klnMay 13, 20101min1810
မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောသားများအား ခန့်ထားမှုစနစ်ပြောင်းလဲသကဲ့သို့ လစာငွေနှုန်းထားများကိုလည်း နိုင်ငံတကာ သင်္ဘောလိုင်းများနှင့်အညီ နိုင်ငံခြားငွေဖြင့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးစိုးမောင်က ပြောသည်။ သင်္ဘောဝန်ထမ်းများ ခန့်ထားရာတွင် ယခင်ကဲ့သို့နှစ်ရှည် ခန့်ထားခြင်းမျိုးမဟုတ်ဘဲ (၆)လ၊ (၁)နှစ်တာဝန်ထမ်းဆောင်ရန် စာချုပ်စနစ်ဖြင့် ခန့်ထားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သင်္ဘောသားများ၏ လစာနှုန်းထားမှာလည်း ယခင်က နိုင်ငံတော်ဝန်ထမ်း လစာနှုန်းထားများအတိုင်း ရရှိနေရာမှ ယခုအခါ သတ်မှတ်နေရာ ရာထူးအလိုက် နိုင်ငံတကာသင်္ဘောလိုင်းများကဲ့သို့ နိုင်ငံခြားငွေဖြင့် ပေးရန်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ထို့ပြင် ကမ်းရိုတန်းသွားသင်္ဘောလိုင်းများပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသား ဝန်ထမ်းများကိုလည်း လက်ရှိကမ်းရိုးတန်းသွားကုမ္ပဏီများ၏ လစာထက်သာလွန်သော နှုန်းထားများဖြင့် တိုးမြှင့်ခံစားခွင့်ပြုမည်ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေကြောင်းနှင့် အင်ဂျင်နီယာဌာနမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်လိုသော […]


klnMay 13, 20101min2090
ဆက်သွယ်ရေးစာတိုက်နှင့် ကြေနန်းဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်းလုပ်ကိုင်ခွင့်ရရှိထားသော ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်သည် အစိုးရဝန်ကြီးဌာနများအချင်းချင်း၊ ရုံးများအချင်းချင်း၊ ပုဂ္ဂလိကကုမ္ပဏီများအချင်းချင်း ယင်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် အချက်အလက်များနှင့် အရေးကြီး စာရွက်စာတမ်းကိစ္စရပ်များကို အီလက်ထရွန်နစ်နည်းပညာဖြင့် အချင်းချင်းပေးပို့ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားဖွယ်ရာကိစ္စရပ်များ မပေါ်ပေါက်စေရန်အတွက် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို ထုတ်ပေးမည့် certification authority (CA) များကို ယခုလမှစတင်ရောင်းချပေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သော CA Project မန်နေဂျာဒေါ်နီလာအေးက ပြောသည်။ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ဆိုသည်မှာ အီလက်ထရွန်နစ်မှတ်ပုံတင်လက်မှတ်တစ်ခုကဲ့သို့ဖြစ်ပြီး ယင်းမှတ်ပုံတင်လက်မှတ်ပိုင်ရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်အပြည့်အစုံရေးသွင်းထားသည့် အီလက်ထရွန်နစ်မှတ်တမ်းတစ်မျိုးဖြစ်သည်။ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို ထုတ်ပေးပိုင်ခွင့်ရှိသူ စီအေသည် အဆိုပါသက်သေခံလက်မှတ်များကို ထုတ်ဝေပေးသည့် ယုံကြည်စိတ်ချရသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ မူလအရင်းအမြစ် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို ထုတ်ပေးမည့် Root CA သည် ယင်း၏ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး (Self […]


klnMay 12, 20101min2264
အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Kurt Cambell က ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ အထူးသဖြင့် အာဆီယံအဖွဲ့များ လာရောက်ခွင့်ပြု/မပြု သိလိုပါကြောင်း မေးမြန်းရာ ဥက္ကဋ္ဌဦးသိန်းစိုးက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာရှိပါကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများမှ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်လျှင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အတွက် ရွေးကောက်ပွဲကိုယ်စားလှယ်များ ခန့်ထားခွင့်ရှိခြင်း၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ စာရေးများခန့်ထားခွင့်ရှိခြင်း၊ ယင်းပုဂ္ဂိုလ်များအနေဖြင့် ဆန္ဒမဲပေးသည့်နေရာ မဲရုံများတွင် စောင့်ကြည့်ခွင့် ရှိခြင်းတို့အပြင် မဲရေတွက်သည့်အခါတွင်လည်း ယင်းတို့နှင့်အတူ မဲဆန္ဒရှင်များရှေ့မှောက်တွင် ရေတွက်ရမည်ဟု ပြဋ္ဌာန်းပေးထားပြီး ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်ပေးထားသည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မျာ းလာရောက်ရန် လိုအပ်မည်မဟုတ်ပါကြောင်း ၂၀၁ဝ ခုနှစ် မေလ […]


klnMay 12, 20101min1741
အမေရိကန် သံရုံးယာယီတာဝန်ခံ Mr.Larry M.Dinger က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို သိလိုကြောင်း မေးမြန်းရာ ဥက္ကဋ္ဌဦးသိန်းစိုးက ရွေးကောက်ပွဲကို ၂၀၁ဝ ပြည့်နှစ်အတွင်း ကျင်းပမည်ဟု ကြေညာထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့်ဆောင်ရွက်လျက် ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာသွားမည် ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။


klnMay 12, 20101min1310
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြုပြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ပါတီဖွဲ့စည်း ထူထောင်ရန် စတင်အဆိုပြုသူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့် ရွေးကောက်ပွဲဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်း အစိုးရဝန်ထမ်းမ ှနုတ်ထွက်ပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီး ဒုတိယဝန်ကြီး ရာထူးများသည် အစိုးရဝန်ထမ်း မဟုတ်သော နိုင်ငံရေးတာဝန်များသာ ဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် စည်းရုံးသိမ်းသွင်းသည့် အခါတွင် ပါတီဝင်များကို သတ်မှတ်ချက်များနှင့်အညီ စည်းရုံးသိမ်းသွင်းသွားမည် ဖြစ်ကြောင်း၊ မူလပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အစိုးရဝန်ထမ်းများလည် းပါရှိပါကြောင်း၊ ပါတီဝင်အဖြစ် ဝင်ရောက်မည်ဆိုလျှင် အစိုးရဝန်ထမ်းမှ နုတ်ထွက်သူများကိုသာ လက်ခံမှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များတွင် ကျောင်းသားများလည်း ပါရှိနေကြောင်း၊ ကျောင်းသားများ အား ပါတီနိုင်ငံရေး ကင်းကင်းနှင့် […]


klnMay 12, 20101min1961
အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Larry M. Dinger က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ဝန်ကြီးများ အနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မြေမြန်းရာ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပါတီတည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက ်ရှိပါကြောင်း၊ ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၈ ၌ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ စတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက […]


klnMay 12, 20101min2732
ဝန်ကြီးချုပ်ဦးသိန်းစိန်ဦးဆောင်သော ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့ကို ကျန်ပါတီများက အဓိကပြိုင်ရဖွယ်ရှိနေကြောင်းပါတီအချို့က ဆိုကြသည်။ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်းက “အစိုးရဘက်က ပြောင်းလာတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ကျွန်တော်တို့ အဓိက ပြိုင်ရမယ့်ပါတီဖြစ်ပါတယ်” ဟုဆိုသည်။ ကရင်အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစောမောင်ချောကလည်း “ တစညနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒီနှစ်ခုကို ကျွန်တော်တို့အဓိက ပြိုင်ရဖို့ရှိပါတယ်” ဟုဆိုသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၁၉၉ဝရွေးကောက်ပွဲလက်ကျန်ပါတီတစ်ခုဖြစ်ပြီး ဧပြီ ၂၉ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီဖြစ်သည်။ ယင်းပါတီသည် ၁၉၉ဝရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ဝကျော်ဝင်ပြိုင်ခဲ့ပြီး လွှတ်တော်နေရာ ၁ဝနေရာရခဲ့သော ပါတီကြီးတစ်ခုဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်ဖွဲ့စည်းထားသော ပါတီတစ်ခုဖြစ်သည်။ မေ ၈ရက်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားသည့် ပါတီ ၃၁ခုရှိပြီး ၂ရပါတီမှာပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည်။ မှတ်ပုံတင်ခွင့်ရပြီး ပါတီမှာ […]


klnMay 12, 20101min2943
ယာဉ်လိုင်းများအကြား ငွေစက္ကူအကြွေကိစ္စပြေလည်စေရန်အတွက် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ( မထသ) မှ အကြွေငွေကို ယခင်ကျပ်သိန်း ၅၀၊ ၆ သောင်းလဲလှယ်ပေးရာမှ ဧပြီလမှ စ၍ ကျပ် ၁ဝသိန်းတိုးမြှင့်ကာကျပ်သိန်း ၆ဝ ၊ ၆သောင်းလဲလှယ်ပေးရကြောင်းမထသ မှ သိရသည်။ ယခင်ကတစ်ပတ်လျှင် ငွေအကြွေအတွက် ကျပ် ၂၆သိန်း၆ သောင်းလဲလှယ်ရာမှ၊ ကျပ်သိန်း ၅ဝ ၊ ၆ သောင်းလဲလှယ်ပေးကာ အကြွေလိုအပ်မှုအရ ပြီးခဲ့သည့်လမှ စ၍တိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရွှေတိဂုံစေတီ၊ ဗိုလ်တထောင်စေတီတို့မှ ၅ဝ ၊ ၁၀ဝကျပ်တန်အကြွေများလဲလှယ် ရယူကာ မထသအပါအဝင်ယာဉ် လိုင်း၁၂ လိုင်းအား ခေါက်ရေအလိုက်အချိုးကျခွဲဝေ ခြင်းဖြစ်ကြောင်းသိရသည်။ မထသတွင် လက်ရှိစာရင်းအရ ယာဉ်အစီးရေ ၂၅၀ဝ ခန့်ရှိပြီး ယာဉ်စီးရေ ၂၀၀ဝကျော်ခန့် မှာ နေ့စဉ်ထွက်ရှိသည်။ […]


klnMay 12, 20101min3333
အကျိုးဆောင်ခကျပ်ငွေ ၁ဝသိန်းဝန်းကျင်ယူဆောင်ကာ မလေးရှားနိုင်ငံသို့ လုပ်သားပို့ပေးနေသော အေဂျင်စီအချို့သည် မလေးရှားနိုင်ငံသို့ လုပ်သားများစေလွှတ်ရာတွင် ရန်ကုန်-ကွာလာလမ်ပူတိုက်ရိုက်လေယာဉ်ခရီးစဉ်ထက် ဆယ်ဒေါ်လာပိုမိုသက်သာသည့် ဘန်ကောက်၌ တစ်ဆင့်ရပ်နား၍ သွားသောလမ်းကြောင်းကိုသာရွေးပြီး အသုံးပြုလာကြကြောင်း သတင်းရရှိသည်။ တစ်ဆင့်ခံသွားရသည့် ခရီးစဉ် (Transit ) မှာ ရန်ကုန်လေဆိပ်မှနေ၍ ဘန်ကောက်မြို့သို့ လေယာဉ်စီးကာ ထိုလေယာဉ်ကွင်း၌ စောင့်ဆိုင်းနေရပြီး ဘန်ကောက်မှ ကွာလာလမ်ပူသို့သွားသည့် လေယာဉ်အား ထပ်မံစီးရခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်ဆင့်ခံသွားရသည့် လမ်းမှ အသုံးပြုခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ဘန်ကောက်လေဆိပ်တွင် မြန်မာလုပ်သားနှစ်ယောက်ကျန်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မှ ကွာလာလမ်ပူသို့ တိုက်ရိုက်လေယာဉ်ဖြင့်သွားပါက ဒေါ်လာ ၂၂၅ကျသင့်ပြီး တစ်ဆင့်ခံသွားပါက ဒေါ်လာ၂၁၅သာကျသင့်သည်။ လူတစ်ယောက်လျှင်ဒေါ်လာတစ်ဆယ်သက်သာသဖြင့် လူများပါက လုပ်သားပို့ပေးသော အေဂျင်စီများအတွက် ပို၍ တွက်ခြေကိုက်ပြီး၊ အမြတ်ပိုရရှိရေးအတွက် တစ်ဆင့်ခံခရီးစဉ်ကို ပိုအသုံးပြုလာခြင်းဖြစ်သည်။ သို့သော်ပြည်တွင်းမှ မြို့ကြီးများကိုပင် […]


klnMay 12, 20101min3293
ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာကြောင့် ဥရောပတိုက်သုံး ယူရိုငွေတန်ဖိုးကျဆင်းနေရာ အဆိုပါဂယက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ယူရိုငွေနှင့် မြန်မာငွေလဲလှယ်သည့်ဈေးကွက်တွင် ရောင်းမရ ဝယ်မရဖြစ်နေပြီး နေ့စဉ်ဈေးကျလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ငွေလဲလှယ်သည့်ဈေးကွက်မှသိရသည်။ ဥရောပသွားမယ့်လူတွေက အခုလိုယူရိုငွေဈေးကျနေတဲ့အချိန်မှာ ဝယ်ချင်ကြတယ်။ ဒါပေမဲ့ ယူရိုငွေကိုင်ထားတဲ့လူတွေကလည်း တတ်နိုင်သူကမျာတော့မရောင်းကြဘူး။ ဒါကြောင့် ဝယ်မရ၊ ရောင်းမရ ဖြစ်နေတယ်”ဟု ရန်ကုန်မြို့တွင်း အခြေစိုက်ငွေလဲလှယ်သူတစ်ဦးကပြောသည်။ ထို့ကြောင့် ယခုအခါ ယူရိုငွေကြေးလဲလှယ်သည့် ဈေးကွက်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်မှစ၍ ယူရိုငွေဈေးမှာ တစ်ယူရိုလျှင် ၁၃၀ဝကျပ် ကျော်ကျော်ရှိခဲ့သော်လည်း နေ့စဉ် ၂၀၊ ၃၀၊ ကျပ်မျှ ဈေးကျနေပြီး စနေနေ့ပေါက်ဈေးမှာ တစ်ယူရိုလျှင် ၁၂၀ဝ ကျပ်သာ ရှိနေကာ ဝယ်ရောင်းများမှာ နေ့စဉ်အရှုံးပေါ်နေကြောင်းသိရသည်။ မြန်မာစီးပွားရေးလုပ်ငန်းများတွင် ယူရိုငွေဖြင့် ရောင်းဝယ်ရသော လုပ်ငန်းများနည်းပါးပြီး […]


klnMay 12, 20101min2601
ပြည်တွင်းရှိ နာမည်ရှိဈေးကွက်ရ ပန်းချီဆရာများ၏ ပန်းချီကားများကို ပုံတူကူးချ၍ ရောင်းချမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့၏ အဓိကပန်းချီဈေးကွက်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ဈေးရှိ ပန်းချီအရောင်းဆိုင်တစ်ချို့တွင် ၎င်းတို့၏ ပန်းချီလက်ရာများကို ပုံတူကူးချထားသော ပန်းချီကား ရောင်းချမှုများ တွေ့ရှိရသည့်အတွက် နာမည်ရပန်းချီဆရာအချိုမှ မြန်မာ့ပန်းဆယ်မျိုးမူပိုင်ခွင့် ထိန်းသိမ်းရေး ကော်မတီသို့ တိုင်ကြားမှုများရှိခဲ့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့တိုင်ကြားရာတွင် စာဖြင့်ရေးသားပေးပို့သည့် တိုင်စာတစ်စောင်ရရှိခဲ့ပြီး၊ ပန်းချီဆရာ (၇)ဦးခန့်မှ ကိုယ်တိုင်နှုတ်ဖြင့် တိုင်ကြားမှုရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါ ပုံတူကူးချ ရေးဆွဲခြင်းများသည် ဈေးကွက်ရပြီးသား ပန်းချီကားများကို အဓိကပြုလုပ်မှုများကြောင့် သိရပြီး၊ ရေးဆွဲသူ၏ လက်မှတ်တစ်ခုသာ ပြောင်းလဲထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ပန်းဆယ်မျိုး မူပိုင်ခွင့်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ထိုကဲ့သို့သော က်ိစ္စများမှာ […]


klnMay 12, 20101min2122
ဗြိတိန်နိုင်ငံရှိ ကောလိပ်ကျောင်းအချို့တွင် ပညာသင်ယူနေသော မြန်မာကျောင်းသားများထဲမှ ကျောင်းသားတချို့မှာ ကျောင်းလခပေးသွင်းကြခြင်းမရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ပြည်တွင်း ပညာရေးအေဂျင်စီတစ်ခုထံမှ သိရသည်။ ဗြိတိန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် ကျောင်းသားအများစုသည် တစ်နှစ်စာ ကျောင်းလခ၏ ထက်ဝက်ကို ကြိုတင်ပေးသွင်းထားရပြီး ကျန်ရှိသော ကျောင်းလခနှစ်ဝက်စာအား ပညာသင်နှစ်ဝက်တွင် ပေးချရကြောင်းသိရသည်။ ထိုကဲ့သို့ မြန်မာကျောင်းသားများ ကျောင်းလခပေးသွင်းကြခြင်းမရှိသောကြောင့် ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်တချို့သည် ကျောင်းမတက်မီက ပင်ကျောင်းလခအကျေပေးသွင်းရန် သတ်မှတ်လာကြပြီး အရစ်ကျပေးသွင်း၍ မရတော့ကြောင်း သိရသည်။ “နောက်ရောက်လာမယ့် ကျောင်းသားတွေကို ကျောင်းလခအပြတ်သွင်းခိုင်းတယ် ။ ကျောင်းတွေနဲ့အတူ တွဲလုပ်လာတာ ကြာပြီ။ အခုဘယ်လိုညှိညှိမရတော့ဘူးဖြစ်နေတယ်။ ယူကေဘော်ဒါအေဂျင်စီက သိသွားရင်လည်းမြန်မာကျောင်းသားလက်ခံဖို့ခက်သွားပြီ။ ဒါကြောင့်ကျောင်းတွေကလည်း ဖုံးဖုံးဖိဖိလုပ်ထားကြတာပါ” ဟု ၎င်းပညာရေးအေဂျင်စီမှ တာဝန်ရှိပုဂ္ဂိုလ်ကပြောကြားခဲ့သည်။


klnMay 12, 20101min2212
အပူချိန်ပြင်းထန်သည့်အခါ လူအများစု အပူဒဏ်သက်သာစေရန်အတွက် စကတ်အတို၊ ဘောင်းဘီအတိုများ အကျင်္ ီလက်ပြတ်များ ဝတ်ဆင်ကြရာတွင် ခရမ်းလွန်ရောင်ခြည်များ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အရေပြားကင်ဆာပင်ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဆေးပညာဆရာဝန်ကြီး ဒေါက်တာချစ်စိုးက ပြောသည်။ နှစ်တစ်နှစ်၊ နှစ်နှစ်အတွင်း ချက်ချင်းဖြစ်ပေါ်သော ရောဂါမဟုတ်သော်လည်း ခရမ်းလွန်ရောင်ခြည်များ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိလာခြင်းကြောင့် တဖြည်းဖြည်း ဖြစ်ပွားနိုင်ခြင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ တစ်ရှူးများ ခရမ်းလွန်ရောင်ခြည်ကြောင့် မျိုးဗီဇပြောင်းလဲသွားခြင်းဖြစ်ကြောင်းသိရသည်။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသည့်အခါ အပူဒဏ်သက်သာစေမည့် အဝတ်အစားများ ဝတ်ဆင်ပါက ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ပေးနိုင်မည့် လိမ်းဆေးများလိမ်းခြင်း၊ ထီးဆောင်းခြင်း၊ နေပူထဲတွင် အလုပ်လုပ်သူများ ခန္ဓာကို်ယ်အထဲ နေရောင်ခြည်တိုက်ရိုက်မဝင်အောင် ကာကွယ်နိုင်မည့် အဝတ်အစားများဝတ်ဆင်သင့်ပါသည်။