klnMay 17, 20101min2591
ဈေးကွက်အတွင်း၌ ဘိလပ်မြေအတုများရှိနေပြီး ဘိလပ်မြေနှင့် အချောကိုင်ပေါင်ဒါမှုန့်များ ရေသည့် ဖြစ်ရပ်လည်း ရှိနေကြောင်းသိရသည်။ ဘိလပ်မြေအတုများနှင့် ပတ်သက်၍ပန်းရန်ဆရာတစ်ဦးက “ ဘိလပ်မြေအတုအစစ်က ကြည့်ရုံနဲ့ ခွဲခြားရခက်ပါတယ်။ ရေနဲ့ရောပြီးဖျော်ကြည့်မှသိနိုင်မှာပါ။ ဒါတောင်ပန်းရန်ဆရာတွေလောက်ပဲ သိနိုင်ပါတယ်။ သာမန်လူက မသိနိုင်ပါဘူး။ ကျွန်တော်တို့ဆိုနောက်ပိုင်းဘိလပ်မြေဝယ်ရင် ပစ္စည်းစစ်ကြောင်းအာမခံပေးနိုင်တဲ့ ဆိုင်ကြီးတွေကပဲဝယ်ပါတယ်။ သာမန်ဆိုင်ဈေးထက် နည်းနည်းပါးပါးလောက်ဈေးများရင်များမယ် ။ ဒါပေမယ့် ပစ္စည်းချို့ယွင်းမှု တစ်စုံတစ်ရာရှိခဲ့ရင်သွားပြန်ပြောင်းလို့ရတယ်။ ဘိလပ်မြေအတု တွေက ဟိုးအရင်းကတည်းက ဈေးကွက်ထဲမှာရှိခဲ့ဖူးပါတယ်” ဟုဆိုပါသည်။ ဘိလပ်မြေအတု ပြုလုပ်သူများ ကိုသက်ဆိုင်ရာက အရေးယူခဲ့ရသည့် ဖြစ်ရပ်လည်းရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁ဝပြည့်နှစ် ၊ ဧပြီလ ၂ရရက်နေ့မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သို့သက်ဆိုင်ရာက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်းသိသည်။ ထိုသို့ ရှာဖွေရာ ပိုင်ရှင်ဖြစ်သူက အလုပ်သမားများဖြင့် နာမည်ရှိ […]


klnMay 17, 20101min1780
ကမာ္ဘ့ရွှေဈေးက သည်ရက်ပိုင်းမှာ ဆက်တိုက်တက်နေတာ မေလ ၁ဝရက်နေ့မှာ အနည်းငယ် ပြန်ကျပေမယ့် တက်ရိပ်ရှိနေသေးတဲ့အတွက် မြန်မာ့ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ်(၆၂၀၀၀၀) အောက်တော့ သည်ရက်ပိုင်းမှာ မဆင်းနိုင်သေးဘူးလို့ ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ချို့ကသုံးသပ်ကြပါတယ်။ ကမာ္ဘ့ရွှေဈေးက သင်္ကြန်အပြီး ဧပြီလထဲမှာ တစ်အောင်စကို (၁၁၅၅) ဒေါ်လာလောက်ရှိခဲ့ရာကနေ ဆက်တိုက်တက်တာ မေလ ၄ရက်နေ့မှာ တစ်အောင်စကို (၁၁၉၀) ဒေါ်လာအထိ မြင့်တက်လာပါတယ်။ မေလ ရရက်လောက်မှာတော့ တစ်အောင်စကို (၁၂၀၈) ဒေါ်လာအထိ အမြင်ဆုံးမြင့်တက်ခဲ့တာ တွေ့ရတယ်။ ကမာ္ဘ့ရွှေဈေး ဆက်တိုက်မြင့်တက်တဲ့အတွက် မြန်မာ့ရွှေဈေးလည်း သည်ရက်ပိုင်းမှာ ဈေးကောင်းလာတာ တွေ့ရတယ်။ သင်္ကြန်အပြီး ဧပြီလ ၂၆ရက်လောက်မှာ တစ်ကျပ်သားကို ကျပ်(၆၀၈၅၀၀)လောက် ရှိခဲ့ပြီး ဧပြီလ ၃ဝရက်မှာတော့ တစ်ကျပ်သားကို ကျပ်(၆၁၁၈၀၀)လောက်အထိဖြစ်လာတယ်။ မေလ၄ရက်မှာ တစ်ကျပ်သားကို ကျပ်(၆၁၃၅၀၀)လောက်အထိ […]


klnMay 17, 20101min1800
ခရီးသည်တင်ယာဉ်လိုင်းတွေစည်းကမ်းချိုးဖောက်ရင်ဥပဒေ (သတ်မှတ်ဒဏ်ငွေ ၊ ပြစ်ဒဏ်) ကို တစ်ပြေးညီသတ်မှတ်လိုက်ပြီဖြစ်တယ်။ သည်လကစပြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအသီးသီးကို စည်းကမ်းသတ်မှတ်ချက်ပြစ်ဒဏ်ကို တစ်ပြေးညီသတ်မှတ်လိုက်ပြီဖြစ်တယ်။ အရင်က သက်ဆိုင်ရာယာဉ်လိုင်းတစ်ခုစီက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ယာဉ်လိုင်းတွေကို အရေးယူခဲ့တာဖြစ်တယ်။ သည်အခါ တစ်ခုနဲ့တစ်ခု စည်းကမ်းသတ်မှတ်ချက် ဒဏ်ကြေးပြစ်ဒဏ်တွေက နည်းတယ် များတယ်ရှိတယ်။ အခုလို တစ်ပြေးညီသတ်မှတ်လိုက်တော့ ယာဉ်လုပ်သားတွေကို စည်းကမ်းထိန်းသိမ်းရတာ ပိုမိုလွယ်ကူစေတယ်လို့ သိရတယ်။ သည်အစီအစဉ်ကို မထသ ဗဟိုက စီစဉ်ဆောင်ရွက်တာပါ။ အခုလို တစ်ပြေးညီစီစဉ်ဆောင်ရွက်လိုက်တဲ့အခါ အရင်ကလို ပြစ်ဒဏ်အပြင် ဒဏ်ကြေးပါ တိုးမြှင့် သတ်မှတ်လိုက်တာ တွေ့ရတယ်။ ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်လိုင်းအဖွဲ့အစည်းပေါင်း ၁ရခုရှိပါတယ်။ ယာဉ်လိုင်းတွေရဲ့ စည်းကမ်းသတ်မှတ်ချက်ပေါင်း ၁၃၈ခု ရှိပါတယ်။ အဲသည် စည်းကမ်းချိုးဖောက်မှုပြစ်မှုတွေထဲမှ အခုအခါ ယာဉ်လိုင်းတွေအများဆုံးချိုးဖောက်တဲ့ အမှုတွေရဲ့ပြစ်ဒဏ်တွေက အထူးယာဉ်တွေ ထိုင်စီးအပြင် […]


klnMay 17, 20101min2020
ရန်ကုန်မြို့၌ နေ့အပူချိန်သည် ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်ဝန်းကျင်သို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သတင်းရရှိပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် မေလ(၈)ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်(၁၀ရ ဒီဂရီဖာရင်ဟိုက်)သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ၂၀၁ဝ ပြည့်နှစ်အတွက် အမြင့်ဆုံးအပူချိန် ဖြစ်ရုံသာမက ရန်ကုန်မြို့၏ ယခင်အမြင့်ဆုံးအပူချိန်ဝန်းကျင်လည်း ဖြစ်ကြောင်း သိရှိရသည်။ “ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်။ ၁၉၉၈ ခုနှစ်ကပါ။ အခုက စံချိန်ကျိုးတာ မဟုတ်ပေမဲ့ အမြင့်ဆုံးအပူချိန်ဝန်းကျင်ပါပဲ ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မှတ်တမ်းများကို ကိုးကားပြောကြားသည်။ မေလ ၈ရက်နေ့တွင် အမြင့်ဆုံးအပူချိန်ဝန်းကျင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရောက်ရှိခဲ့ရာမှ […]


klnMay 17, 20101min2340
ဈေးနှုန်းအမြင့်ဖြင့် ကြိုတင်ဝယ်ယူ စုဆောင်ထားသည့် ဆန်များ ကမာ္ဘ့ဆန်ဈေးနှုန်းကျဆင်းချိန်နှင့် ကြုံနေ၍ တွက်ခြေမကိုက်ဘဲတင်ပို့ရောင်းချရန် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ပြည်တွင်း ဆန်ကုန်သည်အများစုမှာ ပြည်ပတင်ပို့နိုင်ရန်အတွက် မိုးစပါးထွက်ရှိချိန်၌ ဈေးနှုန်းအမြင့် ပေးကာဆန်များ ကြိုတင်ဝယ်ယူစုဆောင်းမှုများပြုခဲ့ကြောင်း ၊ အဆိုပါ မိုးစပါးများဝယ်ယူစုဆောင်ခဲ့ချိန် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများအတွင်းက ၂၅မှတ်ဆန် (မိုးစပါး) ၁၁ဝပေါင်ဝင်တစ်အိတ်လျှင် ၁၄, ဝ၀ဝကျပ် မှ ၁၅,၀၀ဝကျပ်ဝန်းကျင်ခန့်အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ လက်ရှိပြည်ပ သို့တင်ပို့ ခွင့်ပြုထားသည့် ဆန်များမှာလည်း မိုးစပါးမှ ရရှိသည့် ဆန်များကိုသာ တင်ပို့ရန်ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကြောင့် ဈေးနှုန်းအမြင့်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းခဲ့သည့် ဆန်များမှာ ကမာ္ဘ့ဈေးကျချိန်နှင့် ရင်ဆိုင်နေရသည့် အတွက် တွက်ခြေမကိုက်ဘဲ တင်ပို့ ရောင်းချရန်အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း ၎င်းကဆန်ကုန်သည်များရင်ဆိုင်နေရသော ကမာ္ဘ့ဆန်ဈေးကျဆင်းမှုအခြေအနေနှင့် ပတ်သက်၍ အခြေအနေကိုသုံးသပ်၍ […]


klnMay 17, 20101min2661
နေပြည်တော်ပျဉ်းမနားမြို့တွင် ယခုအခါ စက်ရေတွင်း အများစုမှာ ရေကြော များခန်းပြီး ရေရှားပါးမှုကြုံတွေ့နေကြရာ ရေပြန်လည်ရရှိရေါ်အတွက် ယင်းရေတွင်း များကိုပင် နည်းလမ်းပြောင်းလဲ၍ တူးဖော်နေကြရသည်။ “နှစ်ဆန်းပိုင်းကတည်းက ရေကအထွက်နည်းလာခဲ့တာ။ မတ်လပိုင်းလောက်ကျတော့ မော်တဖွင့်ပြီး ငါးမိနစ်လောက်ပဲ ရေကထွက်တော့ ဘယ်လိုမှ သုံးလို့မလောက်ဘူး။ ရေတွင်းတွေရေခန်းတာကလည်း တစ်မြို့လုံးပါပဲ။ ခုအိမ်မှာရှိတဲ့ နှစ်လက်မ စက်ရေတွင်း ကို တစ်လက်မပိုက်ပြောင်းပြီးတွင်းမှာ ဆို့နေတဲ့ သဲကြောကို ရှင်းလိုက်တာ ကိုယ်သုံးဖို့တော့အဆင်ပြေသွားပါပြီး” ဟု ရန်အောင်(၂) ရပ်ကွက်မှ စက်ရေတွင်းပိုင်ရှင်တစ်ဦး ကပြောသည်။ နေပြည်တော်ပျဉ်းမနားမြို့တွင် စက်ရေတွင်း၊ လက်ရေတွင်းများကို အဓိက အားပြုသုံးစွဲကြတာ တွင်းများ၌ ရေကြောပြတ်ခန်းခြောက်မှုမှာ ယခုနှစ်ဧပြီလတွင် ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ရေကြောပြန်လိုက်ရန်ပြင်ဆင်ရာတွင် ရေပြန်လေပြန်နည်းကို သုံးလာကြခြင်းဖြစ်ပြီး စက်ရေတွင်းများ ၏ အနက်မှာ အနိမ့်ဆုံးပေ ၈ဝ နှင့် […]


klnMay 17, 20101min1760
ကားလေလံပွဲများကျဲသွားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးရှိ ကားရောင်းဝယ်ရေးဈေးကွက်မှာ ပြီးခဲ့သော ရက်သတ္တပတ်ကျော်မှစ၍ အရောင်းအဝယ်ပြန်ဖြစ်လာပြီး ကားဈေးနှုန်းမှာ အပြောင်းအလဲမရှိကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတို့ကပြောသည်။ အစိုးရက အသုံးမလိုပိုလျှံယာဉ်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချလျက်ရှိရာ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဧပြီလအစောပိုင်းကလအထိ ကားအစီးရေ ၂၀ဝကျော်ကို နေပြည်တော်တွင် လေးကြိမ်ခွဲ၍ လေလံတင်ရောင်းချခဲ့ပြီးနောက် ယခုအခါ လေလံပွဲများ အဆက်ပြတ်သွားခြင်းကြောင့် ကားဝယ်ရောင်းလုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာသည့် အနေအထားဖြစ်လာကြောင်း ၎င်းတို့ကဆိုသည်။ မန္တလေးမြို့ရှိ ကားဝယ်ရောင်းဈေးကွက်မှာလည်း ရန်ကုန်ကားဝယ်ရောင်း ဈေးကွက်ကဲ့သို့ အရောင်းအဝယ်ဖြစ်လာကြောင်း မန္တလေး ကားဝယ်ရောင်းဈေးကွက်မှ ဝယ်ရောင်း ဦးသန့်စင်ကပြောသည်။ “ လက်ရှိအခြေအနေကတော့ လေလံပွဲတွေ ကျဲသွားလို့လားမသိဘူး အရောင်းအဝယ်ကပြန်ဖြစ်လာတယ်။ ဒါပေမယ့် လေလံပွဲတွေ ပြန်စိတ်လာရင်တော့ အရောင်းအဝယ်က ပြန်ကျသွားနိုင်တယ်။ ကားဈေးနှုန်းကတော့ ပုံမှန်ပါဘဲ”ဟု ၎င်းက ပြောကြားခဲ့သည်။


klnMay 17, 20101min1951
ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းပို့ကုန်များ တင်ပို့လျက်ရှိရာ ယခင်က ရေချိုပုစွန်ထုပ်အတွင်းသို့ ခဲ၊ သံများ၊ ဆေးထိုးအပ်ဖြင့် ရေထိုးသွင်းခြင်းများ လုပ်ဆောင်ရာမှ ယခုအခါတွင် ငါးမုန့်ဗိုက်အတွင်းသို့ ငါးအသားထည့်၍ အလေးချိန်တို်းအောင် ပြုလုပ်ထားကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။ “ငါးမုန့်ကို ပြည်ပတင်ပို့တဲ့နေရာမှာ အရွယ်အစားအလိုက် ဆိုဒ်တွေက ၁၀၀၊ ၂၀၀၊ ၃၀၀၊ ၄၀၀၊ ၅၀ဝ ဆိုပြီး သတ်မှတ်ထားတယ်။ အခုမသာမှုကို အရင်တုန်းကပုံစံမျိုးမဟုတ်ဘဲ ငါးအသားတွေ ထိုးထည့်လာကြတယ်။ ၁၀ဝဂရမ်ဆိုဒ် ငါကို ၁ဝဂရမ်အလေးချိန်တဲ့ ငါးအသားထိုးသွင်းလိုက်တော့ ၁၁ဝဂရမ် ဖြစ်သွားတယ်။ ရောင်းတန်းက ၂၀ဝ ဂရမ်ဆိုဒ်ထဲဝင်သွားတယ်။ ဈေးနှုန်းအရကြည့်မယ်ဆိုရင် အရမ်းကို ကွာသွားတယ်။ ခုလိုမသာမာမှုလုပ်တာကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူများလုပ်တာကို ဝယ်မိတာပဲဖြစ်ဖြစ် တရားဥပဒေအရ အရေးယူခံရမယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါ […]


klnMay 17, 20101min2210
ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ပန်းလှိုင်မြစ်တိမ်ကောမှုသည် ယခုလက်ရှိအချိန်တွင် လှိုင်သာယာနည်းပညာတက္ကသိုလ်သို့တိုင်အောင် ရောက်ရှိနေပြီး နောက်ပိုင်းတွင် ဆင်မလိုက်သင်္ဘောကျင်းထိတိုင်အောင် တိမ်ကောမှုများရှိလာနိုင်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ “ မဲဇလီဘက်မှာ စိုက်ပျိုးရေးတွေတိုးချဲ့တယ်။ တံငါသည်တွေကျားပိုက်တွေထောင်တယ်။ နောက်ပန်းလှိုင်မြစ်က ဒိုက်အဆင်းများတယ်။ အဲလိုဖြစ်ရပ်တွေက ရေစီးရေလာကို အနှောင့်အယှက်ဖြစ်ပြီးအနည်ကျစေတယ်။ မဲဇလီပိုင်းကနေစပြီး ခန်းခြောက်တာ ပန်းလှိုင်အောက်ကို ရေမရောက်တော့ဘဲ ပန်းလှိုင်မြစ်ထဲ ရေမဝင်တော့ ကုက္ကိုဝမြစ်ထဲဝင်တဲ့ မြစ်ကြောင်းပျောက်ကွယ်သွားတယ်။ အပေါ်ရေစီးမရှိတဲ့အတွက် အောက်ကအနည်ထိုင်ပြီး အောက်ကပါ ကောကောလာတာနည်းပညာကောလိပ်မှာ ရေစစ်ချိန်ဆို မြောင်းသာသာပဲရှိတော့တယ်။ နောက်ပိုင်းဆင်မလိုက်ထိ ရေတွေခန်းခြောက်နိုင်တယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုလက်ရှိအချိန်တွင် ကမ်းပြိုကာကွယ်ရေး၊ လှိုင်မြစ်တစ်လျှောက် ရေလမ်းပြအမှတ်အသားပြခြင်း၊ တွံတေးတူးမြောင်ဖြတ်မယ့်သင်္ဘောတွေကို ရေကြောင်းလမ်းပြုလုပ်ခြင်းနှင့် ရေဘက်ဆိုင်ရာအကြံဉာဏ်များပေးခြင်းတို့ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


klnMay 15, 20101min1823
ရာသီဥတုပူတဲ့အချိန်မှာ ရေခဲရေအေးအေးတွေသောက်တာ ၊ အပူသက်သာအောင် ရေခဲဝတ်တင်တာတွေ ပြုလုပ်ရင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့စနစ်ကို ထိခိုက်စေပြီး အသက်သေဆုံးစေတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့ စနစ်က ခန္ဓာကိုယ် အပူရှိန်တွေကို အေးအောင် ချွေးထုတ်ပေးတယ် သဘာဝက လုပ်ဆောင်ပေးတာ တွေကို သတိမထားဘဲ ရေခဲဝတ်တင်တာတွေ၊ ရေခဲရေအေးအေးတွေသောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ အပူအအေးကွာဟချက်ကို ပြန်မညှိနိုင်ဘဲ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်’လို့ Keen Cie ကျန်းမာရေးဝန်ဆောင်မှုက မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်မင်းက ရှင်းပြတယ်။ အပူအအေးကွဲပြားမှုကိုလည်း ရုတ်တရက်မလုပ်ရဘူးလို့ သိရတယ်။ ခန္ဓာကိုယ်မှာ အပူချိန်များနေတဲ့အခါ ရုတ်တရက်ချက်ချင်း အဲကွန်းခန်းထဲဝင်လိုက်တာ မျိုးတွေမလုပ်သင့်ဘူးလို့ဆိုတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ အပြင်က အအေးကွာဟမှုများလေလေအပူရှိန်ထိန်းစနစ်က ပြန်ညှိရခက်တာကြောင့် အသက်ဆုံးရှုံးတာတွေဖြစ်နိုင်တယ်လို့ သိရတယ်။ အပူချိန်များတဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်စေပြီး အေးအောင်ပြန်လုပ်ပေးတာပါ။ […]


klnMay 15, 20101min2452
ဈေးကွက်မှာသုံးစွဲခွင့်ပြုသက်တမ်းကုန်ဆုံးနေတဲ့ တင်သွင်းဆေးဝါးအချို့ကို သက်တမ်းရက်စွဲပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ကို သက်တမ်းရက်စွဲ ပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ရှိနေဆဲဖြစ်ကြောင်းသိရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ သက်တမ်းလွန် ဆေးဝါးကိုနည်းမျိုးစုံနဲ့ပြန်လည်ရောင်းချမှု အချို့အရင်ကလည်း ရှိဖူးတယ်လို့ ဆိုပါတယ်။ ဆေးဘူးပေါ်မှာ ကတ်ပေါ်မှာ မင်နဲ့ရိုက်နှိပ်ထားတဲ့ သက်တမ်းရက်စွဲတွေက အရက်ပျံ၊ သင်နာတို့နဲ့ ပွတ်တိုက်ဖျက်လို့ရတယ် လို့သိရတယ်။ ဆေးကတ်ပေါ်မှာ အသားတံဆိပ်ပုံစံရိုက်နှိပ်ထားတဲ့သက်တမ်းရက်စွဲ တွေကိုတော့ရောင်းသူတချို့ကကတ်ကြေးနဲ့ဖြတ်ထားလေ့ရှိပါတယ်။ ဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ‘နာမည်ကြီး အားဆေးတစ်မျိုးဝယ်တာ ၊ဆေးကတ်ရဲ့ expiry date ကို ကတ်ကြေးနဲ့ဖြတ်ထားတယ်၊ ဖြစ်ချင်တော့ ညှပ်ထားတာမသေသပ်တော့ ခုနှစ်နေရာမှာ 200ဆိုပြီး ကျန်နေတယ်၊ အနည်းဆုံး 2009 ပဲလေ၊ အင်းစိန်ဘက်ကဆေးဆိုင်ကြီးတစ်ခုမှာကြုံခဲ့တာ’လို့သူ့အတွေ့အကြုံပြောပါတယ်။ ဆေးကုမ္ပဏီတချို့ကတော့ သက်တမ်းကုန်တော့မယ့်ဆေးဝါး ဥပမာ- နောက်ခြောက်လဆိုရင် ရက်လွန်တော့မယ့် ဆေးဝါးမျိုးကို အထူးအရောင်းမြှင့်တင်ရေးအနေနဲ့ ဈေးလျှော့ရောင်းတာ၊ အခြားဆေးဝါးတစ်မျိုးမျိုးနဲ့ တွဲဖက်ရောင်းချတာမျိုးလုပ်လေ့ရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ စံမမီဆေး၊ ရက်လွန်ဆေး၊ ဆေးအတု စတာတွေနဲ့ […]


klnMay 14, 20101min2151
ရန်ကုန်တိုင်းအတွင်း ရာသီဥတုပူပြင်းမှုကြောင့် မြို့သောက်သုံးရေကန်များခန်းခြောက်ပြီး သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရရာ ကျောက်တန်းမြို့ပေါ်(၆)ရပ်ကွက်ရှိ မြို့နေပြည်သူများအတွက် ဒေသအာဏာပိုင်များ၊ ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများပူးပေါင်းဆောင်ရွက်သည့် ရေသယ်ယာသ်ခြောက်စီးဖြင့် ရေဖြန့်ဝေလျက်ရှိသည်။ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြိုနယ်နှင့် ကဝမြို့နယ်များ၌ ရာသီဥတုပူပြင်းမှုနှင့် သုံးစွဲမှုများပြားသောကြောင့် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရရာ ပဲခူးတိုင်း စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီးဒေသအာဏာပိုင်များ၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်းပြီး သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။ ဝေါမြို့နယ်အတွင်း ရေခက်ခဲသည့် အတွက် သောက်သုံးရေများကို ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မင်္ဂလာသောက်ရေကန်မှ ရေသယ်ယာဉ်များဖြင့် သောက်ရေဂါလန်၁၂၀၀ဝအား မေ၅ရက်မှ ၈ရက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ ကျေးရွာများ၌ မိုးရေလှောင်ကန်များ ခန်းခြောက်ခဲ့သဖြင့် သုံးရေအတွက် စစ်တောင်းတူးမြောင်းမှ သုံးစွဲနိုင်သော်လည်းသောက်ရေလုံလောက်မှု မရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်း ရေသယ်ယာဉ်နှစ်စီးဖြင့် […]


klnMay 14, 20101min1791
ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်ဖီဂျီသမ္မတ နိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများ ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ကောင်စစ်ဆိုင်ရာ ဗီယင်နာကွန်ဗင်း ရှင်းတို့နှင့် အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိသည့် အားလျော်စွာ ၂၀၁၁ခုနှစ် မေ၁ဝရက်မှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ပြုလုပ်သည်။ ယင်းကဲ့သို့ နှစ်နိုင်ငံသံမန်အဆက်အသွယ် ပြုလုပ်ရန် သဘောတူညီချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဖီဂျီအမြဲတမ်းကိုယ်စားလှယ်တို့သည် ၂၀၁ဝခုနှစ်မေ ၁ဝရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမာ္ဘ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖိဂျီသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၀၁) နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့် နိုင်ငံဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။