို တက်ရောက်ရခွင့်လို့ မီလင်ဒါနဲ့ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခံရတဲ့ သူတိုင်း ဝမ်းမြောက်မိမှာပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ ကျွန်တော်တို့ အတွက်တော့ ထူးထူးခြားခြား ပိုပြီးတော့ ဝမ်းသာစရာ ဖြစ်ရပါတယ်။ စတင်းဖို့(ဒ်) တက္က္ကသိုလ်ဟာ ကျွန်တော်တို့မိသားစုရဲ့ အကြိုက်ဆုံး တက္က္ကသိုလ် […]


မြစပဲရိုးNovember 2, 20141min40218
သူမနားမှာလေ အာဏာရူး နေတဲ့ လူ တစ်ချို့ ဥစ္စာရူး  နေတဲ့ လူ တစ်ချို့ အာဏာရူး၊ ဥစ္စာရူး တွေ အတွက် အသိဉာဏ်မဲ့ ကာကွယ် ပေးနေတဲ့ လူ တစ်ချို့ အာဏာရူး၊ ဥစ္စာရူး တွေ စွန့်တဲ့ အရိုးစ အသားစ ကိုက်ဖို့ မျက်နှာလုပ် အမြီးနှံ့ နေကြ တဲ့ လူတစ်ချို့ အာဏာ ၊ ဥစ္စာ မြဲဖို့ သူ့ကို ဗန်းပြစား ဖို့ ကြိုးစားနေတဲ့ ဒီလို တွေ က တံတိုင်းတစ်ချပ် သူမနားမှာလေ အပေါ်က တံတိုင်း ကို ဖြို ဖို့တဲ့ အော်နေကြ တဲ့ လူ တစ်ချို့ ရရိရ မရရင်ချ တဲ့ […]