klnMay 14, 20101min1832
မကွေးတိုင်းတောင်တွင်းကြီးမြို့မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့၌ အပူချိန်လွန်ကဲမှုကြောင့် တောင်တွင်းကြီး မြို့နယ်ပြည်သူ့ဆေးရုံးတွင် မေ ၁၂ရက်အထိ လူနာ ၁၁ဦးတက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းလူနာများအနက် မေ၃ရက်တွင် တစ်ဦး၊ မေ၄ရက်တွင် တစ်ဦး၊ မေ၅ရက်တွင်တစ်ဦး၊ မေရရက်တွင် သုံးဦး၊ မေ၁ဝရက်တွင် တစ်ဦးစုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ပြီးကျန်လူနာလေးဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း ညောင်ဦးမြို့နယ်၌ အပူချိန်လွန်ကဲမှုကြောင့် ညောင်ဦးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် ဖျားနာ၊ မူးဝေ၊ မောပန်း လူနာ၁၄ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း၊ ဆေးရုံတက်လူနာများအား ဆေးရုံအုပ်ကြီးနှင့်တာဝန်ကျဆရာဝန်များ၊ သူနာပြုများက ကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊ လူနာသေဆုံးမှုမရှိကြောင်း ၂၀၁ဝခုနှစ်မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 14, 20101min1851
ှိ နိုင်ငံတော်အစိုးရ၏ စီမံညွန်ကြားမှုဖြင့် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ၊ ချောင်းဝကျေးရွာ၊ ပြင်ခရိုင်ကျေးရွာ၊ အလယ်သောင်ကျေးရွာ၊ သာယာချောင်းကျေးရွာ၊ ဘုန်းစိုးကြီးကျေးရွာ၊ အုတ်တွင်းကျေးရွာ၊ ကျောက်ကလပ်ကျေးရွာ၊ ဒီးဒူးကုန်းကျေးရွာ၊ ဘုရားလှကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ကျုံကူးကျေးရွာပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ပုသိမ်မြို့ မြင့်မြတ်အလင်း တရားအလှူတော်အဖွဲ့နှင့် ပြင်ခရိုင်ကျေးရွာ မြောက်ကျောင်းဆရာတော်တို့ ပူးပေါင်းပြီး ဧပြီ ၂၈ရက်မှစ၍ ထော်လာဂျီများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများဖြင့်နေ့စဉ် သောက်သုံးရေဂါလန် ၂၅၀၀ဝကျော်ကို လည်းကောင်း၊ မေ ၁၂ရက်တွင် စက်လှေများဖြင့် သောက်သုံးရေဂါလန် ၁၅၀ဝကို ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာ၊ သုံးခွကျေးရွာ၊ အထက်ပြွန်ကျေးရွာများသို့လည်းကောင်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။ ထို့အတူ ပုသိမ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များက မေ ၁၂ရက်တွင် မော်တော်ယာဉ်နှစ်စီးဖြင့် သောက်သုံးရေဂါလန် […]


klnMay 14, 20101min1872
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှအပ ကျန်ဒေသများတွင် မိုးရွာသွန်းနိုင်မှု အခြေအနေနည်းပါးနေရာ ရာသီဥတုဆက်လက် ပူပြင်းနိုင်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အပူဒဏ် အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များကို အထူးလိုက်နာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ မေလ ၁ဝရက်နေ့က ထူးခြားသည့် နေ့အပူချိန်များတွင် ချောက်မြို့၌ ၄၅ ဒသမ ၉ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ပျဉ်းမနား၊ မင်းဘူး၊ မကွေး၊ မြင်းခြံမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိနေပြီး ရန်ကုန်မြို့တွင် ၄ဝ ဒသမ ၅ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိနေကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 14, 20101min1611
မိုးကြိုကာလအတွင်း ပထမဆုံးအဖြစ် မေလ( ၈)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွက်ကျားမိုးရွာသွန်းခဲ့ကြောင်း သိရသည်။ “ ရန်ကုန်မှာ ဒီနှစ်ရဲ့ ပထမဆုံးမိုးလို့ ပြောလို့ရတယ်။ အဲဒီလိုရွာသွန်းတာဟာ မုတ်သုံလေကြောင့်မဟုတ်ဘူး။ မိုးတိမ်တောင်တွေကြောင့် ရွာသွန်းခြင်းဖြစ်တယ်။ မိုးတိမ်တောင်ကြောင့် ရွာသွန်းတယ်ဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ လေပြင်း၊ မိုးကြိုး၊ စိုက်ဆင်းတွေ ဖြစ်လာတတ်ပါတယ်။ မုတ်သုံကလည်း မေလ(၂၀)ဝန်းကျင်မှာ ဝင်လာမယ်လို့ မှန်းထားပါတယ် ” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။ မိုးကြိုးကာလကို ပုံမှန် ဧပြီ(၁၅)ရက်မှ လေ(၁၅)ရက်နေ့အထိ သတ်မှတ်ထားပြီး မိုးလွန်ကာလကို ပုံမှန် စက်တင်ဘာ(၁၈)ရက်မှ အောက်တိုဘာလကုန်အထိ သတ်မှတ်ထားသော်လည်း မိုးကြိုကာလမှာ (၁၀)ရက်ခန့် တိုးမြှင့်လာပြီး မိုးလွန်ကာလမှာလည်း ရက်(၅၀)ကျော် သတ်မှတ်ထားရာမှ (၇၅)ရက်ထိ တိုးမြှင့်လာကြောင်း၊ ရာသီဥတု ပြောင်းလဲမှု လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံ၏ ရာသီဥတုသည် […]


klnMay 14, 20101min1712
၂၀၁ဝ ပြည့်နှစ် ဧပြီနှောင်းပိုင်းမှစ၍ မေလအထိ မြန်မာနိုင်ငံအရပ်ရပ်တွင် နေ့အပူချိန်များ သိသိသာသာ တိုးလာမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေရာ မေလအတွင်း မုန်တိုင်းငယ်တစ်ခု ပေါ်ပေါက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထား၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် ၁၈၇ရ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မုန်တိုင်းအကြိမ်ပေါင်း(၁၂၆၇)ကြိမ်ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့(၈၃)ကြိမ်သာ ဝင်ရောင်ခဲ့ကြောင်း “ မုန်တိုင်းအကြောင်း သိကောင်းစရာ ” လက်ကမ်းစာအုပ်တွင် ဖော်ပြထားချက်အရသိရသည်။ ကမာ္ဘပေါ်တွင် နှစ်စဉ်အပူမုန်တိုင်းများ အကြိမ်(၈၀)ကျော်ဖြစ်ပေါ်လေ့ရှိကြောင်း၊ ထိုအထဲမှ မြန်မာနိုင်ငံအနီး ပတ်ဝန်းကျင်၊ ဘင်္ဂလားပင်လယ်အော်တွင် ပျမ်းမျှတစ်နှစ်(၁၀)ကြိမ်နှင့် တောင်တရုတ်ပင်လယ်ပြင်တွင် တစ်နှစ်လျှင်(၂၉)ကြိမ်နှုန်းရှိနေသည့်အတွက် တစ်ကမာ္ဘလုံး၏(၅၀)%ခန့်ရှိနေကြောင်း အဆိုပါစာအုပ်တွင် ဒေါက်တာထွန်းလွင်က ရေးသားထားသည်။ မုန်တိုင်းဖြစ်ပေါ်မှုသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်လေ့ရှိပြီး ဧပြီလနှင့် မေလတို့တွင်ဖြစ်ပေါ်လေ့ရှိကြောင်း၊ ဦးတည်ရွေ့လျားလမ်းကြောင်းသည် မြောက်အရပ်(သို့မဟုတ်) […]


klnMay 14, 20101min1521
လာမည့်လတွင် ရန်ကုန်ဆန်ဈေးကွက်၌ ဆန်ဈေးနှုန်းများ ပုံမှန်ထက် အနည်းငယ် အပြောင်းအလဲ ဖြစ်လာနိုင်သည်ဟု ဆန်ကုန်သည် အများစုက ပြောသည်။ လက်ရှိအနေအထားတွင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်အဝင် ပုံမှန်အနေအထားရှိနေသေးသော်လည်း လာမည့်လမှ စတင်ကာ ဆန်အဝင်နည်းလာတော့မည့် အရိပ်အယောင်များ မြင်တွေ့နေရသည့်အတွက်ကြောင့် ဆန်ဈေးအနည်းငယ် ပြောင်းလဲလာနိုင်သည်ဟု ဆိုကြောင်းသိရသည်။ “ အခုနယ်ဘက်က လယ်သမားတွေရဲ့လက်ထဲမှာ စပါးမရှိတော့ဘူး။ အကုန်လုံး ဆန်စက်သမားတွေနဲ့ လှောင်လက်တွေ လက်ထဲမှာပဲ ရှိတော့သလို ခုချိန်က နွေစပါးအကုန် မိုးစပါးစိုက်ချိန် ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲပြောပြော လာမယ့်လမှာ ရန်ကုန်ဈေးကွက်ထဲကို ဆန်အဝင်က ကျိန်းသေပေါက် လျော့လာမှာ ဖြစ်ပါတယ် ” ဟု မော်တင်က ဆန်ကုန်သည် တစ်ဦးကပြောသည်။ ယခုလက်ရှိ ရန်ကုန်ဆန်ဈေးကွက်သို့ နယ်ဒေသများမှ ဆန်အိတ်ရေ (၆၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်လျှက်ရှိသည်။ ပုံမှန်အားဖြင့် ဆန်ဈေးနှုန်း […]


klnMay 14, 20101min1630
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းကြီးက လူမှုဝန်ထမ်း(၁၂)ဌာနသို့ (၂၂)ကြိမ်မြောက်အလှူငွေပေးအပ် လှူဒါန်းပွဲကို မေလ(၁၀)ရက်၌ ကျင်းပရာ ငွေကျပ် (၆၁၂၀၀၀၀) ကိုလှူဒါန်းခဲ့သည်။ ၎င်းတွင်တစ်ဌာနလျှင် မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းက မတည်အလှူငွေ ကျပ်(၁၀၀၀၀၀)၊ သီးသန့်အလှူရှင်အသင်းဝင်(၁၀၁)ဦးက ကျပ်(၄၁၀၀၀၀)၊ စုစုပေါင်း ကျပ်(၅၁၀၀၀၀)နှုန်းဖြင့် (၁၂)ဌာနကို ငွေကျပ် (၆၁၂၀၀၀၀)ကို လှူဒါန်းခြင်းဖြစ်သည်။ မန္တလေးမြို့ ပွဲစား၊ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းကြီးမှာ ယခုနှစ်တွင် (၇၆)ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပြီး အသင်းဝင်(၂၀၃၄)ဦးခန့်ရှိသည်။ မန္တလေးမြို့တွင် ကုန်စည်များ ဈေးနှုန်း၊ အလေးချိန် မှန်ကန်စွာ ရောင်းဝယ်နိုင်ရေးနှင့်အတူ ဘာသာ၊ သာသနာနှင့် လူမှုရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျှက် ရှိကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 14, 20101min2071
ဈေးကွက်မှာသုံးစွဲခွင့်ပြုသက်တမ်းကုန်ဆုံးနေတဲ့ တင်သွင်းဆေးဝါးအချို့ကို သက်တမ်းရက်စွဲပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ကို သက်တမ်းရက်စွဲ ပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ရှိနေဆဲဖြစ်ကြောင်းသိရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ သက်တမ်းလွန် ဆေးဝါးကိုနည်းမျိုးစုံနဲ့ပြန်လည်ရောင်းချမှု အချို့အရင်ကလည်း ရှိဖူးတယ်းလို့ ဆိုပါတယ်။ ဆေးဘူးပေါ်မှာ ကတ်ပေါ်မှာ မင်နဲ့ရိုက်နှိပ်ထားတဲ့ သက်တမ်းရက်စွဲတွေက အရက်ပျံ၊ သင်နာတို့နဲ့ ပွတ်တိုက်ဖျက်လို့ရတယ် လို့သိရတယ်။ ဆေးကတ်ပေါ်မှာ အသားတံဆိပ်ပုံစံရိုက်နှိပ်ထားတဲ့သက်တမ်းရက်စွဲ တွေကိုတော့ရောင်းသူတချို့ကကတ်ကြေးနဲ့ဖြတ်ထားလေ့ရှိပါတယ်။ ဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ‘နာမည်ကြီး အားဆေးတစ်မျိုးဝယ်တာ ၊ဆေးကတ်ရဲ့ expiry date ကို ကတ်ကြေးနဲ့ဖြတ်ထားတယ်၊ ဖြစ်ချင်တော့ ညှပ်ထားတာမသေသပ်တော့ ခုနှစ်နေရာမှာ 200ဆိုပြီး ကျန်နေတယ်၊ အနည်းဆုံး 2009 ပဲလေ၊ အင်းစိန်ဘက်ကဆေးဆိုင်ကြီးတစ်ခုမှာကြုံခဲ့တာ’လို့သူ့အတွေ့အကြုံပြောပါတယ်။ ဆေးကုမ္ပဏီတချို့ကတော့ သက်တမ်းကုန်တော့မယ့်ဆေးဝါး ဥပမာ- နောက်ခြောက်လဆိုရင် ရက်လွန်တော့်မယ့် ဆေးဝါးမျိုးကို အထူးအရောင်းမြှင့်တင်ရေးအနေနဲ့ ဈေးလျှော့ရောင်းတာ၊ အခြားဆေးဝါးတစ်မျိုးမျိုးနဲ့ တွဲဖက်ရောင်းချတာမျိုးလုပ်လေ့ရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ စံမမီဆေး၊ ရက်လွန်ဆေး၊ ဆေးအတု စတာတွေနဲ့ […]


klnMay 14, 20101min2331
၂၀၀၉-၂၀၁ဝခုနှစ်ဘိန်းစိုက်ရာသီအတွင်း ၂၀၁ဝခုနှစ်ဧပြီ ၃ဝရက်အထိ ပြည်နယ်/တိုင်းအလိုက် ဘိန်းခင်း ၂၀၂၅၄ ဒသမ ၄၉ ဧက ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ မေ၁ရက်မှ၆ ရက်အတွင်းပြည်နယ် /တိုင်းများအလိုက်ဘိန်းခင်း ၁၀ရဒသမ ၅၅ဧက ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ဘိန်းခင်းဖျက်ဆီးနိုင်ခဲ့မှုမှာ ၂၀၃၆၂ ဒသမ ဝ၄ ဧက ရှိကြောင်း ၊ ထပ်မံဖျက်ဆီးနိုင်ခဲ့သည့် ဘိန်းခင်း ၁၀ရ ဒသမ ၅၅ ဧကအနက် ရှမ်းပြည်နယ် ( မြောက်ပိုင်း) မန်တုံမြို့နယ် အတွင်းမှ ၅ ဒသမ ၅ဧက ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းမှ ၁၀၂ ဒသမ ဝ၅ ဧကဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 14, 20101min1530
ယခုနှစ်နွေရာသီကာလအတွင်းရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများ နှင့်နေရာအချို့တွင် ရေအခက်အခဲများရှိနေခြင်းကြောင့် ရေကန်အသစ်နှင့် အဝီစိတွင်းအသစ်စုစုပေါင်း ၁၆ဝကျော်ကို တူးဖော်လျက်ရှိကြောင်းသတင်းရရှိသည်။ ရေကန်အသစ် ၅ရကန်နှင့် အဝီစိတွင်း အသစ် ၁၁ဝတို့ကို တူးဖော်လျက်ရှိပြီး ယခင်ရှိပြီးသားရေကန်ဟောင်း ၆၅ကန်ကို လည်း ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းယခင်ရေတွင်းစုစုပေါင်း ၁၅တွင်နှင့် ရေကန်စုစုပေါင်း (သောက်သုံးရေကန်နှင့် သုံးရေကန်) ၃၀၉ ခုရှိပြီးယင်းတို့အနက်ရေတွင်း ၁၅တွင်းမှာ ရေရရှိသောကြောင့် အသုံးပြုလျက်ရှိကြောင်း ၊ ရေကန် ၃၀၉ ခုတွင် ၁၃၉ခုသာ အသုံးပြု၍ ရကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းရေကန် နှင့်အဝီစိတွင်းအသစ်များတူးဖော်လျက်ရှိရာတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင် လက်ရှိတူးဖော်နေပြီဖြစ်ကြောင်းသိရသည်။ ရေကန်နှင့် အဝီစိတွင်းသစ်များတူးဖော်ခြင်းနှင့် ကန်ဟောင်းများပြုပြင်ရာတွင် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်၊ ရန်ကုန်တိုင်းဆည်မြောင်းဦးစီးဌာနပိုင် Back Hoe များကိုအသုံးပြုကာ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင်မူ […]


klnMay 14, 20101min2003
ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုစနစ်ကို အေ၊ ဘီ၊ စီ အုပ်စုသုံးစုခွဲ၍ ပေးလျက်ရှိရာမှ မေလမှစတင်၍ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိတော့မည်ဟု ဧပြီလတတိယပတ်တွင် သတင်းများ ဖြစ်ပေါ်ခဲ့သော်လည်း မေလတွင် ယခင်စနစ်ဟောင်းဖြစ်သော အေ၊ ဘီ၊ စီအုပ်စု သုံးစုစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေပေးလျှက်ရှိသည်။ မြို့နယ်လျှပ်စစ်ရုံးများရှေ့တွင် မေလအတွက် အေ၊ ဘီ၊ စီအုပ်စု သုံးစုဖြင့်သာ လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာပေးထားပြီး စီဒီချပ်အဟောင်းများဖြင့်လည်း နေ့အလိုက် လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာထားသည်ဟု ဆိုသည်။ “ အဲဒီနေ့မှာ မနက်(၅)နာရီက(၁၁)နာရီကို C(A)၊ နံနက်(၁၁)နာရီက ညနေ(၅)နာရီကို A(B)၊ ညနေ(၅)နာရီက ည(၁၁)နာရီကို B(C)၊ ည(၁၁)နာရီကနေ နောက်နေ့နံနက်(၁၁)နာရီအထိ A+B+C။ အဲဒီလို ကြေညာထားရင် အုပ်စု B […]


klnMay 14, 20101min2831
မုတ္တမကမ်းလွန်မှ ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းလျက်ရှိသော အရှည် ၁၇၉ မိုင်ရှိ ပြည်တွင်းသုံး ၂၄လက်မ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များဖြင့် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၌ သဘာဝဓာတ်နေ့ဖြင့်လည်ပတ်နိုင်သည့်လျှပ်စစ်တာဘိုင်ငါးလုံးဝန်းကျင်အထိရှိကြောင်း၊ ယင်းဓာတ်အားပေးတာဘိုင်များကို သဘာဝဓာတ်ငွေ့များအသုံးပြု၍ ပြန်လည်လည်ပတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်းဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “ ပြည်တွင်း လိုအပ်ချက်အရ သွယ်တန်းတဲ့ ၂၄လက်မကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မုတ္တမကမ်းလွန်ကနေ ရန်ကုန်မြို့အထိ သွယ်တန်းပြီးစီးသွားပြီဖြစ်ပါတယ်။ ပိုက်လိုင်းသွယ်တန်းမှုမှာ ကမ်းလွန်ပိုင်း ၉၃မိုင်အရှည်ရှိပြီး ကုန်းတွင်းပိုင်းကတော့ ၈၆ မိုင်အရှည်ရှိပါတယ်။ ခုဆိုရင် ပိုက်လိုင်းအားလုံးသွယ်တန်းပြီးစီးနေပြီဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ “ အခု ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်ရုံတွေဖြစ်တဲ့ အင်းစိန်၊ ရွာမ၊ အလုံ၊ သာကေတ၊ […]


klnMay 14, 20101min2050
ရန်ကုန်တိုင်း၊ ပန်းလှိုင်မြစ်အတွင်း သောင်ဖြစ်ထွန်းမှု များပြားလာခြင်းကြောင့် မြစ်ကြောင်းများ ကျဉ်းမြောင်းလာပြီး ရေယာဉ်များ သွားလာရန် ခက်ခဲလာသည်ဟု ပန်းလှိုင်မြစ်တွင်းသွား ရေယာဉ်မောင်းများထံမှ သိရသည်။ ရေယာဉ်မောင်းတစ်ဦးက “ သောင်တွေပေါ်လာပြီး မြစ်ကြောင်းတွေ ကျဉ်းလာတာကို သတိထားမိတာ (၂)နှစ်လောက်ရှိပြီ။ ဒီအတောအတွင်းမှာ အခြေအနေက ပိုဆိုးလာတယ်။ ပန်းလှိုင်တံတားနားမှာ ရေကျချိန်ဆိုရင် သောင်တွေက မြစ်တစ်ဝက် လောက်အထိရှိတဲ့အတွက် သမ္ဗန်တွေပဲ သွားလို့ရတယ်။ စက်လှေတွေ၊ သင်္ဘောတွေ သွားလို့မရဘူး။ စက်လှေတို့၊ သင်္ဘောတို့က ရေတက်ချိန်ကို စောင့်ပြီး သွားနေရတယ်။ ဒီလို သောင်တွေများလာတဲ့အတွက် လာမယ့်မိုးရာသီမှာ ဒီရေတက်ရင် မြစ်ကမ်းဘေးမှာ ရှိတဲ့ရွာတွေကို ရေကျော်နို်င်ပါတယ်။ သောင်တွေများလာတာကို အချိန်မီ မပြုပြင်နိုင်ဘူးဆိုရင်တော့ ရေရှည်မှာ အခြေအနေက ဒီထက် ပိုဆိုးလာနိုင်ပါတယ် ” ဟုဆိုသည်။ ထို့အပြင် လှိုင်မြစ်ကမ်းဘေး […]