klnMay 11, 20101min3027
မန်မာ့ပထမဆုံး အမြွာပူးများတွေ့ဆုံပွဲတွင် အမြွာပေါင်း ၅၀ဝကျော် တက်ရောက်ခဲ့ခြင်းကြောင့်နေရာ အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ မေလ ၃ရက်က မဟာသန္တိသုခကျောင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခဲ့သော အမြွှာပူးများတွေ့ဆုံပွဲအခမ်းအနားတွင် အေးအေးငြိမ်း၊ အိအိငြိမ်းအမြွှာတက်ရောက်ခဲ့ပြီး သုံးမြွှာပူးငါးတွဲ၊ နှစ်မြွှာပူးများစွာတက်ရောက်ခဲ့ပြီး စုစုပေါင်း အမြွှာပူးပေါင်း၅၀ဝကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ “ ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တဲ့ ပွဲဖြစ်တယ်။ ဒီလောက်လာကြလိမ့်မယ်လို့မထင်တော့ အစားအသောက်၊ နေရာအခက်အခဲတော်တော် ဖြစ်သွားတယ်။ နောင်နှစ်ကျရင်တော့ ဒီ့ထက်ကျယ်တဲ့နေရာကိုရွေးပြီးကျင်းပသွားမယ်”ဟု မြန်မာနိုင်ငံ အမြွှာမွေးအသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထူးစိန်ကပြောသည်။ အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော အမြွှာပူးများမှ အသင်းဝင်လိုသူများအားစုစည်း၍ အမြွာညီအကိုမောင်နှမအသင်းကိုဖွဲ့စည်းသွားမည်ဖြစ်ပြီး ချို့တဲ့သောအမြွှာညီအကိုမောင်နှမများ၏ ကျန်းမာရေး၊ ပညာရေးများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲလေးက အမြို့မြို့အနယ် နယ်မှာရှိတဲ့ အမြွှာတွေအချင်းချင်းတွေ့ပြီး သူတို့ရဲ့စိတ်ချင်းဆက်စပ်နေပုံတွေကို ဆွေးနွေးနိုင်အောင်၊ အမြွှာတွေအချင်းချင်းလဲ ချစ်ကြည်ရေးရအောင်၊ […]


klnMay 11, 20101min2782
ရွှေသမိုင်းတစ်လျှောက် တစ်ခါမျှမဖြစ်ဖူးသည့် ရွှေဈေး မေ၈ရက်စံချိန်တင်ကာ ယမန်နှစ်ဈေး ထက်ပိုမြင့်ခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိရသည်။ ယခုစံချိန်တင်ဈေးမှာ တစ်ကျပ်သား ၆၂၆၀၀ဝအထိရောက်ခဲ့ပြီး ယမန်နှစ် စံချိန်တင်ဈေးထက်ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။ ယင်းစံချိန်ရွှေဈေးနှင့်အတူ အရောင်းအဝယ်ဈေးကွက်မှာလည်း အေးနေရာမှ ပြန်လည်အသက်ဝင်လာကြောင်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။ “ အခုလို ကျပ် ၆၂၆၀၀ဝအထိ ဖြစ်တာ တစ်ခါမှမကြုံဖူးဘူး။ မနှစ်ကစံချိန်တင်ဈေးထက်ပိုမြင့်တယ်။ မနေ့ကစပြီး ၆၂၃၀၀ဝဖြစ်သွား တယ်။ မနှစ်ကထက်စံချိန်တင်တဲ့ဈေးပဲ။ ထပ်တက်နိုင်တဲ့အလားအလာတော့ မရှိတော့ဘူးလို့ထင် တယ်။ ကမာ္ဘ့မှာလည်းရွှေဈေးကို ဝိုင်းထိန်းနေကြတယ်လို့ကြားတယ်”ဟု တိတ်စိန်ရွှေဆိုင် ဦးဇော်အောင်က ဆိုသည်။ ကမာ္ဘ့ရွှေဈေး ဆက်တိုက်မြင့်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း လိုက်လံမြင့်မားလာကြောင်း သိရသည်။ ကမာ္ဘ့ရွှေဈေးမှာ စီးပွားရေးပြဿနာကြောင့် မြင့်တက်ခြင်းဖြစ်ပြီး ကမာ္ဘ့ရွှေဈေးကွက်မှ ဆက်လက်မြင့်တက်မှုမရှိစေရန် ဆောင်ရွက်နေကြကြောင်း ရွှေဈေးကွက်လေ့ လာသူများအဆိုအရ သိရကြောင်း ၂၀၁ဝခုနှစ် မေလ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားသည်။


klnMay 11, 20101min2132
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို Asia World ကလွှဲပြောင်းလုပ်ကိုင်သွားရန်စီစဉ်နေကြောင်းသိရသည်။ ရန်ကုန်လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု ( Ground Handleing) လုပ်ငန်းများ Asia World ကလွှဲပြောင်းရယူလုပ်ကိုင်တော့မည်ဖြစ်ကြောင်း Asia World နှင့် ရန်ကုန်လေဆိပ်အသိုင်းအဝိုင်းမှစုံစမ်းသိရသည်။ “Asia World ကလေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွေကို လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ လေဆိပ်လုပ်ငန်းအားလုံးကို Asia Worldက ရုတ်ခြည်းဆိုသလို ချက်ချင်းလုပ်ကိုင်သွားဖို့တော့မရှိသေးပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်တော့ လုပ်ကိုင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် လေဆိပ်ဝန်ဆောင်မှု အပိုင်းကို လွှဲယူမယ်လို့သိရပါတယ်” ဟုရန်ကုန်လေဆိပ်ရှိဝန်ထမ်းတစ်ဦးကဆိုကြောင်း ၂၀၁ဝခုနှစ် မေလ ၁၃ရက်နေ့ထုတ်ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြ ထားပါသည်။


klnMay 11, 20101min4081
မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ( Myanmar Human Rights Body ) နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို မေ၁ဝရက်နေ့နံနက် ၈နာရီက နေပြည်တော်ဟိုတယ်ဇုန်ရှိရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စာတမ်းပြုစုရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကျွမ်းကျင်သူပညာရှင်များ၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း ၂၀၁ဝခုနှစ်မေလ ၁၁ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 11, 20101min2581
ဧပြီ ၁၅ရက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇ဝအနက်လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသာ ၁၂ဦး၊ အမျိုးသမီးခြောက်ဦးစုစုပေါင်း ၁၈ဦး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၁ဝရက်နေ့ အထိ အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ငါးဦးစုစုပေါင်း ၁၁ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 11, 20101min1711
အကြမ်းဖက်လုပ်ရပ်များကြောင့် ရွေးကောက်ပွဲအချိန်ကာလကို ရွှေ့ဆိုင်းရန်မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ခင်ရီက ပြောကြားသည်။ မေ၆ရက်က ပြုလုပ်သည့် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့သူများအနက် တစ်ဦးကိုဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြုကြိုးကိုင်နေသူများအား ဖော်ထုတ်နိုင်ခဲ့မှု နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယင်းသို့ အတည်ပြုပြောကြားကြောင်း သိရှိရသည်။


klnMay 11, 20101min2022
အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်မိုက် ကယ်ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် နှစ်ရက်ကြာလာရောက်သွားခဲ့သည်။ မစ္စတာကာ့တ်ကမ်းဘဲလ်သည် မေ၉ရက်တွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်း ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးသောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိမ်းစိုး၊ အလုပ်သမားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သော တာဝန်ရှိသူများနှင့် အသီးသီးတွေ့ဆုံ ဆွေးနွေးခဲ့သည်။ မေ ၁ဝရက်တွင် မစ္စတာကာ့တ်ကမ်းဘဲလ်သည် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးယာယီတာဝန်ခံ၏ နေအိမ်တွင် NLD ပါတီဟောင်းမှ ပုဂ္ဂိုလ်အချို့နှင့်လည်းကောင်း၊ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ မွန်းလွဲ […]


klnMay 11, 20101min2292
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) တို့က ပါတီအားလံများကို ပြန်လည်ဆောင်ရွက်ရန်စီစဉ်နေကြောင်း ယင်းပါတီများ၏ တာဝန်ရှိသူများကပြောသည်။ နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းပါတီတို့၏ အလံများကို ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ကြောင်း ၁-၅-၂၀၁ဝရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ယင်းသို့ ကန့်ကွက်ကြော်ငြာအရ လူပုဂ္ဂိုလ် ၇၂ဦးတို့က ရွေးကောက်ပွဲကော်မရှင်သို့ လက်မှတ်ထိုးကာကန့်ကွက်ထားသည့်အတွက် အဆိုပါ ပါတီတို့၏ အလံများကို ယခုမေလ ၂ဝရက်မတိုင်မီ ပါတီခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်တို့က သင့်လျော်သလိုပြင်ဆင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်ကပြောသည်။ “ စာပေနှင့် စာနယ်ဇင်းသမားတွေလို့ပြောတယ်။ ၇၂ဦးက လက်မှတ်ထိုးထားတယ်။ ဒဂုန်တာရာတို့လည်းပါတယ်” ဟု၎င်းကပြောသည်။ အဆိုပါပါတီနှစ်ခုစလုံးသည် မှတ်ပုံတင်ခွင့်ရရှိထားသော ပါတီများဖြစ်ပြီး အသုံးပြုမည့် အလံတံဆိပ်တို့ကို ရွေးကောက်ပွဲကော်မရှင်သို့တင်ပြခဲ့ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၏ အလံမှာ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်ပြီးအလယ်တွင် […]


klnMay 11, 20101min2131
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးရဲထွန်း (၇၃နှစ်) သည် ၇-၅-၂၀၁ဝရက်နံနက် ၉နာရီက ရေဝေးသုဿန်တွင် မီးသင်္ဂြု ိဟ်ခဲ့ပြီးဖြစ်သည်။ ဦးရဲထွန်းသည် ဖဆပလခေတ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ အကြီးဆုံးသားဖြစ်ပြီး နန်းရင်းဝန်နှင့် အဓိပတိဟောင်းဒေါက်တာဘမော်၏ သားသမက်လည်းဖြစ်ကာ ထင်ရှားသည့် ရှေ့နေ၊ အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီးနိုင်ငံရေးလောကတွင် နာမည်ကြီးသူတစ်ဦးဖြစ်သည်။ ၂၀၁ဝပြည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီတွင် ဦးသုဝေတို့နှင့် ပူးပေါင်းကာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပြီး လွန်ခဲ့သောလများကကျန်းမာရေးအရ နားနေခဲ့ကြောင်းသိရသည်။ ဦးရဲထွန်းသည် သွေးဖြူသွေးနီရောဂါ၊ အရိုးကင်ဆာရောဂါတို့ဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ဥမ္မာမော်နှင့် သားတစ်ဦး၊ သမီးတစ်ဦးမြေးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။


klnMay 11, 20101min1621
ထိုင်းခရီးသွားဗီဇာကြေးကိုတစ်နှစ်နီးပါး ထပ်မံကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုင်းခရီးသွားဗီဇာ(Tourist Visa)အတွက် ဗီဇာကြေး ၃၅ဒေါ်လာကို၂၀၁ဝ မေ၁၁ရက်မှစ၍ ၂၀၁ဝ မတ်၃၁ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဟု ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက ဧပြီ၂၉ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ဗီဇာကြေးကင်း လွတ်ခွင့်ပြုခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၀၉မတ်၅ရက်မှ ၂၀၁ဝမတ် ၉ရက်အထိ ကင်းလွတ်ခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ Tourist Visa (ခရီးသွားဗီဇာ)အတွက် ဗီဇာကြေး ၃၅ ဒေါ်လာကို ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း Tourist Visa အတွက် ဗီဇာကြေးဒေါ်လာ ၃ဝကိုမူ ကင်းလွတ်ခွင့်ပြုခြင်းရှိကြောင်း သိရသည်။


klnMay 11, 20101min2623
မန္တလေးမြို့တွင် ရာသီဥတုပူပြင်းလျက်ရှိပြီး မိုးရွာသွန်းမှုမရှိသလောက်နည်းပါးသည့်အတွက် ရပ်ကွက်အသီးသီးမှ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ရန်ကင်းတောင် ငါးရံ့မင်းလိုဏ်ဂူ အတွင်းရှိဘုရားအလောင်းငါးရံ့မင်းရုပ်ထုကိုပင့်ဆောင်ကာ ငါးရံ့မင်းပရိတ်များရွတ်ဖတ်သည့် ဓလေ့ထုံးတမ်းများပြုလုပ်၍ မိုးခေါ်လွန်ဆွဲပွဲများကျင်းပကြလျက်ရှိကြောင်း သိရှိရသည်။ “ ပုံမှန်ဆိုရင် သင်္ကြန်မတိုင်မီမှာ သင်္ကြန်လက်ဆေးမိုးရွာလေ့ရှိတယ်။ ပြီးတော့ ကဆုန်လပြည့်နေ့ဝန်းကျင်မှာမိုးသည်းကြီးမည်းကြီး ရွာလေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မိုးကတော်တော်ခေါင်လေတော့ မီးရေးထင်းရေးသာမက သောက်ရေသုံးရေပါရှားပါးလာတယ်။ ဒါ့ကြောင့် မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မန္တလေးမြို့ပေါ်က မြန်မာအများစုနေတဲ့ရပ်ကွက်တိုင်းမှာ မိုးခေါ်လွန်ဆွဲပွဲတွေကျင်းပကြတယ်။ မိုးခေါ်လွန်ဆွဲတယ်ဆိုတာ ရှေးကတည်းကကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲပေါ့။ လွန်မဆွဲမီ မိုးခေါင်ကျော်စွာနတ်ကိုပင့်ပြီးမိန်းကလေး၊ ယောက်ျားလေးတစ်ဖက်စီလွန်ဆွဲကြလေ့ရှိတယ်” ဟု လူကြီးသူမတစ်ဦးကရှင်းပြသည်။ ယင်းရိုးရာလွန်ဆွဲပွဲများကို ဆိုင်းသံဗုံသံများဖြင့် ကျင်းပခြင်းဖြစ်ပြီး မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်ပူဇော်ကာ ရပ်ကွက်များအတွင်းရှိ အမျိုးသားများနှင့် အမျိုးသမီးများနှစ်ဖက်အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်နှင့် ပျော်ရွှင်စွာယှဉ်ပြိုင်ကြခြင်းဖြစ်သည်။


klnMay 11, 20101min1782
HIV ပိုးကူးစက်မှုများတွင် လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်ပေါ်နေပြီး ပိုးတွေ့ရှိသူများ၏ ၅ဝရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၂၄နှစ်အတွင်းရှိလူငယ်များတွင် အများဆုံးတွေ့ရှိရကြောင်းကျန်းမာရေးဆိုင်ရာပညာရှင် တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ ပိုးသည် ပိုးရှိသူနှင့်အကာအကွယ်ပစ္စည်း( ကွန်ဒုံး) မသုံးဘဲ လိင်တူ/ လိင်ကွဲဆက်ဆံခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို သုံးစွဲမိခြင်း၊ ပိုးပါသော သွေးသွင်းမိခြင်းနှင့် ပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်းတို့ကြောင့် ကူးစက်နိုင်ကြောင်း သိရသည်။ လူငယ်အများစုသည် စူးစမ်းလေ့လာလိုစိတ်များခြင်း၊ HIV ပိုးကူးစက်ခံရနိုင်မှု အန္တရာယ်မရှိဟု ယူဆခြင်းနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ မှန်ကန်သောဗဟုသုတကျွမ်းကျင်မှုနည်းပါးသည့် အတွက် အဆိုပါ ပိုးအားလူငယ်များတွင် အဓိက ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “ရောဂါပိုးရှိတယ်၊ မရှိဘူးဆိုတာရုပ်ရည်နဲ့ ရောဂါလက္ခဏာကို ကြည့်ပြီးပြောလို့မရဘူး။ အထူးသဖြင့် အိတ်ချ်အိုင်ဗွီပိုးရှိ၊ မရှိကို ပိုမသိနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ ကျန်းမာရေးဓာတ်ခွဲဌာနတွေမှာ သွေးမစစ်ဆေးခင်မှာလည်း […]


klnMay 11, 20101min1901
မြန်မာနိုင်ငံဗိသုကာအသင်းမှ စီစဉ်ကျင်းပသော ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ(၁၃/၂၀၁၀)ကို မေ ၁၅ရက်(စနေနေ့) ညနေ ၃နာရီခွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အအုံ(လှိုင်းတက္ကသိုလ်နယ်မြေဝင်း) မြေညီထပ် Seminar Room ၌ ကျင်းပမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် Buildings and Concrete Jungle Effect ခေါင်းစဉ်ဖြင့် ဦးသန်းအောင်က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဝါရင့်ဗိသုကာများက ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း နှင့် အသေးစိတ်သိရှိလိုပါက ဖုန်း -၀၉-၈၇-၆၃၅၀၀၊ ဝ၉-၅၁-၁၆၉၈၂၊ ဝ၁-၇၂-၃၀၀၄တို့ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁ဝရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။