Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


မြစပဲရိုးJuly 20, 20153min3584
ငယ်ငယ် တုန်း အိမ်ချင်းကပ်ရက် သူငယ်ချင်း တစ်ယောက်ရှိတယ်။ . ကျောင်းမတူတော့ နေ့က အကြောင်းတွေ ကို ညည တွတ်ထိုးကြတယ်။ နဲနဲ ကြီးလာတော့ ပိုပြီး အပေါင်းအသင်း များ လာရော။ အိမ်နီးချင်း မဟုတ်ကြလေတော့ ညည ဆို တယ်လီဖုန်း ကို နာရီ နဲ့ ချီပြီး နားပူ အောင် ပြောဖူးတယ်။ သူငယ်ချင်း တွေ နဲ့လဲ ပြောတယ်။ သူငယ်ချင်း မဟုတ် တွေ နဲ့လဲ ပြောတယ်။ (တပည့် တို့ ဘာတို့) . နောက်ပိုင်း နယ်ချဲ့ လာတာ နိုင်ငံခြား ရောက် တဲ့ သူ တွေ နဲ့လဲ ပြောတယ်။ အပြင်က နေ […]


မြစပဲရိုးJuly 20, 20151min46810
. ပြီးခဲ့တဲ့ အပါတ်ထဲ က မောင်ဂီ ရဲ့  “သိပ္ပံပညာ နှင့် ဘာသာရေး” ကို ခွဲ ထားသင့်တယ်လို့ ပြော တဲ့ အဆို ကို ကန့်လန့်တိုက်ပြီး ပို့စ်တစ်ခု ရေးဖို့ ဆွဲအား လုပ်နေတာ ။ ဒီနေ့ တော့ ကကြီးမိုက် ရဲ့  ကိုသစ် နားထဲရောက်နေတဲ့ သီချင်းလေး အကြောင်း မှတ်ချက်လေး ကနေ ရေးဖို့ တွန်းအား ဖြစ်ခဲ့ပေါ့။ (ခွက်ဒစ် တူ အေပီကေ မမ ပို့စ်) ဒီတော့ ဆွဲအား နဲ့ တွန်းအား ပေါင်းပြီး အချိန်လေး တစ်ချို့ ဖြုန်းလိုက်ပါဦးမယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အကြောင်း ရစ်ပြီး တော့ ဘီဘီစီ ရဲ့ […]


မြစပဲရိုးJuly 19, 20151min49411
. မြတို့ မျိုးရိုး သည် နယ် ဖက်မှ ဖြစ်သည်။ အဖေ့ ရဲ့ ဇာတိမြို့ က ပလာတာ နာမည်ကြီး ဖြစ်သည်။ အဖေ့ အဖေ  ရဲ့ မြို့လေး က တော့ နာမည်ကြီး ခေါက်ဆွဲ ကို အမည်တပ်ခေါ်နိုင်သည်။ အဖေ တို့ ညီအစ်ကို အတွက် အဖိုး က မြင်းကြီးများ ဝယ်ထားသည် ဟု ပြောသည်။ တစ်ခါတစ်ရံ အဖေ့ ရဲ့ ငယ်ပုံပြင်ထဲ က မြင်းနက် ထွားထွား ကြီး များ  မြင်ယောင်ကြည့်မိသည်။ . မြရဲ့ အဖိုး သည် စီးပွါးရှာကောင်း ပုံရခဲ့သည်။ သက်တမ်း တော့ သိပ်မရှည်လိုက်။ အဖေတို့ ဆယ်ကျော်သက် […]


မြစပဲရိုးJuly 18, 20151min3755
ဒီတစ်ခါ တော့ ဒီ နံပါတ် တစ်ဝိုက် မှာ တကဲ့ ဇော်တွေချည်း ဘဲ။ အဲဒီ ဇော် တွေ ကြားထဲ က နေ လက်ထဲ ပါလာတဲ့ နံပါတ် က အရင်က “ပိတောက်မိုး” လို့ သိခဲ့ကြတဲ့  ကဗျာချစ်သူ တွေ ထဲ က တစ်ယောက်ပါ။ အခုတော့ “ကာရံ” လို့ အမည်ပြောင်းထားတယ်။ သူက ရွာထဲ မှာ သိပ်တော့   ဖြစ်တဲ့ သူ မဟုတ်ပေမဲ့ သူ့ ကဗျာလေး တွေ ကို မကြာမကြာ လာလာပြီး တော့ ချ ပေးပါတယ်။ ကာရံ ရွာထဲ ကို စပြီး ခြေချခဲ့တာ Oct 3, […]


မြစပဲရိုးJuly 18, 20151min3484
. မြ တွင် မောင် ပေါင်းများစွာရှိသည်။ အရင်းတွေလဲ ပါသည်။ ဝမ်းကွဲ တွေလဲ ရှိသည်။ သူတို့ ထဲ မှ တစ်ယောက် ရဲ့ ဇာတ်လမ်း ဖြစ်သည်။ စပြီ။ သူ၏ ဖခင်က ရာထူးရှိသော်လည်း ဘေးပေါက်မရှိ ဝန်ထမ်း မို့ မိသားစု တွင် နဲနဲ ရုန်းရသည်။ ထိုအချက် က ပင် သူ့ ဘဝ ရည်မှန်းချက် ကို  တော်တော်လေး ကြီးသွားစေခဲ့ သည်။ သူများတကာ လို ကျူရှင် မယူနိုင်သည့် ဘဝ တွင် ကိုယ်ထူကိုယ်ထ လေ့လာရသည်။ သူများတွေ ထက် နှစ်ဆ ထား ကြိုးစားရသည်။ ပညာရေး မှာ ထူးချွန်ခဲ့ သူမို့ […]


မြစပဲရိုးJuly 17, 20151min48211
ကိုပေါက်ကြီး ရဲ့ ပို့စ်မှာ သူကြီး မင်း ရဲ့  တရုတ်နာမည်ကို အလာ့ဂျစ် ဖြစ်နေတာ တွေ့လိုက်တော့ စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ “တရုတ်တန်းဈေးကအဖြစ်အပျက်လေး” အမည်ရှိ သီချင်းလေး က နားထဲတိုးဝင်လာတယ်။ ဒီသီချင်းက သိသူရှားမလားဘဲ။ Youtube  ထဲ မှာ စိုင်းထီးဆိုင် ရဲ့ MTV သီချင်းတွေ အများကြီး ထဲ မှာ ဒီ သီချင်း ကို တစ်ပုဒ်ချင်း အနေနဲ့ မတွေ့ဘူး။ အချစ်သီချင်း မဟုတ်တာ မို့ မင်းသား မင်းသမီး ထည့်ရိုက်လို့ မရတာမို့လားမသိ။ ကိုယ့်အတွက်ကတော့ ငယ်ကထဲ က အကြိုက်ဆုံးတွေထဲ ပါသမို့ ဘယ်တော့မှ မမေ့မဲ့ နားထောင်လို့ ဘယ်တော့မှ မရိုးခဲ့တဲ့ သီချင်းလေး ပါ။ […]


မြစပဲရိုးJuly 16, 20151min72022
မနက် က ရွာထဲ အမြန် ဝင် အကြည့်  ကြောင်ကြောင် ရဲ့ ပို့စ် ခေါင်းစဉ် ကို မြင်ပြီး အသေအချာမဖတ်သေးဘဲ ရန်ထောင် လိုက်မိတာ တွေး ပြီး နဲနဲ ရှက် သွားတယ်။ များများတော့ မဟုတ်ပါဘူး။ 😉 အားလုံး ဖြစ်နေကျ သဘောမှာ ရှိတာဘဲ။ တစ်ဖက်သပ် ကိုယ့်အမြင်၊ ကိုယ့် အတွေး  နဲ့ ဒါဆို သူတော့ ဒီလို ပြောတော့မှာဘဲ။ ဒီလို လုပ်တော့မှာဘဲ ဆို တဲ့ စိတ် ရှေ့တန်းထားပြီး ကိုယ့်ဟာကို ကောက်ချက်ချ တာတို့၊ ဆုံးဖြတ်ချက်ချတာတို့ လုပ်လိုက်ခြင်းပါ။ သိုးဆောင်း မှာတော့ Confirmation bias (or) myside bias ပေါ့။ […]


မြစပဲရိုးJuly 15, 20151min61714
. မြသည် အင်မတန် အမြှောက်ကြိုက်သူ ဖြစ်သည်။ မနေ့က သင်ပုန်းထဲ ချစ်သော ကြောင်ကြောင် မှ “အဲလိုလေး တွေလဲ လုပ်စမ်းပါ” လို့ ချွန်သွားသည်။ သူကတော့ သူ့ အကြံဖြင့် လော်ဘီ ရန်ရှင်း အောင် တစ်ဖက်လှည့် ပြီး ပင့် ပြောခြင်းဖြစ်ပေသည်။ သို့သော် ထိုစကားသည် မြ အတွက်တော့ အားဆေးပေတည်း။ ငယ်တုန်းက နှလုံးသားကျိုးပျက်မှု များ ကို ပြန်ဖော်မည်။ တူးဆွ မည်။ အက်တစ်ဗ္ပိုင့် ဖြင့်တစ်နည်း ပက်စစ်ဗွိုင့် ဖြင့်တစ်ဖုံ ရေးမည် ဟု ပြင်ဆင်လေတော့သည်။ . မြ ၏ နှလုံးသားမြို့ဟောင်း တူးဖော်ချက် ပရော့ဂျက် ပေတည်း။ မရေးခင် လက်မတင်လေး  “ယူ့ စာတွေချည်း ဘဲ […]

DSCF1537-600x397.jpg

မြစပဲရိုးJuly 14, 20151min4646
. မြသည် အတိတ် ကို ပြန်ပြန် ၍ လွမ်းတတ်သူ ဖြစ်သည်။ အခုလည်း ကိုရုပ်ဆိုးကြီး ပါသည့် ဂျပန်ကား ကြည့်ပြီး လွမ်းမိပြန်သည်။ ကိုရုပ်ဆိုးကြီး ကိုတော့ မဟုတ်။ . နာအိုးတို ကို ဖြစ်သည်။ . နာအိုးတို ဆိုသည်မှာ ညီမပြုံး ချစ်စနိုးမွှန်းသည့် အရိုးပေါ် အရေတင် မင်းသမီးက ပြန်မကြိုက် သည့် တယောသမားလေးဖြစ်သည်။ ဇာတ်လမ်းထဲ အကျီင်္ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်လေးများ ကို ဘောင်းဘီအဖြူနှင့် တွဲဝတ်လေ့ ရှိသည်။ မင်းသမီး ကတော့ သူ့ ကို ယောကျာင်္းတစ်ယောက် လို့ စိတ်ထဲထားမရ လို့ ပြောပြီး ငြင်း လေသည်။ ဘာဘဲဖြစ်ဖြစ် မြကတော့ သူ့ရဲ့ စူပုတ်ပုတ်မျက်နှာပေး […]


မြစပဲရိုးJuly 13, 20151min82526
. ကြောင် တော့ ကြောင်ပြီးရင်း ကြောင် နေပါတော့လား ကွဲ့။ မမြင်နိုင်ရင်၊ မသိနိုင်ရင်၊ မတွေးနိုင်ရင် လဲ အစ်မတို့ ဝတ္တရား နဲ့ အညီ ပြောပါ့မယ်။ နိ ကို ဘယ်လို တရာ ပေး ရမယ် စဉ်းစားရ တာ နည်းပေါင်းစုံ တော့ မယ်။ တရာ မရနိုင်သေးဘူး။ ဒီမယ် နားထောင်။ လျှပ်စစ်မီးလုံး တီထွင် လိုက်ဖို့ အိုင်ဒီယာ အတွက် သောမတ်စ်အက်ဒီဆင် နှစ်ယောက် မလိုဘူး။ ပီစီ သုံးနိုင်ဖို့ အိုင်ဒီယာ အတွက် ဘီလ်ဂိတ်စ် နှစ်ယောက် မလိုဘူး။ မက်ကင်းတော့ချ် ဖြစ်လာဖို့ အိုင်ဒီယာ အတွက် စတိဗ်ဂျော့ဘ် နှစ်ယောက် မလိုဘူး။ ဒါ့အပြင် အခု […]


မြစပဲရိုးJuly 13, 20152min5197
ဒီအကြောင်းကို ပို့စ်တင်ဖို့လုပ်နေခဲ့တာ အတော်ကြာပြီ။ Technical အကြောင်းရေးရမယ် ဆိုတော့ လက် က မသွက်တာ မို့ စကားအကြွေး ရှိ မှန်းသိသိကြီး နဲ့ အကောင်အထည် မဖော်နိုင်ခဲ့။ ဟိုးအရင်က အလုပ်ထဲ မှာ ကိုယ့်ဂွင်  မို့ ကွန်ပျူတာ တွေထဲ ကြိုက်တဲ့ ပရိုဂရမ်၊ Font install  လုပ်နိုင်တယ်။ အခုတော့ ကွန်ပျူတာ တွေ အတွက် Admin Right မရှိ တော့ တဲ့ အခြေမို့ ဘာမှ ကြိုက်သလို ချယ်လှယ်လို့ မရ တာမို့ ရွာထဲ ဝင်ရင် လေးထောင့် တွေချည်း မြင်နေရတယ်။ ရွာမှာ Default က ဇော်ဂျီဖြစ်နေလို့ ဘဲ။ ကိုယ့်မှာရှိတဲ့ တစ်ခြား […]


မြစပဲရိုးJuly 12, 20151min6808
ဒီနေ့ လဲ မြ သင်ပုန်း ရေးဖို့ ချော်ပြန်ပြီ။ မှင်စာကောင်လေး ရဲ့ ဆွဲထုတ်လိုက် တဲ့ “သဂျီး နှင့် သူ၏ ဗြုတ်စဗျင်းတောင်းများ” များ ထဲ က တစ်မျှင် ကို လိုက်ဆွဲဖို့ ဖြစ်သည်။ သူ ရည်ရွယ်ပြောသော အကြောင်းထဲ က မဟုတ်သည်က တစ်ကြောင်း၊ တစ်ရာ ရှာနေသော မြသည် နှစ်ခါရရန် အကြံဖြစ်သည် က တစ်ကြောင်း ဤ သင်ပုန်း ကို ကြားဖြတ် ရေးလိုက်ပေသည်။ . မြသည် disturb လုပ်ရန် အလွန်လွယ်၏။ { ဒီအကြောင်းကတော့ … ဘားမန်းပြည် ဒမိုခွေစီ ရမှ ဖြစ်စေ ကျုပ်တို့တွေ စီဂျေ ကတ်တွေ ရပြီ […]


မြစပဲရိုးJuly 11, 20158min4779
အင်တာနက် ထဲ စာ တစ်ချို့ ရှာရင်း ၁၉၉ရ ဝန်းကျင် မြန်မာပြည် မှာ အတော်ရေပန်းစားခဲ့တဲ့ ဂျပန် တီဗီ စီးရီး ဇာတ်လမ်းတွဲ တွေကို တွေ့ခဲ့တယ်။ Youtube ထဲ မှာ ရောက်လာတာ ပြီးခဲ့ တဲ့ ဇွန်လ ၁၅ရက် ၂၀၁၅ က မို့ လောလော လတ်လတ်လေး ရှိသေးတာ။ ကြည့်ရတာ မရိုးနိုင်တဲ့ ဂန္တဝင်ဇာတ်လမ်း တွဲ တစ်ခု ဖြစ်ခဲ့တာမို့ အခုချိန်မှာ ပြန်ပြီး တစ်သစ်ဆန်းလာ ခဲ့ တာလား မသိ။ အင်္ဂလိပ်စာတန်းထိုး မို့  ကမ္ဘာကလဲ ကြည့်နိုင်ပြီပေါ့။ ဒီ စီးရီး ကို ဂျပန်မှာ စပြတာက ၁၉၉၁ လောက်မို့ နှစ်ပေါင်း ၂ဝကျော်နေပြီ။ […]