KingSeptember 3, 20111min1235
ဒီတစ်ခါမှတော့ ကာတွန်းများအပြင် ဓါတ်ပုံတစ်ပုံပါ တင်ထားတယ်ဗျ … ဘာလို့ ဒီဓါတ်ပုံကို တင်ရသလဲဆိုတော့ အခုတစ်လော ရွာထဲမှာ ဖတ်ခဲ့ရတဲ့ ပို့စ်ကလေးကို စဉ်းစား အတွေးနယ်ချဲ့မိရင်း တွေ့မိတဲ့ ပုံလေးတစ်ပုံကိုပါ ကူးယူတင်ခဲ့မိလိုက်တယ် … ဒါကတော့ ကိုကိုကာလသားတွေအတွက် နောင်နှစ်တွေမှာ သူကြီးက အကောင်းဆုံးပို့စ်ဆုတို့ အကောင်းဆုံးကော့မတ်ဆုတို့  ပေးချင်တဲ့အခါကျရင် ချီးမြှင့်ပေးမယ့် ပြက္ခဒိန် ဖြစ်ချင်ဖြစ်လာမှာပေါ့ဗျာ … 😀 .. ကဲ ပုံလေးကို ကြည့်ပြီးမှ ဆက်ဆွေးနွေးကြည့်မယ်ဗျာ …. ဒီပုံလေးမှာ ပါတဲ့ မိန်းကလေးကို ကြည့်ရင်း …………………………………….. အင်း ယောကျင်္ားလေးတွေထက် မိန်းကလေးတွေက နေရာတော်တော်များ အလုပ်တော်တော်များမှာ နေရာယူလာနိုင်တာကိုလည်း သတိထားလာမိခဲ့တယ် … မိန်းကလေးတွေ လိုက်မလုပ်နိုင်တဲ့အလုပ်က အခုခေတ်ကြီးမှာ တော်တော်တောင် ရှားသွားပြီပဲ … […]


KingAugust 30, 20112min1938
ဒီတစ်ပတ် ကာတွန်းများနှင့် ကျွန်တော့်အတွေးများကိုတော့ ဒဂုံတက္ကသိုလ်ရဲ့ သင်ပုန်းကြီး ဖတ်စာ ကာတွန်လေးများနဲ့ စတင်ထားပါတယ် .. သိမြင် ကြားသိ မှတ်ရှု လေ့လာ ခဲ့ပြီးသားတွေ၊ အတွေများ ပွားခဲ့ဖူးတယ်ဆိုရင်လည်း …………………………………………………………….   ကာတွန်း(၁)က ကျောင်းသားကြီးကတော့ ဘယ်လိုအကြောင်းကြောင့် ဘွဲ့မရတာလည်းတော့မသိဘူး … အခုကျွန်တော်ဘွဲ့ရခဲ့တဲ့ အဝေးသင်တက္ကသိုလ်မှာ ကျွန်တော်ကတော့ စာမကျက်ချင်တဲ့အတွက် ကျခဲ့သလို … ဆရာမဆီမှာ ကျူရှင်ယူသော နှစ်တွေမှာ အောင်မြင်ခဲ့တော့ ………………. 😛 …. နောက်တစ်ဖန် ကျွန်တော်တက်ခဲ့သောကျောင်း … အဲသည်ကျောင်းကတော့ ရန်ကုန်မြို့ထဲမှာပဲ ရှိတယ်ဗျ အမှတ်ကတော့ ဆေးပြီးရင် ဒုတိယ မလိုက်တောင် အမှတ်တော်တော်များမှ တက်လို့ရတဲ့ ကောလိပ်ဗျ … အဲသည် ကျောင်းမှ တက်နေတဲ့ ကျောင်းသားတွေက အိမ်သာခန်းမှာ […]


KingAugust 26, 20111min18114
ရွာထဲလည်း မရောက်တာကြာပေမယ့် ရွာအပြင်ကနေပြီးတော့ သတင်းနားထောင်မိပါရဲ့ … အခုတစ်လော ပို့စ်အသစ်တင်ချင်ပေမယ့်လည်း တင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အချိန်မှာ ကွန်ပျူတာ ရှေ့မှာ မရှိ … ကွန်ပျူတာရှေ့ရောက်ပြန်တော့လည်း ရေးချင်တဲ့အတွေးလေးတွေ ကွယ်ပျောက် သွားတာကြောင့် မရေးဖြစ်ခဲ့ပါဘူး … အခုလည်း ကာတွန်းလေးတွေ ကြည့်ရင်း ရွာသူ/သား မိတ်ဆွေတွေကို မျှဝေပေးချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးဖြစ်ခဲ့ပါတယ်ဗျ .. ကူးယူခဲ့တဲ့ အချို့သော ကာတွန်းတွေရဲ့ မူရင်းလိပ်စာကိုလည်း မမှတ်မိ(ကျွန်ုပ်၏ အားနည်းချက်)တော့ပါသဖြင့် တောင်းပန် အပ်ပါတယ်ဗျ …. ကျွန်တော်လည်း တွေးမိတရ်ဗျ  (အမှန်တော့ အခုရက်ပိုင်း အလုပ်ရှုပ်နေသဖြင့် ဘုရားဦးချယုံကလွဲလို ့ ဘုရားမရှိခိုးဖြစ်ပါ ဤသည်ကား စကားချပ်) ကျွန်တော်တို့တွေ ဘုရားရှိခိုးရင် ဆုတောင်းတာတွေ ပါတတ်တယ်ဗျ .. ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်လည်း ဆု တော်တော် […]


KingAugust 20, 20114min28312
ရွာသူ/သားအားလုံးကို ဖတ်ဖူးရင် ဖတ်ဖူးမှာပေါ့ မဖတ်ရသေးတဲ့ သူအတွက် ရည်ရွယ်ပြီး ကျွန်တော့် မျက်စိထဲမှာ တိုးဝင်မိသမျှကို ဖော်ပြပေးလိုက်ပါတယ် … တစ်စုံတစ်ခုလောက် ရရှိသွားတယ် ဆိုရင်ပဲ ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ်လို့ ပြောကြားရင်း … စပြီး ဖတ်ကြည့်ကြရအောင်ဗျာ … ####################################################### The Voice Weekly ဂျာနယ်တွင် မင်းထက်စံ ရေးသားသော  ” မြန်မာ့လက်ဝှေ့ကို ဂျပန်တွေဦးဆောင်တော့မှာလား “ သတင်းဆောင်းပါး မှ ကောက်နှုတ်ချက် … ” ကျွန်တော်တို့ မြန်မာတွေ နောက်သုံးနှစ်ဆိုရင် ဂျပန်ကို ယှဉ်လို့မရတော့ပါဘူး။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ သူတို့ရဲ့သိုင်းပညာ ပေါင်းစပ်ပြီး လေ့ကျင့်ထားတာ တော်တော်ကောင်းလာတယ်။ နည်းပြတွေရဲ့ နည်းစနစ်ပိုင်းကို တော်တော်လုပ်ရမယ့် အနေအထားဆိုတာကို ဂျပန်ပွဲက သက်သေပြနေပါတယ် “ ဟု […]


KingAugust 19, 20112min25115
အားလုံးသော ရွာသူ/သားများနဲ့ သူကြီးမင်းခင်ဗျား တစ်ခါတစ်လေ စိတ်ကိုလွတ်လွတ်လပ်လပ် ခဏလောက် လွှတ်ပေးကြရအောင် …………… ဒီတစ်လော ဖတ်ရတာတွေထဲမှာ အင်တာဗျူးအကြောင်းလေးတွေ ပါနေတော့ အဲဒါနဲ့ ပတ်သတ်ပြီး ရွာသူ/သားတွေကို ပျော်ပြုံးရွှင်စေဖို့ ရေးချင်တဲ့ ဆန္ဒတစ်ခုလေးနဲ့ ရေးတင်လိုက်တာပါ .. ဒီပို့စ်လေးကို ဖြေဆိုပေးခဲ့တဲ့ ရွာသူ/သားတွေ အတွက်လည်း တစ်ချိန်ချိန်မှာ မှတ်တိုင်အဖြစ်နဲ့ ကျန်ရှိနေခဲ့မှာပဲ ဖြစ်ပါတော့တယ် (အဖြေပေးခဲ့မယ့်သူတွေရှိရင်ပေါ့လေ) 😛 ….  ... အောင်မြင်ကျော်ကြား လူသိများကြတဲ့ အင်တာဗျူးတွေ အကြောင်းလည်း ဖတ်ဖူး ကြားဖူးကြမှာပေါ့လေ .. ကိုယ့်ကိုရော အဲဒီလိုမျိုး အင်တာဗျူး အမေးခံရရင် ဘယ်လိုမျိုး ဖြေကြမလဲလို့ တွေးဖူးကြရဲ့လားဗျ … အဲဒီလို မတွေးဘူးကြရင်လည်း အခုတွေးစရာမလိုပဲ အားလုံးကို ကျွန်တော်က အင်တာဗျူးရင်း အင်တာဗျူး အစီအစဉ်လေးကို […]


KingAugust 18, 20111min90
နည်းနည်းတော့ ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ဗျ .. အရင်ဆုံးတော့ မရိုင်းတဲ့ ပုံလေးတင်ပေးထားတယ် .. အချိန်မီ လှည့်ပြန်လို့ရအောင်ပေါ့ဗျာ … ကဲ ဝေဖန် လေကန် အဲ မဟုတ်ပါဘူး မှားလို့ ဆွေးနွေး ငြင်းခုန် လွတ်လပ်စွာ သဘောထား ကွဲလွဲကြတာပေါ့ဗျာ … ကျွန်တော်က ရေမကူးတက်တော့ အတော်ပဲဗျ … 😛 😀 🙂 ကိုကြောင်းကြီးတို့ မျိုးနွယ်စုကို စော်ကားခြင်းမဟုတ်ပါကြောင်း။ တိုက်ဆိုင်မှုကို နားလည် ခွင့်လွှတ် ပေးပါရန်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ရှားလောက်တယ် ဒီအဖြစ်အပျက်မျိုးက လူဖြူလူမည်းတွေတော့ မသိဘူး အရှေ့တိုင်းက အမျိုးသမီးတွေအတွက်တော့ မှန်လောက်တယ်နော် … 😛 ပိုက်ဆံအိပ်ထဲ အကဒ်အဟောင်းတွေ ထည့်ထားရမလားမသိဘူး … 😛 😀 🙂 […]


KingAugust 18, 20112min17012
အားလုံးလည်း သိပြီးသား ဖြစ်ချင်လည်း ဖြစ်မယ် … မသိသေးတာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ .. ပြည်ပမှာ နေတဲ့သူတွေအတွက် ဖတ်ရရင်လည်း ဖတ်ရမယ် မဖတ်ရရင်လည်း ပြည်တွင်းမှာ ဒီလို သတင်းတွေ ရေးသားကြတယ် … ဘာဖြစ်တယ်ပေါ့ဗျာ.. သိနိုင်စေဖို့ အစမ်းရေးတင်ပေးလိုက်တယ်ဗျ.. ပထမဆုံး ရေးပြချင်တဲ့ အကြောင်းအရာကတော့ Hot News ဂျာနယ်ရဲ့ Vol2. No.53 Page 10 မှာ ဖော်ပြထားတဲ့ စာရေးသူ ကိုရွှေအောင်သင်းရဲ့ ” သခင်အောင်ဆန်းကို ဈေးဗန်းခင်းသူများ ”‘ ဆိုတဲ့ ဆောင်းပါးလေးထဲက စာအချို့ကို ကောက်နှုတ်တင်ပြချင်ပါတယ်ဗျ .. Hot News ဂျာနယ်ဆိုတာလည်း အများပြည်သူတွေ သိကြတဲ့အတိုင်း ပုဂ္ဂလိက ဆေးရုံတစ်ရုံဖြစ်တဲ့ SSC အကြောင်း ဖော်ပြရင်း တရားစွဲဆိုခံရတဲ့ […]


KingAugust 17, 20112min24314
ကဲ အွန်လိုင်းမှ ရှာသမျှ ဖောက်သည်ချလိုက်တယ်ဗျ ယနေ့လက်ရှိအခြေအနေနဲ့လည်း ကိုက်ညီတယ်ဆိုတော့လေ … ကျွန်တော်လည်း ချာတိတ်တုန်းက အွန်လို်င်းက ချိန်းဖူးတယ်ဗျ သူတို့လို ခန္ဓာကိုယ်က တစ်ဝက်မက ပါတယ်ဗျ .. ဒီတော့လည်း …….. 😛 အခုချိန်အထိ သင်တန်းတွေက တက်ရတုန်းပဲဗျ.. တစ်ချို့သင်တန်းတွေက ကောင်းပါရဲ့ တစ်ချို့ကြတော့လည်း … မပြောတော့ပါဘူးဗျာ… 😀 အခုတော့ ဒီကိစ္စက ကျွန်တော်တို့ဘက်မှာတော့ သိပ်မရှိတော့ဘူးဗျ မှန် မှန်နဲ့တောင် မြည်နေတယ် … 😀 ဒါတွေကတော့ ကြုံဖူးသူတိုင်း သိကြလိမ့်မယ်ပေါ့ဗျာ ရွာသူ/သားတွေလည်း ပြုံးပျော်ရွှင်မြူး အတွေးပွားကြမယ်လို့ မျှော်လင့်ရင်း …..      


KingAugust 2, 20111min27421
ပေါက်ကရလေးတွေနဲ့ သူတို့ အမြင်နဲ့ သူတို့ ကိုယ့် အမြင်နဲ့ ကိုယ်ပေါ့ ရိုင်းသွားတာရှိတာလို့ လွန်တာရှိရင် ဝန်တာမိလို့ အပေါ်ကတည်းက တောင်းပန် ထားတယ်နော်ဗျ ……… လိုက်ရှာလိုက်ရတာ လက်စက်သတ်တော့ မင်းတို့က ဒီထဲမှာကိုး …. ဟွန်း ဟွန်း …   ဒီလို မင်္ဂလာဦးညကို သာ ဖြတ်သန်းခဲ့ရမယ်ဆိုရင်တော့ …. ရွာသားများရော ဒီလိုညတွေ ဖြတ်သန်းဘူးကြပါသလား ………   အခုခေတ် ကလေးမတွေ တော်တော်ဆိုးတယ်ဗျ ဟိုတစ်ယောက်နဲ့ ဟိုနေရာမှာ ဟိုလိုကြူနေရင်း ဒီတစ်ယောက်ကိုလည်း ဒီလိုလေးတွေ လုပ်ပြနေတော့ ဒီလူတွေ ဒီလိုလုပ်ပစ်တာ မလွန်လောက်ဘူးနော် ……….  


KingJuly 31, 20111min39233
facebook ထဲက နေ ရတာပါ ရွာသူ/သားများ အသုံးတည့်မလားဆိုပြီး တင်ပေးကြည့်တာပါ။ အမှန်တော့ ရွာထဲက လူတွေက သူတို့တွေလောက်တော့ ကျွန်တော့်ကို ဆွဲဆောင်မှုမပေးနိုင်ဘူးဗျ …. ရွာထဲက အချက်အလက်တွေကိုလည်း အဲဒီလိုတင်ပြီး ဖွ လိုက်ရင်တော့ …. ပွိုင့် ၁၀၀၀  တင်မကဘူး ရှိသမျှ ပွိုင့်တွေ ကုန်လောက်တယ်ဗျ … ဟုတ်လောက်တယ်နော် … ရွာထဲက အကြောင်းတွေတော့ မဖွတော့ပါဘူး … ဖွလည်း ဖွစရာမှ မရှိတာကိုးဗျ … (လူအထင်ကြီးအောင် နည်းနည်းရွှီးကြည့်တာ) ခေါင်းစဉ် ပေးထားကတည်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံသော်ရှိ မယုံသော်ရှိ ယုံသူ မယုံသူများ အတွက် လက်ဆောင် လို့ ပေးထားတာနော် …. ကဲ ဖော်ပြလိုက်ပါပြီဗျ ..အောက်မှ […]


KingJuly 30, 20111min21513
စာဖတ်သူရော ဘယ်လိုတွေ တွေးလဲ ခဏလောက် ကိုယ့်အတွေးကို ပြန်စဉ်းစားကြည့်ရအောင် …. အားလုံးကို လေးစားလျှက် ……………… KING


KingJuly 29, 20111min32216
မနေ့က မြန်မာနှင့် အိုမန်ဘောလုံးပွဲကို သွားကြည့်ဖို့ မတက်နိုင်ပေမယ့် TV ကနေပဲ အားပေးမယ်လို့ စိတ်ဆုံးဖြတ်ပြီး အားပေးဖြစ်ခဲ့ပါတယ် … မြန်မာအသင်းရဲ့ ပရိတ်သတ်တွေဟာ အဆမတန် များပြားလွန်းတာကိုလည်း ဝမ်းမြောက်ကြည်နူးဖွယ်လည်း တွေ့ ရှိခဲ့ရပါတယ် … ကိုယ်တိုင် မသွား ရောက်နိုင်တာကိုတောင် စိတ်ထဲမှာ အားမလို အားမရဖြစ်ပြီး ကိုယ့်ကိုယ်ပင် အပြစ်တင်မိနေပါတော့တယ် … ပွဲမစခင် ပရိတ်သတ်အားလုံးရဲ့   နိုင်ငံတော် သီချင်းဆိုသံဟာလည်း ကြက်သိန်း တဖြန်းဖြန်းထလောက်အောင်ကိုပင် ဇာတိသွေး ဇာတိမာန်များ နှိုးထလာပါတော့တယ် … ကွင်းထဲမှာ ရှိတဲ့ ပရိသတ်၊ ကစားသမားများဆိုရင် ဘယ်လောက်တောင် မျိုးချစ်စိတ်ဓာတ်များ ထက်သန် နေကြမလဲ ဆိုပြီး ရင်ခုန်သံတွေ မြန်ဆန်လာပါတော့တယ် (သမီးရည်းစား စထားခါစ ပထမဦးဆုံး ရုပ်ရှင်အတူတူကြည့် တာထက်တောင် ပိုတယ်ဗျ […]


KingJuly 1, 20111min18113
ရွာထဲမှာ ဘီလူးဋီကာ / ကြောင်ဋီကာ တွေကိုလည်း ဖက်လိုက်ရပါတယ် …. ဒီလိုနဲ့ ရွာပြင်မှာ ဟိုကြည့်ဒီကြည့်နဲ့ ဒေါင်း တွေမြင်မိတော့ ငါတို့သူကြီးလည်း ဘာဒေါင်းအမျိုးအစားပါလိမ့် ဆိုပြီး သိချင်စိတ်က ပိုလာပြန်ရော ဒါနဲ့ပဲ ဒေါင်းဋီကာ ဆိုပြီး လူစိတ်ဝင်စားအောင် ရေးရင်း ….. ရွာသူ/သားတွေက ဒေါင်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ဝင်ရောက် ဆွေးနွေးပေးစေလိုပါတယ် …